11/08/2026
❝ 𝗢𝗻𝗲 𝗪𝗲𝗲𝗸. 𝗢𝗻𝗲 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺. 𝗢𝗻𝗲 𝗦𝗵𝗮𝗿𝗲𝗱 𝗙𝘂𝘁𝘂𝗿𝗲 𝗳𝗼𝗿 𝗠𝘆𝗮𝗻𝗺𝗮𝗿'𝘀 𝗔𝗴𝗿𝗶-𝗳𝗼𝗼𝗱 𝗦𝘆𝘀𝘁𝗲𝗺. ❞
(𝘌𝘯𝘨𝘭𝘪𝘴𝘩 𝘉𝘦𝘭𝘰𝘸)
မြန်မာနိုင်ငံ၏ Agri-food System အတွင်း လက်တွေ့ကြုံတွေ့နေရသော စိန်ခေါ်မှုများမှ ပိုမိုကောင်းမွန်သော ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများဆီသို့ အတူတကွ ရှေ့ဆက်နိုင်ရန် ရည်ရွယ်သည့် 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗔𝗴𝗿𝗶-𝗳𝗼𝗼𝗱 𝗪𝗲𝗲𝗸 (𝗠𝗔𝗪) 𝟐𝟎𝟐𝟔 ကို စတင်မိတ်ဆက်လိုက်ပါသည်။
ယနေ့ မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးနှင့် အစားအစာကဏ္ဍသည် ရာသီဥတုဖောက်ပြန်မှု နှင့် သဘာဝအရင်းအမြစ်ဆိုင်ရာ ဖိအားများ၊ ဈေးကွက်နှင့် ထုတ်လုပ်မှုဆိုင်ရာ အခက်အခဲများ၊ အရည်အသွေးနှင့် အစားအစာဘေးကင်းလုံခြုံရေးဆိုင်ရာ လိုအပ်ချက်များအပြင် ကဏ္ဍအသီးသီးအကြား ဟန်ချက်ညီစွာ ချိတ်ဆက်ဆောင်ရွက်မှု အားနည်းခြင်းစသည့် စိန်ခေါ်မှုများကို တစ်ပြိုင်နက် ရင်ဆိုင်နေရပါသည်။
ထိုကဲ့သို့ အပြန်အလှန်ဆက်နွယ်နေသည့် စိန်ခေါ်မှုများကို အဖွဲ့အစည်းတစ်ခု၊ ကဏ္ဍတစ်ခုတည်းဖြင့် ဖြေရှင်းနိုင်မည်မဟုတ်ပါ။ ပိုမိုကြံ့ကြံ့ခံနိုင်ပြီး ရေရှည်တည်တံ့သော Agri-food System တစ်ရပ် တည်ဆောက်နိုင်ရန် လက်တွေ့အတွေ့အကြုံ၊ အသိပညာနှင့် အထောက်အထားများကို မျှဝေခြင်း၊ ကဏ္ဍအသီးသီးအကြား ချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေခြင်း တို့သည် ယခင်ကထက် ပိုမိုအရေးပါလာပါသည်။
ထိုရည်ရွယ်ချက်ဖြင့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပမည့် MAW 2026 ကို သာမန်အခမ်းအနားတစ်ခုအဖြစ် မဟုတ်ဘဲ၊ မိတ်ဖက်အဖွဲ့အစည်းများက ၎င်းတို့၏ နည်းပညာကျွမ်းကျင်မှု၊ လုပ်ငန်းအတွေ့အကြုံ၊ အထောက်အထားနှင့် Stakeholder Networks များကို အခြေခံ၍ ကိုယ်တိုင်ဦးဆောင်ပါဝင်နိုင်သည့် 𝗪𝗲𝗲𝗸-𝗹𝗼𝗻𝗴 𝗠𝘂𝗹𝘁𝗶-𝘀𝘁𝗮𝗸𝗲𝗵𝗼𝗹𝗱𝗲𝗿 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺 တစ်ခုအဖြစ် ဖော်ဆောင်ထားပါသည်။
အောက်တိုဘာလ ၁၂ ရက်မှ ၁၅ ရက်အတွင်း မိတ်ဖက်အဖွဲ့အစည်းများက ဦးဆောင်သည့် 𝗣𝗮𝗿𝘁𝗻𝗲𝗿-𝗟𝗲𝗱 𝗔𝗰𝘁𝗶𝘃𝗶𝘁𝗶𝗲𝘀 (𝗣𝗟𝗔𝘀) များမှတစ်ဆင့် —
• Farms, food production facilities, markets, laboratories, businesses နှင့် အခြား operating environments များ၏ လက်တွေ့အခြေအနေများနှင့် အတွေ့အကြုံများကို လေ့လာမျှဝေခြင်း၊
• Practical Learning, Knowledge Exchange နှင့် Evidence Sharing များမှတစ်ဆင့် လက်တွေ့စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ပိုမိုရှင်းလင်းစွာ နားလည်ဖော်ထုတ်ခြင်း၊
• ထုတ်လုပ်သူများ၊ စီးပွားရေးလုပ်ငန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်းများ၊ အမျိုးသမီးနှင့် လူငယ်များအပါအဝင် သက်ဆိုင်ရာ Stakeholders များအကြား Coordination နှင့် Collaboration ကို အားကောင်းစေခြင်း၊
