NOKO Delivery Services

NOKO Delivery Services မြန်ဆန်တိကျဖို့ NOKO နဲ့ ဆက်သွယ်စို့။

နိုင်ငံရေး နဲ့ ပတ်သတ်ပြီး အကောင့်က တင်တာများပေမယ့် ဒီတစ်ခါ NOKO ရဲ့ Customer အဟောင်းအသစ်တိုင်းနဲ့အတူ ကုသိုလ်ပြုလိုသဖြင့်...
29/03/2021

နိုင်ငံရေး နဲ့ ပတ်သတ်ပြီး အကောင့်က တင်တာများပေမယ့် ဒီတစ်ခါ NOKO ရဲ့ Customer အဟောင်းအသစ်တိုင်းနဲ့အတူ ကုသိုလ်ပြုလိုသဖြင့် CRPH ကို လှူထားတဲ့ ဖြတ်ပိုင်းပြရုံ နဲ့ ဒီကာလအပြီးမှာ ကျွန်တော်တို့က Free Delivery ပို့ပေးပါမယ်။

ကျွန်တော်ကိုယ်တိုင်လည်း လှူသလို NOKO Family က လူတွေလည်းပါဝင်ကူညီပေးကြပါဦး.အားလုံးကို ချစ်ပါတယ်။ခုကာလကြီးမှာ အဆင်ပြေဖို့ ဆုမွန်ချွေရင်း CRPH ကို လှူဖို့လည်းတိုက်တွန်းပါတယ်။

05/02/2021

၀၅.၀၂.၂၀၂၁

YBS-24,28 ဂိတ်အသီးသီးမှနောက်ဆုံးကားများ

YBS-24.............
ဒဂုံတက္ကသိုလ်-စံပြစျေး-သုဝဏ္ဏလမ်းဆုံ-ဗိုလ်တထောင်ဘုရား
5N-8008 18:00 (နောက်ဆုံးကား)
ဗိုလ်တထောင်ဘုရား-သုဝဏ္ဏလမ်းဆုံ-စံပြစျေး-ဒဂုံတက္ကသိုလ်
5N-8008 19:10 (နောက်ဆုံးကား)

YBS-28.............
ဒဂုံတက္ကသိုလ်-ကမ္ဘာအေးဘုရား-ဆူးလေမြို့တော်ခန်းမ
5N-8042 17:50
5N-8064 18:00 (နောက်ဆုံးကား)
ဆူးလေမြို့တော်ခန်းမ-ကမ္ဘာအေးဘုရား-ဒဂုံတက္ကသိုလ်
5N-8042 19:00
5N-8064 19:10 (နောက်ဆုံးကား)

ကျေးဇူးတင်ပါတယ်
ီးသွားများအသံ_Admin_Team_

ရန်ကုန်မြို့တွင်း လမ်းကြောင်းပိတ်ဆို့မှုတွေရှိနေပါတယ်။ အသွားအလာ အထူးသတိပြုဖို့ နဲ့ ပို့ဆောင်ရေးလုပ်ငန်း လုပ်ဆောင်နေသူမျာ...
01/02/2021

ရန်ကုန်မြို့တွင်း လမ်းကြောင်းပိတ်ဆို့မှုတွေရှိနေပါတယ်။ အသွားအလာ အထူးသတိပြုဖို့ နဲ့ ပို့ဆောင်ရေးလုပ်ငန်း လုပ်ဆောင်နေသူများ အလျှင်မလိုဖို့ သတိပေးအပ်ပါတယ်ခင်ဗျာ ။

01/02/2021

ဆက်သွယ်ရေးလိုင်းများ နဲ့ အင်တာနက်လိုင်း အခက်အခဲများ ရှိတာကြောင့် ဒီနေ့ ပို့ဆောင်ပေးနိုင်ဖို့ ခက်ခဲပါတယ်။

ကားလမ်းတွေလည်းပိတ်ထားတယ်လို့ သတင်းကြားလို့ နယ်တင်ချင်တဲ့သူတွေ အထူးသတိထားပေးပါ၊

ဖြစ်နိုင်ရင် စာတိုက်ကို အသုံးပြုပေးကြပါ၊ပို့ဆောင်ရန် အရေးတကြီးလိုအပ်နေလျှင်တော့ ကျွန်တော်တို့ကို ဆက်သွယ်ပါ။

