Myanmar Innovative Life Sciences

Myanmar Innovative Life Sciences Helping food producers and farmers produce safer and better quality food sustainably. Learn more at: https://www.milsciences.com/about-mils

FOOD SAFETY BUSINESS UNIT

​One major challenge in balancing food productivity and availability is ensuring food safety of the produced food because what is not safe enough to consume is simply not considered food. Understanding food safety starts at the farm level primary production and ends at consumers, MILS with its farm to fork approach provides best-in-class integrated food safety solutions

for all types of food businesses from primary producers and post-harvest facilities to processors and retail/wholesalers. With its prestige as the most committed company for food safety, MILS creates values for its customers beyond selling products and services. FOOD SECURITY & INNOVATION BUSINESS UNIT

​Food Security & Innovation Business Unit bundles our revenue streams and activities which are directly and indirectly impact sustainable food production, hence food security. Irresponsible use of antibiotics in livestock animal production leads to Antimicrobial Resistant (AMR) which WHO estimates that by 2050 will kill more than 10 million people per year (more than what cancer kills) if the use is not regulated strictly. MILS is manufacturing probiotics, the most commonly used alternative for antibiotics, at its FDA-approved production plant in Yangon since 2014 to help poultry and swine farmers in Myanmar produce safer, more sustainable and higher quality products.

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗔𝗴𝗿𝗶-𝗳𝗼𝗼𝗱 𝗪𝗲𝗲𝗸 (𝗠𝗔𝗪) 𝗪𝗲𝗯𝘀𝗶𝘁𝗲 𝗶𝘀 𝗡𝗼𝘄 𝗟𝗶𝘃𝗲(𝘌𝘯𝘨𝘭𝘪𝘴𝘩 𝘉𝘦𝘭𝘰𝘸)Myanmar Agri-food Week (MAW) 2026 နှင့် ပတ်သက်သည့် နောက်ဆ...
19/08/2026

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗔𝗴𝗿𝗶-𝗳𝗼𝗼𝗱 𝗪𝗲𝗲𝗸 (𝗠𝗔𝗪) 𝗪𝗲𝗯𝘀𝗶𝘁𝗲 𝗶𝘀 𝗡𝗼𝘄 𝗟𝗶𝘃𝗲

(𝘌𝘯𝘨𝘭𝘪𝘴𝘩 𝘉𝘦𝘭𝘰𝘸)

Myanmar Agri-food Week (MAW) 2026 နှင့် ပတ်သက်သည့် နောက်ဆုံးရ သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်ရန် 𝗠𝗔𝗪 𝗢𝗳𝗳𝗶𝗰𝗶𝗮𝗹 𝗪𝗲𝗯𝘀𝗶𝘁𝗲 ကို စတင်လွှင့်တင်လိုက်ပြီဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

We are pleased to announce the launch of the 𝗼𝗳𝗳𝗶𝗰𝗶𝗮𝗹 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗔𝗴𝗿𝗶-𝗳𝗼𝗼𝗱 𝗪𝗲𝗲𝗸 (𝗠𝗔𝗪) 𝟮𝟬𝟮𝟲 𝘄𝗲𝗯𝘀𝗶𝘁𝗲.

Visit the website to stay up to date with the latest news, event information, and announcements as we work together towards a more resilient and sustainable Myanmar Agri-food System.

🌐 𝗠𝗔𝗪 𝗢𝗳𝗳𝗶𝗰𝗶𝗮𝗹 𝗪𝗲𝗯𝘀𝗶𝘁𝗲
https://www.myanmaragrifoodweek.com/

Stay Connected. Stay Engaged. Together for a More Resilient Myanmar Agri-food System.

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗔𝗴𝗿𝗶-𝗳𝗼𝗼𝗱 𝗪𝗲𝗲𝗸 (𝗠𝗔𝗪) 𝟮𝟬𝟮𝟲 | 𝗧𝗵𝗲𝗺𝗲 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁ယနေ့ Myanmar Agri-food System သည် ရာသီဥတုဖေါက်ပြန်မှု၊ ဈေးကွက်အပြေ...
13/08/2026

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗔𝗴𝗿𝗶-𝗳𝗼𝗼𝗱 𝗪𝗲𝗲𝗸 (𝗠𝗔𝗪) 𝟮𝟬𝟮𝟲 | 𝗧𝗵𝗲𝗺𝗲 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁

ယနေ့ Myanmar Agri-food System သည် ရာသီဥတုဖေါက်ပြန်မှု၊ ဈေးကွက်အပြောင်းအလဲများ၊ အရင်းအမြစ်ကန့်သတ်ချက်များ၊ အာဟာရနှင့် အစားအစာဘေးကင်းလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို တစ်ပြိုင်နက် ရင်ဆိုင်နေရပါသည်။

ယင်းစိန်ခေါ်မှုများသည် တစ်ခုနှင့်တစ်ခု သီးခြားဖြစ်ပေါ်နေခြင်း မဟုတ်ပါ။ ဈေးကွက်ရရှိနိုင်မှုသည် အရည်အသွေး၊ ထုတ်လုပ်မှုနှင့် ယုံကြည်စိတ်ချရသော Supply တို့နှင့် ဆက်စပ်နေသကဲ့သို့၊ လုပ်ငန်းများ၏ ခံနိုင်ရည်ရှိမှုသည်လည်း Inputs, Finance, Energy နှင့် Operating Environment တို့အပေါ် မူတည်နေပါသည်။

ထို့ကြောင့် စိန်ခေါ်မှုတစ်ခုချင်းစီကို သီးခြားဖြေရှင်းရန်ထက် Actors, Knowledge, Evidence နှင့် လက်တွေ့လုပ်ဆောင်မှုများအကြား ပိုမိုကောင်းမွန်သော ဟန်ချက်ညီညီ ချိတ်ဆက်ဆောင်ရွက်မှုများ တည်ဆောက်ရန် လိုအပ်လာပါသည်။

ဤအမြင်ကို အခြေခံ၍ 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗔𝗴𝗿𝗶-𝗳𝗼𝗼𝗱 𝗪𝗲𝗲𝗸 (𝗠𝗔𝗪) 𝟮𝟬𝟮𝟲 ၏ Theme အဖြစ်

“𝗙𝗿𝗼𝗺 𝗖𝗼𝗻𝘀𝘁𝗿𝗮𝗶𝗻𝘁𝘀 𝘁𝗼 𝗖𝗼𝗼𝗿𝗱𝗶𝗻𝗮𝘁𝗶𝗼𝗻”

𝗕𝘂𝗶𝗹𝗱𝗶𝗻𝗴 𝗩𝗶𝗮𝗯𝗹𝗲 𝗮𝗻𝗱 𝗥𝗲𝘀𝗶𝗹𝗶𝗲𝗻𝘁 𝗔𝗴𝗿𝗶-𝗳𝗼𝗼𝗱 𝗦𝘆𝘀𝘁𝗲𝗺𝘀

ကို သတ်မှတ်ထားပါသည်။

ဤ Theme သည် စိန်ခေါ်မှုများကို ဖော်ပြရုံသာမက လက်တွေ့အခြေအနေများကို ပိုမိုနားလည်ခြင်း၊ အသိပညာနှင့် အထောက်အထားများကို မျှဝေခြင်း၊ သက်ဆိုင်ရာ Actors များကို ချိတ်ဆက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဖော်ထုတ်ခြင်းတို့မှတစ်ဆင့် Constraints များမှ ပိုမိုထိရောက်ကောင်းမွန်သော Coordination ဆီသို့ ရွေ့လျားရန် ရည်ရွယ်ပါသည်။

Myanmar Agri-food Week 2026 သည် Forum တစ်ခုတည်းမဟုတ်ဘဲ Partner-Led Activities, Practical Learning, Evidence Sharing နှင့် Food Systems Forum တို့ကို ချိတ်ဆက်ပေးသည့် 𝗖𝗼𝗹𝗹𝗮𝗯𝗼𝗿𝗮𝘁𝗶𝘃𝗲 𝗽𝗹𝗮𝘁𝗳𝗼𝗿𝗺 တစ်ခု ဖြစ်ပါသည်။

လာမည့်ရက်များအတွင်း MAW 2026 ၏ Access Pathways, Partner-Led Activities နှင့် မိတ်ဖက်အဖွဲ့အစည်းများ ကို ဆက်လက်မိတ်ဆက်ပေးသွားပါမည်။

