AIBI Myanmar

AIBI Myanmar Business, Management & Digital Technology
Open Learning & Online Vocational

09/06/2025
09/06/2025

💥တက္ကသိုလ်ဝင်တန်း ပြီးစီးသူတိုင်းအတွက် (၃)နှစ်၊ မိမိ‌ ဒေသမှာ သင်ယူပြီး UK IT အင်ဂျင်နီယာဘွဲ့ရ ဖြစ်နိုင်ပါပြီ။💥
🎯 ပြည်ပမှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတဲ့၊ လစာအရမ်းကောင်းတဲ့၊ IT ပညာရှင်တစ်ယောက်ဖြစ်လိုသူတွေအတွက် တက္ကသိုလ်ဝင်တန်းပြီးစီးသူတိုင်း မိမိ နေအိမ်ကနေ တက်ရောက်နိုင်တဲ့ အင်္ဂလန်နိုင်ငံမှ တိုက်ရိုက်ချီးမြှင့်တဲ့ IT ဒီပလိုမာများ တက်နိုင်ပါပြီ။
(၁၀ လ)ဒီပလိုမာ(၂)ခု တက်ပြီး နောက်ဆုံးနှစ် တစ်နှစ်ကို အင်္ဂလန်နိုင်ငံ၊ သြစတေးလျနိုင်ငံ၊ ထိုင်းနိုင်ငံတွေမှာ သွားရောက်တက်နိုင်ပါတယ်။

🎖️🎯Level_4_Diploma_in_IT(OTHM-UK) ဘွဲ့ကြို(ပထမနှစ်)တက်ရောက်နိုင်သူများ။
#စနစ်ဟောင်းတက္ကသိုလ်ဝင်တန်း(သို့မဟုတ်) စနစ်သစ်တက္ကသိုလ်ဝင်တန်းပြီးစီးကြောင်းလက်မှတ်ရထားသူများ၊ အောင်မြင်ပြီးသူများ (သို့မဟုတ်) IGCSE Exam (သို့မဟုတ်) GED Exam အောင်မြင်ပြီးသူများ၊ တက္ကသိုလ်တက်နေသူများ တက်ရောက်နိုင်ပါသည်။

🎖️🎯 အင်္ဂလန်နိုင်ငံ ပညာရေးအရည်အသွေး စီစစ်အကဲဖြတ်အဖွဲ့အစည်း OfQual မှ အသိအမှတ်ပြုထားပြီး အင်္ဂလန်နိုင်ငံ OTHM မှ ပေးအပ်ချီးမြှင့်သော Level 4 Diploma in IT (အင်္ဂလန်နိုင်ငံ တက္ကသိုလ်ပထမနှစ် ဒီပလိုမာ) ဖြစ်ပါတယ်။

🎖️✅ Optimum Institute နှင့် Business Institute Yangon (BIY) တို့ ပူးပေါင်း သင်ကြားပြီး ဧရာဝတီတိုင်းဒေသကြီး၊ AIBI Myanmar အမှတ် (၂၂၀၀) စကားဝါလမ်းမကြီး (ပါဠိကျောင်းတိုက်အနီး) ပုသိမ်မြို့တွင် အဆောင်နေ တက်ရောက် သင်ကြားနိုင် သလို ၊ မိမိဒေသမှာ လည်း တက်ရောက်သင်ယူနိုင်ပါမည်။

🎖️✅ ဒီပလိုမာတက်ရောက်နိုင်ရန်အတွက် လိုအပ်သော အင်္ဂလိပ်စာနှင့် ကွန်ပျူတာကျွမ်းကျင်မှု၊ အထူးသင်တန်းကိုလည်း သီးသန့်သင်တန်းကြေး အထူးသက်သာစွာဖြင့် ပုသိမ်မြို့တွင် တစ်လတာ အချိန်ပြည့် သင်ကြားပေးပါမည်။

🎖️✅ ပညာရေးသုံး တန်ဘိုးသင့်တင့် ကွန်ပျူတာများကို လည်း ရောင်းချပေးပါမည်။

✅🎓Level 4 Diploma in IT သင်တန်းမှာ သင်ကြားမည့် ဘာသာရပ်များနဲ့ သင်တန်းကာလ။





စတဲ့ ဘာသာရပ်များ သင်ကြားရမှာဖြစ်ပြီး သင်တန်းကာလ(၁၀)လ ကြာမြင့်မှာ ဖြစ်ပါတယ်။
(သင်တန်းချိန်မှာ ညနေ ဖြစ်၍ အလုပ်လုပ်ရင်း၊ တက္ကသိုလ်တက်ရင်းလည်း တက်ရောက်နိုင်ပါသည်။)

🎖️💥သင်တန်ကြေး အရစ်ကျခွဲ သွင်းနိုင်ပါမယ်။

💥🎯နိုင်ငံတကာအသိအမှတ်ပြု အိုင်တီဒီပလိုမာဘွဲ့ကြိုသင်တန်းများကို မြန်မာနိုင်ငံ၏ အိုင်တီပညာရေးလောက တွင် လူအများသိပြီးဖြစ်သော စာသင်ကြားမှုနှင့် သင်တန်းဆောင်ရွက်မှု အတွေ့အကြုံ (၂၅)နှစ်ကျော်ရှိသည့် ဆရာကြီးများ၊ပြည်တွင်းပြည်ပမှ အိုင်တီဆိုင်ရာပါရဂူဘွဲ့ နှင့် မဟာဘွဲ့ရ အတွေ့အကြုံရှိ ဆရာဆရာများမှ ဦးဆောင်သင်ကြားပေးမှာ ဖြစ်ပါတယ်။💥

💥 # အသေးစိတ် မေးမြန်းသိရှိလိုပါက
🎯

(၂၂၀၀) စကားဝါလမ်းမကြီး၊ ပုသိမ်မြို့။ ၀၉၄၂၂၄၉၆၆၀၀၊ ၀၉၄၂၂၅၁၅၇၁၃
Email: [email protected]

💥 မြန်မာနိုင်ငံမှာ ပထမဆုံးအဖြစ် ✅ လုပ်ငန်းစီမံခန့်ခွဲမှုတွင် ခေတ်သစ် AI နည်းပညာကိုပါ အသုံးပြုနိုင်မည့် ✅ Mini MBA (AI, D...
08/06/2025

