Jobbank Myanmar

Jobbank Myanmar အလုပ်အကိုင်ရှာဖွေသူများနှင့် ကုမ္ပဏီများအတွက် အကောင်းဆုံးသော လိုအပ်ချက်ရှာဖွေရေး We are "JobBank Myanmar" operated by G.A. Consultants Myanmar Co., Ltd.

You can find suitable opportunities for you in Myanmar. We provide you job opportunities in Japanese company and other international companies. Please register your CV on Jobbank Myanmar! http://www.jobbank.com.mm/

24/03/2021

Position: Construction Engineer
Salary: 300,000-500,000MMK
location: Sanchaung
must
-AutoCAD
-MS Word and Excel
-English
-20-30 years old

25/01/2021

Service Engineer (AP- Applied Product)
[Key Responsibility]
1) Review blueprint, installing air conditioning system, testing system for proper functioning, performing emergency repair, maintain tools, order supplies
2) Make routine adjustment to maximize operational efficiency.
3) Record data when inspecting system such as temprature requiement, fuel comsumption & hour opreation
4) Recover and properly dispose of refrigrants when servicing aircon equipment
5) Ensure long term relationship with client relationship

-8:30 AM-17:50 PM (Mon -Fri day)
-400,000~500,000MMK

Bachelor of Engineering (Mechanical)
Minumim 2-3 years HVAC Field
English Language 4 skill
Male (Prefer Single) 25-30 years old

[Skills & Knowledge]
1) Computer savvy (ie Basic Windows, Internet, Words, Excel, Outlook)
2) PC application setting & common trouble shooting
3) Have knowledge on Chillers/AHU/FCU service and related with chilled water system equipment

25/01/2021

Service Technician (AP - Applied Product)
[Key Responsibility]
1) Review blueprint, installing air conditioning system, testing system for proper functioning, performing emergency repair, maintain tools, order supplies
2) Make routine adjustment to maximize operational efficiency.
3) Record data when inspecting system such as temprature requiement, fuel comsumption & hour opreation
4) Recover and properly dispose of refrigrants when servicing aircon equipment
5) Ensure long term relationship with client relationship

-8:30 AM-05:50 PM (Mon -Fri)
-350,000~400,000MMK

Bachelor of Engineering ( Mechanical )
Minumim 1-2 years HVAC Field
English Language 4 skill
Male (Prefer Single) 25 - 28 years old

[Skills and Knowledge]
1) Computer savvy (Basic Windows, Internet, Words, Excel, Outlook)
2) PC application setting & common trouble shooting
3) Have knowledge on Chillers/AHU/FCU service and related with chilled water system equipment

25/01/2021

Officer@Downtown
-Officer shall work closely with respective Japanese staff and other officers, and be responsible for the terms of reference as annex.
-Monday to Friday( 8:30 ~ 4:30 )
-Salary 800USD

- University Graduate
- Fluent in English (reading, writing, speaking)
- Preferably Japanese language skill (N2) (reading, writing, speaking, listening)
- Age less than 35years (preferably)
- More than 5 years’ work experience
- Ability to work in a team and maintain harmonious relationship with other staff
- Good computer skills and knowledge of Outlook, Word, Excel & Power Point

10/12/2020

Position - Inspection Center Operator
(Code No: M 1653) @ Shwe Pyi Thar

Japanese Inspection Company တခုမှ ဂျပန်စကားပြောနိုင်သော Inspection Center Operator တဦး လိုအပ်နေပါသည်။

လစာ : 300,000 - 400,000 MMK
အလုပ်ချိန် : Mon - Fri (8:30 am - 5:30 pm)

[ လုပ်ဆောင်ရမည့် အချက်များမှာ ]

• administrative tasks and warehouse operation

[ လိုအပ်ချက်များမှာ ]

• Japanese N3 Level
• Logistics or warehouse operation ပိုင်းတွင် လုပ်သက်ရှိသူ ဦးစား​ပေးပါမည်။
• age 22-27 (male prefer)
• MS Word, Excel သုံးနိုင်ရပါမည်။

စိတ်ပါဝင်စားသူများအနေနဲ့ [email protected] သို့ CV ပေးပို့လျှောက်ထားနိုင်ပါသည်။ 09794300406 သို့လည်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

26/11/2020
Position: Assistant Manager (Real Estate Development)Location: Mingalar Taung Nyunt TspCode No.M 1651Working TimeMonday ...
12/11/2020

Position: Assistant Manager (Real Estate Development)
Location: Mingalar Taung Nyunt Tsp
Code No.M 1651
Working Time
Monday to Friday (8:30am - 5:30pm)
Saturday (8:30am - 12:00pm)
Salary: 1,000 - 1,500 USD
[Job Descriptions]
-Research analyze real estate market (residence and shopping complex )
- Visit model room and other facilities
- Negotiate with land owner or agent
- Make documents for presentation
- Make business cash flow
- Have meeting with partner
- Have meeting with lawyer
- Have meeting with construction company
[Requirements]
-Any Degree Holder
- English – Intermediate or higher level
- Skill of presentation, negotiation, and making document
- Prefer Female ( 28 - 35 ) years old
- Oversea Experience in related field
Interested candidates, please kindly send your CV to [email protected]