❝ 𝗢𝗻𝗲 𝗪𝗲𝗲𝗸. 𝗢𝗻𝗲 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺. 𝗢𝗻𝗲 𝗦𝗵𝗮𝗿𝗲𝗱 𝗙𝘂𝘁𝘂𝗿𝗲 𝗳𝗼𝗿 𝗠𝘆𝗮𝗻𝗺𝗮𝗿'𝘀 𝗔𝗴𝗿𝗶-𝗳𝗼𝗼𝗱 𝗦𝘆𝘀𝘁𝗲𝗺. ❞(𝘌𝘯𝘨𝘭𝘪𝘴𝘩 𝘉𝘦𝘭𝘰𝘸)မြန်မာနိုင်ငံ၏ Agri-food Sys...
11/08/2026

❝ 𝗢𝗻𝗲 𝗪𝗲𝗲𝗸. 𝗢𝗻𝗲 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺. 𝗢𝗻𝗲 𝗦𝗵𝗮𝗿𝗲𝗱 𝗙𝘂𝘁𝘂𝗿𝗲 𝗳𝗼𝗿 𝗠𝘆𝗮𝗻𝗺𝗮𝗿'𝘀 𝗔𝗴𝗿𝗶-𝗳𝗼𝗼𝗱 𝗦𝘆𝘀𝘁𝗲𝗺. ❞

(𝘌𝘯𝘨𝘭𝘪𝘴𝘩 𝘉𝘦𝘭𝘰𝘸)

မြန်မာနိုင်ငံ၏ Agri-food System အတွင်း လက်တွေ့ကြုံတွေ့နေရသော စိန်ခေါ်မှုများမှ ပိုမိုကောင်းမွန်သော ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများဆီသို့ အတူတကွ ရှေ့ဆက်နိုင်ရန် ရည်ရွယ်သည့် 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗔𝗴𝗿𝗶-𝗳𝗼𝗼𝗱 𝗪𝗲𝗲𝗸 (𝗠𝗔𝗪) 𝟐𝟎𝟐𝟔 ကို စတင်မိတ်ဆက်လိုက်ပါသည်။

ယနေ့ မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးနှင့် အစားအစာကဏ္ဍသည် ရာသီဥတုဖောက်ပြန်မှု နှင့် သဘာဝအရင်းအမြစ်ဆိုင်ရာ ဖိအားများ၊ ဈေးကွက်နှင့် ထုတ်လုပ်မှုဆိုင်ရာ အခက်အခဲများ၊ အရည်အသွေးနှင့် အစားအစာဘေးကင်းလုံခြုံရေးဆိုင်ရာ လိုအပ်ချက်များအပြင် ကဏ္ဍအသီးသီးအကြား ဟန်ချက်ညီစွာ ချိတ်ဆက်ဆောင်ရွက်မှု အားနည်းခြင်းစသည့် စိန်ခေါ်မှုများကို တစ်ပြိုင်နက် ရင်ဆိုင်နေရပါသည်။

ထိုကဲ့သို့ အပြန်အလှန်ဆက်နွယ်နေသည့် စိန်ခေါ်မှုများကို အဖွဲ့အစည်းတစ်ခု၊ ကဏ္ဍတစ်ခုတည်းဖြင့် ဖြေရှင်းနိုင်မည်မဟုတ်ပါ။ ပိုမိုကြံ့ကြံ့ခံနိုင်ပြီး ရေရှည်တည်တံ့သော Agri-food System တစ်ရပ် တည်ဆောက်နိုင်ရန် လက်တွေ့အတွေ့အကြုံ၊ အသိပညာနှင့် အထောက်အထားများကို မျှဝေခြင်း၊ ကဏ္ဍအသီးသီးအကြား ချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေခြင်း တို့သည် ယခင်ကထက် ပိုမိုအရေးပါလာပါသည်။

ထိုရည်ရွယ်ချက်ဖြင့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပမည့် MAW 2026 ကို သာမန်အခမ်းအနားတစ်ခုအဖြစ် မဟုတ်ဘဲ၊ မိတ်ဖက်အဖွဲ့အစည်းများက ၎င်းတို့၏ နည်းပညာကျွမ်းကျင်မှု၊ လုပ်ငန်းအတွေ့အကြုံ၊ အထောက်အထားနှင့် Stakeholder Networks များကို အခြေခံ၍ ကိုယ်တိုင်ဦးဆောင်ပါဝင်နိုင်သည့် 𝗪𝗲𝗲𝗸-𝗹𝗼𝗻𝗴 𝗠𝘂𝗹𝘁𝗶-𝘀𝘁𝗮𝗸𝗲𝗵𝗼𝗹𝗱𝗲𝗿 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺 တစ်ခုအဖြစ် ဖော်ဆောင်ထားပါသည်။

အောက်တိုဘာလ ၁၂ ရက်မှ ၁၅ ရက်အတွင်း မိတ်ဖက်အဖွဲ့အစည်းများက ဦးဆောင်သည့် 𝗣𝗮𝗿𝘁𝗻𝗲𝗿-𝗟𝗲𝗱 𝗔𝗰𝘁𝗶𝘃𝗶𝘁𝗶𝗲𝘀 (𝗣𝗟𝗔𝘀) များမှတစ်ဆင့် —

• Farms, food production facilities, markets, laboratories, businesses နှင့် အခြား operating environments များ၏ လက်တွေ့အခြေအနေများနှင့် အတွေ့အကြုံများကို လေ့လာမျှဝေခြင်း၊

• Practical Learning, Knowledge Exchange နှင့် Evidence Sharing များမှတစ်ဆင့် လက်တွေ့စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ပိုမိုရှင်းလင်းစွာ နားလည်ဖော်ထုတ်ခြင်း၊

• ထုတ်လုပ်သူများ၊ စီးပွားရေးလုပ်ငန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်းများ၊ အမျိုးသမီးနှင့် လူငယ်များအပါအဝင် သက်ဆိုင်ရာ Stakeholders များအကြား Coordination နှင့် Collaboration ကို အားကောင်းစေခြင်း၊

• လက်တွေ့အတွေ့အကြုံနှင့် အထောက်အထားများမှ ပေါ်ထွက်လာသော Shared Insights များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဖော်ထုတ်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Partner-Led Activities များသည် MAW 2026 ၏ ရက်သတ္တပါတ် တစ်လျှောက် လက်တွေ့အတွေ့အကြုံနှင့် အသိပညာများကို ဖော်ထုတ်ပေးမည့် အဓိကအစိတ်အပိုင်းများ ဖြစ်ပါသည်။ ယင်းမှ ရရှိလာသော အမြင်များ၊ အတွေ့အကြုံများနှင့် Shared Insights များကို အောက်တိုဘာလ ၁၆ ရက်၊ World Food Day တွင် ကျင်းပမည့် 𝗙𝗼𝗼𝗱 𝗦𝘆𝘀𝘁𝗲𝗺𝘀 𝗙𝗼𝗿𝘂𝗺 𝟐𝟎𝟐𝟔 တွင် ပြန်လည်ပေါင်းစည်းကာ မြန်မာနိုင်ငံ၏ Agri-food System အတွက် အဓိကစိန်ခေါ်မှုများ၊ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့် ရှေ့ဆက်လုပ်ဆောင်နိုင်မည့် ဦးစားပေးကဏ္ဍများကို အတူတကွ ဆွေးနွေးဖော်ထုတ်သွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ Agri-food System အတွင်း လက်တွေ့လုပ်ဆောင်နေသော အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်များ၊ အသင်းအဖွဲ့များနှင့် သက်ဆိုင်ရာ Stakeholders များအား 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗔𝗴𝗿𝗶-𝗳𝗼𝗼𝗱 𝗪𝗲𝗲𝗸 𝟐𝟎𝟐𝟔 တွင် ပါဝင်လက်တွဲဆောင်ရွက်ရန် နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။

MAW 2026 ၏ 𝗣𝗮𝗿𝘁𝗻𝗲𝗿-𝗟𝗲𝗱 𝗔𝗰𝘁𝗶𝘃𝗶𝘁𝗶𝗲𝘀, 𝗽𝗮𝗿𝘁𝗶𝗰𝗶𝗽𝗮𝘁𝗶𝗻𝗴 𝗼𝗿𝗴𝗮𝗻𝗶𝘇𝗮𝘁𝗶𝗼𝗻𝘀, 𝗽𝗿𝗼𝗴𝗿𝗮𝗺 နှင့် 𝗙𝗼𝗼𝗱 𝗦𝘆𝘀𝘁𝗲𝗺𝘀 𝗙𝗼𝗿𝘂𝗺 𝟐𝟎𝟐𝟔 ဆိုင်ရာ အသေးစိတ်အချက်အလက်များကို မကြာမီ ဆက်လက်မိတ်ဆက်ပေးသွားပါမည်။

𝗘𝗻𝗴𝗹𝗶𝘀𝗵

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗔𝗴𝗿𝗶-𝗳𝗼𝗼𝗱 𝗪𝗲𝗲𝗸 (𝗠𝗔𝗪) 𝟮𝟬𝟮𝟲 𝗶𝘀 𝗰𝗼𝗺𝗶𝗻𝗴 𝘁𝗵𝗶𝘀 𝟭𝟮–𝟭𝟲 𝗢𝗰𝘁𝗼𝗯𝗲𝗿.

