ငွေလမင်း တာယာဆိုင်
ငွေလမင်း တာယာဆိုင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ငွေလမင်း တာယာဆိုင်, Business service, Anawyahtar Road, Yangon.
265.70R19.5 Tyre New  #ငွေလမင်း #နောင်ချိုမြို့တောင်ရပ် ရပ်စောက်ကံကြီးလမ်းထောင့် 09750728250
27/10/2025
265.70R19.5 Tyre New
#ငွေလမင်း
#နောင်ချိုမြို့
တောင်ရပ် ရပ်စောက်ကံကြီးလမ်းထောင့်
09750728250
FortuneWestlakeLinglong ပစ်စည်းမှန်ဈေးနူန်းမှန် ဖြင့်ရောင်းချပေးနေပါတယ်ဗျဆက်သွယ်ရန်  09453675732
24/02/2025
Fortune
Westlake
Linglong
ပစ်စည်းမှန်ဈေးနူန်းမှန် ဖြင့်ရောင်းချပေးနေပါတယ်ဗျ
ဆက်သွယ်ရန် 09453675732
ကားမောင်းနေတဲ့သူတိုင်း သိသင့်တဲ့အကြောင်းခရီးဝေးမောင်းမှာလား? နေ့တိုင်းကားအသုံးပြုနေရသူလား?🚛🚚🚍ဒါဆိုရင် သင့်ကားတစ်ခုလုံးရဲ...
23/02/2025
ကားမောင်းနေတဲ့သူတိုင်း သိသင့်တဲ့အကြောင်း
ခရီးဝေးမောင်းမှာလား? နေ့တိုင်းကားအသုံးပြုနေရသူလား?🚛🚚🚍
ဒါဆိုရင် သင့်ကားတစ်ခုလုံးရဲ့ အလေးချိန်ကိုထမ်းထားရတဲ့ ကားတာယာကို အမြဲစစ်ဆေးပါ။
(1) လေပေါင်ချိန်ကို အမြဲစစ်ပါ - ကားတာယာ လေပေါင်ချိန်က တစ်လကို 1-2 psi လောက် လျော့လျော့သွားလေ့ ရှိပါတယ်။ တာယာလေဖြည့်တဲ့အခါတိုင်း လေပေါင်ချိန်ကို မပျက်မကွက် စစ်ဆေးပါ။
(2) တာယာတွေကို အလှည့်အပြောင်း ပြုလုပ်ပါ - မိုင် (၅၀၀၀) ကနေ (၇၀၀၀) လောက်အထိ မောင်းနှင်ပြီးချိန်မှာ တာယာတွေကို ရှေ့နောက် အလှည့်အပြောင်း ပြုလုပ်ပါ။ အသစ်မလဲလှယ်နိုင်သေးရင်တောင် ရှေ့တာယာတွေကို နောက်ပို့၊ နောက်တာယာတွေကို ရှေ့မှာတပ်ပြီး အလှည့်အပြောင်း ပြုလုပ်ပေးခြင်းအားဖြင့် တာယာတွေရဲ့ သတ်မှတ် အရည်အသွေးတွေကို အပြည့်အ၀ရရှိနိုင်ပါတယ်။
(3) ကိုယ်တိုင်လည်း စစ်ဆေးပါ - လမ်းမှာ ချိုင့်ခွက်ကြီးတစ်ခုခုပေါ် ဖြတ်မောင်းမိတာပဲဖြစ်ဖြစ်၊ သံသယဖြစ်ဖွယ် အတားအဆီး၊ အတုံးတစ်ခုခုပေါ် ဖြတ်မောင်းမိတာပဲ ဖြစ်ဖြစ် သင့်ကားတာယာ ထိခိုက်မှုရှိမရှိ ကိုယ်တိုင်ပြန်စစ်ဆေးကြည့်ပါ။👍
ကားအသုံးပြုနေရသူတိုင်း ကားကိုဂရုတစိုက် စစ်ဆေးပေးခြင်းက ရေရှည်မှာ မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ သက်သာစေမှာ ဖြစ်ပါတယ်။ ကားမောင်းပြီး ကားကိုဂရုစိုက်ဖို့ မေ့နေတဲ့ သင့်သူငယ်ချင်းတွေရှိရင်လည်း ဒီပို့စ်လေးမှာ မန်းရှင်းခေါ်ပြီး သတိပေးလိုက်ပါဦး🗣🗣
Myanmar -Easy Rider မှ ကူးယူဖော်ပြသည်
ယာဉ်မောင်းအားလုံးဘေးရန်ကင်းဝေးကြပါစေ။
2025 Date တာယာများရောက်ရှိ 09453675732Yangon
27/01/2025
2025 Date တာယာများရောက်ရှိ
09453675732
Yangon
'' နိုက်ထရိုဂျင် (Nitrogen) လေထိုးခြင်းရဲ့ ကောင်းကျိုးများ ''ယခုနောက်ပိုင်းမှာတော့ မိမိရဲ့ မော်တော်ယာဉ် တာယာများကို နိုက...