ကျွန်တော်တို့အတူကျော်ဖြတ်နိုင်ကြအောင်ကြိုးစားပါ့မယ်။

လမ်းကြောင်းတူ 3way အပ် 1way freeဝိုး ဘယ်မှာမှ မရနိုင်သေးတဲ့အခွင့်ရေးနော်နောက်နေတာလားဆိုတော့ စတာပါ😁ဟုတ်ပါတယ် noko က လမ်းက...
19/01/2021

လမ်းကြောင်းတူ 3way အပ် 1way free
ဝိုး ဘယ်မှာမှ မရနိုင်သေးတဲ့အခွင့်ရေးနော်
နောက်နေတာလားဆိုတော့ စတာပါ😁
ဟုတ်ပါတယ် noko က
လမ်းကြောင်းတူ 3way အပ် 1way free ပါ
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး
ရန်ကုန်မြို့တွင်း pick up free ဖြင့် 2000 ကျပ်ဖြင့်
ပို့ဆောင်လိုက်ပါ

ယုံကြည်စိတ်ချသေချာဖို့ noko နဲ့ ပို့ကြစို့
09 663688965
09 698082349

14/01/2021

#ရန်ကုန်ကိုဗစ်စစ်သူကြီး
ဒေါက်တာ ဇော်ဝေစိုး ပြောပြီ ။

New normal ; New living ;
New Yangon ;
စတင်တော့မယ် ။

ရန်ကုန် မှာ
ကိုဗစ် လူနာ ၂၀၀ အောက်
ရောက်တာ ၂ ရက် ရှိပါပြီ ။

ရန်ကုန် ကိုဗစ် သေနှုန်း
၁၀ အောက်
ရောက်တာ ၃ ရက် ရှိပါပြီ ။

ဒါပေမယ့် နိုင်ငံတကာ မှာ
ကိုဗစ် တတိယလှိုင်း နဲ့ အတူ
ကာကွယ်ဆေး ထိုးနေတဲ့
အဂ်လန် နဲ့ အမေရိကား မှာ
ဖြစ်နှုန်းသေ နှုန်းတွေ
တက်နေပါတယ် ။

ကာကွယ်ဆေး အားကိုး နဲ့
ပေါ့လို့ မရပါဘူး။

ဆေးတက္ကသိုလ် က စလို့
ကျောင်းတွေစ ဖွင့်ပါ့မယ် ။

ပညာရေး စနစ်
ပြန် အသက်သွင်းပါ့မယ် ။

ရုံးတွေ စက်ရုံတွေ စီးပွားရေး
လုပ်ငန်းတွေ
new normal , new living
စနစ်နဲ့ တဆင့်ချင်း
ဖွင့်ပါတော့မယ် ။

တဖက်က ဖွင့်ပေးသလို
တဖက် ကလည်း
ကိုဗစ် ဝင်လာနိုင်မယ့်
အပေါက်တွေကို စက္ကန့်မလပ်
စောင့်ကြည့် နေဖို့ လ်ုပါတယ် ။

တဦးချင်း
တစ်ယောက် ချင်းက စလို့
အိမ်တိုင်း ၊ မြို့နယ်တိုင်း ၊
ကိုဗစ် ဝင်ပေါက် ကို
ပိတ်ဆို့ ကြဖို့ လိုပါတယ် ။

တဖက်က ဖွင့်သလို
တဖက်က စည်းကမ်းတင်းကျပ်
ပိတ်ဆို့ ဖို့ လိုပါတယ် ။

လှည်းနေ လှေအောင်း
မြင်းဇောင်းမကျန် ၊
လူကြီး လူငယ်
အသက်အရွယ်မရွေး

mask တပ်ကြပါ ။
လက်ဆေး ကြပါ ။
ခပ်ခွာခွာ နေကြပါ ။

ဆိုတဲ့

Yellow Campaing မှာ
ပါဝင် ဆင်နွဲရင်း
ကမ္ဘာမှာ မြန်မာ့ စည်းကမ်း ကို
ပြကြပါလို့
အားမာန် ပါပါ လက်သီးဆုပ် ပြီး
ပြောသွားပါပြီ ။

