27/04/2026
📈🧠 Growth Mindset ဆိုတာ …….
ကိုယ့်ရဲ့ ဉာဏ်ရည် ဉာဏ်သွေး၊ အရည်အချင်း၊ စွမ်းရည်တွေဟာ အမြဲတမ်းတသမတ်တည်းမှာ တည်မနေဘဲ
ကိုယ့်ရဲ့ကြိုးစားမှု (effort), လေ့လာမှု (learning), အတွေ့အကြုံ (experience), feedback တွေကိုအခြေခံပြီးပိုပြီးတိုးတက်လာနိုင်တယ်လို့ ယုံကြည်တဲ့ စိတ်ထားမျိုးကို ဆိုပါတယ်။
ဥပမာ—
* “ငါမလုပ်တတ်သေးဘူး… ဒါပေမယ့် သင်ယူနိုင်တယ်။”
* “အမှားလုပ်မိတာက သင်ခန်းစာယူဖို့အခွင့်အရေးပါ။”
* “အခုမရသေးပေမယ့် ရှေ့ဆက်ကြိုးစားရင် ရနိုင်တယ်။”
ဒီလိုတွေးခေါ်တတ်တဲ့ စိတ်ထားမျိုးပါ။
⸻
🌟Growth Mindset ရဲ့ အဓိက ယုံကြည်ချက်တွေကတော့……
1. Intelligence can grow
စဉ်းစားတွေးခေါ်တတ်ခြင်းဆိုတာက မွေးရာပါဗီဇတစ်ခုထဲကနေဖြစ်လာတာပဲ မဟုတ်ပါဘူး။
စာဖတ်ခြင်း၊ လေ့ကျင့်ခြင်း၊ အတွေ့အကြုံမှတဆင့်သင်ယူခြင်းကနေပိုအားကောင်းလာနိုင်ပါတယ်။
ဥပမာ—
“ငါ English မကောင်းဘူး” ဆိုတာထက်
“ငါ English ကို practice လုပ်နေတာမလုံလောက်သေးဘူး” လို့ တွေးခြင်းပါ။
⸻
2. Failure is part of learning
ရှုံးနိမ့်ခြင်းက အဆုံးမဟုတ်ပါဘူး။
Feedback တစ်ခုလိုပဲသဘောထားတယ်။
ဥပမာ—
Interview fail ဖြစ်ရင်
“ငါမတော်လိုမရတာ” မဟုတ်ဘဲ
“Next time အတွက်ဘာတွေပြင်ဆင်ထားရမလဲ?” လို့ စဉ်းစားခြင်းပါ။
⸻
3. Effort matters
အောင်မြင်မှုတိုင်းမှာ Talent တစ်ခုတည်းမဟုတ်ဘဲ
Consistency + Discipline + Practice က ပိုပြီးအရေးကြီးပါတယ်။
ဥပမာ—
Gym သွားပြီး တစ်နေ့တည်းနဲ့ result မရပေမယ့်
နေ့တိုင်းလုပ်ရင် body changes ဖြစ်လာသလိုပါပဲ။
⸻
4. Challenges help us grow
ခက်ခဲတဲ့အရာတွေကို ရှောင်မနေဘဲ
Challenges တွေ အဖြစ် လက်ခံတတ်ရတယ်။
ဥပမာ—
Public speaking ကြောက်ပေမယ့်
Presentation လုပ်ကြည့်ခြင်းပါ။
⸻
5. Learn from criticism
ဝေဖန်ချက်တွေကို တိုက်ခိုက်မှုလို မယူဆပဲ
တိုးတက်ဖို့ အထောက်အပံ့တွေလို့ မြင်တတ်ရတယ်။
ဥပမာ—
အထက်လူကြီး ပြောတာကြောင့် စိတ်မနာဘဲ
“ဘယ်အချက်ကို improve လုပ်ရမလဲ?” လို့ စဉ်းစားပြီးနားထောင်ခြင်းပါ။
⸻
🤩Growth mindset ရှိသူတွေက …..
* “I can improve.”
* “I will try another way.”
* “I learned something.”
* “I can’t do it yet.”
* “Mistakes help me grow.”
“Yet” ဆိုတဲ့ စကားလုံးက အရမ်း powerful ဖြစ်ပါတယ်။
“မရသေးဘူး” ဆိုတာက “ဘယ်တော့မှမရဘူး” မဟုတ်ပါဘူး။
⸻
🗽Growth Mindset ဖြစ်အောင်ပြောင်းလဲလာနိုင်ရင် ဘာတွေကောင်းလာမလဲ?
🧖Career မှာ
အသစ်တွေကို မြန်မြန်သင်ယူနိုင်လာတယ်။
Leadership အားပိုကောင်းလာတယ်။
👨🏻🎓Study မှာ
Exam fail ဖြစ်လည်း ပြန်ကြိုးစားနိုင်တယ်။
Learning skill ပိုပြီးတိုးတက်လာတယ်။
👩❤️👨 Relationship မှာ
Communication skill improve ဖြစ်လာအောင်
လုပ်နိုင်လာတယ်။
အမှားကနေ တဆင့်သင်ယူလာနိုင်တယ်။
🏋 Personal Life မှာ
Self-confidence တိုးလာတယ်။
Stress ကို ပို handle လုပ်နိုင်လာတယ်။
⸻
💪🏻Growth Mindset ကို ဘယ်လိုတည်ဆောက်မလဲ?
1. “I can’t” ကို “I can’t yet” လို့ပြောင်းလိုက်ပါ။
ဥပမာ—
“I can’t speak English.”
➡ “I can’t speak English yet.”
⸻
2. Mistakes journal လုပ်ပါ။
နေ့တိုင်း ကြုံတွေ့ခဲ့ရတဲ့ အမှားတွေကို ရေးပြီး
ဘာသင်ယူခဲ့ရလဲ ပြန်သုံးသပ်ပါ။
⸻
3. Comfort zone ထဲက ထွက်ပါ။
အသစ်တစ်ခုကိုလုပ်ပါ—
* New skill
* New people
* New project
⸻
4. Praise effort, not only results
“ငါ fail ဖြစ်သွားတယ်” မဟုတ်ဘဲ
“ငါကြိုးစားခဲ့တယ်၊ next time ပိုကောင်းလာမယ်”
⸻
5. Compare with yourself, not others
မနေ့က ကိုယ်နဲ့ ဒီနေ့ကိုယ်ကို compare လုပ်ပါ။
⸻
Carol Dweck ရဲ့ famous quote တစ်ခုဖြသ်တဲ့ —
“Becoming is better than being.”
“Perfect ဖြစ်နေဖို့ထက် တိုးတက်နေဖို့က ပိုအရေးကြီးတယ်။”
ကိုယ့်မှာ Growth Mindset ရှိလာရင်
Problem ကို obstacle အဖြစ် မမြင်တော့ဘဲ opportunity လို့ မြင်လာပါမယ်။
ပြီးတော့ Change ကို ကြောက်မနေဘဲ
Growth အတွက် လမ်းတစ်ခုလို့ မြင်လာပါမယ်။ 🌱
Nov_27-4-26