Under the theme “𝗙𝗿𝗼𝗺 𝗖𝗼𝗻𝘀𝘁𝗿𝗮𝗶𝗻𝘁𝘀 𝘁𝗼 𝗖𝗼𝗼𝗿𝗱𝗶𝗻𝗮𝘁𝗶𝗼𝗻: 𝗕𝘂𝗶𝗹𝗱𝗶𝗻𝗴 𝗩𝗶𝗮𝗯𝗹𝗲 𝗮𝗻𝗱 𝗥𝗲𝘀𝗶𝗹𝗶𝗲𝗻𝘁 𝗔𝗴𝗿𝗶-𝗳𝗼𝗼𝗱 𝗦𝘆𝘀𝘁𝗲𝗺𝘀,” MAW 2026 is a week-long, multi-stakeholder platform connecting practical learning, operating realities, evidence and collaboration across Myanmar's agri-food system.

From 𝟭𝟮–𝟭𝟱 𝗢𝗰𝘁𝗼𝗯𝗲𝗿, participating organizations will lead 𝗣𝗮𝗿𝘁𝗻𝗲𝗿-𝗟𝗲𝗱 𝗔𝗰𝘁𝗶𝘃𝗶𝘁𝗶𝗲𝘀 across different areas and operating environments of the agri-food system — creating opportunities for practical learning, knowledge exchange, evidence sharing and stronger connections among stakeholders.
Insights and experiences emerging from across the Week will then converge at 𝗙𝗼𝗼𝗱 𝗦𝘆𝘀𝘁𝗲𝗺𝘀 𝗙𝗼𝗿𝘂𝗺 𝟮𝟬𝟮𝟲 𝗼𝗻 𝟭𝟲 𝗢𝗰𝘁𝗼𝗯𝗲𝗿 — 𝗪𝗼𝗿𝗹𝗱 𝗙𝗼𝗼𝗱 𝗗𝗮𝘆 for shared reflection, synthesis and the identification of practical opportunities for continued coordination.

𝗢𝗻𝗲 𝗪𝗲𝗲𝗸. 𝗢𝗻𝗲 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺. 𝗙𝗿𝗼𝗺 𝗖𝗼𝗻𝘀𝘁𝗿𝗮𝗶𝗻𝘁𝘀 𝘁𝗼 𝗖𝗼𝗼𝗿𝗱𝗶𝗻𝗮𝘁𝗶𝗼𝗻.

Follow us as we introduce the Partner-Led Activities, participating organizations and program that will shape 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗔𝗴𝗿𝗶-𝗳𝗼𝗼𝗱 𝗪𝗲𝗲𝗸 𝟐𝟎𝟐𝟔.

𝟭𝟮–𝟭𝟲 𝗢𝗰𝘁𝗼𝗯𝗲𝗿 𝟮𝟬𝟮𝟲

အစားအစာတစ်ခု၏ ဘေးဥပါဒ်ကင်းစင်မှုကို သာမန်မျက်စိနှင့် ကြည့်ရုံဖြင့် သိနိုင်ပါသလား။ကျွန်ုပ်တို့ နေ့စဉ် စားသုံးနေသော  တနိုင...
28/07/2026

အစားအစာတစ်ခု၏ ဘေးဥပါဒ်ကင်းစင်မှုကို သာမန်မျက်စိနှင့် ကြည့်ရုံဖြင့် သိနိုင်ပါသလား။

ကျွန်ုပ်တို့ နေ့စဉ် စားသုံးနေသော တနိုင်တပိုင်ထုတ်ကုန်များမှစ၍ စက်ရုံထုတ်ကုန်များအပါအဝင် အစားအစာများအားလုံးအတွက် Food safety သည် စားသုံးသူကျန်းမာရေး၊ လုပ်ငန်း၏ ယုံကြည်စိတ်ချရမှုနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းအပေါ် တိုက်ရိုက်သက်ရောက်မှုရှိသော အရေးကြီးသည့် အချက်တစ်ခု ဖြစ်ပါသည်။

အစားအစာများ၏ သန့်ရှင်းမှုနှင့် အရည်အသွေး ပြည့်မီမှုကို သာမန်မျက်စိနှင့် ကြည့်ရုံဖြင့်ဘေးဥပါဒ်ကင်းသည်ဟု မဆုံးဖြတ်နိုင်တော့ဘဲ စားသုံးသူတို့အတွက် အန္တရာယ်ဖြစ်စေနိုင်သော အဏုဇီဝပိုးမွှားများ၊ ဓာတုညစ်ညမ်းမှုများနှင့် အခြားသောဘေးဥပါဒ်များကို ဓာတ်ခွဲခန်းစစ်ဆေးမှု ပြုလုပ်ခြင်းဖြင့်သာ သိပ္ပံနည်းကျစစ်ဆေးအတည်ပြုနိုင်ပါသည်။

🔹Food Laboratory Testing ဆိုတာ ဘာလဲ။

Food Laboratory Testing ဆိုသည်မှာ အစားအစာ၏ ဘေးဥပါဒ်ကင်းစင်မှု၊ အရည်အသွေးပြည့်မီမှု နှင့် သက်ဆိုင်ရာစံချိန်စံညွှန်းများနှင့် ကိုက်ညီမှုကို သိပ္ပံနည်းကျ အတည်ပြုစစ်ဆေးသည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။

🔹ဓာတ်ခွဲခန်းစစ်ဆေးမှုများတွင် အများအားဖြင့် ဘယ်လို အမျိုးအစားများကို စစ်ဆေးလေ့ရှိသလဲ။

• Microbiological Testing များဖြစ်သော Salmonella, Shigella, Listeria monocytogenes, E. coli, Listeria, Staphylococcus aureus, Bacillus cereus စသည့် ရောဂါဖြစ်စေသော အဏုဇီဝပိုးမွှားများကို စစ်ဆေးခြင်း

• Chemical Testing များတွင် Pesticide Residues, Heavy Metals, Veterinary Drug Residues, Mycotoxins နှင့် Food Additives Compliance အခြားဓာတုအန္တရာယ်များကို စစ်ဆေးခြင်း

• Quality Analysis များဖြစ်သော Nutritional Composition, pH, Moisture, Water Activity (aw) နှင့် အရည်အသွေးဆိုင်ရာ အညွှန်းကိန်းများကို စစ်ဆေးခြင်း

🔹စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်မှုအဆင့် အမျိုးမျိုးတွင် Food Laboratory Testing ကို စစ်ဆေးရန် ဘာကြောင့် အရေးကြီးသလဲ။

• စားသုံးသူများကို Foodborne Diseases များရန်မှ ကာကွယ်ပေးနိုင်ပါသည်။

• Food Safety စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုကို အထောက်အထားဖြင့် အတည်ပြုပေးနိုင်ပါသည်။

• HACCP၊ ISO 22000 နှင့် Regulatory Requirements များကို လိုက်နာရာတွင် အထောက်အကူပြုပါသည်။

• Product Recall ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပြီး Brand Reputation ကို ကာကွယ်ပေးပါသည်။

• ပြည်ပပို့ကုန်ဈေးကွက် (Export Market) ဝင်ရောက်ရာတွင် လိုအပ်သော Quality Assurance ကို အထောက်အပံ့ပေးနိုင်ပါသည်။