ဒါက ရန်ကုန် စစ်သူကြီး
ဒေါက်တာဇော်ဝေစိုး
ပြောသွားတာပါ ။

အပျက်တွေ မတွေး
မပြောကြပါနဲ့ ၊
mask တပ် ၊ လက်ဆေး ပြီး
အလုပ်နဲ့သက်သေပြကြပါ ။

ဒီ ပိတ်ဖွင့် ပုံစံ ကို နေပြည်တော် မှာ
ကျင့်သုံးနေတာ
လက်တွေ့ အကျိုး ရှိပါတယ် ။

မယုံရင် နေပြည်တော် သားတွေ ကို
မေးကြည့်ပါ ။

ဆိုင်တွေ ၊ ပန်းခြံတွေ
နေပြည်တော် မှာ
ပြန်ဖွင့် နေပါပြီ ။

ရန်ကုန် သားတို့ ညီညွတ်မှု ကို
ပြကြပါ ။

ရန်ကုန် မှ သည် တနိုင်ငံ လုံး
ကိုဗစ်ရန် က တွန်းလှန် ကြပါစို့

Zarni Zeya



မှ ကူးယူဖော်ပြပါသည်

"ဘုန်းကြီးကို ဘီးဘယ်လိုရောင်းမလဲ" တစ်ခါတုန်းက Company အကြီးကြီးတစ်ခုမှာ Sales (အရောင်းဝန်ထမ်း) ရာထူးအတွက် အလုပ်လျှောက်တဲ...
12/01/2021

"ဘုန်းကြီးကို ဘီးဘယ်လိုရောင်းမလဲ"

တစ်ခါတုန်းက Company အကြီးကြီးတစ်ခုမှာ Sales
(အရောင်းဝန်ထမ်း) ရာထူးအတွက် အလုပ်လျှောက်တဲ့
ဝန်ထမ်း(၃)ဦးရှိခဲ့ပါတယ်။ သူတို့၃ယောက်လုံးဟာ ရာထူး
နေရာအတွက် သင့်တော်သူတွေမို့ အင်တာဗျူးမေးတဲ့
သူက ခေါင်းခဲလာပါတယ်။ နောက်တော့ အကြံရပြီး
သူတို့သုံးယောက်လုံးကို အလုပ်တစ်ခု စေခိုင်းခဲ့ပါ
တယ်။

ခိုင်းလိုက်တဲ့ အလုပ်ကတော့ တောင်ကုန်းပေါ်မှာရှိတဲ့
ဘုန်းကြီးတွေဆီကို ဘီးသွားရောင်းခိုင်းခြင်းပဲ ဖြစ်ပါ
တယ်။ ၃ရက်အချိန်ပေးလိုက်ပြီး အရောင်းရဆုံးသူကို
အလုပ်ခန့်မယ်လို့ ပြောလိုက်ပါတယ်။ ၃ရက်ကုန်ဆုံး
သွားတဲ့ အခါမှာတော့ သူတို့(၃)ယောက်လုံး အင်တာဗျူး
မေးတဲ့ဆီကို ပြန်ရောက်လာကြပါတယ်။

➡️ပထမလူက "ကျွန်တော်ဘီးတစ်ချောင်းပဲ ရောင်းထွက်
ခဲ့ပါတယ်။ ဘုန်းကြီးဆူတာလဲ ခံလိုက်ရသေးတယ်ဗျာ။
ကျွန်တော်က သူ့ကိုလှောင်ပါတယ်ဆိုပြီး တော်တော်
ဒေါသထွက်လာလို့ ကျွန်တော် စိတ်ပျက်လက်ပျက်နဲ့
လှည့်ပြန်လာရတယ်။ ပြန်တဲ့လမ်းမှာ ကိုရင်လေးတစ်ပါး
ခေါင်းကိုတောက်လျှောက်ကုတ်နေတာတွေ့လို့ သူ့ကို
ဘီးနဲ့ကုတ်ရင် ဘယ်လောက်သက်သာမယ်ဖြစ်ကြောင်း
ရှင်းပြခဲ့ပါတယ်။ အဲ့ဒီဘီးတစ်ချောင်းပဲ ရောင်းထွက်ခဲ့
ပါတယ်" လို့ အင်တာဗျူးမေးသူကိုပြန်ပြောပြပါတယ်။

