02/12/2022
SME လုပ်ငန်းရှင်များအတွက် မီးပျက်ခြင်း၊ လောင်စာဆီစျေးနှုန်းတက်ခြင်း၊ စွမ်းအင်သုံးစွဲမှုစရိတ် မြှင့်တက်ခြင်း တို့ကြောင့် ဖြစ်ပေါ်လာသော အခက်အခဲများ ဖြေရှင်းနိူင်ရန် RBF အထောက်အပံ့
အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များ (SMEs)များအတွက် ဒိန်းမတ်အစိုးရဖွံ့ဖြိုးရေးအထောက်အပံ့ဖြစ်သော Responsible Business Fund (RBF) ဆဌမအကြိမ်မြှောက်အဆိုပြုလွှာများကို နိူဝင်ဘာ (၉) ရက်နေ့မှ ဒီဇင်ဘာ (၅) ရက်နေ့ထိ ပထမအဆင့်အနေဖြင့်လက်ခံနေပါသည်။
အဆိုပါအထောက်ပံ့မှုများအတွက် သတ်မှတ်ထားသောကဏ္ဍ (၂)ခုမှာ စွမ်းအင်အလေအလွင့်လျှော့ချခြင်း (Energy Efficiency) နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) တို့ဖြစ်သည်။ RBF အနေဖြင့် စီမံကိန်းကုန်ကျစရိတ်၏ ၂၅%၊ အများဆုံး မြန်မာကျပ်ငွေ သိန်း၄၀၀အထိ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
၎င်းအပြင် Myanmar Eco Solutions အနေဖြင့် လူကြီးမင်းတို့ ငွေကြေးအခက်အခဲများအတွက် ဘဏ်ချေးငွေ လျောက်ပေးခြင်း ဝန်ဆောင်မှုများကိုလည်း ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။
Myanmar Eco Solutions အနေဖြင့် စွမ်းအင်အလေအလွင့်လျှော့ချခြင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍအတွက် စီမံကိန်းများအား RBF အထောက်အပံ့ဖြင့် တာဝန်ယူဆောင်ရွက်ပေးခဲ့ပါသည်။ မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ Greenland Coffee ခြံတွင် (၂၀ kW) ရှိ Solar Pump အား ဧက၄၀ ရေပေးဝေနိုင်ရန်အတွက် ၂၀၁၉ ခုနှစ် ဧပြီလတွင်တပ်ဆင်ခဲ့ပါသည်။ ၎င်းအပြင် မြန်မာနိုင်ငံတွင် ပထမဆုံးသော ဆိုလာယာဉ်ရပ်နားစခန်း Solar Car Port (62 kW) ကို ရန်ကုန်-နေပြည်တော် အမြန်လမ်း ၁၁၅မိုင်ရှိ GR 8 စားသောက်ဆိုင်တွင်လည်းကောင်း၊ မွန်ပြန်နယ် ရေးမြို့ရှိ Star Light Resort Hotel တွင် (20 kW နှင့် ဘက်ထရီ 46 kWh) အားလည်းကောင်း RBF အထောက်အပံ့ဖြင့် ၂၀၂၀ ခုနှစ် မေလနှင့် ဇွန်လများတွင် အောင်မြင်စွာတပ်ဆင်နိုင်ခဲ့ပြီးဖြစ်ပါသည်။
စိတ်ပါဝင်စားသော SME လုပ်ငန်းရှင်များအနေဖြင့် Myanmar Eco Solutions သို့ဆက်သွယ်တိုင်ပင်နိုင်ပါသည်။ လျှောက်လွှာများတင်သွင်းရာတွင်လည်း လိုအပ်သော အကူအညီများကို ဆောင်ရွက်ပေးပါသည်။
RBF အထောက်အပံ့နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များသိရှိလိုပါက အောက်ပါလင့်များတွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။
https://fb.watch/h9govn4L93/
Myanmar Eco Solutions သို့ဆက်သွယ်ရန်ဖုန်းနံပါတ်များ - ၀၉ ၄၀၆ ၁၉၆ ၁၉၀ - ၁၊ စန္ဒီ - ၀၉ ၄၅၆ ၆၅၅ ၄၇၅