💥 မြန်မာနိုင်ငံမှာ ပထမဆုံးအဖြစ်
✅ လုပ်ငန်းစီမံခန့်ခွဲမှုတွင် ခေတ်သစ် AI နည်းပညာကိုပါ အသုံးပြုနိုင်မည့် ✅ Mini MBA (AI, Digital & Management) ကို 💥 ယခု ဇွန်လ (၁၄)နေ့ တွင် စတင်မိတ်ဆက် ဖွင့်ပါတော့မယ်။
💥 ဒီကနေ့ ထုတ်လုပ်မှုဖြစ်စေ၊ ဝန်ဆောင်မှု ဖြစ်စေ မိမိ အသုံးချနိုင်သလောက် မိမိလုပ်ငန်းကို အကျိုးရှိစေတဲ့ ဉာဏ်ရည်တုနည်းပညာ AI, Digital နဲ့ Business Management တို့ကိုပေါင်းစပ် အသုံးချနိုင်ဖို့ အတွက်
🎯 Mini MBA, (AI, Digital & Management) ကို အချိန်ပိုင်း သင်ကြားပါမယ်။

သင်ခန်းစာများ၊
🎯(AI & Business Model Canvas)
🎯(AI & Strategic Management)
🎯(AI & Operation Management)
🎯(AI & Entrepreneurship Management)
🎯(AI & Service Management)
🎯(AI & Digital Management)
🎯(AI & Digital Marketing)
🎯(AI & Digital Leadership)
🎯(AI & Digital HR Management)
🎯(AI & Digital Business Planing)
🎯(AI & Social Media Marketing, Facebook Marketing)

▪️လုပ်ငန်းပိုင်ရှင်တွေ၊ ဝန်ဆောင်မှုပေးနေသူတွေ ၊ မန်နေဂျာတွေ ၊ အဲ့ဒီတာဝန်ကို ထမ်းမယ့်သူ‌တွေ Top, Middle နဲ့ Front level က မန်နေဂျာတွေ မိမိတို့ ကဏ္ဍအလိုက် ဘာလုပ်ရမယ်ဆိုတာ သိမြင်သွားပါမယ်။
▪️လူငယ်တွေ ၊ စွန့်ဦးတီထွင် လမ်းသစ်ဖေါက်မယ့်သူတွေ က စိတ်ကူးသစ်တွေ စီးပွားရေးပုံစံသစ်တွေ လုပ်နိုင်သွားမယ်။
✅ Wiston & skills နည်းပညာအသိနဲ့ စီမံခန့်ခွဲကျွမ်းကျင်မှုကို လမ်းဖွင့်ပေးမယ့် သင်တန်း ဖြစ်ပါတယ်။

♦️🎖️AI နည်းပညာ၊ ဒီဂျစ်တယ်နည်းပညာနဲ့ စီးပွားရေးစီမံခန့်ခွဲမှုပညာ ပေါင်းစပ်ပြီး လုပ်ငန်းတွေကို ဘယ်လိုစီမံခန့်ခွဲသလဲ ဆိုတာတွေကို ပြသပေးမှာပါ။🏆
✅💥 ဘယ်သူတွေ သင်ယူသင့်သလဲ
▪️MBA မတက်သေးတဲ့သူတွေ၊ တက်နေတဲ့သူတွေ၊ MBA တက်မည့်သူတွေ ၊
▪️အသင်းအဖွဲ့အစည်းတွေရဲ့ ဦးဆောင်နေရသူတွေ
▪️စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမှာ နည်းပညာရဲ့ အခန်းကဏ္ဍကို ထဲထဲဝင်ဝင် သိရှိလိုသူတွေ၊
▪️ကိုယ်ပိုင်ထုတ်ကုန်လုပ်ငန်း လုပ်နေသူတွေ၊
▪️ကိုယ်ပိုင်ဝန်ဆောင်မှုလုပ်ငန်း လုပ်နေသူတွေ၊
▪️အလုပ်ဝင်ဖို့ ပြင်ဆင်နေသူတွေ၊ တက္ကသိုလ်ကျောင်းသားတွေ၊
▪️ခေတ်သစ်နည်းပညာတွေနဲ့ စီမံခန့်ခွဲမှုရဲ့ လုပ်ငန်းစဥ်တွေကို သိရှိနားလည်လိုသူတွေ တက်ရောက်နိုင်ပါတယ်။
သင်တန်းပြီးရင်
♦️✅ စီးပွားရေးစီမံခန့်ခွဲမှုပညာရပ်နဲ့ ဒီဂျစ်တယ်နည်းပညာတွေကို ပေါင်းစပ်လုပ်ကိုင်တဲ့ ခေတ်မှာ မိမိဟာ ဒါတွေကို အရင်ဆုံး သိရှိတတ်မြောက်သူဖြစ်မှာမို့ မိမိရဲ့ လုပ်ငန်းခွင်အတွက် မိမိ အရည်အသွေးကို မြှင့်တင်နိုင်ပါမယ်။
♦️✅ ကမ္ဘာမှာ နည်းပညာပါဝင်တဲ့ စီမံခန့်ခွဲမှုဘွဲ့တွေ သင်ကြားနေကြပြီဖို့ မိမိက ခေတ်သစ် MBA တွေ အတွက် ပြင်ဆင်ပြီး ဖြစ်ပါမယ်။
✅တပါတ်လျှင် (၂)ရက် ဖြစ်ပါတယ်။

♦️ပြည်ပနိုင်ငံကြီးတွေရဲ့ နည်းပညာစီမံခန့်ခွဲမှုပါတဲ့ MBA ကို အဝေးသင်ဆက်လက်တက်ရောက်လိုပါက သက်မှတ်ဦးရေအတိုင်း အတန်း ဆက်လက် ဖွင့်ပါမည်။
♦️စုစုပေါင်း ပုံမှန်သင်တန်းကြေး (၁၀)သိန်းဖြစ်သော်လည်း ယခု ဇွန်လသင်တန်းအပ်နှံသူများ (၅)သိန်း သာ သွင်းရပါမည်။ (၃) လသင်တန်းဖြစ်ပါသည်။ (နောက်ပိုင်းသင်တန်းများတွင် ပုံမှန်ကြေးဖြင့်သာ တက်ရောက်နိုင်ပါမည်)။
♦️ဦးမောင်မောင်ဦး KPay 09422496600 ၊ ဒေါ်မြတ်မြတ်မိုး KPay 09422515713 ကို အပ်နှံနိုင်ပါတယ်။‌ ငွေလွဲ ss ကို Viber/telegram 09 422496600 U Maung Maung Oo /09 422515713 Daw Myat Myat Moe ကို ပြန်ပို့ပေးကြပါ။

