25/08/2026
မင်္ဂလာပါရှင် ..
(မန္တလေးမြို့)
📌Marketing အပိုင်းကိုမှလေ့လာချင်သူများအတွက် Marketing Management သင်တန်းကို အောက်တိုဘာလမှာ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်..
📌သင်တန်းတက်ရောက်သူများကိုလက်တွေ့ကျသော စျေးကွက်ရှာဖွေရေးနည်းလမ်းများနှင့် စျေးကွက်ရှာဖွေရေး လုပ်ငန်းဆောင်ရွက်မှုစီမံခန့်ခွဲခြင်းတို့ကို သင်ယူနိုင်မှာဖြစ်သလို တစ်ဦးစီရဲ့ မိမိတို့ကိုယ်ပိုင် လုပ်ငန်း၊ ကုမ္ပဏီအတွက် လက်တွေ့ကျသော Marketing Plan Framework နှင့် မိတ်ဆက်တင်ပြချက် (pitch story) ကို ရေးဆွဲနိုင်ရန်ရည်ရွယ်ပို့ချပေးသွားမည်ဖြစ်ပါတယ်..
📌သင်ကြားပေးမယ့် ဆရာကတော့ ဂျပန်လူမျိုးဆရာကြီး Mr. Masakazu HIRAKAWA မှ သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး ဆရာကြီးကိုယ်တိုင်လည်း Marketing ပိုင်းမှာ အတွေ့အကြုံများစွာရှိတဲ့အပြင် လက်ရှိမှာလည်း M’s Consulting Inc. ကုမ္ပဏီကိုဦးဆောင်ကာ Global Companies များစွာမှာ Business Strategy and Marketing အပိုင်းတွေကိုလည်း အကြံပေးအဖြစ်ဆောင်ရွက်လျှက် ရှိပါတယ်..
📌ဆရာကြီးကလည်း သင်ကြားပို့ချချက်များနဲ့ Group Discussion များမှတစ်ဆင့် လမ်းညွှန်ပေးသွားမည်ဖြစ်ပြီး စျေးကွက်ချဲ့ထွင်မှု မဟာဗျူဟာနှင့် ခိုင်မာသော Marketing Plan ရေးဆွဲနိုင်မည့် Framework ကိုသင်ယူနိုင်မည်ဖြစ်သည်။ ကုမ္ပဏီများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် အခက်အခဲများကို မည်သို့ ကျော်လွှားရမည်ဆိုတာကို Case Study ပုံစံအမျိုးမျိုးဖြင့် သင်ကြားပေးသွားမည်ဖြစ်ပါတယ်..
📌သင်တန်းသားအနေနဲ့လည်း မိမိတို့ စတင်ရန် စဉ်းစားနေသော သို့မဟုတ် လက်ရှိလုပ်ကိုင်နေသော လုပ်ငန်းအတွက် တကယ့် “customer-centric” marketing framework ကိုပါသင်ယူရရှိနိုင်မှာဖြစ်ပါတယ် ရှင်..
📌Target participant ကတော့ Business Owners, Member of Management Team, Sale & Marketing ပိုင်းမှာ လုပ်ကိုင်နေသူများနဲ့ Marketing ကို စိတ်ပါဝင်စားသူအားလုံးတက်ရောက်နိုင်ပါတယ်ရှင်.
📢သင်တန်းကို အောက်ပါအစီအစဉ် အတိုင်းဖွင့်လှစ်မှာ ဖြစ်ပြီး လူဦးရေ ကန့်သတ်ထားလို့ အမြန် စာရင်းပေးအပ်နှံ ထားမှတော့ စိတ်ချရမယ်နော်..
သင်တန်းအစီအစဉ်
🗓️သင်တန်းဖွင့်လှစ်မည့် ရက် - ၈ ရက်၊ ၉ ရက်၊ ၁၀ရက်၊ ၁၁ရက် အောက်တိုဘာလ ၂၀၂၆ခုနစ်။ (ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေ)
🕒သင်တန်းဖွင့်လှစ်မည့် အချိန် - နံနက် ၉နာရီမှ ညနေ ၄နာရီထိ။
📍သင်တန်းဖွင့်လှစ်မည့် နေရာ - မြန်မာ- ဂျပန်စင်တာ (မန္တလေး)။
သင်တန်းစာရင်းသွင်းရန်
https://forms.gle/kDhpfbLGJzKEyw4j9