Food Safety ကွင်းဆက်သည် ဓာတ်ခွဲခန်း၏ တာဝန်တစ်ခုတည်း မဟုတ်ဘဲ ကုန်ကြမ်းရွေးချယ်ခြင်းမှ စတင်၍ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် စားသုံးသူ၏ လက်ထဲရောက်ရှိသည်အထိ (Farm to Fork) အဆင့်တိုင်းတွင် စနစ်တကျ စီမံခန့်ခွဲရန် လိုအပ်ပါသည်။ ထိုစနစ်တစ်ခုလုံး၏ ယုံကြည်စိတ်ချရမှုကို Food Laboratory Testing က သိပ္ပံနည်းကျ အတည်ပြုပေးနိုင်သော အရေးကြီးသည့် အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။

ကျွန်ုပ်တို့ Myanmar Innovative Life Sciences (MILS) အနေဖြင့် စားသောက်ကုန် ထုတ်လုပ်ရေးလုပ်ငန်းများ၏ Food Safety Compliance နှင့် Quality Assurance ကို အထောက်အကူပြုနိုင်ရန် Food Laboratory Testing Services များကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။

𝗖𝗼𝗻𝘁𝗮𝗰𝘁 𝘂𝘀 𝗮𝘁:
M: 09 255 167 596/ 09 447 043 463
E: [email protected]
𝐅𝐨𝐥𝐥𝐨𝐰 𝐮𝐬 𝐨𝐧:
Website: www.milsciences.com
Telegram: https://t.me/MILSciences
LinkedIn: https://www.linkedin.com/company/milsciences/
Viber: https://invite.viber.com/?g2=AQBxSOAdGvqQ81ZzT4cCZQWZ3vzJ%2Fh0j%2FQvWj
4EAAHJ8C%2FLbm03LLuy5AYClnVn

🦠 Salmonella spp. အဏုဇီဝပိုးအကြောင်း သင်သိထားသင့်သော အချက်များ“အစာလည်း‌ဆေး ဆေးလည်းအစာ” ဆိုရိုးအတိုင်း အာဟာရပြည့်ဝပြီး ဘေ...
23/07/2026

🦠 Salmonella spp. အဏုဇီဝပိုးအကြောင်း သင်သိထားသင့်သော အချက်များ

“အစာလည်း‌ဆေး ဆေးလည်းအစာ” ဆိုရိုးအတိုင်း အာဟာရပြည့်ဝပြီး ဘေးဥပါဒ်ကင်းသော အစားအစာများသည် စားသုံးသူတို့အတွက် အားဆေးတစ်ခွက်ကဲ့သို့ အစွမ်းအာနိသင် ရှိပါသည်။ ထို့သို့ ဘေးဥပါဒ်ကင်း‌သော အစာဟုဆိုရာတွင် Salmonella spp. ပိုးသည် အစားအစာမှတစ်ဆင့် လူသို့ ကူးစက်နိုင်သော အရေးကြီးသည့် ဘက်တီးရီးယားအုပ်စုတစ်ခုဖြစ်ပြီး Food Safety ကဏ္ဍတွင် အထူးစောင့်ကြည့်ထိန်းချုပ်ရသော ရောဂါပိုးများထဲမှ တစ်မျိုးဖြစ်ပါသည်။ ထို့ကြောင့် အစာဘေးဥပါဒ် ဖြစ်ပွားစေနိုင်သော ဘက်တီးရီးယားမျိုးနွယ်အများအပြားထဲမှ Salmonella ပိုးအကြောင်းကို ယနေ့ မျှဝေသွားပေးမည် ဖြစ်ပါသည်။

🔹Salmonella spp. ဆိုတာ ဘာလဲ။

Salmonella spp. သည် Enterobacteriaceae မျိုးရင်းဝင် Gram-negative ဘက်တီးရီးယားအုပ်စုဖြစ်ပြီး လူနှင့် တိရစ္ဆာန်တို့၏ အူလမ်းကြောင်းတွင် တွေ့ရှိနိုင်ပါသည်။ မသန့်ရှင်းသော အစားအစာ၊ သောက်ရေ၊ ညစ်ညမ်းသော ပတ်ဝန်းကျင်နှင့် ထိတွေ့မှုမှတစ်ဆင့် လူသို့ကူးစက်နိုင်သော Foodborne Pathogen တစ်မျိုးဖြစ်ပါသည်။ အထူးသဖြင့် ကြက်ဥ၊ ကြက်သား၊ အသားထွက်ကုန်များ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်အစိမ်းနှင့် အသင့်စားအစားအစာများတွင် ညစ်ညမ်းမှု ဖြစ်ပွားနိုင်သောကြောင့် ထုတ်လုပ်မှုကွင်းဆက် (Food Supply Chain) တစ်လျှောက် စနစ်တကျ စီမံခန့်ခွဲရန် လိုအပ်ပါသည်။

🔹Salmonella spp. ပိုး ပေါက်ဖွားထားသော အစားအစာများကို စားသုံးမိပါက ဘယ်လို‌အစားဘေးဥပါဒ်များ ကြုံရနိုင်သလဲ။

• Salmonellosis ဟုခေါ်သော အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများဖြစ်သည့် ဝမ်းလျှောခြင်း၊ ဖျားနာခြင်း၊ ဗိုက်အောင့်ခြင်းနှင့် အော့အန်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။

• ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ခံအားနည်းသူများတွင် ပြင်းထန်သော နောက်ဆက်တွဲကျန်းမာရေးပြဿနာများ ဖြစ်ပွားနိုင်ပါသည်။

• စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းများတွင် Salmonella ညစ်ညမ်းမှု ဖြစ်ပွားပါက ထုတ်ကုန်ပြန်လည်သိမ်းဆည်းရခြင်း (Product Recall)၊ စားသုံးသူယုံကြည်မှု လျော့နည်းခြင်းနှင့် စီးပွားရေးဆုံးရှုံးမှုများနှင့် ပို့ကုန်ဈေးကွက် ထိခိုက်မှုများ ဖြစ်ပေါ်နိုင်ပါသည်။

🔹Salmonella ညစ်ညမ်းမှုကို လျော့ချနိုင်ရန် ဘယ်လိုလုပ်‌ဆောင်နိုင်မလဲ။

• ကုန်ကြမ်းများကို ယုံကြည်စိတ်ချရသော အရင်းအမြစ်များမှ ဝယ်ယူအသုံးပြုပါ။

• Good Hygiene Practices (GHP) နှင့် Good Manufacturing Practices (GMP) ကဲ့သို့သော Prerequisite Programs (PRPs) များကို ထိရောက်စွာ လိုက်နာကျင့်သုံးပါ။

• အစိမ်းနှင့် အကျက် အစားအစာများကို သီးခြားကိုင်တွယ်၍ Cross-contamination မဖြစ်စေရန် ဂရုစိုက်ပါ။

• အစားအစာများကို သင့်လျော်သော အပူချိန်တွင် ချက်ပြုတ်၊ သိမ်းဆည်းပြီး Cold Chain ကို ထိန်းသိမ်းပါ။

• Food Safety Management System များဖြစ်သော Hazard Analysis and Critical Control Point (HACCP) အခြေခံ ထိန်းချုပ်မှုစနစ်နှင့် ISO 22000 Food Safety Management System ကို ကျင့်သုံးရန် လိုအပ်ပါသည်။

ကျွန်ုပ်တို့ Myanmar Innovative Life Sciences အနေဖြင့် အစားအစာ ထုတ်လုပ်မှု လုပ်ငန်းများ၏ Food Safety စံချိန်စံနှုန်းများနှင့်အညီ Salmonella Lab Testing Services များ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။

𝗖𝗼𝗻𝘁𝗮𝗰𝘁 𝘂𝘀 𝗮𝘁:
M: 09 255 167 596/ 09 447 043 463
E: [email protected]
𝐅𝐨𝐥𝐥𝐨𝐰 𝐮𝐬 𝐨𝐧:
Website: www.milsciences.com
Telegram: https://t.me/MILSciences
LinkedIn: https://www.linkedin.com/company/milsciences/
Viber: https://invite.viber.com/?g2=AQBxSOAdGvqQ81ZzT4cCZQWZ3vzJ%2Fh0j%2FQvWj
4EAAHJ8C%2FLbm03LLuy5AYClnVn

တောင်သူဦးကြီးတို့၏ စိုက်ခင်းထဲက သီးနှံများ အရွက်ဝါခြင်း၊ ကြီးထွားမှုနှေးကွေးခြင်းများ ကြုံတွေ့နေရပါသလား။မြေဆီလွှာအာဟာရချ...
21/07/2026

