November Nourishment_NovNou

November Nourishment_NovNou Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from November Nourishment_NovNou, Consulting Agency, Payami Road, Yangon.

📈🧠 Growth Mindset ဆိုတာ ……. ကိုယ့်ရဲ့ ဉာဏ်ရည် ဉာဏ်သွေး၊ အရည်အချင်း၊ စွမ်းရည်တွေဟာ အမြဲတမ်းတသမတ်တည်းမှာ တည်မနေဘဲကိုယ့်ရဲ့...
27/04/2026

📈🧠 Growth Mindset ဆိုတာ …….

ကိုယ့်ရဲ့ ဉာဏ်ရည် ဉာဏ်သွေး၊ အရည်အချင်း၊ စွမ်းရည်တွေဟာ အမြဲတမ်းတသမတ်တည်းမှာ တည်မနေဘဲ
ကိုယ့်ရဲ့ကြိုးစားမှု (effort), လေ့လာမှု (learning), အတွေ့အကြုံ (experience), feedback တွေကိုအခြေခံပြီးပိုပြီးတိုးတက်လာနိုင်တယ်လို့ ယုံကြည်တဲ့ စိတ်ထားမျိုးကို ဆိုပါတယ်။

ဥပမာ—

* “ငါမလုပ်တတ်သေးဘူး… ဒါပေမယ့် သင်ယူနိုင်တယ်။”
* “အမှားလုပ်မိတာက သင်ခန်းစာယူဖို့အခွင့်အရေးပါ။”
* “အခုမရသေးပေမယ့် ရှေ့ဆက်ကြိုးစားရင် ရနိုင်တယ်။”

ဒီလိုတွေးခေါ်တတ်တဲ့ စိတ်ထားမျိုးပါ။

⸝

🌟Growth Mindset ရဲ့ အဓိက ယုံကြည်ချက်တွေကတော့……

1. Intelligence can grow

စဉ်းစားတွေးခေါ်တတ်ခြင်းဆိုတာက မွေးရာပါဗီဇတစ်ခုထဲကနေဖြစ်လာတာပဲ မဟုတ်ပါဘူး။
စာဖတ်ခြင်း၊ လေ့ကျင့်ခြင်း၊ အတွေ့အကြုံမှတဆင့်သင်ယူခြင်းကနေပိုအားကောင်းလာနိုင်ပါတယ်။

ဥပမာ—

“ငါ English မကောင်းဘူး” ဆိုတာထက်
“ငါ English ကို practice လုပ်နေတာမလုံလောက်သေးဘူး” လို့ တွေးခြင်းပါ။

⸝

2. Failure is part of learning

ရှုံးနိမ့်ခြင်းက အဆုံးမဟုတ်ပါဘူး။
Feedback တစ်ခုလိုပဲသဘောထားတယ်။

ဥပမာ—

Interview fail ဖြစ်ရင်
“ငါမတော်လိုမရတာ” မဟုတ်ဘဲ
“Next time အတွက်ဘာတွေပြင်ဆင်ထားရမလဲ?” လို့ စဉ်းစားခြင်းပါ။

⸝

3. Effort matters

အောင်မြင်မှုတိုင်းမှာ Talent တစ်ခုတည်းမဟုတ်ဘဲ
Consistency + Discipline + Practice က ပိုပြီးအရေးကြီးပါတယ်။

ဥပမာ—

Gym သွားပြီး တစ်နေ့တည်းနဲ့ result မရပေမယ့်
နေ့တိုင်းလုပ်ရင် body changes ဖြစ်လာသလိုပါပဲ။

⸝

4. Challenges help us grow

ခက်ခဲတဲ့အရာတွေကို ရှောင်မနေဘဲ
Challenges တွေ အဖြစ် လက်ခံတတ်ရတယ်။

ဥပမာ—

Public speaking ကြောက်ပေမယ့်
Presentation လုပ်ကြည့်ခြင်းပါ။

⸝

5. Learn from criticism

ဝေဖန်ချက်တွေကို တိုက်ခိုက်မှုလို မယူဆပဲ
တိုးတက်ဖို့ အထောက်အပံ့တွေလို့ မြင်တတ်ရတယ်။

ဥပမာ—

အထက်လူကြီး ပြောတာကြောင့် စိတ်မနာဘဲ
“ဘယ်အချက်ကို improve လုပ်ရမလဲ?” လို့ စဉ်းစားပြီးနားထောင်ခြင်းပါ။

⸝
🤩Growth mindset ရှိသူတွေက …..