➡️ဒုတိယလူက "မင်းတော်ပါတယ်ကွ၊ ဒါပေမယ့်
ငါက ပိုတော်တယ်ကွ။ ငါက ဘီး၁၀ချောင်းတောင်
ရောင်းထွက်ခဲ့တယ်။" အင်တာဗျူးမေးတဲ့သူကလည်း
"မင်းဘယ်လိုများရောင်းခဲ့တာလဲ?"လို့ စိတ်ဝင်တစား
မေးတဲ့အခါမှာတော့ ဒုတိယလူက"တောင်ပေါ်က
ဘုန်းကြီးကျောင်းကိုလာတဲ့ သူတွေဟာ လေတိုက်တဲ့
ဒဏ်ကြောင့် ဆံပင်တွေ ဖရိုဖရဲဖြစ်နေတာကို
ကျွန်တော် သတိထားမိခဲ့ပါတယ်။ ဒါနဲ့ကျွန်တော်လည်း
ဘုန်းကြီးတစ်ပါးကို ကပ်ပြီး အကယ်၍ ဘုန်းကြီးကျောင်း
မှာဘီးသာရှိရင် လာရောက်သူတွေအနေနဲ့ သူတို့ကို
သူတို့ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လုပ်နိုင်ပြီး
ဘုန်းကြီးတွေကိုရှိခိုးတဲ့ အခါမှာလည်း ပိုမိုလေးစားရာ
ရောက်လိမ့်မယ် ဖြစ်ကြောင်းရှင်းပြလိုက်တယ်လေ။
ဒါနဲ့ဘုန်းကြီးလည်း ဘီး၁၀ချောင်းဝယ်ထားလိုက်
တယ်။" လို့ အင်တာဗျူးမေးသူကို ရှင်းပြပါတယ်။

➡️တတိယလူက "သိပ်လည်း အလျင်မလိုကြပါနဲ့အုံး
ဗျ၊ သူတို့၂ယောက်လုံးထက်ပိုရောင်းခဲ့တဲ့ ကျွန်တော်
ရှိပါသေးတယ်" လို့ ဆိုလာပါတယ်။ အင်တာဗျူးမေး
သူကလည်း စိတ်ဝင်စားလာပြီး "မင်း ဘယ်နှစ်ချောင်း
တောင်ရောင်းနိုင်ခဲ့တာလဲ"လို့ မေးတော့ တတိယလူက
"အချောင်း ၁၀၀၀ ရောင်းနိုင်ခဲ့ပါတယ်"လို့ ဆိုလာပါ
တယ်။ အင်တာဗျူးမေးသူလည်း အံ့သြသွားပြီး
"အားပါးပါး..မင်းဘယ်လိုများ အဲ့လောက်တောင်
ရောင်းရအောင် လုပ်ခဲ့တာလဲ"ကွလို့ မေးလာပါတယ်။

တတိယလူက "ကျွန်တော် အရင်ဆုံးတောင်ကုန်းပေါ်
က ဘုန်းကြီးကျောင်းတွေထဲက အကြီးဆုံး ဘုန်းကြီး
ကျောင်းကိုရွေးလိုက်ပါတယ်။ နောက်တော့ ကျောင်းထိုင်
ဘုန်းကြီးနဲ့တွေ့ပြီး လူပေါင်းများစွာကို အေးချမ်းမှုပေး
တဲ့အတွက်ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ကျောင်းထိုင်
ဘုန်းကြီးက သဘောကောင်းတဲ့ ဘုန်းကြီးတစ်ပါးဖြစ်ပြီး
သူလည်းသူ့ဆီလာရောက်တဲ့သူတွေကို ဘယ်လိုမျိုး
ကျေးဇူးတင်ကြောင်း ပြသရမှန်းမသိဖြစ်နေကြောင်း
ကျွန်တော့်ကိုပြောပြခဲ့ပါတယ်။ ကျေးဇူးတင်ကြောင်း
ပြသဖို့အကောင်းဆုံး နည်းလမ်းက ဗုဒ္ဓရဲ့အဆုံးအမတွေ
ပါတဲ့ လက်ဆောင်ပစ္စည်းတစ်မျိုးမျိုးပေးတာကောင်းမည်
ဖြစ်ကြောင်း၊ နေ့တိုင်းအသုံးပြုတဲ့ ပစ္စည်းမျိုးဖြစ်ရင်
ပိုကောင်းကြောင်း ပြန်လည်ရှင်းပြလိုက်ပါတယ်။
နောက်တော့ ကျွန်တော် သစ်သားထွင်းပြီး ဗုဒ္ဓအဆုံးအမ
တွေရေးထားတဲ့ ဘီးတစ်ချောင်းကို ဘုန်းကြီးကို
ထုတ်ပြလိုက်ပါတယ်။ လူတွေဟာ ဘီးကို နေ့တိုင်း
အသုံးပြုပြီး ဒီဘီးကိုမြင်တိုင်း ဗုဒ္ဓအဆုံးအမတွေကို
သတိရနေမည်ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ ကျောင်းထိုင်
ဘုန်းကြီးလည်း သဘောကျပြီး ဘီး၁၀၀၀ မှာယူခဲ့ပါ
တယ်။"လို့ အင်တာဗျူးမေးသူကို ပြန်ပြောပြခဲ့ပါတယ်။