ဂျပန်ကုမ္ပဏီများတွင် Interview ဝင်တော့မယ်ဆိုရင် သိထားရမယ့်အချက် (၅) ချက်(၁) ကိုယ့်ကိုယ်ကို ဘယ်လိုပြင်ဆင်သွားရမလဲသင်ဟာ ဂျ...
11/11/2020

ဂျပန်ကုမ္ပဏီများတွင် Interview ဝင်တော့မယ်ဆိုရင် သိထားရမယ့်အချက် (၅) ချက်

(၁) ကိုယ့်ကိုယ်ကို ဘယ်လိုပြင်ဆင်သွားရမလဲ

သင်ဟာ ဂျပန်ကုမ္ပဏီတစ်ခုခုမှာ အလုပ်ဝင်ဖို့အတွက် ပြင်ဆင်နေပြီဆိုရင် ပထမဆုံးအနေနဲ့ သင်အလုပ်လျှောက်မယ့် ကုမ္ပဏီနဲ့ပတ်သက်တဲ့ အချက်အလက်များကို ရနိုင်သလောက် စုဆောင်း ရှာဖွေပါ။ ကိုယ့်ရဲ့စိတ်ဝင်စားမှုနဲ့ ကိုက်မကိုက်ကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။ အကယ်၍ သင်ကိုယ်တိုင် အလုပ်တွေတစ်ခုပြီးတစ်ခု လျှောက်ထားနေပါလျက်နဲ့ Interview တွေတော်တော်နဲ့ မဝင်ရသေးဘူးဆိုရင်တော့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုခု ဖြင့်လည်း ချိတ်ဆက်ပြီး ရှာဖွေနိုင်ပါတယ်။ ဒါမှသာ သင့်ရဲ့အရည်အချင်း အားနည်းချက် အားသာချက်များနဲ့ အဆင်ပြေနိုင်မယ့် သင်နဲ့သင့်တော်မယ့် Company များနဲ့ မိတ်ဆက်ပေးနိုင်မှာ ဖြစ်ပါတယ်။ သင့်အနေနဲ့လည်း Interview မဝင်ခင် Companyနဲ့ပတ်သက်တဲ့ အချက်အလက်များကို အချိန်အများကြီးပေးပီးရှာနေစရာ မလိုတော့ဘဲ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီထံမှ အနည်းနဲ့အများ အထောက်အပံ့ရနိုင်ပါတယ်။
ဒုတိယအချက်အနေနဲ့ ကိုယ့်ကိုယ်ကို မိတ်ဆက်တဲ့အပိုင်း ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကို မိတ်ဆက်တဲ့အခါမှာလည်း အများဆုံး ၃ မိနစ်ထက်မပိုဘဲ သေချာ မိတ်ဆက်ပါ။
မလိုအပ်တာတွေ အများကြီးမပြောမိပါစေနဲ့။
နောက်ဆုံးအချက်အနေနဲ့ကတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှု ထားပါ။
မေးလာနိုင်မယ့် မေးခွန်းများကို အတက်နိုင်ဆုံး ဖြေနိုင်အောင်ပြင်ဆင်သွားပါ။

(၂) ဘယ်လိုဝတ်ဆင်သွားသင့်သလဲ

First impression ဆိုတာအရမ်း အရေးကြီးပါတယ်။ဒါကြောင့် ရိုးရိုးရှင်းရှင်းနဲ့ သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်သွားသင့်ပါတယ်။ အဝတ်အစားတင်မကဘဲ လက်သည်းခြေသည်းစတဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးကိုလဲ ဂရုစိုက်ရပါမယ်။ အမျိုးသားများအနေနဲ့ အနက်ရောင် suit, အဖြူရောင် ရှပ်အင်္ကျီ နှင့် ရှူးဖိနပ်များ ဝတ်ဆင်သင့်ပါတယ်။
သို့ပေမယ့် ဆံပင်မှာ Gel အများအပြား အသုံးပြုခြင်းအား ‌သတိပြုပါ။
အမျိုးသမီးများအနေနဲ့ အမြင်မသင့်လျှော်သော အဝတ်အစားများကို မဝတ်ဆင်သင့်ပါ။
ရိုးရှင်းသော အရောင်/ အဝတ်အစားများသာ ‌ရွေးချယ်ပါ။ အဖြူရောင် blouse (သို့) ကော်လံပါသော ရှပ်အင်္ကျီ နှင့် ဒူးဖုံး/ ဒူးအတိ skirt များဝတ်ဆင် နိုင်ပါတယ် (အနက်ရောင်၊ နက်ပြာရောင်၊ မီးခိုးရောင် စတဲ့အရောင်များထဲမှ ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်)။
သတိပြုရန်မှာ-Accessories အများအပြားဝတ်ဆင်ခြင်းနှင့် 5cm ထက်မြင့်သော
ဒေါက်မြင့်ဖိနပ်များ ဝတ်ဆင်ခြင်း မပြုလုပ်သင့်ပါ။