* “I can improve.”
* “I will try another way.”
* “I learned something.”
* “I can’t do it yet.”
* “Mistakes help me grow.”

“Yet” ဆိုတဲ့ စကားလုံးက အရမ်း powerful ဖြစ်ပါတယ်။
“မရသေးဘူး” ဆိုတာက “ဘယ်တော့မှမရဘူး” မဟုတ်ပါဘူး။
⸝

🗽Growth Mindset ဖြစ်အောင်ပြောင်းလဲလာနိုင်ရင် ဘာတွေကောင်းလာမလဲ?

🧖Career မှာ

အသစ်တွေကို မြန်မြန်သင်ယူနိုင်လာတယ်။
Leadership အားပိုကောင်းလာတယ်။

👨🏻‍🎓Study မှာ

Exam fail ဖြစ်လည်း ပြန်ကြိုးစားနိုင်တယ်။
Learning skill ပိုပြီးတိုးတက်လာတယ်။

👩‍❤️‍👨 Relationship မှာ

Communication skill improve ဖြစ်လာအောင်
လုပ်နိုင်လာတယ်။
အမှားကနေ တဆင့်သင်ယူလာနိုင်တယ်။

🏋 Personal Life မှာ

Self-confidence တိုးလာတယ်။
Stress ကို ပို handle လုပ်နိုင်လာတယ်။

⸝

💪🏻Growth Mindset ကို ဘယ်လိုတည်ဆောက်မလဲ?

1. “I can’t” ကို “I can’t yet” လို့ပြောင်းလိုက်ပါ။

ဥပမာ—
“I can’t speak English.”
➡ “I can’t speak English yet.”

⸝

2. Mistakes journal လုပ်ပါ။

နေ့တိုင်း ကြုံတွေ့ခဲ့ရတဲ့ အမှားတွေကို ရေးပြီး
ဘာသင်ယူခဲ့ရလဲ ပြန်သုံးသပ်ပါ။

⸝

3. Comfort zone ထဲက ထွက်ပါ။

အသစ်တစ်ခုကိုလုပ်ပါ—

* New skill
* New people
* New project

⸝

4. Praise effort, not only results

“ငါ fail ဖြစ်သွားတယ်” မဟုတ်ဘဲ
“ငါကြိုးစားခဲ့တယ်၊ next time ပိုကောင်းလာမယ်”

⸝

5. Compare with yourself, not others

မနေ့က ကိုယ်နဲ့ ဒီနေ့ကိုယ်ကို compare လုပ်ပါ။

⸝

Carol Dweck ရဲ့ famous quote တစ်ခုဖြသ်တဲ့ —

“Becoming is better than being.”

“Perfect ဖြစ်နေဖို့ထက် တိုးတက်နေဖို့က ပိုအရေးကြီးတယ်။”

ကိုယ့်မှာ Growth Mindset ရှိလာရင်
Problem ကို obstacle အဖြစ် မမြင်တော့ဘဲ opportunity လို့ မြင်လာပါမယ်။

ပြီးတော့ Change ကို ကြောက်မနေဘဲ
Growth အတွက် လမ်းတစ်ခုလို့ မြင်လာပါမယ်။ 🌱

Nov_27-4-26

📇Change (ပြောင်းလဲမှု) ကိုလက်ခံနိုင်တဲ့ Mindset (Adaptability) ကို တည်ဆောက်ဖို့ ဆိုတာ ဒီခေတ်မှာ အရမ်းအရေးကြီးတဲ့ skill တ...
26/04/2026