မိမိရဲ့ ဝက်ဘ်စာမျက်နှာတွေ မိမိပေးလိုတဲ့ content တွေကို လူတွေဆီ မြန်မြန် နဲ့ များများ မြင်ရစေတဲ့ AEO နဲ့ SEO နည်းပညာအကြော...
13/05/2025

မိမိရဲ့ ဝက်ဘ်စာမျက်နှာတွေ မိမိပေးလိုတဲ့ content တွေကို လူတွေဆီ မြန်မြန် နဲ့ များများ မြင်ရစေတဲ့ AEO နဲ့ SEO နည်းပညာအကြောင်း

ဒီကနေ့ အင်တာနက် အသုံးပြုတဲ့ အခါမှာ မိမိရဲ့ ဝက်ဘ်ဆိုဒ်၊ မိမိရဲ့ ဝက်ဘ် စာမျက်နှာတွေကို အင်တာနက်ကနေ အချက်အလက်ရှာသူတွေ က မြန်မြန်ဆန်ဆန် မြင်တွေ့ အောင် ဝင်ရောက်ကြည်ရှု့အောင် SEO ကို အသုံးပြုကြရပါတယ်။ အခု AI ကို သုံးလာတဲ့အခါမှာတော့ AEO က မိမိပြောပြချင်တဲ့ Content တွေကို မေးမြန်းသူကို မြန်မြန် တုန့်ပြန်ပေးပါတယ်။

AEO (Answer Engine Optimization) နဲ့ SEO (Search Engine Optimization) နှစ်ခုစလုံးဟာ အွန်လိုင်းမှာ မိမိရဲ့ ဝက်ဘ်စာမျက်နှာကို လူတွေ မြန်မြန်နဲ့ များများ မြင်နိုင်ဖို့ ရည်ရွယ်တဲ့ နည်းပညာများ ဖြစ်ပါတယ်။ SEO နဲ့ AEO တို့ရဲ့ focus ကတော့ မတူပါဘူး။
AEO က အသုံးပြုသူရဲ့ မေးမြန်းချက်‌တွေအတွက် တိကျတဲ့အဖြေတွေ တိုက်ရိုက်ပေးနိုင်ဖို့ပါ။ အထူးသဖြင့် AI-powered platforms တွေက voice assistant နဲ့ chatbots တွေလိုမျိုး သုံးစွဲသူကို တုန့်ပြန်ဖြေကြားပေးဖို့ပါ။ SEO က သမားရိုးကျရှာဖွေရေးအင်ဂျင် Google လိုမျိုး ရဲ့ရလဒ်စာမျက်နှာတွေ (SERPs) မှာ ဝဘ်ဆိုဒ်တစ်ခုရဲ့ အလုံးစုံအဆင့်သတ်မှတ်မှု နဲ့ လူတွေရဲ့ မြင်နိုင်စွမ်း ပိုကောင်း‌လာအောင် အထူးပြုလုပ်ပေးပါတယ်။
SEO က ရှာဖွေရေးအင်ဂျင် Google, bing အသုံးပြုသူတွေ က ရိုက်ထည့်လိုက်တဲ့ စာကို အာရုံစိုက်ပြီး AEO က AI နဲ့ လူသားနဲ့ စကားပြောစဉ်မှာ သုံးစွဲတဲ့ စကားစု‌‌တွေကို အာရုံစိုက်ပါတယ်။ SEO နဲ့ AEO နှစ်ခုလုံးမှာ keyword ဖွဲ့စည်းပုံကို နားလည်ဖို့ အရေးကြီးပါတယ်။