Position: Corporate Sales @ Hlaing TownshipSalary: 500 – 700 USD (Depends on skill)Working Time: Monday ~ Friday (8:30 a...
09/11/2020

Position: Corporate Sales @ Hlaing Township
Salary: 500 – 700 USD (Depends on skill)
Working Time: Monday ~ Friday (8:30 am – 5:30 pm)
Transportation provided.
[Job Descriptions]
 Corporate sales, mainly new customer acquisition, making contact, meeting with potential clients, appealing life insurance package to them, making contract, keeping in touch and deepening relationship.
 Translation and interpretation when need

[Requirements]
 Age 20~40
 Gender N/A
 Any experience welcome, but experience in Japan and experience of corporate sales are preferable
 English business level
 Japanese N2
Interested candidates, please kindly send your CV to [email protected]
For more information, please contact 09450361561.

"အင်တာဗျူးပါးဝပြီလား😋"ကျွန်တော်တို့အားလုံး အင်တာဗျူးပြီးတိုင်း "ပြန်ဆက်သွယ်လိုက်ပါမယ်နော်" လို့ အနည်းဆုံး တစ်ကြိမ်တော့အပ...
03/11/2020

"အင်တာဗျူးပါးဝပြီလား😋"

ကျွန်တော်တို့အားလုံး အင်တာဗျူးပြီးတိုင်း "ပြန်ဆက်သွယ်လိုက်ပါမယ်နော်" လို့ အနည်းဆုံး တစ်ကြိမ်တော့အပြောခံရဖူးမယ်ထင်ပါတယ်။ ဒီလိုအပြောခံရပြီဆို ငါအလုပ်ရမှရပါ့မလားလို့ ပြန်တွေးပူရတာနဲ့ တကယ်ကြီး အဆက်သွယ်မခံရတော့လည်း ငါဘာတွေမှားသွားပြန်တာလဲ၊ ငါ့မှာအရည်အချင်းမမီဘူးလား စသဖြင့် အမျိုးမျိုးတွေးရပြန်တယ်ဗျ။
ဒီစာမှာတော့ အရည်အချင်းအကြောင်းကိုမပြောဘဲ "အင်တာဗျူးပါးမဝသေးတဲ့" အပြုသဘောအဖြစ်မျိုးကိုပဲ ပြောဆိုဆွေးနွေးချင်ပါတယ်ဗျာ။

✅ ရိုးရှင်းအေးဆေးပါ

ကြောက်ပြနေတာနဲ့ ထက်မြက်ပြနေတာက နည်းနည်းရိုးရှင်းသလိုမခံစားရဘူးပေါ့ဗျာ။ ကိုယ်သွားတဲ့ ကုမ္ပဏီက နည်းနည်းကြီးတဲ့အတွက် ရွံ့နေတာ (ဒါမှမဟုတ်) ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ဆိုတာထက် လွန်ကဲပြီး ထက်မြက်ပုံပေါက်နေတာက အင်တာဗျူးပြီးသွားလို့ ပြန်ရောက်တဲ့အခါ အပူနည်းနည်းဖန်တီးပေးနိုင်ပါတယ်။
ရိုးရှင်းအေးဆေးစွာနဲ့ အကောင်းဆုံးလုပ်မယ်ဆိုတဲ့ စိတ်နဲ့ သွားပါ၊ ပြန်ရောက်ရင်လည်း ငါအကောင်းဆုံးလုပ်ခဲ့တယ်လို့ တွေးပါ။
ဒါမှ အလုပ်ရတဲ့အခါကျရင် "ကိုယ်နဲ့အလုပ်က အဆင်ပြေအံဝင်တယ်၊ ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတယ်" ဆိုတာလောက်မှာပဲရှိနေမှာဖြစ်ပြီး မလိုအပ်တဲ့မာနထောင်တာနဲ့ အတင်းကြီးထက်မြက်ပြနေတာမျိုး မရှိတော့ဘဲ အေးဆေးဖြစ်နေပါလိမ့်မယ်။
ဒါမှမဟုတ်လို့ တစ်ခုခုလွဲချော်သွားရင်လည်း ငါအကောင်းဆုံးလုပ်ခဲ့တာပဲလို့ သာသာယာယာတွေးနိုင်သွားပါလိမ့်မယ်။

✅ သူတို့မေးတတ်တာလေးတွေအတွက် အဖြေစဉ်းစားသွားဖို့ပါ

HR တွေက မေးကြပါလိမ့်မယ်။ ဘာကြောင့်ဒီမှာအလုပ်လုပ်ချင်တာလဲ? နောက် ၅ နှစ်နေရင်ရော ဘာဖြစ်ရမယ်လို့ ရည်မှန်းထားလဲ? အရင်အလုပ်ကနေဘာကြောင့် ထွက်လိုက်တာလဲ? ဘာကြောင့် အလုပ်ခန့်သင့်တာလဲ? စတဲ့ မေးခွန်းတိုင်းကို အဆင်ပြေပြေ အဖြေပေးနိုင်ဖို့ စဉ်းစားသွားပါ။
Impression ကောင်းစေမယ့် မေးခွန်းတွေဖြစ်ပြီး အင်တာဗျူးဝင်တိုင်း HR တိုင်းက မေးပါလိမ့်မယ်နော်။