📇Change (ပြောင်းလဲမှု) ကိုလက်ခံနိုင်တဲ့ Mindset (Adaptability) ကို တည်ဆောက်ဖို့ ဆိုတာ ဒီခေတ်မှာ အရမ်းအရေးကြီးတဲ့ skill တစ်ခုပါ။

အပြောင်းအလဲတွေ များလာတဲ့အချိန်မှာ “ဘာကြောင့်ဖြစ်လာတာလဲ?” လို့ မေးနေမယ့်အစား
“ဒီအခြေအနေမှာ ဘယ်လိုအကောင်းဆုံးလုပ်နိုင်မလဲ?” လို့ စဉ်းစားတတ်လာဖို့လိုလာပါမယ်။

Adaptability Mindset ကို စတင်တည်ဆောက်ဖို့ ဒီအချက်တွေက အကူအညီဖြစ်စေပါတယ်—

1. Change ကို Threat မဟုတ်ဘဲ Opportunity လို့မြင်ပါ။

လူအများစုက အပြောင်းအလဲကို ကြောက်ကြတာ အပြောင်းလဲကြောင့်ဖြစ်ပေါ်လာမဲ့ အကျိုးဆက်ကို “မသိတာ” ကြောင့်ပါ။
ဒါပေမယ့် change တစ်ခုစီမှာ သင်ယူခွင့်၊ တိုးတက်ခွင့်၊ အသစ်တစ်ခုဖန်တီးခွင့်တွေ ရှိနေတတ်ပါတယ်။

ဥပမာ—

* Job role ပြောင်းသွားရင် → Skill အသစ်ရမယ့် အခွင့်အရေး
* Business model ပြောင်းရင် → Market အသစ်ဝင်နိုင်မယ့် အခွင့်အရေး

Mindset shift:
ဒီလိုမတွေးပါနဲ့။
“Why is this happening to me?” ❌
ဒီလိုလေးတွေးကြည့်လိုက်ပါ။
“What can this teach me?” ✅

⸝

2. Control လုပ်နိုင်တာနဲ့ မလုပ်နိုင်တာ ခွဲပါ။

Change ဖြစ်လာရင် အကုန်ထိန်းချုပ်ချင်တာ stress ဖြစ်စေပါတယ်။
ကိုယ်မထိန်းချုပ်နိုင်တာကို လွှတ်ချခဲ့ပြီး ကိုယ်လုပ်နိုင်တာကို focus ထားလုပ်ပါ။

ဥပမာ—
✔ Economy downturn တစ်ခုစလုံးကိုမထိန်းနိုင်ပါဘူး။
✔ ကိုယ့် spending / upskilling / planning ကိုထိန်းနိုင်ပါတယ်။

⸝

3. Continuous Learning Habit တည်ဆောက်ပါ။

Adaptable people တွေက “I already know” မဟုတ်ဘဲ
“I can learn” ဆိုတဲ့ mindset ရှိကြပါတယ်။

နေ့စဉ်—

* Article တစ်ပုဒ်ဖတ်ပါ။
* Podcast နားထောင်ပါ။
* New skill လေ့လာသင်ယူပါ။
* Different people နဲ့စကားပြောပါ။

Learning = Confidence
Confidence = Adaptability

⸝

4. Failure ကို Feedback လို့မြင်ကြည့်ပါ။

ပြောင်းလဲမှုကိုလက်ခံတဲ့သူတွေက မအောင်မြင်မှုကို
“ငါမတော်ဘူး” လို့မမြင်ဘဲ
“ဒီနည်းလမ်းကအလုပ်မလုပ်ဘူး” လို့ပဲမြင်တတ်ကြတယ်။

Fail → Learn → Adjust → Retry

ဒီ loop ကိုလက်ခံနိုင်ရင် change ကိုမကြောက်တော့ပါဘူး။

⸝

5. Small Changes နဲ့ Practice စလုပ်ပါ။

Adaptability ကို တစ်ခါတည်းကြီး မတည်ဆောက်နိုင်ပါဘူး။
အသေးစားပြောင်းလဲမှုတွေကနေ စလို့ရပါတယ်—