တောင်သူဦးကြီးတို့၏ စိုက်ခင်းထဲက သီးနှံများ အရွက်ဝါခြင်း၊ ကြီးထွားမှုနှေးကွေးခြင်းများ ကြုံတွေ့နေရပါသလား။

မြေဆီလွှာအာဟာရချို့တဲ့မှု၏ အဖြစ်များသော လက္ခဏာများနှင့် စီမံခန့်ခွဲနည်းများ

သီးနှံအထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်စေရန် စိုက်ပျိုးနည်းစနစ်ကောင်းများအပြင် မြေဆီလွှာအာဟာရ မျှတမှုသည်လည်း အရေးပါသော အခြေခံအချက်တစ်ခု ဖြစ်ပါသည်။

မြေဆီလွှာအတွင်းရှိ အာဟာရဓာတ်များ မလုံလောက်ခြင်း (သို့မဟုတ်) မမျှတခြင်းသည် သီးနှံကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး အထွက်နှုန်းနှင့် အရည်အသွေး ကျဆင်းစေနိုင်ပါသည်။ ထို့ကြောင့် အာဟာရချို့တဲ့မှု၏ လက္ခဏာများကို စောစီးစွာ သိရှိနိုင်ခြင်းသည် ထိရောက်သော စိုက်ပျိုးရေးစီမံခန့်ခွဲမှုအတွက် အရေးကြီးပါသည်။

မြေဆီလွှာအာဟာရချို့တဲ့မှု၏ အဖြစ်များသော လက္ခဏာများ

🔹 အရွက်ဝါလာခြင်း
နိုက်ထရိုဂျင် (Nitrogen – N) ချို့တဲ့မှု၏ လက္ခဏာတစ်ခု ဖြစ်နိုင်ပါသည်။

🔹 အပင်ကြီးထွားမှု နှေးကွေးခြင်း
အာဟာရဓာတ် မလုံလောက်ခြင်းကြောင့် အပင်ဖွံ့ဖြိုးမှု ကျဆင်းနိုင်ပါသည်။

🔹 အရွက်အနားများ ခြောက်သွေ့ခြင်း သို့မဟုတ် အညိုရောင်ပြောင်းခြင်း
ပိုတက်စီယမ် (Potassium – K) ချို့တဲ့မှုနှင့် ဆက်စပ်နိုင်ပါသည်။

🔹 အရွက်အရောင် ခရမ်းရောင်ပြောင်းခြင်း
ဖော့စဖရပ် (Phosphorus – P) ချို့တဲ့မှု၏ လက္ခဏာတစ်ခု ဖြစ်နိုင်ပါသည်။

🔹 ပန်းပွင့်ခြင်းနှင့် အသီးတင်ခြင်း လျော့နည်းခြင်း
အာဟာရဓာတ် မမျှတခြင်းကြောင့် ဖြစ်ပေါ်နိုင်ပါသည်။

မြေဆီလွှာအာဟာရချို့တဲ့မှု ကြုံတွေ့ရပါက ဘယ်လိုစီမံခန့်ခွဲသင့်သလဲ?

▪️ မြေဆီလွှာစစ်ဆေးခြင်း (Soil Testing) ပြုလုပ်၍ မြေဆီလွှာ၏ အာဟာရအခြေအနေကို သိရှိပြီး လိုအပ်သော အာဟာရဓာတ်များကို စနစ်တကျ ဖြည့်တင်းပါ။

▪️ သီးနှံအမျိုးအစားနှင့် မြေဆီလွှာအခြေအနေအလိုက် သင့်လျော်သော မြေဩဇာကို မှန်ကန်သော အမျိုးအစား၊ ပမာဏနှင့် အချိန်တွင် အသုံးပြုပါ။

▪️ မြေဆွေးနှင့် အခြားသော Organic Matter များကို ထည့်သွင်းအသုံးပြု၍ မြေဆီလွှာကျန်းမာရေးကို မြှင့်တင်ပါ။

ကျန်းမာသော မြေဆီလွှာသည် အောင်မြင်သော စိုက်ပျိုးရေး၏ အခြေခံအုတ်မြစ် ဖြစ်ပါသည်။ မြေဆီလွှာအာဟာရချို့တဲ့မှုကို စောစီးစွာ သိရှိပြီး စနစ်တကျ စီမံခန့်ခွဲနိုင်ပါက သီးနှံအထွက်နှုန်းနှင့် အရည်အသွေးကို မြှင့်တင်နိုင်သည့်အပြင် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကိုလည်း အထောက်အကူပြုနိုင်ပါသည်။

Myanmar Innovative Life Sciences (MILS) မှ တောင်သူများအတွက် မြေဆီလွှာ၏ အာဟာရအခြေအနေကို သိရှိပြီး မှန်ကန်သော စိုက်ပျိုးရေးစီမံခန့်ခွဲမှုများ ဆောင်ရွက်နိုင်စေရန် Soil Testing Service ကို ပံ့ပိုးပေးလျက်ရှိပါသည်။

Reference: Food and Agriculture Organization (FAO)

𝗖𝗼𝗻𝘁𝗮𝗰𝘁 𝘂𝘀 𝗮𝘁:
M: 09 255 167 596/ 09 447 043 463
E: [email protected]
𝐅𝐨𝐥𝐥𝐨𝐰 𝐮𝐬 𝐨𝐧:
Website: www.milsciences.com
Telegram: https://t.me/MILSciences
LinkedIn: https://www.linkedin.com/company/milsciences/
Viber: https://invite.viber.com/?g2=AQBxSOAdGvqQ81ZzT4cCZQWZ3vzJ%2Fh0j%2FQvWj
4EAAHJ8C%2FLbm03LLuy5AYClnVn

သီးနှံအထွက်တိုးပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးအတွက် Soil Health (မြေဆီလွှာကျန်းမာရေး) က ဘာကြောင့် အရေးကြီးသလဲ။“မြေဆီလ...
16/07/2026

သီးနှံအထွက်တိုးပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးအတွက် Soil Health (မြေဆီလွှာကျန်းမာရေး) က ဘာကြောင့် အရေးကြီးသလဲ။

“မြေဆီလွှာကောင်းမှ သီးနှံကောင်းမယ်” ဆိုသည့် ဆိုရိုးစကားအတိုင်း သီးနှံအထွက်ကောင်းရန် မြေဩဇာအသုံးပြုခြင်းတစ်ခုတည်းဖြင့် မလုံလောက်တော့ဘဲ မြေဆီလွှာကျန်းမာရေး (Soil Health) ကို စနစ်တကျ စီမံခန့်ခွဲရန်လည်း အရေးကြီးပါသည်။

Soil Health (မြေဆီလွှာကျန်းမာရေး) ဆိုတာ ဘာလဲ?

မြေဆီလွှာကျန်းမာရေး ဆိုသည်မှာ မြေဆီလွှာ၏ ရုပ်ပိုင်းဆိုင်ရာ (Physical)၊ ဓာတုဆိုင်ရာ (Chemical) နှင့် ဇီဝဆိုင်ရာ (Biological) ဂုဏ်သတ္တိများ ဟန်ချက်ညီစွာ ကောင်းမွန်နေပြီး သီးနှံများ ကျန်းမာသန်စွမ်းစွာ ကြီးထွားနိုင်သည့် အခြေအနေကို ဆိုလိုပါသည်။

မြေဆီလွှာကျန်းမာရေးကောင်းမွန်ပါက...