✅ မလျှောက်ခင်ကတည်းက အခြေအနေကို သုံးသပ်တတ်ဖို့ပါ

ဥပမာပြောရရင် တချို့က ဘွဲ့ရ လို့အလုပ်ခေါ်စာမှာထည့်တယ်၊ တကယ်လည်း ဘွဲ့တစ်ခုခုရမှ အလုပ်ခန့်မယ်၊ ဘွဲ့မရရင် ကျန်တာဘယ်လောက်ပဲ အဆင်ပြေနေနေ ရမှာမဟုတ်ဘူးဆိုတဲ့ ကုမ္ပဏီတွေရှိပါတယ်။ မြန်မာဘွဲ့တွေက သိတဲ့အတိုင်း အရမ်းကြီးလိုအပ်နေတာမျိုးမဟုတ်တာကို (လိုအပ်ရင်လည်းလိုအပ်မယ်ပေါ့) နားလည်သဘောပေါက်တဲ့ တစ်ချို့ကုမ္ပဏီတွေကတော့ ဘွဲ့ရခြင်းမရခြင်းထက် တခြားအရာကို ပိုဦးစားပေးတတ်ကြပါတယ်။
ဒီလို ၂ မျိုး ၂ စားရှိတာမို့ ကိုယ့်အခြေအနေ၊ ကိုယ်သွားလျှောက်မယ့် ကုမ္ပဏီအခြေအနေကို ခန့်မှန်းဝေဖန်သုံးသပ်တတ်ခြင်းကလည်း အင်တာဗျူးပါးဝနေအောင် ကူညီပေးပါလိမ့်မယ်။

အင်တာဗျူးပါးဝလာတဲ့အခါ အလုပ်ရမှာမရမှာကိုတွေးနေရတဲ့ အပူအပင်တွေ နည်းသွားပြီး အလုပ်ရလာရင်လည်း ကိုယ်က ယုံကြည်မှုရှိရှိနဲ့ အကောင်းဆုံးလုပ်ပြနိုင်တဲ့ သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်ဗျ။

အခုဆိုရင်ကိုဗစ်ကြောင့် နားထားရတဲ့ ရုံးတွေပြန်ဖွင့်ပြီဆိုတော့ အခြေအနေအကြောင်းကြောင်းကြောင့် အလုပ်မရှိဖြစ်နေရင် နှစ်မကူးခင် လုပ်ငန်းခွင်ပြန်ဝင်နိုင်ဖို့ ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။

အင်တာဗျူးတွင် ပြောသင့်သော အားနည်းချက်များအင်တာဗျူးမှာ သင့်ရဲ့ အကြီးမားဆုံး အားနည်းချက်က ဘာလဲလို့ မေးရင် တော်တော် ဖြေရခက်...
28/10/2020

အင်တာဗျူးတွင် ပြောသင့်သော အားနည်းချက်များ

အင်တာဗျူးမှာ သင့်ရဲ့ အကြီးမားဆုံး အားနည်းချက်က ဘာလဲလို့ မေးရင် တော်တော် ဖြေရခက်ခဲမှာပါ။ အထူးသဖြင့် သင့်ကို အကောင်းဆုံး ဝန်ထမ်းဖြစ်စေမယ့် စွမ်းရည်၊ လုပ်ကိုင်နိုင်စွမ်းတွေကို ဆွေးနွေးရမယ်လို့ မျှာ်လင့်ထားတဲ့ အချိန်မှာပါ။ သင့်ရဲ့ အားနည်းချက်ကို အကောင်းဖက်က ဖွင့်ပာဖို့ဆိုတာ စိန်ခေါ်မှု တစ်ခုပါပဲ။ ဒါပေမယ့် လက်တွေ့အစီအစဉ်နဲ့ သတိကို ပေါင်းစပ်ပြီး အလုပ်လျှောက်ထားတဲ့ တခြားသူတွေနဲ့ ကွဲထွက်စေနိုင်ပါတယ်။
ဒီမေးခွန်းအတွက် ပြင်ဆင်ဖို့ သော့ချက်ကတော့ အားသာချက်လို့ ဆက်ပြောဆိုနိုင်မယ့် အားနည်းချက်ကို
ဖော်ထုတ်ဖို့ ဖြစ်ပါတယ်။ ဒီအချက်အရ အင်တာဗျူးမေးတဲ့သူက သင်ဟာ သင့်အခွင့်အရေးကို အတိကျသိရလောက်တဲ့အထိ အမျော်အမြင်ရှိတယ်လို့ ဖော်ပြနေပါလိမ့်မယ်။
အင်တာဗျူးဖြေရင် အဆင်ပြေစေမယ့် အကောင်းဆုံး အားနည်းချက်အချို့ကို ဖော်ပြထားပါတယ်။