ဥပမာ—

* New route နဲ့ office သွားမယ်။
* New food စားမယ်။
* New working style စမ်းပြောင်းကြည့်မယ်။
* Routine နည်းနည်းစပြောင်းမယ်။

Brain ကို “change is normal” လို့ train လုပ်နေခြင်းပါ။

⸝

6. Emotion ကို Manage လုပ်ပါ။

Change ဖြစ်လာရင် fear / anxiety / uncertainty ရှိတတ်ပါတယ်။
Emotion ကိုမထိန်းနိုင်ရင် Decision မှားနိုင်ပါတယ်။

ကြိုးစားကြည့်ပါ—

* Deep breathing လုပ်ပါ။
* Journal ရေးပါ။
* Meditationလုပ်ပါ။
* Trusted person နဲ့စကားပြောပါ။

Calm mind = Better adaptation

⸝

7. Purpose ကို မမေ့ပါနဲ့။

Situation ပြောင်းသွားလည်း
ကိုယ့် goal / values / purpose က ရှင်းနေမယ်ဆို
လမ်းပြောင်းရင်တောင် လမ်းမပျောက်ပါဘူး။

⸝

Adaptability ဆိုတာ “အပြောင်းအလဲကို ခံစားချက်မရှိဘဲ လက်ခံတာ” မဟုတ်ပါဘူး။
ကြောက်နေလည်း၊ မသေချာနေလည်း
ရှေ့ဆက်တတ်တဲ့ စိတ်ဓာတ်ပါ။

Change ကို မကြောက်ဘဲ Growth ဖြစ်မဲ့လမ်းကြောင်းကိုရွေးချယ်နိုင်ရင် ဘယ်အခြေအနေမဆို ရင်ဆိုင်နိုင်လာပါမယ်။ 🌱✨

Nov_26-4-26

🧠🕴️လူတစ်ယောက်အနေနဲ့ စီးပွါးရေးအပိုင်းမှာ ဖြစ်ဖြစ်၊ relationship အပိုင်းမှာဖြစ်ဖြစ် “consultant” သို့မဟုတ် “professional ...
25/04/2026

🧠🕴️လူတစ်ယောက်အနေနဲ့ စီးပွါးရေးအပိုင်းမှာ ဖြစ်ဖြစ်၊ relationship အပိုင်းမှာဖြစ်ဖြစ် “consultant” သို့မဟုတ် “professional advisor” တစ်ယောက်နဲ့ စပြီးဆွေးနွေးတိုင်ပင်သင့်တဲ့အချိန်ဆိုတာ အများအားဖြင့် ကိုယ်တိုင်ဖြေရှင်းလို့ မရတော့တဲ့အချိန်မတိုင်ခင် ပါ။

လူအများစုက ပြဿနာကြီးသွားမှ သွားတွေ့ကြပေမယ့် တကယ်တော့ early intervention က ပိုပြီးထိရောက်ပါတယ်။

1. စီးပွားရေး / Career / Financial အတွက် consultant နဲ့စပြီးတွေ့သင့်တဲ့ signs

ဒီလိုအခြေအနေတွေရှိလာရင် စကားစပြောသင့်ပါတယ်—

* ဝင်ငွေရှိပေမယ့် ပိုငွေမကျန်တော့ဘူး
* Business ထဲမှာ sales ကျလာတယ် / growth ရပ်နေတယ်
* Decision တစ်ခုချဖို့ confused ဖြစ်နေတယ်
(ဥပမာ - invest ထပ်လုပ်မလား?
job ပြောင်းမလား?)
* တူညီတဲ့ပြဿနာကို ခဏခဏ ပြန်ကြုံနေရတယ်
* Stress များလို့ logical thinking လျော့လာတယ်
* ကိုယ့် business ကို next level တက်ချင်ပေမယ့် roadmap မသိဘူး