SEO နဲ့ AEO တွေရဲ့ အဓိက ဦးတည်ချက်နဲ့ လက်ရှိ အရေးပါတာကို နှိုင်းပြပြောရရင်။

SEO (Search Engine Optimization) ကို အဓိက အသုံးပြုတာကတော့ ဝက်ဘ်ဆိုက် (Website) တွေ၊ ဝက်ဘ်စာမျက်နှာ (Webpage) တွေကို Google, Bing စတဲ့ Search Engine တွေနဲ့ ရှာဖွေတဲ့အခါမှာ ရှာဖွေဖေါ်ပြတဲ့ ရလဒ်တွေမှာ ထိပ်ဆုံးမှာ (သို့) ထိပ်ဆုံးနီးပါး မှာ ပေါ်လာအောင် လုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။ အင်တာနက်မှာ သုံးစွဲသူတွေက မိမိသိလိုရာအကြောင်းအရာတစ်ခုကို ရှာဖွေတဲ့အခါမှာ အဲ့ဒီအကြောင်းအရာနဲ့ ဆိုင်တဲ့ ဝက်ဘ်ဆိုဒ်တွေထဲက နေ မိမိရဲ့ Website ကို ရှာဖွေသူတွေ အလွယ်တကူ မြင်တွေ့ပြီး ဝင်ရောက်ကြည့်ရှုလာအောင် ဆွဲဆောင်နိုင်ဖို့ အတွက် ဝက်ဘ်ဆိုဒ် ထူထောင်ထားသူတွေက SEO ကို သုံးကြရပါတယ်။
SEO မှာ အဓိက လုပ်ဆောင်ချက်တွေကတော့ "Keyword Research"ပါပဲ၊ လူတွေက ဘယ်စကားလုံးတွေ၊ စကားစုတွေနဲ့ ရှာဖွေတတ်သလဲ ဆိုတာကို ရှာဖွေတာ ဖြစ်ပါတယ်။
"On-Page SEO" မှာ Website စာမျက်နှာတွေရဲ့ ခေါင်းစဉ် (Title)၊ ဖော်ပြချက် (Description)၊ စာသား (Content)၊ ရုပ်ပုံ (Image) တွေမှာ သက်ဆိုင်ရာ Keyword တွေ ထည့်သွင်းတာ၊ Website ရဲ့ တည်ဆောက်ပုံ (Structure) ကို ကောင်းမွန်အောင် ပြုပြင်တာ ၊
"Off-Page SEO" က တခြား Website တွေကနေ ကိုယ့် Website ကို Link ချိတ်တာမျိုး (Backlinks)၊ Social Media တွေမှာ မျှဝေတာမျိုး လုပ်ဆောင်တာ
"Technical SEO" က Website ရဲ့ မြန်နှုန်း (Loading Speed)၊ မိုဘိုင်းဖုန်းနဲ့ ကြည့်ရှုနိုင်မှု (Mobile-friendliness)၊ လုံခြုံရေး (Security) စတာတွေကို ပြုပြင်ပေးတာ ဖြစ်ပါတယ်။
အခု AI ခေတ်မှာ လူသိများလာတဲ့ AEO (Answer Engine Optimization) ရဲ့ အဓိက focus ကတော့ သုံးစွဲသူတွေ မေးခွန်း‌တွေ မေးတဲ့အခါ သက်ဆိုင်တဲ့အဖြေကို တိုက်ရိုက်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ Search Engine တွေဟာ အခုနောက်ပိုင်းမှာ မေးခွန်းတွေကို ပိုပြီး နားလည်လာပြီး တိုက်ရိုက်အဖြေ (Direct Answer)၊ အထူးပြု ရလဒ် (Featured Snippet)၊ Knowledge Panel စတာတွေနဲ့ ပြန်လည် ဖြေကြားပေးတတ်ပါတယ်။ AEO က ဒီလို တိုက်ရိုက်အဖြေတွေမှာ မိမိရဲ့ Content ပေါ်လာအောင် လုပ်ဆောင်ပါတယ်။ အထူးသဖြင့် ဖုန်းတွေမှာ Voice Search (အသံနဲ့ ရှာဖွေမှု) တွေ ပိုများလာတာနဲ့အမျှ AEO က ပိုပြီး အရေးပါလာပါတယ်။
AEO မှာ လုပ်ဆောင်ရတဲ့ အဓိက အချက်တွေကတော့ "Understanding User Intent" သုံးစွဲသူတွေ ဘာကို သိချင်လို့ ရှာဖွေနေတာလဲဆိုတဲ့ အချက်ကို နားလည်ဖို့ ဖြစ်ပါတယ်။
"Providing Direct Answers" မေးခွန်းတွေအတွက် တိကျပြတ်သားတဲ့ အဖြေတွေကို Content ထဲမှာ ထည့်သွင်းရေးသားတာ။
"Structuring Content" Content တွေကို မေးခွန်းနဲ့အဖြေ ပုံစံ၊ စာရင်း (List) ပုံစံ၊ ဇယား (Table) ပုံစံ စသည်ဖြင့် Search Engine က အလွယ်တကူ နားလည်နိုင်မယ့် ပုံစံမျိုး တည်ဆောက်တာ။
"Using Schema Markup" Search Engine တွေက Content ရဲ့ အဓိပ္ပာယ်ကို ပိုနားလည်စေဖို့ Structured Data (Schema Markup) တွေကို အသုံးပြုတာ။
"Focusing on Conversational Language" လူတွေ အမှန်တကယ် မေးမြန်းပြောဆိုတဲ့ ဘာသာစကားပုံစံမျိုးကို အသုံးပြုတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ SEO ထက် AEO ရဲ့ အရေးပါမှုကတော့ သိသိသာသာ မြင့်တက်လာနေပါတယ်။
ဘာကြောင့်လည်း ဆိုရင် "Voice Search"တွေ ၊ Smart Speaker တွေ၊ မိုဘိုင်းဖုန်းတွေကနေ အသံနဲ့ ရှာဖွေသူတွေ များလာပါတယ်။ Voice Search တွေဟာ မေးခွန်းပုံစံနဲ့ ရှာဖွေကြပြီး တိကျတဲ့ အဖြေကို လိုချင်ကြပါတယ်။
"Featured Snippet" တွေရဲ့ လွှမ်းမိုးမှုက အရေးပါပါတယ်။ Google ရဲ့ ရှာဖွေမှုရလဒ်တွေမှာ Featured Snippet တွေက ထိပ်ဆုံးမှာ ပေါ်လာပြီး သုံးစွဲသူတွေ Website ကို ဝင်စရာမလိုဘဲ အဖြေကို တိုက်ရိုက် ရရှိနိုင်ပါတယ်။ ဒါက Website ကို Traffic ရဖို့ SEO လုပ်‌ဆောင်ချက်ထက် အချက်အလက်ကို တိုက်ရိုက်ပေးနိုင်တဲ့ AEO က ပိုအရေးကြီးလာတာကို ဖေါ်ပြ‌နေပါတယ်။
"User Behavior" ပြောင်းလဲလာ‌ကြောင့်လည်း ဖြစ်ပါတယ်။ ဒီကနေ့မှာ သုံးစွဲသူတွေဟာ ရှုပ်ထွေးတဲ့ Website တွေထဲမှာ အဖြေကို လိုက်ရှာနေမယ့်အစား မြန်မြန်ဆန်ဆန်နဲ့ တိကျတဲ့ အဖြေကို လိုချင်လာကြပါတယ်။ ဒီလိုပြောလို့ SEO က လုံးဝ အရေးမပါတော့ဘူးလို့ မဆိုချင်ပါဘူ။ AEO ဟာ SEO ရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်လာနေတာပါ။ ကောင်းမွန်တဲ့ AEO ကို လုပ်ဆောင်ဖို့အတွက် အခြေခံ SEO ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ သင့် Website က Search Engine က ရှာမတွေ့သေးရင်၊ Website က နှေးနေရင်၊ Mobile နဲ့ ကြည့်လို့ အဆင်မပြေရင် သင့်ရဲ့ Content က ဘယ်လောက်ကောင်းကောင်း Featured Snippet မှာ ပါဖို့ ခက်ခဲပါလိမ့်မယ်။ SEO ကောင်းမှ AEO က ထိရောက်မှာပါ။
SEO ကို ဥပမာပြရရင် "ရန်ကုန်ရဲ့ အကောင်းဆုံး ကော်ဖီဆိုင်များ" လို့ Google မှာ ရိုက်ရှာတဲ့အခါ သင့် Website ထဲမှာ‌‌ သင် ဖေါ်ပြထားခဲ့တဲ့ ရန်ကုန်မြို့ရဲ့ ကော်ဖီဆိုင်နဲ့ ပတ်သက်တဲ့ Content ကြောင့်သာ Google ရဲ့ ပထမစာမျက်နှာမှာ ပေါ်လာတာပါ၊ ဒါက SEO လုပ်ဆောင်ချက်ပါ။ သုံးစွဲသူက သင့် Website ကို ဝင်ရောက်ကြည့်ရှုပြီးမှ သူလိုချင်တဲ့ ကော်ဖီဆိုင်ကို ရွေးချယ်နိုင်ပါလိမ့်မယ်။
AEO ကို ဥပမာပြရရင် "ကော်ဖီဘယ်လိုဖျော်ရလဲ" လို့ လူတွေ မေးတဲ့အခါ Google က သင့် Website က ကော်ဖီဖျော်နည်းအဆင့်ဆင့်ကို Featured Snippet အနေနဲ့ တိုက်ရိုက် ဖော်ပြပေးတာဟာ AEO လုပ်ဆောင်ချက် ဖြစ်ပါတယ်။ AEO ကြောင့် သုံးစွဲသူက သင့် Website ထဲကို ဝင်စရာမလိုဘဲ Google ရဲ့ ရလဒ်စာမျက်နှာမှာတင် လိုချင်တဲ့ အဖြေကို ရသွားပါလိမ့်မယ်။
AEO နဲ့ SEO ပေါင်းစပ်လုပ်တဲ့ ဥပမာကိုပြရရင် "အဆီကျအောင် ဘယ်လိုလုပ်ရမလဲ" လို့ မေးတဲ့အခါ သင့် Website မှာ အဆီချနည်း အဆင့်ဆင့်ကို အကောင်းဆုံးရေးထားပြီး ဆိုင်ရာ Schema Markup တွေ ထည့်သွင်းပေးထားရင် Google က သင့် Content ကို Featured Snippet အဖြစ်နဲ့ ပြသနိုင်ချေ ပိုများသွားပါတယ်။ ဒါဟာ SEO ရဲ့ အခြေခံကောင်းမှု (Website က ရှာတွေ့ရလွယ်ခြင်း) နဲ့ AEO ရဲ့ တိုက်ရိုက်အဖြေပေးနိုင်မှု (မေးခွန်းရဲ့ အဖြေကို ရှင်းလင်းစွာ ပေးနိုင်ခြင်း) နှစ်ခု ပေါင်းစပ်သွားတဲ့ ရလာဒ် ဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့ Digital ခေတ်မှာ SEO နဲ့ AEO နှစ်ခုစလုံးက အရေးပါ ပါတယ်။ SEO က သင့် Website ကို ရှာဖွေသူတွေဆီ ရောက်အောင် လုပ်ဆောင်ပေးပြီး AEO ကတော့ ရှာဖွေသူတွေရဲ့ မေးခွန်းတွေအတွက် တိကျ မြန်ဆန်တဲ့ အဖြေကို ပေးပါတယ်။ AEO က ပိုအရေးပါလပေမယ့် အခြေခံကောင်းတဲ့ SEO မရှိဘဲ AEO က ရလာဒ်ကောင်းပေးဖို့ ခက်ပါတယ်။ ဒါကြောင့် နှစ်ခုလုံးကို တွဲဖက်ပြီး အကောင်းဆုံး လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ ဒီကနေ့ Digital Marketing, Social Media Marketing, Facebook Marketing, TikTok Marketing တွေ လုပ်နေတဲ့သူတွေ၊ လုပ်ကြမယ့်သူတွေက တော့ AEO နဲ့ SEO ကို အကောင်းဆုံး ပေါင်းစပ်နိုင်မှ မိမိလိုချင်တဲ့ ရလာဒ်ကောင်းတွေ ရမှာမို့ လေ့လာအသုံးပြုကြဖို့ တိုက်တွန်းလိုက်ပါတယ်။