✅ အသေးစိတ်တွေကို အလွန်အကျွံ အာရုံစိုက်တတ်တယ်

အသေးစိတ်ကျတယ်ဆိုတာ ပုံမှန်ဆိုရင် ကောင်းမွန်တဲ့ အရာပါ။ ဒါပေမယ့် သင်က အလုပ်ရဲ့ အချက်အလက်တွေအပေါ် အလွန်အကျွံ အချိန်ကုန်နေတဲ့သူတစ်ယောက်ဆိုရင်တော့ ဒါဟာ အားနည်းချက်
ဖစ်သွားပါပြီ။
သင်ဟာ အသေးစိတ်တွေကို အလွန်အကျွံ အာရုံစိုက်တယ်လို့ ပြောလိုက်တာဟာ အင်တာဗျူးမေးတဲ့သူအတွက် သင်ဟာ အဖွဲ့အစည်းကို အသေးအဖွဲ အမှားအယွင်းကအစ ရှောင်ရှားနိုင်အောင် ကူညီပေးနိုင်တယ်လို့ ပြသရာ ရောက်ပါတယ်။
ဒီအားနည်းချက်အတွက် ဘယ်လိုတိုးတက်အောင် ပြင်ဆင်နေတယ်ဆိုတာလည်း ပြောပြဖို့ လိုပါတယ်။
အလုပ်ရှင်တွေဟာ ဝန်ထမ်းတွေက မရှိသေးတဲ့ အားသာချက်တွေ တိုးတက်အောင်ကြိုးစားနေတယ်ဆိုတာကို သိပ်မကြိုက်ပေမယ့် သေချာတဲ့ အားသာချက်တွေနဲ့ မျှတအောင် ကြိုးစားနေတဲ့သူတွေကိုတော့ နှစ်သက်ကြပါတယ်။

✅ အလုပ်တစ်ခုကို လက်လွှတ်ဖို့ ခက်ခဲတတ်တယ်

တစ်စုံတခုအပေါ် အချိန်နဲ့ အားထုတ်မှု တော်တော် ပေးထားပြီးတဲ့အချိန်မှာ အဲ့ဒီကိစ္စကို အပြီးသတ်ဖို့ ဒါမှမဟုတ် တခြား အဖွဲ့တစ်ခုကို လွှဲဖို့ အလွယ်တကူ စိုးရိမ်တတ်ပါတယ်။
လူတစ်ယောက်က တိုးတက်အောင်လုပ်ဖို့ အရာတွေ အမြဲရှိပါတယ်။ တချို့လူတွေက သူတို့
အလုပ်တွေအပေါ် အလွန်အကျွံ ဝေဖန်လေ့ရှိပါတယ်။ ဒါမှမဟုတ် အချိန်ဇယားကို ထိခိုက်နိုင်မယ့်
နာက်ဆုံးမိနစ်အပြောင်းအလဲတွေအတွက် ကြိုးစားတတ်ကြပါတယ်။
ဒါပေမယ့် တချိန်တည်းမှာပဲ နောက်ဆုံးမိနစ် အပြောင်းအလဲတွေက အမှားအယွင်းတွေကိုရှင်းဖို့ ကူညီပေးနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ အပြီးသတ် Result ကို ပြုလုပ်ပေးပါတယ်။
တကယ်လို့ ဒါက သင့်ရဲ့ အားနည်းချက်ဖြစ်မယ်ဆိုရင် လက်စသတ်ထားတဲ့ အလုပ်တွေကို ပြန်စစ်ဖို့
နောက်ဆုံးသတ်မှတ်ချိန် ထားတာတွေ၊ နာက်ဆုံးအချိန်ထိ မစောင့်ရအောင် အပြောင်းအလဲတွေအတွက်
ကြိုပြင်ဆင်တာတွေနဲ့ သင့်ကိုယ်သင် တိုးတက်အောင် ပြုလုပ်နေတာကိုလည်း ပြောပြသင့်ပါတယ်။

✅ ငြင်းဖို့ ခက်ခဲတတ်တယ်

ကိုယ့်အလုပ်ကို စနစ်တကျ လုပ်နိုင်ပြီး လုပ်ဖော်ကိုင်ဖက်တွေကို ကူညီနိုင်တယ်ဆိုတာ တကယ်မျှတတဲ့ ပုံစံတစ်ခုပါ။
အလုပ်ရှင်ရဲ့အမြင်မှာ တောင်းဆိုမှုအကုန်လုံး လက်ခံတယ်ဆိုတာ ကြိုးစားလိုစိတ် ထက်သန်တယ်လို့
မြင်စေပါတယ်။ ဒါပေမယ့် တစ်စုံတယောက်ဟာ ကိုယ်လုပ်နိုင်တဲ့ အကန့်အသတ်ကို မသိရင် ကိုယ်ကိုယ်တိုင်က အကူအညီလိုပြီး အလုပ်ပြီးဖို့ အချိန်ထပ်လိုတဲ့သူ ဖြစ်သွားနိုင်ပါတယ်။
တကယ်လို့ သင်က အဲ့လိုအနေအထား ဖြစ်နေမယ်ဆိုရင် သင့်ကိုယ်ပိုင်အလုပ်တွေအတွက် အစီအစဉ်တွေ၊
သင်နဲ့ သင့်ပတ်ဝန်းကျင်က သူတွေအတွက် ပိုပြီး လက်တွေ့ကျတဲ့ မျှော်လင့်ချက်တွေ ထားရှိနိုင်အောင် ကိုယ့်ကိုယ်ကို စီမံခန့်ခွဲနေတဲ့အကြောင်း ပြောပြသင့်ပါတယ်။