အခြား၂ယောက်ထဲက တစ်ယောက်က "မင်းကံကောင်း
သွားတာပါကွာ"လို့ ပြောတဲ့အချိန်မှာတော့ အင်တာဗျူး
မေးသူက "မဟုတ်ဘူး။ သူကံကောင်းတာမဟုတ်ဘူး။
သူက အစတည်းက Planရှိတာ။ အဲ့ဒါကြောင့် စာသား
ထွင်းထားတဲ့ဘီးကို သူယူသွားတာပေါ့။ အကယ်၍ အဲ့ဒီ
ဘုန်းကြီးကျောင်းက မလိုချင်ရင်တောင် အခြားကျောင်း
တစ်ခုက လိုချင်မှာအသေအချာပဲ" လို့ ပြောလာပါတယ်။

တတိယလူက "ဒါတင်မကသေးဘူးဗျ။ နောက်နေ့
ကျွန်တော်ပြန်သွားပြီး အဆင်ပြေရဲ့လား သွားမေးတဲ့
အချိန်မှာဘုန်းကြီးက သူ့ကျောင်းကိုလာတဲ့သူတွေဟာ
ဒီဘီးအကြောင်း ဆွေမျိုးသားချင်း၊ သူငယ်ချင်းတွေကို
ပြောပြပြီး ဒီဘီးသတင်းဟာ နာမည်ကြီးနေပြီဖြစ်ကြောင်း၊
ဘုန်းကြီးကျောင်းလာသူတွေလည်း ပိုမိုများပြားလာကြောင်း၊
လူတိုင်းကလည်း ဘီးအကြောင်းပဲမေးနေကြောင်း၊
တစ်လအတွင်း ဘီးတွေကုန်သွားတော့မှာမို့ နောက်ထပ်
ထပ်ပြီးမှာမည်ဖြစ်ကြောင်း ကျွန်တော့်ကို ပြောခဲ့ပါသေး
တယ်"လို့ ပြောပြလာပါတယ်။

➡️သင်ခန်းစာယူသင့်သည်များ

အလုပ်လျှောက်သူ အားလုံးဟာ မတူညီတဲ့ အရည်အချင်း
ကို ပြသခဲ့ပါတယ်။

➡️ ပထမလူက ဝယ်သူရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်
ခြင်းဆိုတဲ့ အခြေခံအကျဆုံး အချက်ကို အသုံးချနိုင်ခဲ့ပါတယ်။
ခေါင်းကုတ်နေတဲ့ကိုရင်လေးကိုပဲ ရောင်းချနိုင်ခဲ့ပါတယ်။

➡️ဒုတိယလူကတော့ ပထမလူထက် အဆင့်နည်းနည်းမြင့်ပါ
တယ်။ ဘုန်းကြီးက ဘီးမလိုတာကို သူသိပါတယ်။ ဒါပေမယ့်
ဘုန်းကြီးအတွက် ဘီးက အခြားတစ်နေရာရာမှာ ဘယ်လို
အသုံးဝင်နိုင်ကြောင်း ထောက်ပြနိုင်ခဲ့ပါတယ်။