U Maung Maung Oo
President, AIBI Myanmar & AIStars Digital Solutions
AI Myanmar Society

Marketing နယ်ပယ်ထဲကို နည်းပညာနဲ့ ဝင်ရောက်နေရာယူလိုသူတွေအတွက် ပထမဆုံးတက်ရမယ့် သင်တန်းပါ🎯"AI-Driven Marketing Excellence"🎯...
12/04/2025

Marketing နယ်ပယ်ထဲကို နည်းပညာနဲ့ ဝင်ရောက်နေရာယူလိုသူတွေအတွက် ပထမဆုံးတက်ရမယ့် သင်တန်းပါ
🎯"AI-Driven Marketing Excellence"🎯
🔹ဉာဏ်ရည်တုနည်းပညာသုံး ဈေးကွက်ရှာဖွေရေး အထူးအမြန်သင်တန်း🔹

ခု‌ ခေတ် စီးပွားရေး လုပ်ငန်းတွေဟာ Marketing ကို ထိထိရောက်ရောက် လုပ်နိုင်မှသာ စျေးကွက်ဝေစု ကို ရနိုင်တာ ဖြစ်ပါတယ်။ ဒီလို ဖြစ်ဖို့ အတွက် Digital Marketing ကို သုံးနိုင်ဖို့ အထူးလိုအပ်ပါတယ်။ ယခု AI ကို သုံးနိုင်တဲ့အခါမှာတော့ Marketing လုပ်ငန်းစဥ်တွေမှာ AI နဲ့ Digital နည်းပညာသုံးနိုင်သူတွေက စျေးကွက်အလုပ်တွေမှာ ပိုပြီး အသာစီးရလာပါတယ်။
အဲ့ဒါကြောင့်ပဲ Marketing လုပ်ငန်းထဲကသူတွေ၊ Marketing လုပ်ငန်းထဲ ဝင်ကြမယ့်သူတွေ အားလုံး ဒီလို လုပ်နိုင်ဖို့ အတွက် ဒီ "AI-Driven Marketing Excellence" သင်တန်းကို ဖွင့်လိုက်ပါတယ်။
🔹သင်တန်းသား(၁၀)ဦးသာ လက်ခံပါမယ်။ လက်တွေ့လုပ်ဆောင်ချက်တွေနဲ့ Home work တွေ လုပ်နိုင်ရပါမယ်။

✅သင်ကြားပေးမယ့်ခေါင်းစဥ်များ
▪️Traditional Marketing
▪️Marketing Strategies
▪️Consumer Behavior Analysis
▪️Digital Marketing
▪️Social Media Marketing
▪️Email & Communication Management
▪️AI Marketing
▪️Using AI Technology in Marketing