✅ အလုပ်တွေ ပြီးဖို့ သတ်မှတ်ချိန် ကျော်သွားရင် စိတ်မရှည် ဖြစ်တတ်တယ်

အလုပ်တွေ အချိန်မီမပြီးတဲ့အပေါ် ဖိအားတွေ၊ စိတ်ပျက်တာတွေ ဖြစ်လာရင်တော့ ဒါက အားနည်းချက်
တစ်ခုလို့ သတ်မှတ်ရမှာပါ။ အလုပ်ရှင်တွေကတော့ သတ်မှတ်ထားတဲ့ အချိန်ကို အလေးထားတဲ့သူ၊ အချိန်မီပြီးအောင် လုပ်တဲ့သူတွေကို တန်ဖိုးထားကြပါတယ်။
သင့်အနေနဲ့ အင်တာဗျူးမှာ ဒါကို အားနည်းချက်အနေနဲ့ ပြောမယ်ဆိုရင် သတ်မှတ်ချိန်အတွင်း အလုပ်ပြီးမြောက်ဖို့ ဘယ်လို ထိထိရောက်ရောက် လုပ်ဆောင်နိုင်အောင် ကြိုးစားနေတာ၊ အချိန်မီ ပြီးမြောက်တဲ့အခါ ဘယ်လိုမျိုး အသိအမှတ်ပြုတာတွေကို ပြုလုပ်ဖို့ အာရုံစိုက်နေကြောင်း ပြောပြသင့်ပါတယ်။

✅ အကူအညီတောင်းဖို့ ခက်ခဲတတ်တယ်

သင်မကျွမ်းကျင်တဲ့ နယ်ပယ်က အလုပ်တွေ ရှိလာရင်၊ နေထိုင်မကောင်းဖြစ်ရင် ဒါမှမဟုတ် အလုပ်တွေ
မနိုင်အောင် အရမ်းများလာတဲ့အခါ အကူအညီတောင်းတာ မဖြစ်မနေ လိုအပ်တဲ့ အရာပါ။ ဘယ်အချိန်မှာ
ဘယ်လို အကူအညီတောင်းရမယ်ဆိုတာ သိတာက ကိုယ့်အကြောင်းကိုယ် ဘယ်လောက်ကောင်းကောင်း နားလည်တယ်ဆိုတာ ဖော်ပြတာပါပဲ။ ဒါက ဖြစ်နိုင်တဲ့ အဆင်မပြေတာတွေကို ကြိုပြင်ဆင်ပြီး အဖွဲ့အစည်းကို အကူအညီ ဖစ်စေပါတယ်။
အရင်တုန်းက အကူအညီတောင်းဖို့ အခက်အခဲ ဖြစ်ခဲ့ပေမယ့် အခုအခါ ဘာကြောင့် အဲ့ဒါရဲ့ အကျိုးကျေးဇူးတွေကို သိပြီး ဘယ်လိုတိုးတက်အောင် ကြိုးစားနေတယ်ဆိုတာ ပြောပြသင့်ပါတယ်။

အင်တာဗျူးတွင်လုပ်ဆောင်ရန်အချက် (၅)ချက်နှင့် ရှောင်သင့်သည့်အချက် (၅) ချက်အလုပ်အကိုင်နေရာအသစ်တွေခေါ်ယူတဲ့အခါ အင်တာဗျူးကိုက...
20/10/2020

အင်တာဗျူးတွင်လုပ်ဆောင်ရန်အချက် (၅)ချက်နှင့် ရှောင်သင့်သည့်အချက် (၅) ချက်

အလုပ်အကိုင်နေရာအသစ်တွေခေါ်ယူတဲ့အခါ အင်တာဗျူးကိုကောင်းကောင်းဖြေနိုင်၊ မဖြေနိုင်ခြင်းဟာ အလုပ်ရဖို့ အဓိကအဆုံးအဖြတ်ပေးတဲ့အချက်ဆိုတာ အားလုံးသိရှိပြီးသားဖြစ်မှာပါ။
အင်တာဗျူးဖြေဆိုသူဘက်က ကြိုတင်ပြင်ဆင်ရင်ပြင်ဆင်သလောက် ကိုယ့်ကိုကိုယ်ယုံကြည့်မှုတွေရှိပြီး
ရလာဒ်ကောင်းတွေကိုလည်း ဖန်တီးနိုင်မှာ ဖြစ်ပါတယ်နော်။
အဲ့လိုရလဒ်ကောင်းတွေရနိုင်ဖို့ အင်တာဗျူးမလုပ်ခင်နဲ့ လုပ်နေစဉ်အတွင်းမှာ လိုက်နာသင့်တဲ့
အချက်(၅)ချက်ကို အားလုံးသိရှိလိုက်နာနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ ကြိုတင်ပြင်ဆင်ပါ။
အင်တာဗျူးလုပ်ငန်းစဉ်အတွက် ပထမဆုံးမရှိမဖြစ်လုပ်ရမဲ့အဆင့်ကတော့
ကြိုတင်ပြင်ဆင်ခြင်းဖြစ်ပါတယ်။ ကိုယ်နဲ့ အင်တာဗျူးလုပ်မဲ့ ကုမ္ပဏီရဲ့ Website ထဲဝင်ရောက်ပြီး
ကုမ္ပဏီနဲ့ပတ်သက်တဲ့ လတ်တလောသတင်းတွေ၊ ကုမ္ပဏီရဲ့ Vision၊ Mission စတဲ့လုပ်ငန်းနဲ့
သက်ဆိုင်တဲ့သတင်းအချက်အလက်တွေကို ကြိုတင်လေ့လာထားဖို့ လိုအပ်ပါတယ်။