➡️တတိယလူကတော့ အကောင်းဆုံး စွမ်းဆောင်ရည်ကို
ပြသခဲ့ပါတယ်။ တစ်ခါတည်းတောင်မဟုတ်ဘူး၊ ထပ်ခါ
ထပ်ခါရောင်းရမယ့် အနေအထားကို သူဖန်တီးနိုင်ခဲ့ပါ
တယ်။ သူလုပ်ခဲ့တဲ့ ဖြစ်စဉ်မှာ ဘုန်းကြီး၊ လာရောက်
သောဧည့်သည်များ၊သူကိုယ်တိုင်၊ အင်တာဗျူးသူ စတဲ့
သူတွေအားလုံးကို ကောင်းကျိုးပေးနိုင်ခဲ့ပါတယ်။ မိမိရဲ့
ဖောက်သည်ကို ဘယ်တော့မှ တစ်ခါသုံးဖောက်သည်
အဖြစ် မကြည့်သင့်ပါဘူး။ စေတနာပါပါ ကြိုတင်ပြင်ဆင်
မှုရှိရှိနဲ့ မိမိရဲ့ဖောက်သည်အပြင် ထိုဖောက်သည်ရဲ့
အသိုင်းအဝိုင်း တစ်ခုလုံး အကျိုးရှိမယ့် အလုပ်မျိုး
လုပ်နိုင်ရင် မိမိလည်း စိတ်ချမ်းသာနိုင်မည်ဖြစ်ကြောင်း
ကို သူက ပြသခဲ့ပါတယ်။ မိမိရဲ့အကျိုးကျေးဇူး တစ်ခု
တည်းနဲ့ စတင်လို့မရပါဘူး။ မိမိပစ္စည်း အသုံးပြုသူရဲ့
အသုံးဝင်မှု၊ စိတ်ချမ်းသာမှုတွေကို ထည့်တွက်သင့်ပါ
တယ်။

➡️မဖြစ်နိုင်ဘူးဆိုတာမရှိဘူး။ အမြဲနည်းလမ်းရှိတယ်။
ခေါင်းအေးအေးနဲ့ စဉ်းစားဖို့တော့ လိုအပ်ပါတယ်။

#မိုးရှင်း (I.M.T) ဘာသာပြန်သည်။
Source: LinkedIn
မူရင်းဆောင်းပါး => http://bit.ly/2iXtaOU

မှ
#ပြန်လည်မျှဝေပါသည်

နီးနီးလားဝေးဝေးလားရန်ကုန်တစ်မြို့လုံး အသက်သာဆုံးစျေးနဲ့အကောင်းမွန်ဆုံးဝန်ဆောင်မှုပေးနေတဲ့Noko Delivery Services ရှိတယ်နေ...
08/01/2021

နီးနီးလား
ဝေးဝေးလား
ရန်ကုန်တစ်မြို့လုံး အသက်သာဆုံးစျေးနဲ့
အကောင်းမွန်ဆုံးဝန်ဆောင်မှုပေးနေတဲ့
Noko Delivery Services ရှိတယ်နော်
မနက်အစောကြီးလည်း လာပို့သလို
ညနက်တဲ့ထိလည်း အိမ်ရှေ့ကိုဝုန်းခနဲရောက်ပါတယ်
စျေးလည်းသက်သာတဲ့အပြင်
လာယူခါလည်းလုံးဝပေးစရာမလိုပါဘူးနော်
ပစ္စည်းကောက်ပြီး
၂၄နာရီ / ၄၈နာရီ အရောက်ပို့စနစ်တွေလည်းရှိတော့
ယုံကြည်စိတ်ချရတဲ့ Nokoဖြစ်နေတာပေါ့

#မြန်ဆန်တိကျသေချာဖို့ Nokoနဲ့ပို့ကြစို့

ဟေး.....သိပြီးကြပြီလားNokoက အိမ်အရောက်ပို့မြို့နယ်တွေအသစ်ထပ်တိုးလိုက်ပြီနော်(၁) ဇရပ်ကွင်း (4500)(၂) ဖောင်ကြီး (5000)(၃) ...
06/01/2021

