GITE Termite Control Service

GITE Termite Control Service Termite Control, Myanmar
Pest Control, Myanmar

အဆောက်အဦးအတွင်းမှာ ခြတွေရှိနေလို့ Gite PestControl  နေပြည်တော်ရုံးခွဲက သွားရောက်ဆောင်ရွက်ပေးနေတာပါ။ ဘဏ်လုပ်ငန်း ဖြစ်တဲ့အ...
06/02/2026

အဆောက်အဦးအတွင်းမှာ ခြတွေရှိနေလို့ Gite PestControl နေပြည်တော်ရုံးခွဲက သွားရောက်ဆောင်ရွက်ပေးနေတာပါ။ ဘဏ်လုပ်ငန်း ဖြစ်တဲ့အတွက် ပိတ်ရက်တွေပဲ လုပ်ဆောင်ပေးရတာပါ။

ခြလမ်းကြောင်းတွေကို Thermal Imaging Device သုံးပြီး ရှာကြည့်တဲ့ နည်းလမ်းပါ။မျက်စီနဲ့ မမြင်နိုင်တဲ့ သစ်သားမျက်နှာပြင်အောက...
03/12/2025

ခြလမ်းကြောင်းတွေကို Thermal Imaging Device သုံးပြီး ရှာကြည့်တဲ့ နည်းလမ်းပါ။
မျက်စီနဲ့ မမြင်နိုင်တဲ့ သစ်သားမျက်နှာပြင်အောက်က လမ်းကြောင်းတွေကို ရှာတဲ့ နေရာမှာ သုံးပါတယ်။
နည်းလမ်းအရ အကန့်အသတ်ရှိပေမဲ့ သုံးလို့ရတဲ့ အခြေအနေမျိုးမှာ အခြားသော Device တွေနဲ့ ပူးတွဲအသုံးပြုပါတယ်။
သူ့ကိုသုံးရတာ Ultrasound ရိုက်ရတာလိုပဲ ပုံရိပ်ဖတ်တဲ့ နည်းလိုပါတယ်။
သင်ပေးတဲ့သူတော့ မရှိပါဘူး။ ကိုယ့်ဘာသာကိုပဲ ပုံရိပ်က ဖေါ်ပြတာနဲ့ လက်တွေ့ကို ပေါင်းစပ်ပြီး သင်ယူရတာပါ။



ကျွန်းပါကေးကို ခြစားထားတာလေး ပြချင်လို့ပါ။ကြမ်းခင်းပါကေးကို ခြစားထားရင် ဆေးဖျန်းရုံနဲ့မရပါဘူး၊ အကုန်ခွာပြီး ပြန်ကပ်လည်း ...
21/11/2025

ကျွန်းပါကေးကို ခြစားထားတာလေး ပြချင်လို့ပါ။
ကြမ်းခင်းပါကေးကို ခြစားထားရင် ဆေးဖျန်းရုံနဲ့မရပါဘူး၊ အကုန်ခွာပြီး ပြန်ကပ်လည်း မရပါဘူး။ နောက် သိပ်မကြာခင် ပြန်ပေါ်လာမှာပါ။
ခြလာတဲ့ လမ်းကြောင်းကိုရှာပြီး ခြဆေးကောင်းကောင်းနဲ့ သေချာ အသေးစိတ် ဆောင်ရွက်မှ စိတ်ချရတဲ့ ကာကွယ်မှုရရှိမှာပါ။



ခြက အိမ်ထဲရောက်နေပြီး ဘယ်လိုနှိမ်နင်းရမလဲဆိုတာကို စဉ်းစားနေတဲ့ အိမ်ပိုင်ရှင်တွေ ဖတ်ကြည့်သင့်တဲ့ အကြောင်းအရာကို တင်ပြပေးလ...
29/10/2025

ခြက အိမ်ထဲရောက်နေပြီး ဘယ်လိုနှိမ်နင်းရမလဲဆိုတာကို စဉ်းစားနေတဲ့ အိမ်ပိုင်ရှင်တွေ ဖတ်ကြည့်သင့်တဲ့ အကြောင်းအရာကို တင်ပြပေးလိုက်ပါတယ်။

Post construction anti termite treatment အမျိုးအစားထဲက ခြ နှိမ်နင်းခြင်း နည်း(၂)မျိုးဖြစ်တဲ့
အဆိပ်အစာကျွေးခြင်း(Poisonous bait system) နှင့်
ခြဆေးရည် (Termiticide) အသုံးပြုခြင်းတို့ကို ယေဘူယျအားဖြင့် နှိုင်းယှဉ်ပေးထားပါတယ်။

အမြန်ဆုံး ထိရောက်လိုလျှင်
ခြအများအပြားရှိပြီး အလျှင်အမြန် ဖျက်ဆီးနေလျင် ၎င်းကိုချက်ချင်းရပ်တန့်လိုပါက ခြဆေးရည်ဖြင့် အကာအကွယ်ပေးခြင်း (Termiticide Treatment) က ပိုမြန်ဆန်သည်။