၂။ ကောင်းမွန်တဲ့ First Impression ရှိပါစေ။
အင်တာဗျူးဖြေမဲ့နေရာကို ကြိုသိအောင်လုပ်ထားဖို့လိုပြီး ကိုယ်သွားရမဲ့နေရာက မရင်းနှီးတဲ့နေရာဆိုရင် သွားမဲ့နေ့မတိုင်ခင် ဘာနဲ့သွားမယ်၊ ဘယ်အချိန်ထွက်မယ် ဆိုတာတွေကို ကြိုတင်ပြင်ဆင်သင့်ပါတယ်။ ဖြစ်နိုင်ရင်တော့ တစ်ရက်ကြိုတင်သွားကြည့်ခြင်းကလဲ နည်းလမ်းကောင်းပါပဲ။
အခုလို Covid-19 ဖြစ်နေတဲ့အချိန်မှာ Video အင်တာဗျူး လုပ်တာမျိုးတွေလဲရှိတတ်တာမို့ Video အင်တာဗျူး လုပ်ရမယ်ဆိုရင်လဲ အင်တာနက်လိုင်းနဲ့ ကိုယ်အသုံးပြုမဲ့ Video Tool တွေနဲ့ပတ်သက်ပြီး ကြိုတင်စစ်ဆေးထားသင့်ပါတယ်။ အရေးအကြီးဆုံးအချက်ကတော့ အင်တာဗျူးအချိန်ထက် လုံးဝ(လုံးဝ)
နောက်မကျဖို့ပါပဲ။ လူတွေ့အင်တာဗျူးဖြစ်စေ၊ Video အင်တာဗျူးဖြစ်စေ ကိုယ့်ဘက်က အနည်းဆုံး ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက် ကြိုရောက်ပြီး အဆင်သင့်ဖြစ်နေဖို့လိုပါတယ်။

၃။ သေချာနားထောင်ပြီး သင့်လျော်စွာတုံ့ပြန်ပါ။
အင်တာဗျူးဖြေတဲ့သူတွေအနေနဲ့ အင်တာဗျူးမေးခွန်းတွေကို ပြန်ဖြေတဲ့အခါမှာ ‌‌လှည့်ပတ်ဖြေဆိုနေတာမျိုး မဟုတ်ဘဲ တိုတိုနဲ့ရှင်းရှင်းလင်းလင်း ဖြေဆိုသင့်ပါတယ်။
ကိုယ့်ရဲ့အရင်အတွေ့အကြုံတွေကို ဥပမာပေးပြီး ဖြေဆိုတာမျိုးလည်း ပြုလုပ်သင့်ပါတယ်။

၄။ အင်တာဗျူးသူကို မေးရန်မေးခွန်းများ ပြင်ဆင်ထားပါ။
အင်တာဗျူးပြီးသွားတဲ့အခါ အင်တာဗျူးသူကို မေးခွန်းမေးခြင်းဟာ ကိုယ့်အနေနဲ့ အခု Position ကို
ဘယ်လောက်စိတ်ဝင်စားမှုရှိကြောင်းနဲ့ ဒီအလုပ်မှာအင်တာဗျူးအောင်ဖို့ ဘယ်လောက်ထိ စိတ်အားထက်သန်မှုရှိကြောင်း ပြသရာရောက်ပါတယ်။ ပြီးတော့ ကိုယ့်ကို တခြားအင်တာဗျူးဖြေသူတွေနဲ့ ကွဲပြားသွားစေပြီး ပိုသတိထားမိ စေပါတယ်။ သတိပြုဖို့ကတော့ မေးခွန်းတွေက လုပ်ငန်းနဲ့သက်ဆိုင်တဲ့မေးခွန်းတွေသာဖြစ်သင့်ပါတယ်နော်။

၅။ မိမိရဲ့အားသာချက်တွေနဲ့ ကျွမ်းကျင်မှုတွေကို ဖော်ပြပါ။
အင်တာဗျူးသူကို မိမိရဲ့ အားသာချက်တွေ၊ ကိုယ်ဘာတွေလုပ်နိုင်တယ်၊ ကိုယ်ဘာတွေကျွမ်းကျင်တယ် ဆိုတဲ့အကြောင်းကို မှန်မှန်ကန်ကန် ချက်ကျလက်ကျ ပြောနိုင်ရပါမယ်။