13/06/2019
'' နိုက်ထရိုဂျင် (Nitrogen) လေထိုးခြင်းရဲ့ ကောင်းကျိုးများ ''
ယခုနောက်ပိုင်းမှာတော့ မိမိရဲ့ မော်တော်ယာဉ် တာယာများကို နိုက်ထရိုဂျင်လေ ထိုးလာတာ သတိထားမိမှာပါ။ တစ်ချို့ကလည်း နိုက်ထရိုဂျင်လေနဲ့ ရိုးရိုးလေ ပေါင်းပြီး ထိုးတာတွေလည်း ရှိပါတယ်။ နိုက်ထရိုဂျင်လေထိုးခြင်းဖြင့် ဘယ်လို ကောင်းကျိုးတွေ ရှိသလဲဆိုတာ အနည်းငယ် ဖော်ပြပေးလိုက်ပါရစေ..😉
လေပေါင်ချိန် တည်ငြိမ်မှု ရှိခြင်း
====================
နိုက်ထရိုဂျင်လေကို မိမိတာယာမှာ အသုံးပြုခြင်းဖြင့် လေပေါင်ချိန် တည်ငြိမ်မှုကို ရရှိစေမှာ ဖြစ်ပါတယ်။ ရိုးရိုး လေထိုးခြင်းထက် နိုက်ထရိုဂျင်လေ ထိုးထားခြင်းက ပိုပြီး ကြာရှည်ခံနိုင်ပါတယ်။ မိမိတာယာမှာ နိုက်ထရိုဂျင် ထိုးထားခြင်းကြောင့် တာယာရဲ့ ရာဘာသားတွေကို ဖြတ်ထွက်ဖို့ ခဲယဉ်းပါတယ်။
ဆီစားနှုန်းသက်သာခြင်း
================
ယနေ့ခေတ် ဆီဈေးနှုန်း မြင့်တက်လာတာကြောင့် ဆီစားနှုန်းသက်သာတဲ့ နည်းလမ်းတွေကို ရှာဖွေရပါတယ်။ နည်းလမ်းတွေထဲမှာ မိမိတာယာကို နိုက်ထရိုဂျင်လေထိုးပြီး တစ်ဖက်တစ်လမ်းက ဆီစားနှုန်းကို လျော့ချနိုင်ပါတယ်။ နိုက်ထရိုဂျင်လေဟာ တာယာလေလျော့ဖို့ ခဲယဉ်းတဲ့အတွက် ဆီစားမှုနှုန်းကို ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်း အထိ သက်သာစေနိုင်ပါတယ်။
တာယာများ ကြာရှည်ခံခြင်း
=================
နိုက်ထရိုဂျင်လေကိုသာ အသုံးပြုတဲ့ တာယာများကတော့ အခြား ရိုးရိုးလေထိုးထားတဲ့ တာယာများထက် ပိုမို ကြာရှည်ခံနိုင်တာ တွေ့ရပါတယ်။ နိုက်ထရိုဂျင်လေဟာ ရိုးရိုးလေကဲ့သို့ ရေငွေ့များ မပါဝင်တဲ့အတွက်ကြောင့် တာယာဆွေးခြင်းနဲ့ Alloy များ ပျက်စီးခြင်းကို ကာကွယ် လျော့ကျပေးပါတယ်။
မီးလောင်ရန်ခက်ခဲခြင်း
===============
နိုက်ထရိုဂျင်လေကတော့ ရိုးရိုးလေလို မီးလောင် မလွယ်ပါဘူး။ ဘယ်လိုအခြေအနေမျိုးမှာလဲဆိုတော့ .. ဥပမာ- မော်တော်ယာဉ် မတော်တဆ ဖြစ်ပွားမှုတွေမှာ ရိုးရိုးလေထိုးထားတဲ့ တာယာများကတော့ မီးလောင်ရန်လွယ်ကူတာတွေ့ရပါတယ်။
နိုက်ထရိုဂျင်လေထိုးခြင်းဖြင့် အထက်ဖော်ပြပါ အကျိုးကျေးဇူးများကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။ သို့သော် သူ့မှာ အနည်းငယ် အားနည်းချက်ကလေးတွေ ရှိနေပါတယ်။ နိုက်ထရိုဂျင်လေက ကုန်ကျစရိတ်အနည်းငယ် များပြီး နေရာတိုင်းမှာ အလွယ်တကူ မရနိုင်တဲ့ အားနည်းချက် အနည်းငယ် ရှိပါတယ်။
ဘေးအန္တရာယ်ကင်းပြီး မိမိတာယာများကို ကြာရှည်အသုံးခံနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက နိုက်ထရိုဂျင်လေကို ထိုးတာ အကောင်းဆုံး ဖြစ်တယ်လို့ ကျွန်တော်တို့ Sonar (ဆိုနား)တာယာ မိသားစုက အကြံပြုလိုက်ပါရစေ ခင်ဗျာ..