ဥပမာ—
“ငါအလုပ်လုပ်နေတာပဲ… ဒါပေမယ့် savings မတက်ဘူး”
“Marketing လုပ်နေပေမယ့် customer မတိုးဘူး”
ဆိုရင် financial/business consultant နဲ့ပြောသင့်ပါပြီ။

⸝

2. Relationship / Personal Life အတွက် consultant / counselor နဲ့စပြီးတွေ့သင့်တဲ့ signs

Relationship က broken ဖြစ်မှမဟုတ်ဘူး။ ဒီ signs တွေရှိရင် ပြောသင့်ပါတယ်—

* တူညီတဲ့အဆင်မပြေဖြစ်မှုတွေ repeat ဖြစ်နေတယ်
* Communication လုပ်ရင် နားမလည်မှုများလာတယ်
* Trust issue / jealousy / insecurity များလာတယ်
* ကိုယ့်စိတ်ထဲမှာ မွန်းကြပ်ပြီး ဘယ်သူ့ကိုမှ မပြောနိုင်ဘူး
* Breakup / divorce / third-party issue / family pressure ရှိနေတယ်
* ကိုယ့် emotional patterns ကို နားမလည်ဘူး
(အမြဲ attachment များတာ၊ အမြဲ toxic person ကိုရွေးတာ)

ဥပမာ—
“ငါသူ့ကိုချစ်တယ်… ဒါပေမယ့် အမြဲနာကျင်ရတယ်”
“စကားပြောတိုင်း fight ဖြစ်တယ်”
ဆိုရင် relationship counselor / therapist နဲ့ပြောရင် clearer ဖြစ်လာနိုင်ပါတယ်။

⸝

3. အရေးကြီးဆုံး Rule

ဒီမေးခွန်းတွေထဲက တစ်ခုခု “Yes” ဖြစ်နေပြီဆိုရင် consultant နဲ့ပြောဖို့အချိန်ရောက်နေပါပြီ—

* “ဒီပြဿနာက ငါ့အိပ်စက်မှု / စိတ်ကျန်းမာရေးကို ထိခိုက်နေပြီလား?”
* “တစ်ယောက်တည်း ဖြေရှင်းလို့ မရတော့ဘူးလား?”
* “မှားတဲ့ decision တစ်ခုကြောင့် အချိန်/ငွေ/နှလုံးသား ပိုဆုံးရှုံးနိုင်လား?”
* “Third-person professional perspective လိုနေပြီလား?”

⸝

🌟Consultant/ Therapist နဲ့တိုင်ပင်ဆွေးနွေးတယ်ဆိုတာ weakness မဟုတ်ပါဘူး။
တကယ်တော့ အချိန်မီ အကူအညီယူတတ်တာက smart decision ပါ။

တချို့လူတွေက “အဆင်မပြေတာ များလာမှ” သွားတွေ့ကြတယ်။
တကယ်က “အဆင်မပြေတာတွေစဖြစ်နေပြီ” ဆိုတာနဲ့သွားတွေ့ရင် damage နည်းပါတယ်။

Nov_25-4-26

ယခုလို စီးပွါးရေးကြပ်တည်းမှု၊ လူမှုရေးမတည်ငြိမ်မှု၊ အလုပ်အကိုင်မသေချာမှုတွေကြားမှာ Organization Development (OD) ရဲ့ Poi...
24/04/2026

ယခုလို စီးပွါးရေးကြပ်တည်းမှု၊ လူမှုရေးမတည်ငြိမ်မှု၊ အလုပ်အကိုင်မသေချာမှုတွေကြားမှာ Organization Development (OD) ရဲ့ Point of View ကနေ သုံးသပ်ကြည့်ကြ မယ်ဆိုရင်“ပြဿနာကိုဘယ်လိုဖြေရှင်းမလဲ” ဆိုတာမျိုး တင်မကဘဲ
အဖွဲ့အစည်းရဲ့ “လူတွေ၊ စနစ်တွေ၊ ယဉ်ကျေးမှုတွေကို ဘယ်လိုပြောင်းလဲပြီး ရေရှည်တိုးတက်အောင်လုပ်မလဲ” ဆိုတာကို အဓိကထားကြည့်သင့်ပါတယ်။

အခုလို အမျိုးမျိုးသော crisis တွေကြုံတွေ့နေရတဲ့အချိန်မှာ …..