• လက်တွေ့အတွေ့အကြုံနှင့် အထောက်အထားများမှ ပေါ်ထွက်လာသော Shared Insights များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဖော်ထုတ်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
Partner-Led Activities များသည် MAW 2026 ၏ ရက်သတ္တပါတ် တစ်လျှောက် လက်တွေ့အတွေ့အကြုံနှင့် အသိပညာများကို ဖော်ထုတ်ပေးမည့် အဓိကအစိတ်အပိုင်းများ ဖြစ်ပါသည်။ ယင်းမှ ရရှိလာသော အမြင်များ၊ အတွေ့အကြုံများနှင့် Shared Insights များကို အောက်တိုဘာလ ၁၆ ရက်၊ World Food Day တွင် ကျင်းပမည့် 𝗙𝗼𝗼𝗱 𝗦𝘆𝘀𝘁𝗲𝗺𝘀 𝗙𝗼𝗿𝘂𝗺 𝟐𝟎𝟐𝟔 တွင် ပြန်လည်ပေါင်းစည်းကာ မြန်မာနိုင်ငံ၏ Agri-food System အတွက် အဓိကစိန်ခေါ်မှုများ၊ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့် ရှေ့ဆက်လုပ်ဆောင်နိုင်မည့် ဦးစားပေးကဏ္ဍများကို အတူတကွ ဆွေးနွေးဖော်ထုတ်သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ Agri-food System အတွင်း လက်တွေ့လုပ်ဆောင်နေသော အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်များ၊ အသင်းအဖွဲ့များနှင့် သက်ဆိုင်ရာ Stakeholders များအား 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗔𝗴𝗿𝗶-𝗳𝗼𝗼𝗱 𝗪𝗲𝗲𝗸 𝟐𝟎𝟐𝟔 တွင် ပါဝင်လက်တွဲဆောင်ရွက်ရန် နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။
MAW 2026 ၏ 𝗣𝗮𝗿𝘁𝗻𝗲𝗿-𝗟𝗲𝗱 𝗔𝗰𝘁𝗶𝘃𝗶𝘁𝗶𝗲𝘀, 𝗽𝗮𝗿𝘁𝗶𝗰𝗶𝗽𝗮𝘁𝗶𝗻𝗴 𝗼𝗿𝗴𝗮𝗻𝗶𝘇𝗮𝘁𝗶𝗼𝗻𝘀, 𝗽𝗿𝗼𝗴𝗿𝗮𝗺 နှင့် 𝗙𝗼𝗼𝗱 𝗦𝘆𝘀𝘁𝗲𝗺𝘀 𝗙𝗼𝗿𝘂𝗺 𝟐𝟎𝟐𝟔 ဆိုင်ရာ အသေးစိတ်အချက်အလက်များကို မကြာမီ ဆက်လက်မိတ်ဆက်ပေးသွားပါမည်။
𝗘𝗻𝗴𝗹𝗶𝘀𝗵
𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗔𝗴𝗿𝗶-𝗳𝗼𝗼𝗱 𝗪𝗲𝗲𝗸 (𝗠𝗔𝗪) 𝟮𝟬𝟮𝟲 𝗶𝘀 𝗰𝗼𝗺𝗶𝗻𝗴 𝘁𝗵𝗶𝘀 𝟭𝟮–𝟭𝟲 𝗢𝗰𝘁𝗼𝗯𝗲𝗿.
Under the theme “𝗙𝗿𝗼𝗺 𝗖𝗼𝗻𝘀𝘁𝗿𝗮𝗶𝗻𝘁𝘀 𝘁𝗼 𝗖𝗼𝗼𝗿𝗱𝗶𝗻𝗮𝘁𝗶𝗼𝗻: 𝗕𝘂𝗶𝗹𝗱𝗶𝗻𝗴 𝗩𝗶𝗮𝗯𝗹𝗲 𝗮𝗻𝗱 𝗥𝗲𝘀𝗶𝗹𝗶𝗲𝗻𝘁 𝗔𝗴𝗿𝗶-𝗳𝗼𝗼𝗱 𝗦𝘆𝘀𝘁𝗲𝗺𝘀,” MAW 2026 is a week-long, multi-stakeholder platform connecting practical learning, operating realities, evidence and collaboration across Myanmar's agri-food system.
From 𝟭𝟮–𝟭𝟱 𝗢𝗰𝘁𝗼𝗯𝗲𝗿, participating organizations will lead 𝗣𝗮𝗿𝘁𝗻𝗲𝗿-𝗟𝗲𝗱 𝗔𝗰𝘁𝗶𝘃𝗶𝘁𝗶𝗲𝘀 across different areas and operating environments of the agri-food system — creating opportunities for practical learning, knowledge exchange, evidence sharing and stronger connections among stakeholders.
Insights and experiences emerging from across the Week will then converge at 𝗙𝗼𝗼𝗱 𝗦𝘆𝘀𝘁𝗲𝗺𝘀 𝗙𝗼𝗿𝘂𝗺 𝟮𝟬𝟮𝟲 𝗼𝗻 𝟭𝟲 𝗢𝗰𝘁𝗼𝗯𝗲𝗿 — 𝗪𝗼𝗿𝗹𝗱 𝗙𝗼𝗼𝗱 𝗗𝗮𝘆 for shared reflection, synthesis and the identification of practical opportunities for continued coordination.
𝗢𝗻𝗲 𝗪𝗲𝗲𝗸. 𝗢𝗻𝗲 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺. 𝗙𝗿𝗼𝗺 𝗖𝗼𝗻𝘀𝘁𝗿𝗮𝗶𝗻𝘁𝘀 𝘁𝗼 𝗖𝗼𝗼𝗿𝗱𝗶𝗻𝗮𝘁𝗶𝗼𝗻.
Follow us as we introduce the Partner-Led Activities, participating organizations and program that will shape 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗔𝗴𝗿𝗶-𝗳𝗼𝗼𝗱 𝗪𝗲𝗲𝗸 𝟐𝟎𝟐𝟔.
𝟭𝟮–𝟭𝟲 𝗢𝗰𝘁𝗼𝗯𝗲𝗿 𝟮𝟬𝟮𝟲