09/02/2019
နောင်​ချိုမြို့နယ်​အတွင်း ​ကြော်​ငြာ လိုက်​ကပ်​ရင်း
27/11/2018
နောင်​ချိုမြို့နယ်​အတွင်း ​ကြော်​ငြာ လိုက်​ကပ်​ရင်း
"တာယာတစ်လုံးရဲ့ခံနိုင်ရည်အား(Ply Rating)"အခုတစ်ခါမှာတော့ တာယာတစ်လုံးရဲ့ခံနိုင်ရည်အား (Ply Rating) အကြောင်းရှင်းပြပါ့မယ်....
25/11/2018
"တာယာတစ်လုံးရဲ့ခံနိုင်ရည်အား(Ply Rating)"
အခုတစ်ခါမှာတော့ တာယာတစ်လုံးရဲ့ခံနိုင်ရည်အား
(Ply Rating) အကြောင်းရှင်းပြပါ့မယ်...
တာယာတစ်လုံးမှာ ခံနိုင်ရည်စွမ်းအား ဘယ်လောက်ရှိလဲ
ဆိုတဲ့သတ်မှတ်ချက်ရှိပါတယ်။ အဲဒီသတ်မှတ်ချက်က တာယာရဲ့တည်ဆောက်ပုံပေါ်မူတည်ပြီး ကွာခြားလေ့
ရှိပါတယ်။ ၎င်းခံနိုင်ရည်အားသတ်မှတ်ချက်ကို တာယာရဲ့
မျက်နှာပြင်မှာ 16PR , 18 PR (သို့မဟုတ်) 16Ply, 18Ply ဆိုပြီး ဖော်ပြထားပါတယ်....
"အတော်များများက အဲဒီသတ်မှတ်ချက်ကိုကြည့်ပြီး 16Ply ဆိုရင် ချည်(သို့)စတီး အလွှာ ၁၆ထပ် ပါတယ်၊ အထပ်ရေများရင် ပိုကောင်းတယ်ဆိုပြီး အမှတ်မှားနေကြပါတယ်....."
"ဒီသတ်မှတ်ချက်က အဲဒီလို အလွှာတွေ အထပ်လိုက်
ထပ်ထားတဲ့ အထပ်အရေအတွက်ကို ပြောတာမဟုတ်ပါဘူး။ တာယာရဲ့ခံနိုင်ရည်အားကို သတ်မှတ်ထားခြင်းသာ
ဖြစ်ပါတယ်။"
ယေဘူယျအားဖြင့် 18 Ply rating ရှိတဲ့တာယာက 16 Ply rating ရှိတဲ့ တာယာထက် ပိုပြီးခံနိုင်ရည်အား
ကောင်းပါတယ်။ Ply rating ဂဏန်းမြင့်လေ ခံနိုင်ရည်အား
ကောင်းလေလို့ အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။
အောက်ကပုံထဲမှာ တာယာပေါ်က Ply Rating
သတ်မှတ်ချက်တွေကို မြင်တွေ့နိုင်ပါတယ်.....။
Address
Anawyahtar Road
Yangon
BURMA
Telephone
09453675732
Website
Alerts
Be the first to know and let us send you an email when ငွေလမင်း တာယာဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share