▪️ သီးနှံများ အာဟာရဓာတ်များကို ပိုမိုထိရောက်စွာ စုပ်ယူနိုင်ပြီး အထွက်နှုန်းနှင့် အရည်အသွေးကို မြှင့်တင်ပေးပါသည်။

▪️ မြေဆီလွှာ၏ ရေထိန်းသိမ်းနိုင်စွမ်း ကောင်းမွန်လာသဖြင့် မိုးခေါင်သည့်ကာလများတွင်လည်း သီးနှံကြီးထွားမှုကို အထောက်အကူပြုပါသည်။

▪️ အကျိုးပြုအဏုဇီဝများ ရှင်သန်နိုင်ပြီး အာဟာရဓာတ်လည်ပတ်မှုကို ကောင်းမွန်စေကာ သီးနှံကျန်းမာရေးကို အထောက်အပံ့ဖြစ်စေပါသည်။

▪️ မြေဆီလွှာပျက်စီးမှုကို လျှော့ချပေးပြီး ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုကို အားကောင်းစေပါသည်။

မြေဆီလွှာကျန်းမာရေးကို ဘယ်လိုထိန်းသိမ်းမလဲ။

▪️မြေဆွေးနှင့် အော်ဂဲနစ်ပစ္စည်းများ (Organic Matter) ကို ထည့်သွင်းအသုံးပြုပါ။

▪️မြေဆီလွှာစစ်ဆေးခြင်း (Soil Testing) ပြုလုပ်၍ သီးနှံလိုအပ်ချက်နှင့် ကိုက်ညီသော အာဟာရဓာတ်များကိုသာ ဖြည့်တင်းပါ။

▪️သီးနှံအလှည့်ကျစိုက်ပျိုးခြင်း (Crop Rotation) ကို ဆောင်ရွက်ပါ။

▪️မြေဆီလွှာနှင့် သီးနှံအမျိုးအစားအလိုက် သင့်လျော်သော မြေဩဇာကို မှန်ကန်သော ပမာဏနှင့် အချိန်တွင် အသုံးပြုပါ။

🌾 ကျန်းမာသော မြေဆီလွှာသည် သီးနှံအထွက်နှုန်းနှင့် အရည်အသွေး တိုးတက်စေရုံသာမက ရေရှည်တည်တံ့သော စိုက်ပျိုးရေး၏ အခြေခံအုတ်မြစ်လည်း ဖြစ်ပါသည်။

💬 ဦးကြီးတို့၏ စိုက်ခင်းတွင် မြေဆီလွှာကျန်းမာရေးကို ထိန်းသိမ်းရန် ဘယ်လိုနည်းလမ်းများကို အသုံးပြုနေပါသလဲ။ အတွေ့အကြုံများကို Comment တွင် မျှဝေပေးခဲ့ဖို့ ဖိတ်ခေါ်ပါသည်။

Reference: Food and Agriculture Organization (FAO)

𝗖𝗼𝗻𝘁𝗮𝗰𝘁 𝘂𝘀 𝗮𝘁:
M: 09 255 167 596/ 09 447 043 463
E: [email protected]
𝐅𝐨𝐥𝐥𝐨𝐰 𝐮𝐬 𝐨𝐧:
Website: www.milsciences.com
Telegram: https://t.me/MILSciences
LinkedIn: https://www.linkedin.com/company/milsciences/
Viber: https://invite.viber.com/?g2=AQBxSOAdGvqQ81ZzT4cCZQWZ3vzJ%2Fh0j%2FQvWj
4EAAHJ8C%2FLbm03LLuy5AYClnVn

🧪 ဓာတ်မြေဩဇာ (Chemical Fertilizer) အကြောင်း သိကောင်းစရာတောင်သူဦးကြီးများအနေဖြင့် ဓာတ်မြေဩဇာအကြောင်းကို ဘယ်လောက်အထိ သိရှိ...
14/07/2026

🧪 ဓာတ်မြေဩဇာ (Chemical Fertilizer) အကြောင်း သိကောင်းစရာ

တောင်သူဦးကြီးများအနေဖြင့် ဓာတ်မြေဩဇာအကြောင်းကို ဘယ်လောက်အထိ သိရှိနားလည်ထားပါသလဲ။

ယနေ့ခေတ် လယ်ယာလုပ်ငန်းတွင် သီးနှံများ လျင်မြန်စွာ ကြီးထွားဖွံဖြိုးပြီး အထွက်တိုးရန်အတွက် ဓာတ်မြေဩဇာများကို ယခင်ကထက် ပိုမိုအသုံးပြုလာကြပါသည်။ ယင်းဓာတ်မြေဩဇာနှင့် ပတ်သက်ပြီး တန်ဆေးလွန်ဘေး မဖြစ်စေရန် ၎င်း၏ အားသာချက်များနှင့် အားနည်းချက်များကို လယ်ယာသီးနှံ စိုက်ပျိုးသူများ နားလည်ပြီး မှန်ကန်စွာ အသုံးပြုတတ်စေရန် ဓာတ်မြေဩဇာနှင့် ပတ်သက်ပြီး သိထားသင့်သည်များကို မျှဝေလိုပါသည်။

⚗️ Chemical Fertilizer (ဓာတ်မြေဩဇာ) ဆိုတာ ဘာလဲ။

ဓာတ်မြေဩဇာ (Chemical Fertilizer) သည် စက်မှုလုပ်ငန်းဆိုင်ရာ ဓာတုထုတ်လုပ်မှုလုပ်ငန်းစဉ်များဖြင့် ထုတ်လုပ်ထားသော မြေဩဇာဖြစ်ပြီး အပင်ကြီးထွားရန် လိုအပ်သော အဓိကအာဟာရဓာတ်များဖြစ်သည့် Nitrogen (N), Phosphorus (P) နှင့် Potassium (K) တို့ကို အလွယ်တကူ အသုံးပြုနိုင်သော ပုံစံဖြင့် ဖြည့်ဆည်းပေးထားသော ဓာတ်မြေဩဇာပင် ဖြစ်ပါသည်။

✅ ဓာတ်မြေဩဇာ၏ အားသာချက်များ

✔️ အာဟာရဓာတ်များကို အပင်မှ လျင်မြန်စွာ စုပ်ယူနိုင်သည်။

✔️ အပင်ကြီးထွားမှုနှင့် အစိမ်းရောင်တိုးတက်မှုကို အချိန်တိုအတွင်း မြင်တွေ့နိုင်သည်။

✔️ အသုံးပြုရလွယ်ကူပြီး စိုက်ပျိုးရေးလုပ်ငန်းများတွင် အချိန်ကုန်သက်သာစေသည်။

✔️ အာဟာရဓာတ်ပါဝင်မှု မြင့်မားသောကြောင့် အသုံးပြုရသောပမာဏ နည်းနိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွင် အချိန်နှင့် လုပ်အားကို သက်သာစေပါသည်။

⚠️ ဓာတ်မြေဩဇာ၏ ကန့်သတ်ချက်များ

▪️ အသုံးပြုမှုလွန်ကဲပါက အမြစ်လောင်ခြင်းနှင့် အပင်ထိခိုက်မှု ဖြစ်စေနိုင်သည်။

▪️ မသင့်လျော်သော ပမာဏဖြင့် သို့မဟုတ် ရေရှည်အလွန်အကျွံ အသုံးပြုပါက မြေဆီလွှာ၏ pH၊ Soil Structure နှင့် Soil Biological Activity ကို ထိခိုက်စေနိုင်ပါသည်။

▪️ မိုးရေနှင့်အတူ အာဟာရဓာတ်များ စီးဆင်းဆုံးရှုံးခြင်း (Nutrient Runoff) ကြောင့် ရေထုညစ်ညမ်းမှုနှင့် ရေညှိပေါက်ဖွားမှု (Eutrophication) ကို ဖြစ်စေနိုင်ပါသည်။

▪️ အာဟာရဓာတ်များ လျင်မြန်စွာ ကုန်ဆုံးသဖြင့် ထပ်မံဖြည့်တင်းရန် လိုအပ်နိုင်သည်။

ဓာတ်မြေဩ၏ အားသာချက်နှင့် အားနည်းချက်များကို နားလည်သဘောပေါက်ပြီး မိမိ၏ သီးနှံအမျိုးအစား၊ မြေဆီလွှာအခြေအနေနှင့် Soil Testing ရလဒ်များကို အခြေခံ၍ သင့်တော်သော မြေဩဇာအမျိုးအစား (Right Source)၊ မှန်ကန်သော ပမာဏ (Right Rate)၊ သင့်တော်သော အချိန် (Right Time) နှင့် သင့်တော်သော အသုံးပြုနည်း (Right Place) တို့ကို လိုက်နာအသုံးပြုသင့်ပါသည်။

တောင်သူဦးကြီးတို့၏ စိုက်ခင်းတွင် Chemical Fertilizer အသုံးပြုဖူးပါသလား။

အသုံးပြုခဲ့သည့် အတွေ့အကြုံများ၊ အကျိုးကျေးဇူးများနှင့် ကြုံတွေ့ခဲ့ရသော စိန်ခေါ်မှုများကို Comment တွင် မျှဝေပေးခဲ့ဖို့ ဖိတ်ခေါ်အပ်ပါသည်။