1. Change ကိုလက်ခံနိုင်တဲ့ Mindset (Adaptability)ကိုတည်ဆောက်ပါ။

အခြေအနေတွေက မတည်ငြိမ်တော့ “အရင်လိုပဲ ဖြစ်လာမယ်” လို့ မျှော်လင့်နေရင် ပိုစိတ်ဖိစီးပါမယ်။

ပြောင်းလဲမှုကို ကြောက်မနေဘဲ
“ဒီအခြေအနေမှာ ငါဘာပြောင်းလို့ရမလဲ?” လို့စဉ်းစားသင့်ပါတယ်။

⸝

2. Growth Mindset ထားပါ။

အခက်အခဲကို “ဆုံးရှုံးမှု” လို့ပဲ မမြင်ဘဲ
သင်ခန်းစာ အဖြစ်မြင်ရပါမယ်။

ဥပမာ—

* အလုပ်ခက်လာရင် → skill upgrade လုပ်
* စီးပွားရေးကျရင် → income source diversify လုပ်
* လူမှုရေးအခက်အခဲတွေကြား → network တိုးချဲ့

continuous learning ဖြစ်နေဖို့က အရေးကြီးတယ်လို့ယူဆပါတယ်။

⸝

3. Systems Thinking နဲ့ ကြည့်ပါ။

ပြဿနာတစ်ခုကို တစ်ချက်တည်းမကြည့်ဘဲ
အကြောင်းအရင်းတွေ ဆက်စပ်မှုတွေကို ကြည့်ရပါမယ်။

ဥပမာ—
ငွေမလုံလောက်တာ =
အသုံးစရိတ်များတာလား?
ဝင်ငွေနည်းတာလား?
Opportunity နည်းတာလား?
Skill gap ရှိတာလား?

symptom မဟုတ်ဘဲ root cause ကိုရှာရပါမယ်။

⸝

4. Emotional Resilience

Crisis အချိန်မှာ အလွယ်တကူ panic ဖြစ်တတ်တယ်။

emotionally stable ဖြစ်ဖို့လိုတယ်—

* Calm mind
* Clear communication
* Rational decision-making

စိတ်မတည်ငြိမ်ရင် decision မှားနိုင်ပါတယ်။

⸝

5. Collaboration & Relationship

ဒီအချိန်မှာ တစ်ယောက်တည်း ရုန်းကန်တာထက်
network နဲ့ community က အရေးကြီးပါတယ်။

teamwork, trust, communication ကို emphasize လုပ်ရပါမယ်။

* Mentor ရှာပါ
* Support system တည်ဆောက်ပါ
* Information share လုပ်ပါ

⸝

6. Purpose-driven Mindset

အခက်အခဲကြားမှာ
“ဘာအတွက် ဒီအလုပ်လုပ်နေတာလဲ?” ဆိုတဲ့ purpose ရှိရင် ပိုခံနိုင်ရည်ရှိပါတယ်။

vision ရှိရင် survive ပိုလွယ်သလို
personal vision လည်း ရှိသင့်ပါတယ်။

⸝

ယနေ့ခေတ် စီးပွားရေး၊ လူမှုရေး အကြပ်အတည်းတွေကြားမှာ
OD point of view အရ ထားသင့်တဲ့ mindsetတွေ က—

✔ Flexible ဖြစ်ပါ
✔ Learn continuously လုပ်ပါ
✔ Root cause ကိုရှာပါ
✔ Emotion ကိုထိန်းပါ
✔ Relationship တည်ဆောက်ပါ
✔ Purpose မပျောက်ပါနဲ့

Crisis ဆိုတာ အမြဲတမ်းမရှိပါဘူး။
OD ရဲ့အမြင်နဲ့ကြည့်ရင်
Every crisis is also a chance for transformation.