ကိုလိုနီတစ်ခုလုံးကို ချေမှုန်းလိုလျင်
ခြကိုလိုနီရဲ့ ဇစ်မြစ်ကို အပြီးသတ်ဖျက်ဆီးလိုပြီး၊ ဓာတုပစ္စည်းသုံးစွဲမှုကို လျှော့ချလိုပါက ခြအဆိပ်အစာစနစ် (Bait System) က ပိုသင့်တော်သည်။

အကောင်းဆုံး လုပ်ဆောင်သင့်သည်မှာ ခြနှိမ်နင်းရေး ပညာရှင် (Pest Control Professional) နှင့် တိုင်ပင်ဆွေးနွေးပြီး၊ မိမိအိမ်၏ အဆောက်အအုံဖွဲ့စည်း ပြင်ဆင်ထားပုံနှင့် လက်ရှိ ခြအခြေအနေကို စစ်ဆေးကာ အသင့်တော်ဆုံး နည်းလမ်းကို ရွေးချယ်ရန် ဖြစ်ပါတယ်ခင်ဗျာ။

ယခုပြောထားတာထက် ထပ်မံသိရှိလိုတာရှိရင် comment မှာသော်လည်းကောင်း၊ Viber ဖြင့်သော် လည်းကောင်း မေးမြန်းနိုင်ပါတယ်။



ခြသေးသေး‌ေလးတွေရဲ့ ဖန်တီးမှု အနုပညာ လို့ပြောရမလား။အဲ့လိုပြောမယ်ဆို ကြည့်ရူသူမရှိတဲ့ မှောင်ထဲက အနုပညာပဲ ဖြစ်မယ်ထင်တယ်။တကယ...
28/10/2025

ခြသေးသေး‌ေလးတွေရဲ့ ဖန်တီးမှု အနုပညာ လို့ပြောရမလား။
အဲ့လိုပြောမယ်ဆို ကြည့်ရူသူမရှိတဲ့ မှောင်ထဲက အနုပညာပဲ ဖြစ်မယ်ထင်တယ်။

တကယ်ကတော့ နှံနှံစပ်စပ် ပေါက်ပေါက်ရှာရှာ အသေးစိတ် ရှာဖွေတတ်တဲ့ GITE Termite Control Team ရဲ့ ရှာဖွေလေ တွေရှိလေ ဖြစ်ခဲ့တဲ့
အိမ်တလုံးရဲ့ မျက်နှာကျတ်အပေါ်က ခြလမ်းကြောင်းတွေပါပဲ။

သူ့အောက်ဖက်က အခန်းထဲမှာ တွေ့တာက ခြလမ်းကြောင်း သေးသေးလေး တကြောင်းတည်းပါ။
အိမ်ရှင်က မျက်နှာကျက်အပေါ်ဖက်က ညဖက်ဆို အသံသေးသေးလေးတွေ ကြားတယ်လို့ပြောတာနဲ့ တက်ရှာကြတာပါ။

ခြလမ်းကြောင်းတွေက ဘာကြောင့် အပေါ်ကို ထောင်ထွက်နေရတာလဲဆိုတော့ ဘယ်ကို ထပ်သွားလို့ ရဦးမလဲဆိုပြီး လမ်းကြောင်းရှာတဲ့ စမ်းသပ် လမ်းကြောင်းတွေပါ။

သွားစရာ ထပ်တွေ့ရင် ထပ်သွားဦးမယ့် သတ္တဝါလေးတွေပါပဲ။ သွားစရာ မရှိတော့လို့ အိမ်သစ်ထပ်ဆောက်နေကြတာပါ။


အိမ်တွေမှာ ခြတွေ ဝင်လာလို့ နှိမ်နင်းရတဲ့အခါ မျက်နှာကျက် အပေါ်ကိုလည်း မေ့ထားခဲ့လို့ မရဘူး။တခါတလေ ‌အောက်ထပ်ကို သေချာဆောင်ရ...
26/10/2025

အိမ်တွေမှာ ခြတွေ ဝင်လာလို့ နှိမ်နင်းရတဲ့အခါ မျက်နှာကျက် အပေါ်ကိုလည်း မေ့ထားခဲ့လို့ မရဘူး။
တခါတလေ ‌အောက်ထပ်ကို သေချာဆောင်ရွက်ပေးခဲ့ပြီး လအနည်းငယ်ကြာမှ အိမ်ရှင်က ခြပြန်တွေ့ပါတယ်လို့ ဖုံးဆက်ခေါ်တဲ့အခါ တော်တော်စဉ်းစားရ ကြပ်တဲ့အခါ ကြုံဘူးပါတယ်။
သေချာ ပြန်စစ်တော့မှ အောက်ခြေကြမ်းခင်းထဲက ပြန်ထွက်လာတမဟုတ်ပဲ ခေါင်းမိုးနဲ့ မျက်နှာကျက်ထဲမှာ အနည်းငယ် ကျန်ခဲ့တဲ့ ခြတွေကို ပြန်ရှာတွေ့တယ်။
အဲ့က စပြီး ခေါင်းမိုးနဲ့ မျက်နှာကျက်ကိုပါ သေချာစစ်ဆေးပြီး ဆေးဖျန်းပေးတာ အခုထိ ပါပဲ။