🎯 AI Marketing သင်တန်း တစ်ခုလုံးကို Online class + Video plus သင်ယူနိုင်ပါတယ်။
▪️သင်တန်းကာလအတွင်းမှာ သင်ခန်းစာ eBook pdf ဖိုင် လည်း ရရှိပါမယ်။
✅ဘယ်သူတွေ မဖြစ်မနေတက်ဖို့လိုနေပြီလဲ
▪️ကုမ္ပဏီများမှာ စျေးကွက်နဲ့ ကြော်ငြာကဏ္ဍကို ၀င်လိုသူများ၊ လက်ရှိ Marketing ဌာနမှာလုပ်သူများ၊ ကိုယ်ပိုင်လုပ်ငန်းရှင်များ လေ့လာသင်ယူနိုင်ပါတယ်။

🎖️ဘယ်သူ သင်ပေးမှာလဲ
▪️ဒီကနေ့ AI ၊ ဒီဂျစ်တယ်နည်းပညာနဲ့ စီမံခန့်ခွဲမှုပညာရပ်များကို နိုင်ငံအနှံအပြားမှာ ဟောပြောပို့ချနေတဲ့ AIBI Myanmar နဲ့ AIStars Digital Solutions တို့ရဲ့ ပိုင်ရှင် ၊ AI Myanmar Society ရဲ့ founder ဆရာဦးမောင်မောင်ဦး ကိုယ်တိုင် သင်ကြားပေးပါမယ်။

🎖️ဘယ်လို သင်ရမလဲ
▪️သင်တန်းတစ်ခုလုံးတက်မည့်သူများကို Google Meet နဲ့ online သင်ကြားပေးမှာဖြစ်ပြီး video သင်ခန်းစာများ ebook သင်ခန်းစာစာအုပ် pdf ဖိုင်များ ၊ slides များ ပေးအပ်ပါမယ်။
▪️လက်တွေ့ AI tools တွေသုံးပြီး Marketing အလုပ်တွေကို လက်တွေ့လေ့ကျင့်ရပါမယ်။
▪️မိမိ အားချိန်တိုင်းမှာ telegram group/facebook group တို့မှာ video သင်ခန်းစာများကို ပြန်လည် ကြည့်ရှု့လေ့လာနိုင်ပြီး သင်ခန်းစာစာအုပ် ebook pdf ဖိုင်လည်း ရရှိပါမယ်။

🎖️Certificate ပေးမှာလား
▪️သင်တန်းအောင်မြင်ပြီးဆုံးပါက လုပ်ငန်းအထောက်အကူပြု သင်တန်းဆင်းလက်မှတ် Certificate ကိုပေးအပ် ချီးမြှင့်ပါမယ်။

🎖️သင်တန်းကြေးဘယ်လိုသွင်းရမလဲ
𝗞𝗽𝗮𝘆 09422496600 U Maung Maung Oo
𝗞𝗽𝗮𝘆 09422515713 Daw Myst Myat Moe
▪️KPay ကနေ သင်တန်းကြေးလွှဲပြီး ငွေလွှဲပြေစာ SS နှင့် တက်ရောက်မည့်သူအမည်ရေးသားပြီး အထက်ပါ ဖုန်းများသို့ Viber/Telegram တို့ဖြင့် ပေးပို့ပြီး သင်တန်း အပ်နိုင်ပါတယ်။ သင်တန်းကြေးလက်ခံရရှိပြီးတာနဲ့ သင်တန်း Group ထဲကို ထည့်သွင်းပေးပါမယ်။
💥ဒုတိယအသုတ် သင်တန်းကို ဧပြီလ (၂၆)ရက်နေ့ ဖွင့်ပါမယ်။ သင်တန်းကြေး(၂)သိန်းပါ။ ထူးချွန်သူတွေဟာ နောက်ထပ် အဆင်မြင့်သင်တန်းကို ပညာသင်ဆု ရနိုင်ပြီး AIBI Myanmar နဲ့ လက်တွဲပြီး Digital Marketing အလုပ်တွေ လုပ်ပြီး ဝင်ငွေရှာနိုင်ပါမယ်။

💥AIBI Myanmar ရဲ့ Page ကနေ ဆက်သွယ် နိုင်ပါတယ်(သို့) ဖုန်းနဲ့လည်း အပ်နှံနိုင်ပါတယ်။
♦️အသေးစိတ်သိရှိလိုပါက- ဖုန်း - 09-422496600(Viber/ Telegram)

Google Workspace, (Google-Suite + AI) 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗲 𝗖𝗹𝗮𝘀𝘀သီးသန့်အုပ်စုလိုက် သင်လိုတွေကို ရက်တိုအတွင်း အပြီးသင်ကြားပေးပါမည်...
09/04/2025