အခုကြုံနေရတာက သင့်ကို ကျရှုံး ဖို့မဟုတ်ဘဲ
ပိုပြီး adaptable ဖြစ်အောင် သင်ပေးနေတာ ဖြစ်နိုင်ပါတယ်။

Nov_24-4-26

“Global Human Capital Trends: The Changing Role of HR and Organization Development” – Deloitteယနေ့ခေတ် business environm...
22/04/2026

“Global Human Capital Trends: The Changing Role of HR and Organization Development” – Deloitte

ယနေ့ခေတ် business environment ပြောင်းလဲမှုတွေကြောင့် Organization Development (OD) နဲ့ Human Resource (HR) ရဲ့ role တွေ ဘယ်လိုပြောင်းလဲလာတယ်ဆိုတာ ရှင်းပြထားတဲ့ article ကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

ယခင်က OD က organization structure, training, leadership development တို့ကို အဓိကထားခဲ့ပေမယ့် ယနေ့ခေတ်မှာ digital transformation, AI, remote work, agility စတဲ့ factors တွေကြောင့် ပိုမို dynamic ဖြစ်လာပါတယ်။

Key Points တွေ အနေ နဲ့ …

1. Agility and Fast Adaptation
Organizations တွေက market changes နဲ့ technology changes ကို မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်ဖို့ flexible structure နဲ့ agile working style ကို အသုံးပြုလာကြပါတယ်။
2. AI and Technology Integration
AI, automation, and digital tools တွေကို အသုံးပြုပြီး productivity တိုးစေသလို employee workload ကိုလည်း လျှော့ချပေးပါတယ်။
3. Human-Centered Leadership
Leaders တွေက command လုပ်ရုံမက employee wellbeing, motivation, and engagement ကို ပိုမိုအာရုံစိုက်လာကြပါတယ်။
4. Continuous Learning and Reskilling
Employees တွေကို new skills သင်ပေးပြီး changing work environment နဲ့ ကိုက်ညီအောင် reskill / upskill လုပ်ပေးဖို့ လိုလာပါတယ်။
5. Hybrid and Remote Work
Work-from-home နဲ့ hybrid working model တွေကြောင့် communication system နဲ့ performance management system တွေ ပြောင်းလဲလာပါတယ်။

Conclusion အနေ နဲ့ တော့ ….

ဒီ article က Organization Development ဟာ traditional change management ကနေ technology-driven နဲ့ people-centered approach သို့ ပြောင်းလဲလာတယ်ဆိုတာ ဖော်ပြထားပါတယ်။

Modern organizations တွေ success ဖြစ်လာဖို့ flexibility, innovation, and continuous learning တွေဟာလည်း အရေးကြီးတယ်လို့ ဆိုထားပါတယ်။

Article အပြည့်အစုံကို ဖတ်ချင်တယ်ဆိုရင်တော့ link 🔗

Nov_23-4-26

Our 2026 survey reveals a shift from tensions to tipping points. What intentional choices can organizations make to adapt continuously, move with speed, and lead with a human edge?

06/05/2024

ထိုင်းကို နယ်စပ်က တဆင့်သွားလာမည့်သူများ လိုအပ်မယ့် UID
==========
၂၀၂၄ မေလ ၁ ရက် နေ့မှစပြီး မြန်မာနိုင်ငံသားများ နယ်စပ်ဖြတ်ကျော်ခရီးသွားလာသူများ UID ခေါ် (Unique Identification Number) ပါမှသာ နယ်စပ်ဖြတ်ကျော် ဝင်/ထွက် သွားလာလို့ ရတော့မယ်လို့ ကြေငြာထားတာကြောင့် လေဆိပ်က မဟုတ်ဘဲ နယ်စပ်က တဆင့် ဖြတ်ကျော်ပြီး ထိုင်းကို ခရီးသွားလာမယ့်သူများ ကြိုတင်ပြင်ဆင်ထားသင့်ပါသည်😊