ကိုရီးယားပါကေးကို ခြဝင်ရောက်ဖျက်စီးထားတာပါ။တော်တော်များများ ဖျက်စီးထားပြီးပါပြီ။အိမ်ရှင်ကတော့ ကြမ်းခင်းအသစ်ပြန်ခင်း ရပါတ...
25/10/2025

ကိုရီးယားပါကေးကို ခြဝင်ရောက်ဖျက်စီးထားတာပါ။
တော်တော်များများ ဖျက်စီးထားပြီးပါပြီ။
အိမ်ရှင်ကတော့ ကြမ်းခင်းအသစ်ပြန်ခင်း ရပါတော့မယ်။
Gite PestControl က ခြဆေးသေချာဖျန်းပေးခဲ့ပါတယ်။ အိမ်ထဲကို ခြဝင်ရောက်နေတဲ့ လမ်းကြောင်း သေချာရှာဖွေပြီး ရှင်းလင်းပေးခဲ့ပါတယ်။


နှမြောဖို့ ကောင်းတာလေးကို ပြချင်တာပါ။ခြဆိုတဲ့ သတ္တဝါ သေးသေးလေးတွေ အိမ်ထဲကို ရောက်လာပြီဆိုရင် ပျက်စီးမှုတွေရယ်၊ စိတ်ဆင်းရ...
21/10/2025

နှမြောဖို့ ကောင်းတာလေးကို ပြချင်တာပါ။
ခြဆိုတဲ့ သတ္တဝါ သေးသေးလေးတွေ အိမ်ထဲကို ရောက်လာပြီဆိုရင် ပျက်စီးမှုတွေရယ်၊ စိတ်ဆင်းရဲမှုတွေရယ်ကို တွေ့ကြုံရမှာပါ။

ခြရှိတယ်လို့ စိတ်ထဲ ထင်တာနဲ့ Gite PestControl, 095010659, 09420095011~12 ကိုသာ ဖုံးခေါ်လိုက်ပါ။ ဒါမှမဟုတ် Viber နဲ့သာ ပြောထားပေးပါ။ အမြန်ဆုံး ပြန်ဆက်သွယ်ပြီး လာပြီး စစ်ဆေးပေးပါမယ်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့‌တွင်းဆို အခမဲ့ လာရောက် စစ်ဆေးပေးမှာပါ။
ခြအမျိုးအစား ဘာပဲ ဖြစ်နေနေ GITE Pest Control က အာမခံဖြင့် ရှင်းလင်းပေးနိုင်ပါတယ်။

20/10/2025
Gemini မှာ Prompt ရေးကြည့်ပြီး ထုတ်ကြည့်ထားတာလေးပါ။AI Generated image ပါ။
30/09/2025

Gemini မှာ Prompt ရေးကြည့်ပြီး ထုတ်ကြည့်ထားတာလေးပါ။
AI Generated image ပါ။

FMI City ထဲက အိမ်တလုံးကို "ခြ"ကာကွယ်နှိမ်နင်းခြင်း ဝန်ဆောင်မှုကို လုပ်ဆောင်ပေးနေတာပါ။လက်ရှိမှာလည်း လူတွေနေထိုင် နေကြတာဖြ...
23/09/2025

FMI City ထဲက အိမ်တလုံးကို "ခြ"ကာကွယ်နှိမ်နင်းခြင်း ဝန်ဆောင်မှုကို လုပ်ဆောင်ပေးနေတာပါ။
လက်ရှိမှာလည်း လူတွေနေထိုင် နေကြတာဖြစ်တဲ့အတွက် ဝန်ဆောင်မှု လုပ်ဆောင်ပြီးတဲ့နောက် သုံးခဲ့တဲ့ ခြဆေးတွေကြောင့် လူတွေကို အန္တရာယ် မဖြစ်စေအောင် ဂရုစိုက် လုပ်ဆောင်ပေးခဲ့ပါတယ်။



ခြကာကွယ်ဆေး ထည့်ဖို့ ပိုက်တွေဆင်နေပြီ။
11/09/2025

ခြကာကွယ်ဆေး ထည့်ဖို့ ပိုက်တွေဆင်နေပြီ။


Address

Yangon
11401

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when GITE Termite Control Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share