Google Workspace, (Google-Suite + AI) 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗲 𝗖𝗹𝗮𝘀𝘀
သီးသန့်အုပ်စုလိုက် သင်လိုတွေကို ရက်တိုအတွင်း အပြီးသင်ကြားပေးပါမည်။
─ ─ ─ ─ ─ ─ ─ ─ ─ ─
ခုခေတ်မှာ နည်းပညာ မသုံးတတ်ရင်ပဲ အလုပ်လုပ်ဖို့ အဆင်မပြေတော့တာမို့ လုပ်ငန်းခွင်ဝင်ကြမယ့်သူ‌တွေ ၊ လုပ်ငန်းထဲကသူတွေအတွက် ကွန်ပျူတာ ၊ အင်တာနက်နဲ့ AI ကျွမ်းကျင်ဖို့ Google Workspace (G-suite) သင်တန်းကို Online ရော ၊ Video class ရော၊ သီးသန့်အဖွဲ့လိုက် Onsite ရော ဖွင့်လိုက်ပါပြီ။
🔹အင်တာနက် ရှိရုံနဲ့ ရုံးလုပ်ငန်းတွေကို တက်ပလက်၊ ဖုန်း၊ ကွန်ပျူတာတွေပေါ်ကနေ တစ်ဦးချင်း (သို့)အဖွဲ့လိုက် စာရိုက်၊ စာရင်း‌ ရေးဆွဲ၊ PowerPoint ပြသ ၊ အီးမေးလ်ပို့၊ ဖိုင်ရှယ် လုပ်ကိုင်နိုင်ဖို့ ၊ အင်တာနက်ပေါ် ဖိုင်တွေ အချက်အလက်တွေ သိမ်းတာ၊ ပို့တာ၊ လွှဲပြောင်းတာတွေအတွက် Google Workplace (Google Suite) ကို အသုံးပြုကြရပါတယ်။
▪️လူတိုင်းဟာ Google Workplace, Google Suite(+AI) မှာ ပါဝင်တဲ့ Apps တွေမှာ အနည်းဆုံးအားဖြင့် ယခု ဖေါ်ပြသလောက်တော့ သုံးတတ်ဖို့ လိုပါမယ်။
🔹Google Account
▪️Google Docs (Word)+ AI
▪️Google Sheets (Excel)+ AI
▪️Google Slides (PowerPoint)+ AI
▪️Google Gemini AI
▪️Google Drive (free 15GB+100GB Share)
▪️Google Mail + AI
▪️Google Meet (like Zoom)
▪️Google Form (survey)
▪️Google Maps မိမိလုပ်ငန်းကို GMap တွင် တင်ခြင်း
▪️Google Blogs (free web)
▪️ Google Keep (online note)
▪️Google Classroom (online class)
🎯 Google Workspace (Google-Suite) ဆိုတာက အင်တာနက်ပေါ်ကနေ Office လုပ်ငန်းဆိုင်ရာတွေကို လုပ်နိုင်တဲ့ AI အပါအဝင် ၊ အသုံးချဆော့ဝဲလ်များအုပ်စု ဖြစ်ပါတယ်။
💥 Google Workspace (Google-Suite) သင်တန်းမှာ 💥
▪️၁။ Google Accout ဖွင့်ခြင်း၊ လုံခြုံအောင်သုံးခြင်း၊ Personal Acc & Business Acc ဖွင့်ခြင်း ၊ မိမိစိတ်ကြိုက်ပြင်ဆင်ခြင်း ။
▪️၂။ Google Docs ဖြင့် Word ကဲ့သို့ စာရိုက်အမျိုးမျိုးရိုက်ခြင်း၊ အင်တာနက်မှာ သိမ်းခြင်း၊ စာရေးသားပေးသည့်၊ စာပြင်ဆင်ပေးသည့် AI များကို ချိတ်ဆက်အသုံးပြု၍ ရုံးစာအမျိုးမျိုး၊ ဆောင်းပါး၊ စာတမ်း၊ မှတ်တမ်းများ ရေးခြင်း။
▪️၃။ Google Sheets ကို သုံးပြီး Excel ကဲ့သို့ စာရင်းဇယားရေးဆွဲခြင်း၊ စာရင်းဇယားအမျိုးမျိုး ဖန်တီးခြင်း၊ အင်တာနက်မှာ သိမ်းခြင်း၊ AI ကို တွဲဖက်သုံးခြင်း။
▪️၄။ Google Slides သုံးပြီး powerpoint ကဲ့သို့ slides ဖိုင်များ ဖန်တီးခြင်း၊ AI က ဖန်တီးသည့် slides Creater များကို တွဲဖက် သုံးခြင်း။
▪️၅။ Google Drive acc ဖွင့်ခြင်း ၊ သုံးခြင်း၊ ဓါတ်ပုံ၊ ဗီဒီယို၊ စာဖိုင် သိမ်းခြင်း၊ ပေးပို့ခြင်း၊ ရယူခြင်း၊ ဖျက်ခြင်း၊ အချက်အလက်များ 15 GB ထိ အခမဲ့ သိမ်းခြင်း ၊ ထပ်မံ၍ နောက်ထပ် 100 GB ကို မျှဝေသိမ်းဆည်းခြင်း၊ Mail ဖြင့် Drive ထဲမှ ဖိုင်များ Share ခြင်း။
▪️၆။ Google Mail ၊ Mail ဖွင့်ခြင်း၊ မေးလ်ပို့ခြင်း၊ cc bc ခံခြင်း၊ လက်ခံ အကြောင်းပြန်ခြင်း၊ မေးလ်များ ရှာခြင်း၊ အဟောင်းများ၊ မလိုသည်များ ဖျက်ခြင်း ၊ မလိုသည်များ ပိတ်ခြင်း၊ Gmail မှာ Address Card ထည့်ခြင်း၊ Gmail ရဲ့ Security အပိုင်း၊ အချိန်စီစဉ် သက်မှတ်ပြီး Gmail ပို့ခြင်း၊ Gmail မှာ Auto responder ထည့်ခြင်း။ Business Mail သုံးခြင်း၊ Mail Management လုပ်ခြင်း။ AI သုံး၍ အီးမေလ်းရေးခြင်း ၊ (အီးမေလ်း သီးသန့်သင်တန်း ၂၀၀၀၀ကျပ်)
▪️၇။ Google Gemini ၊ AI ကို မြန်မာလို ၊ အင်္ဂလိပ်လို prompts ရေးသားနည်းများကို သုံးပြီး တိကျမှန်ကန်သည့် အဖြေကို ရယူခြင်း။ AI တွင် အသုံးပြုရသည့် Prompts methods များလေ့လာ အသုံးချခြင်း ၊ prompts ebook ပါရရှိပါမယ်။
▪️၈။ Google Form ကို Survey form၊Registration form၊ Feedback form ပြုလုပ်ခြင်း၊ စစ်တမ်းကောက်ခြင်း၊ စားသုံးသူသဘောထားကောက်ခြင်း၊ စာမေးပွဲစစ်ဆေးအမှတ်ပေးခြင်း။
▪️၉။ Google Calendar သုံးခြင်း ၊ အစည်းအဝေး၊ သင်တန်း ၊ အလုပ်ချိန်များသက်မှတ်ခြင်း၊ အသိပေးခြင်း။
▪️၁၀။ Google Map အသုံးပြုခြင်း၊ မိမိလိပ်စာ Map မှာထည့်ခြင်း၊ အကွားအဝေး၊ အကျယ်အဝန်း တိုင်းခြင်း၊ ခရီးလမ်း‌ကြောင်း ရှာခြင်း။
✅ ဒီကနေ့ ကွန်ပျူတာ၊ Internet နဲ့ Google Suite တွေကို Professsional ကျကျ ကျွမ်းကျွမ်းကျင်ကျင်စွာ တတ်‌မြောက်ဖို့ အချိန်နဲ့ ငွေကုန် သက်သာတဲ့ ယခု သင်တန်းကို ဆက်သွယ်ပါ။
🎯 Google app တစ်ခုချင်းအလိုက် Video Class တွင် self study ဖြင့် မိမိအားချိန်တွေမှာ သင်ယူနိုင်ပါတယ်။ သင်တန်းကြေး တစ်သောင်းခွဲ။ (၃) ခု အထက်ပူးတွဲ တက်ပါက လျော့ငွေ ရရှိပါမယ်။
🎯 Google Workspace (GSuite+AI) တစ်ခုလုံးကိုလည်း Online class + Video plus သင်ယူနိုင်ပါတယ်။ သင်တန်းကာလ တစ်လ၊ တပါတ် (၂) ရက် (GS+AI)သင်တန်းကြေး တစ်သိန်း ဖြင့် သင်နိုင်ပါတယ်။ video lessons ရော ebook pdf
ရော ရရှိပါမယ်။
Google တစ်ခုချင်းကိုလည်း သင်တန်းကြေး(၂၀၀၀၀)ကျပ်ဖြင့် Video class တက်နိုင်ပါတယ်။
🔹သင်တန်းကာလအတွင်းမှာ သင်ခန်းစာ eBook pdf ဖိုင် လည်း ရရှိပါမယ်။
ဘယ်သူတွေ မဖြစ်မနေတက်ဖို့လိုနေပြီလဲ
✅ NGOs, INGOs စသည့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ အစိုးရဌာနများမှာ အလုပ်၀င်လိုသူများ၊ လက်ရှိလုပ်ငန်းခွင်၀င်နေသူများ၊ လုပ်ငန်းပိုင်ရှင်များ၊ အရာရှိများလည်းလေ့လာသင်ယူနိုင်တဲ့ Professional Level Class ဖြစ်ပါတယ်။