01/04/2024
01/04/2024
Oversea Job 📣📣📣 (ထိုင်းနိုင်ငံ)ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဆမွတ်ပါကန် တွင်တာဝန်ထမ်းဆောင်ရန်အတွက်အောက်ပါလုပ်သားများလိုအ...
28/08/2023

Oversea Job 📣📣📣 (ထိုင်းနိုင်ငံ)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဆမွတ်ပါကန် တွင်တာဝန်ထမ်းဆောင်ရန်အတွက်အောက်ပါလုပ်သားများလိုအပ်ပါသည်။

လုပ်ငန်း-ဆောက်လုပ်ရေး

လိုအပ်သောရာထူ:-ဆောက်လုပ်ရေးလုပ်သား

ကျား- ၁၅၀ ဦး/မ - ၅၀ ဦး
အသက်-၂၀-၄၀
လစာ-၃၅၃ ဘတ်(နေ့စားတရက်ခ)
စားစရိတ်မပါ။
အလုပ်ချိန်-တရက်-၈ နာရီ/(OT)ရှိ
နားရက်-တနင်္ဂနွေ

လိုအပ်ချက်များ
၁။PJ passport အနည်းဆုံး သက်တမ်း ၃ နှစ် အထက် ရှိရမည်။

၂။ မှတ်ပုံတင် မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ ကိုဗစ်(၂)ကြိမ်ဆေးထိုးစာရွက် မိတ္တူ၊

၃။ ဆေးစစ်ချက်မူရင်း(ဆေးအောင်မှ အလုပ်လက်ခံမည်။ အနီးဆုံး မြို့နယ် ဓါတ်ခွဲခန်းတွင် စစ်ဆေးနိုင်သည်။)

၄။ အမြင့်မကြောက်သူ၊ တတ်သိနားလည် လွယ်သူ၊ ဖြစ်ရမည်။ ဆောက်လုပ်ရေး အတွေ့အကြုံ အနည်းငယ် ရှိရမည်။

၅။ ထိုင်း သို့ သွားရောက် လုပ်ကိုင်ခဲ့ဖူးသူဖြစ်ခဲ့ပါက သက်ဆိုင်ရာ နယ်စပ်ဂိတ်မှ တရားဝင် ပြန်လာသူ ဖြစ်ရမည်။ ထိုင်း၌ ပြစ်မှု့ကျူးလွန် ခြင်းကြောင့် ၄င်း၊ နယ်စပ်ဂိတ် အဝင်၌ စာရွက်စာတမ်း သေချာ မပြုလုပ်ခဲ့သော သူများ ဖြစ်ပါက အလုပ်အပ်နှံပြီးနောက်ပိုင်း ပြန်လည် ထွက်ခွါချိန်၌ ထွက်ခွါခွင့် မရခဲ့ပါက အလုပ်သမား၏ တာဝန်သာဖြစ်သည်။
လျှောက်ထားလိုသူများလူကိုယ်တိုင် သို့ online မှတဆင့််လျှောက်ထားနိုင်ပါသည်။

အသေးစိတ်သိရှိလိုပါကစုံစမ်းမေးမြန်းနိုင်ပါသည်။

Nov_Nou Consultancy Service
+95 9965042012

✨ပျော်ရွှင်စရာကောင်းသောနှစ်သစ်ကိုပိုင်ဆိုင်နိုင်ကြပါစေ✨🧧新年快乐🧧🐰𝐇𝐚𝐩𝐩𝐲 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐍𝐞𝐰 𝐘𝐞𝐚𝐫🐰
22/01/2023

✨ပျော်ရွှင်စရာကောင်းသောနှစ်သစ်ကိုပိုင်ဆိုင်နိုင်ကြပါစေ✨

🧧新年快乐🧧

🐰𝐇𝐚𝐩𝐩𝐲 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐍𝐞𝐰 𝐘𝐞𝐚𝐫🐰

Address

Payami Road
Yangon

Telephone

+959965042012

Website

Alerts

Be the first to know and let us send you an email when November Nourishment_NovNou posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share