အင်တာဗျူးမှာ လုပ်သင့်တဲ့အချက်တွေပြီးသွားပြီဆိုတော့ အင်တာဗျူးနေစဉ်မှာ
ရှောင်သင့်တဲ့အချက်(၅)ချက် အကြောင်းကို ဖော်ပြပေးပါမယ်နော်။

၁။ ကိုယ့်ရဲ့ အရင် သို့မဟုတ် လက်ရှိ အလုပ်ရှင်ရဲ့ မကောင်းကြောင်းပြောခြင်း
အင်တာဗျူးမှာ ကိုယ့်ရဲ့အရင် (သို့)လက်ရှိအလုပ်ရှင် မကောင်းကြောင်း ပြောခဲ့ရင်တော့ နောင်တစ်ချိန် သူတို့ဆီက အလုပ်ထွက်ခဲ့ရင် သူတို့ကိုလဲ ဒီလိုပဲပြောမဲ့သူ၊ Professional မဆန်သူအဖြစ် ယူဆသွားနိုင်ပါတယ်။ အင်တာဗျူးသူဘက်ကဆိုရင်တော့ ဒီလိုဖြေတာဟာ လက်ခံနိုင်စရာ မဟုတ်ပါဘူး။

၂။ Information အမှားများပေးခြင်း သို့မဟုတ် လိမ်လည်ခြင်း
ကိုယ်လျှောက်ထားတဲ့ Position နဲ့ကိုက်ညီနိုင်တဲ့ အရင်ကလုပ်ငန်းအတွေ့အကြုံတွေကို တိုတိုနဲ့ မှန်မှန်ကန်ကန် ရှင်းပြရပါမယ်။ ကိုယ့်ရဲ့အားနည်းချက်ကိုသိရှိပြီး အဲ့အားနည်းချက်ကို တိုးတက်အောင်လုပ်ဆောင်လိုကြောင်း အင်တာဗျူးသူကို ပြောပြနိုင်ပါတယ်။ ပြီးမှ ကိုယ့်ရဲ့အားသာချက်တွေ၊ ကျွမ်းကျင်တဲ့အချက်တွေကို ရှင်းပြနိုင်ပါတယ်။

၃။ အင်တာဗျူးသူရဲ့စကားကို ဖြတ်ပြောခြင်း
အင်တာဗျူးဖြေဆိုသူဟာ စကားပြောကောင်းသူဖြစ်ဖို့လိုအပ်သလို နားထောင်သူကောင်းတစ်ယောက်ဖြစ်ဖို့ လိုအပ်ပါတယ်။ အဲလိုအပြုအမူဟာ တစ်ဘက်လူကို လေးစားကြောင်းပြသရာရောက်ပြီး ပေါင်းသင်းဆက်ဆံရေး ပြေပြစ်သူအဖြစ် မြင်ရစေပါတယ်။ Video အင်တာဗျူးဖြေတဲ့အခါမျိုးမှာလည်း တစ်ဘက်က အနည်းငယ် နောက်ကျတာမျိုး ဖြစ်တတ်တဲ့အတွက် စိတ်မလောဘဲ တစ်ဘက်လူရဲ့စကားဆုံးမှသာ ဆက်ပြီးပြောသင့်ပါတယ်။

၄။ အင်တာဗျူးမဟုတ်ဘူးလို့ ယူဆခြင်း
ဘယ်လိုအင်တာဗျူးအဆင့်ကိုပဲရောက်နေနေ ၊အင်တာဗျူးသူဘယ်သူပဲဖြစ်နေနေ သင်ဟာလက်ရှိခေါ်ထားတဲ့ Position နဲ့အမှန်တကယ်ကိုက်ညီတဲ့သူဖြစ်ရဲ့လားဆိုတာကို စိစစ်နေဆဲအဆင့်မှာပဲရှိပါသေးတဲ့ အကြောင်း မမေ့သင့်ပါ ဘူးနော်။

၅။ အရင်ကအတွေ့အကြုံတွေကို အလဟဿမဖြစ်ပါစေနဲ့
အရင်ကအင်တာဗျူးအတွေ့အကြုံတွေ၊ အမှားတွေကိုအသုံးချပြီး ကိုယ်ဖြေမဲ့အင်တာဗျူးတိုင်းကို အခွင့်အရေး အသစ်လို့ ယူဆပြီး ပြင်ဆင်ပါ။

အခု Jobbank Myanmar ရဲ့ “အင်တာဗျူးမှာ လုပ်ဆောင်ရမဲ့အချက်(၅)ချက်နဲ့ ရှောင်ရမဲ့အချက်(၅)ချက်”ကို ဖတ်ပြီး အားလုံးလည်း အင်တာဗျူးမှာ ရလာဒ်ကောင်းတွေရဖို့
အထောက်အကူဖြစ်မယ်လို့ ယူဆမိပါတယ်။

Translated by Mya Thandar Jobbank
’ts_in_an_interview

Address

Room (309), 3rd Floor, La Pyayt Wun Plaza, No. 37, Alan Pya Pagoda Road, Dagon Township
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00

Telephone

+959404782401

Alerts

Be the first to know and let us send you an email when Jobbank Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Jobbank Myanmar:

Share