🔷ဘယ်သူ သင်ပေးမှာလဲ
ဒီကနေ့ AI နည်းပညာနှင့် ဒီဂျစ်တယ်နည်းပညာများကို နိုင်ငံအနှံအပြားမှာ ဟောပြောပို့ချနေတဲ့ AIBI Myanmar နဲ့ AIStars Digital Solutions တို့ရဲ့ ပိုင်ရှင် ၊ AI Myanmar Society ရဲ့ founder ကိုယ်တိုင် သင်ကြားပေးပါမယ်။

🔷 ဘယ်လို သင်ရမလဲ
▪️သင်တန်းတစ်ခုလုံးတက်မည့်သူများကို Google Meet နဲ့ online သင်ကြားပေးမှာဖြစ်ပြီး video သင်ခန်းစာများ ebook သင်ခန်းစာစာအုပ် pdf ဖိုင်များ ၊ 𝗦𝗹𝗶𝗱𝗲𝘀 များ ပေးအပ်ပါမယ်။
▪️တစ်ခုချင်း တက်မည့်သူများက အပ်ပြီးချိန်မှ စ၍ မိမိအားချိန်တိုင်းတွင် telegram group/Facebook group တို့မှာ video သင်ခန်းစာများကို ကြည့်ရှု့လေ့လာနိုင်ပြီး သင်ခန်းစာစာအုပ် ebook pdf ဖိုင်လည်း ရရှိပါမယ်။

🔷Certificate ပေးမှာလား
သင်တန်းအောင်မြင်ပြီးဆုံးပါက လုပ်ငန်းအထောက်အကူပြု သင်တန်းဆင်းလက်မှတ် 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗲 ကိုပေးအပ် ချီးမြှင့်ပါမယ်။

🔷သင်တန်းကြေးဘယ်လိုသွင်းရမလဲ
𝗞𝗽𝗮𝘆 09422496600 U Maung Maung Oo
𝗞𝗽𝗮𝘆 09422515713 Daw Myst Myat Moe
တို့ကနေ သင်တန်းကြေးလွှဲပြီး သင်တန်း အပ်နိုင်ပါတယ်။ သင်တန်းကြေးလက်ခံရရှိပြီးတာနဲ့ သင်တန်း Group ထဲကို ထည့်သွင်းပေးပါမယ်။

🔷ဘယ်လိုအပ်ရမလဲ
AIBI Myanmar ၏ Page ကနေ
ဆက်သွယ်၍ စာရင်း‌ပေးနိုင်ပါတယ်(သို့) ဖုန်းနဲ့လည်း အပ်နှံနိုင်ပါတယ်။

🔷အသေးစိတ်သိရှိလိုပါက-
☎️ ဖုန်း - 09-422496600(Viber/Telegram)








Implementing AI solutions requires a strategic approach that aligns technology with business goals. Understanding the un...
05/04/2025

Implementing AI solutions requires a strategic approach that aligns technology with business goals. Understanding the unique challenges of your industry, whether it's manufacturing, commerce, trade, or services, is crucial for a successful AI adoption. Let's discuss best practices and successful case studies of AI in action to inspire your journey.

As we look to the future, the potential of AI in transforming businesses across various sectors cannot be overstated. Wi...
03/04/2025

As we look to the future, the potential of AI in transforming businesses across various sectors cannot be overstated. With continuous advancements in technology, organizations must adapt to leverage AI tools that enhance productivity and drive innovation. Stay ahead of the curve by exploring emerging AI trends that will shape the future of your industry.

The intersection of AI and marketing opens up a world of possibilities for businesses across manufacturing, commerce, an...
01/04/2025

The intersection of AI and marketing opens up a world of possibilities for businesses across manufacturing, commerce, and services. AI-driven marketing strategies enable targeted advertising, personalized content delivery, and better customer insights. Learn how incorporating AI into your marketing efforts can maximize ROI and create meaningful connections with your audience.

AI tools are proving to be invaluable assets for service-oriented businesses. Whether it's through automating customer i...
30/03/2025

AI tools are proving to be invaluable assets for service-oriented businesses. Whether it's through automating customer interactions or optimizing workflows, AI enhances service delivery while decreasing response times. Explore the synergy between AI and service excellence, and learn how your business can harness these technologies to remain competitive in a fast-paced market.

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959422496600

Website

Alerts

Be the first to know and let us send you an email when AIBI Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AIBI Myanmar:

Share