ဟေး.....သိပြီးကြပြီလား
Nokoက အိမ်အရောက်ပို့မြို့နယ်တွေအသစ်ထပ်တိုးလိုက်ပြီနော်
(၁) ဇရပ်ကွင်း (4500)
(၂) ဖောင်ကြီး (5000)
(၃) ဆိပ်ကြီး (4500)
(၄) ခနောင်တို (4500)
(၅) ဒလ (4000)
ထပ်တိုးငါးမြို့နယ်ကိုလည်း အသက်သာဆုံးစျေး
စိတ်အချရဆုံး serviceနဲ့ပို့ပေးနေပါပြီ
ဒါဆို အခုပဲဆက်သွယ်လိုက်ရအောင်

#မြန်ဆန်တိကျသေချာဖို့ Nokoနဲ့ပို့ကြစို့

နှစ်ဟောင်းကုန်လို့နှစ်သစ်ကိုလည်းကူးခဲ့ပြီဒီနေ့က ဇန်ဝါရီလေးရက်နေ့ပါလွတ်လပ်ရေးနေ့ပါလွန်ခဲ့တဲ့၇၅နှစ်ဒီလိုနေ့မှာမြန်မာနိုင်င...
04/01/2021

နှစ်ဟောင်းကုန်လို့
နှစ်သစ်ကိုလည်းကူးခဲ့ပြီ
ဒီနေ့က ဇန်ဝါရီလေးရက်နေ့ပါ
လွတ်လပ်ရေးနေ့ပါ
လွန်ခဲ့တဲ့၇၅နှစ်ဒီလိုနေ့မှာ
မြန်မာနိုင်ငံဟာနယ်ချဲ့စနစ်ဆိုးအောက်ကလွတ်မြောက်ခဲ့သလိုမျိုး
ကမ္ဘာကြီးလည်း Covid 19ကပ်ဆိုးအောက်က
အမြန်လွတ်မြောက်ပါစေလို့
Noko Delivery Service ဆုတောင်းလိုက်ပါတယ်

ချစ်သူခင်သူ Customer အားလုံး
လွတ်လပ်စွာပျော်ရွှင်နိုင်ကြပါစေ

ချစ်တဲ့
Noko delivery Services

#မြန်ဆန်တိကျသေချာဖို့ Nokoနဲ့ပို့ကြစို့

စျေးလည်းသက်သာချင်တယ်အချိန်လည်းတိကျရမယ်မြန်လည်းမြန်မယ်စိတ်ချယုံကြည်မှုလည်းရှိချင်တယ်Customerတွေအတွက်စိတ်ကျေနပ်မှုလည်းရချင...
28/12/2020

စျေးလည်းသက်သာချင်တယ်
အချိန်လည်းတိကျရမယ်
မြန်လည်းမြန်မယ်
စိတ်ချယုံကြည်မှုလည်းရှိချင်တယ်
Customerတွေအတွက်
စိတ်ကျေနပ်မှုလည်းရချင်တယ်
ဒီလို လိုအပ်ချက်တွေကိုအပြည့်အဝဖြည့်ဆည်းပေးဖို့
ဝန်ဆောင်မှုကောင်းများစွာနဲ့
လက်တွဲဖူးသူ Customerတိုင်းစိတ်တိုင်းကျရတဲ့
Noko Delivery Service ရှိနေပါတယ်နော်
နီးနီးပို့ချင်လား
ဝေးဝေးပို့ချင်လား
ရန်ကုန်မြို့တွင်းမြို့နယ်(၂၀)ကို
၂၀၀၀ကျပ်ဖြင့် ၄၈နာရီအတွင်းအိမ်အရောက်ပို့ဆောင်ပေးနေပါပြီ

စိတ်ချမ်းသာဖို့နောက်မကျအောင်
အခုပဲ ဆက်သွယ်လိုက်ကြပါစို့ဗျာ

Ps ဒါနဲ့ နှစ်သစ်ကူးအတွက်အထူးဝန်ဆောင်မှုတွေလည်းရှိပါသေးတယ်နော်

#မြန်ဆန်တိကျသေချာဖို့ Nokoနဲ့ပို့ကြစို့

Address

Yangon
11111

Website

Alerts

Be the first to know and let us send you an email when NOKO Delivery Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share