𝗖𝗼𝗻𝘁𝗮𝗰𝘁 𝘂𝘀 𝗮𝘁:
M: 09255167596/ 09447043463
E: [email protected]
𝐅𝐨𝐥𝐥𝐨𝐰 𝐮𝐬 𝐨𝐧:
Website: www.milsciences.com
Telegram: https://t.me/MILSciences
LinkedIn: https://www.linkedin.com/company/milsciences/
Viber: https://invite.viber.com/?g2=AQBxSOAdGvqQ81ZzT4cCZQWZ3vzJ%2Fh0j%2FQvWj
4EAAHJ8C%2FLbm03LLuy5AYClnVn

🌱 သဘာဝမြေဩဇာ (Organic Fertilizer) အကြောင်း သိကောင်းစရာတောင်သူဦးကြီးများအနေဖြင့် သဘာဝမြေဩဇာအကြောင်းကို ဘယ်လောက်အထိ သိရှိန...
09/07/2026

🌱 သဘာဝမြေဩဇာ (Organic Fertilizer) အကြောင်း သိကောင်းစရာ

တောင်သူဦးကြီးများအနေဖြင့် သဘာဝမြေဩဇာအကြောင်းကို ဘယ်လောက်အထိ သိရှိနားလည်ထားပါသလဲ။

ယနေ့ခေတ် စိုက်ပျိုးရေးနယ်ပယ်တွင် သဘာဝမြေဩဇာသည် မြေဆီလွှာ၏ ကျန်းမာရေးကို ထိန်းသိမ်းပေးပြီး သီးနှံအရည်အသွေးနှင့် ရေရှည်ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သော အရေးကြီးသည့် မြေဩဇာတစ်မျိုးဖြစ်ပါသည်။ သို့သော် စိုက်ခင်းတိုင်း၊ သီးနှံတိုင်းအတွက် အကောင်းဆုံးဖြေရှင်းချက်တစ်ခုဟု မဆိုနိုင်ဘဲ ၎င်း၏ အားသာချက်များနှင့် အားနည်းချက်များကို နားလည်ပြီး မှန်ကန်စွာ အသုံးပြုရန် အရေးကြီးပါသည်။

🌿 Organic Fertilizer ဆိုတာ ဘာလဲ။

Organic Fertilizer ဆိုသည်မှာ အပင်နှင့် တိရစ္ဆာန်မှရရှိသော အော်ဂဲနစ်ပစ္စည်းများဖြစ်သည့် မြေဆွေး (Compost)၊ တိရစ္ဆာန်ချေး၊ အပင်အကြွင်းအကျန်များ စသည့် သဘာဝအရင်းအမြစ်များမှ ထုတ်လုပ်ထားသော မြေဩဇာဖြစ်ပါသည်။ ယင်းမြေဩဇာသည် အာဟာရဓာတ်များကို မြေဆီလွှာအတွင်း ဖြည်းဖြည်းချင်း ထုတ်လွှတ်ပေးပြီး မြေဆီလွှာဖွဲ့စည်းပုံ (Soil Structure) ကို ကောင်းမွန်စေသည့်အပြင် အကျိုးပြုအဏုဇီဝများ ရှင်သန်ပေါက်ဖွားရန်လည်း အထောက်အကူပြုပါသည်။

✅ Organic Fertilizer ၏ အားသာချက်များ

✔️ မြေဆီလွှာ၏ ဖွဲ့စည်းပုံနှင့် အရည်အသွေးကို ရေရှည်တိုးတက်ကောင်းမွန်စေပါသည်။

✔️ မြေဆီလွှာအတွင်းရှိ အော်ဂဲနစ်ပစ္စည်းများ (Organic Matter) နှင့် အကျိုးပြုအဏုဇီဝများကို တိုးပွားစေပြီး သီးနှံကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုပါသည်။

✔️ အာဟာရဓာတ်များကို ဖြည်းဖြည်းချင်း ထုတ်လွှတ်ပေးသောကြောင့် မှန်ကန်စွာ အသုံးပြုပါက အပင်အမြစ်လောင်ခြင်း (Root Burn) ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါသည်။

✔️ မြေဆီလွှာ၏ ရေထိန်းသိမ်းနိုင်စွမ်းနှင့် အာဟာရထိန်းသိမ်းနိုင်စွမ်းကို တိုးတက်စေပါသည်။

✔️ မြေဆီလွှာနှင့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်ကို အထောက်အကူပြုပါသည်။

⚠️ Organic Fertilizer ၏ ကန့်သတ်ချက်များ

▪️ အာဟာရဓာတ်များကို ဖြည်းဖြည်းချင်း ထုတ်လွှတ်ပေးသောကြောင့် ရလဒ်ကို ချက်ချင်း မတွေ့ရနိုင်ပါ။

▪️ အချို့သော Organic Fertilizer များသည် ဓာတုမြေဩဇာများထက် ကုန်ကျစရိတ် ပိုမိုမြင့်မားနိုင်ပါသည်။

▪️ အာဟာရဓာတ်ပါဝင်မှုသည် ထုတ်လုပ်သည့် ကုန်ကြမ်းနှင့် ထုတ်လုပ်ပုံပေါ်မူတည်၍ ကွဲပြားနိုင်သောကြောင့် အရည်အသွေးစိတ်ချရသော ထုတ်ကုန်များကို ရွေးချယ်အသုံးပြုသင့်ပါသည်။

▪️ သီးနှံအမျိုးအစား၊ မြေဆီလွှာအခြေအနေနှင့် အာဟာရလိုအပ်ချက်တို့နှင့် ကိုက်ညီသော မြေဩဇာအမျိုးအစားကို ရွေးချယ်အသုံးပြုရန် လိုအပ်ပါသည်။

Organic Fertilizer သည် သီးနှံ၏ အာဟာရလိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာမက မြေဆီလွှာအတွင်းရှိ Organic Matter ကို တိုးပွားစေပြီး မြေဆီလွှာ၏ ကျန်းမာရေးနှင့် ရေရှည်ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သော မြေဩဇာတစ်မျိုး ဖြစ်ပါသည်။

သို့သော် အကောင်းဆုံးရလဒ်ရရှိရန် မြေဆီလွှာစစ်ဆေးမှု (Soil Testing) ရလဒ်များနှင့် သီးနှံ၏ အာဟာရလိုအပ်ချက်ကို အခြေခံ၍ သင့်လျော်သော သီးနှံအာဟာရစီမံခန့်ခွဲမှု (Nutrient Management) ကို ဆောင်ရွက်သင့်ပါသည်။

တောင်သူဦးကြီးတို့၏ စိုက်ခင်းတွင် Organic Fertilizer အသုံးပြုဖူးပါသလား။

အသုံးပြုခဲ့သည့် အတွေ့အကြုံများ၊ အကျိုးကျေးဇူးများနှင့် ကြုံတွေ့ခဲ့ရသော စိန်ခေါ်မှုများကို Comment တွင် မျှဝေပေးခဲ့ဖို့ ဖိတ်ခေါ်အပ်ပါသည်။

𝗖𝗼𝗻𝘁𝗮𝗰𝘁 𝘂𝘀 𝗮𝘁:
M: 09255167596/ 09447043463
E: [email protected]
𝐅𝐨𝐥𝐥𝐨𝐰 𝐮𝐬 𝐨𝐧:
Website: www.milsciences.com
Telegram: https://t.me/MILSciences
LinkedIn: https://www.linkedin.com/company/milsciences/
Viber: https://invite.viber.com/?g2=AQBxSOAdGvqQ81ZzT4cCZQWZ3vzJ%2Fh0j%2FQvWj
4EAAHJ8C%2FLbm03LLuy5AYClnVn

❝ မိုးရာသီတွင် စားသုံးသူများ လိုက်နာကျင့်သုံးသင့်သော Food Safety အခြေခံလမ်းညွှန်ချက် (၅) ချက် ❞မိုးရာသီရောက်လာသည်နှင့်အမ...
02/07/2026

❝ မိုးရာသီတွင် စားသုံးသူများ လိုက်နာကျင့်သုံးသင့်သော Food Safety အခြေခံလမ်းညွှန်ချက် (၅) ချက် ❞

မိုးရာသီရောက်လာသည်နှင့်အမျှ အစားအစာများကို ဘေးဥပါဒ်ကင်းစွာ စားသုံးနိုင်ရန် ယခင်ထက် ပိုမိုဂရုစိုက်ရန် လိုအပ်လာပါသည်။

အဘယ့်ကြောင့်ဆိုသော် မိုးရာသီတွင် စိုထိုင်းဆမြင့်မားခြင်း၊ ရေကြီးရေလျှံခြင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကြောင့် ဘက်တီးရီးယား၊ မှိုနှင့် အခြားအဏုဇီဝပိုးမွှားများ ပိုမိုပေါက်ဖွားနိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာပြီး အစားအစာညစ်ညမ်းမှု (Food Contamination) ဖြစ်ပွားနိုင်ခြေ မြင့်တက်လာပါသည်။ ယင်းကြောင့် အစာဘေးဥပါဒ် (Foodborne Disease) ဖြစ်ပွားနိုင်ခြေလည်း ပိုမိုမြင့်မားလာနိုင်ပါသည်။

ထို့ကြောင့် မိုးရာသီတွင် အစာဘေးဥပါဒ်အန္တရာယ်ကို လျှော့ချနိုင်ရန် အောက်ပါ Food Safety အခြေခံလမ်းညွှန်ချက် (၅) ချက်ကို လိုက်နာကျင့်သုံးနိုင်ရန် မျှဝေပေးလိုပါသည်။

1️⃣ သန့်ရှင်းပြီး သောက်သုံးရန် သင့်တော်သော ရေကိုသာ အသုံးပြုပါ။

မိမိတို့ နေ့စဉ် သောက်သုံးမည့် ရေနှင့် ချက်ပြုတ်စားသုံးမည့် သစ်သီးဝလံ၊အသား၊ငါးနှင့် ဟင်းသီးဟင်းရွက်များကို ဆေးကြောရာတွင် သန့်ရှင်းပြီး စိတ်ချရသော ရေကိုသာ အသုံးပြုသင့်ပါသည်။ သောက်သုံးရေ၏ သန့်ရှင်းမှုကို မသေချာပါက ရေကို ဆူအောင်ကျို၍ သောက်သုံးခြင်း (သို့မဟုတ်) စံချိန်စံညွှန်းပြည့်မီသော သောက်သုံးရေကိုသာ အသုံးပြုသင့်ပါသည်။ မသန့်ရှင်းသောရေသည် ရောဂါပိုးများကို အစားအစာထဲသို့ ကူးစက်စေပြီး အစာဘေးဥပါဒ် ဖြစ်ပွားစေနိုင်ပါသည်။

2️⃣ အစားအစာများကို သန့်ရှင်းစွာ ကိုင်တွယ်၍ စနစ်တကျ သိမ်းဆည်းပါ။

မိမိတို့ စားသုံးမည့် ဟင်းသီးဟင်းရွက်များ၊ အသားနှင့် ပင်လယ်စာများကို သေချာစွာ ဆေးကြောပြီး အသားစိမ်းနှင့် အသင့်စားအစားအစာများကို သီးခြားသိမ်းဆည်းထားသင့်ပါသည်။ ထို့အပြင် ဓား၊ စဉ်းနှီးတုံး နှင့် အခြား မီးဖိုချောင်သုံးအသုံးအဆောင်ပစ္စည်းများကိုလည်း သီးခြားအသုံးပြုသင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် အစားအစာအချင်းချင်း ညစ်ညမ်းမှု ကူးစက်ခြင်း (Cross-contamination) ဖြစ်ပွားနိုင်ခြေကို ထိရောက်စွာ လျှော့ချနိုင်ပါသည်။

3️⃣ အစားအစာများကို လုံလောက်သောအပူချိန်ဖြင့် သေချာစွာ ချက်ပြုတ်ပါ။

အသား၊ ငါး၊ ကြက်ဥနှင့် ပင်လယ်စာများကို အတွင်းပိုင်းအထိ သေချာစွာ ကျက်အောင် ချက်ပြုတ်သင့်ပါသည်။ ချက်ပြုတ်ပြီးသော အစားအစာများကိုလည်း အခန်းအပူချိန်တွင် အချိန်ကြာမြင့်စွာ မထားဘဲ စားသုံးမည်ဆိုပါက ပူပူနွေးနွေးထားရှိသင့်ပါသည်။ နောက်မှစားသုံးမည်ဆိုပါက သင့်လျော်သောအပူချိန်ဖြင့် အမြန်ဆုံး သိမ်းဆည်းထားသင့်ပါသည်။

4️⃣ မှိုတက်နေသော (သို့မဟုတ်) သက်တမ်းလွန်အစားအစာများကို မစားသုံးပါနှင့်။

မိုးရာသီတွင် စိုထိုင်းဆမြင့်မားသဖြင့် ပေါင်မုန့်၊ မြေပဲ၊ ပြောင်း၊ ဆန်နှင့် အခြားအခြောက်အခြမ်းများ၊ အသင့်စားအစားအစာများတွင် မှိုပေါက်ဖွားလွယ်ပါသည်။ မှိုတက်နေသော၊ အနံ့ (သို့မဟုတ်) အရောင်ပြောင်းလဲနေသော၊ သက်တမ်းကုန်ဆုံးနေသော အစားအစာများကို မစားသုံးသင့်ပါ။ မှိုတက်နေသော အစိတ်အပိုင်းကိုသာ ဖယ်ရှားပြီး ကျန်အစိတ်အပိုင်းကို စားသုံးခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါသည်။

5️⃣ လက်သန့်ရှင်းရေးကို အမြဲဂရုစိုက်ပါ။

မိမိတို့အနေဖြင့် အစားအစာမပြင်ဆင်မီ၊ မစားသုံးမီ၊ အိမ်သာအသုံးပြုပြီးတိုင်းနှင့် အသားစိမ်းများကို ကိုင်တွယ်ပြီးတိုင်း ဆပ်ပြာနှင့် သန့်ရှင်းသောရေဖြင့် အနည်းဆုံး စက္ကန့် (၂၀) ကြာ လက်ဆေးသင့်ပါသည်။ လက်သန့်ရှင်းရေးကို စနစ်တကျ ပြုလုပ်ခြင်းသည် အစာဘေးဥပါဒ်ဖြစ်စေသော ရောဂါပိုးများ ကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာ လျှော့ချပေးနိုင်ပါသည်။

မိုးရာသီတွင် Food Safety အခြေခံလမ်းညွှန်ချက်များကို နေ့စဉ်လိုက်နာကျင့်သုံးခြင်းအားဖြင့် အစားအစာညစ်ညမ်းမှုနှင့် အစာဘေးဥပါဒ်ဖြစ်ပွားနိုင်ခြေကို သိသိသာသာ လျှော့ချနိုင်ပါသည်။ မိမိနှင့် မိသားစု၏ အစာဘေးဥပါဒ်ရန်မှ ကာကွယ်ရန် သန့်ရှင်းပြီး ဓာတ်ခွဲခန်းနည်းပညာများဖြင့် စစ်ဆေးထားသော အစားအစာများကို ရွေးချယ်စားသုံးကာ Food Safety အလေ့အကျင့်ကောင်းများကို နေ့စဉ်ဘဝတွင် အစဉ်တစိုက် လိုက်နာကျင့်သုံးကြပါစို့။

Myanmar Innovative Life Sciences (MILS) သည် စားသောက်ကုန်လုပ်ငန်းများ၏ Food Safety နှင့် Quality ကို အကဲဖြတ်နိုင်ရန် ဓာတ်ခွဲခန်းစမ်းသပ်ဝန်ဆောင်မှုများကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။

𝗖𝗼𝗻𝘁𝗮𝗰𝘁 𝘂𝘀 𝗮𝘁:
M: 09 255 167 596 / 09 447 043 463
E: [email protected]
𝐅𝐨𝐥𝐥𝐨𝐰 𝐮𝐬 𝐨𝐧:
Website: www.milsciences.com
Telegram: https://t.me/MILSciences
LinkedIn: https://www.linkedin.com/company/milsciences/
Viber: https://invite.viber.com/?g2=AQBxSOAdGvqQ81ZzT4cCZQWZ3vzJ%2Fh0j%2FQvWj
4EAAHJ8C%2FLbm03LLuy5AYClnVn

Address

165 Aung Zay Ya (1) Street, Thirimingalar Road (Japan Road), Level 1, Insein Township
Yangon
11012

Opening Hours

Monday 08:30 - 16:30
Tuesday 08:30 - 16:30
Wednesday 08:30 - 16:30
Thursday 08:30 - 16:30
Friday 08:30 - 16:30

Telephone

+959255167596

Alerts

Be the first to know and let us send you an email when Myanmar Innovative Life Sciences posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Innovative Life Sciences:

Shortcuts

Share