31/01/2018
ပဲမျိုးစုံတွင်ကျရောက်သောဖားဥမှိုရောဂါ
ရောဂါအမည် - Powdery Mildew
ရောဂါဖြစ်စေသက်ရှိ - Erysiphe polygoni
ရောဂါလက္ခဏာ
အပင်၏မြေပေါ်အစိတ်အပိုင်းအားလုံးတွင် ကျရောက်နိုင်သည်။ ၁၀ မီလီမီတာအချင်းခန့်ရှိ ရောင် မညီကွက်ပြောက် များကို အရွက်ရင့်များစတင် မျက်နှာတွင်တွေ့ရှိရသည်။ ထိုအကွက်များသည် နောက်ပိုင်း၌ သေးငယ်သော အဖြူရောင်အကွက်များဖြစ်လာပြီး အဖြူကွက်များ ပေါင်းစပ်သွားသောအခါ အရွက်မျက်နှာပြင် တခုလုံးအပေါ်၌ ပေါင်ဒါမှုန့်များ ပက်ဖြူးထားသည့်အသွင်မျိုးတွေ့ရသည်။ ရောဂါပြင်းထန်ပါက အရွက်တစ်ခု လုံးသာမက အပင်ကိုပါ ပေါင်ဒါမှုန့်များ ဖြူးထားသကဲ့သို့ဖြစ်ပြီး အရွက်များပုံမှန်မဖြစ်ပါက ၀ါဖျော့လာသည်။ အကိုင်းနှင့်အသီးတောင့်များသည်လည်း ရောဂါတိုင်ခိုက်ခြင်း ခံရပြီး အတောင့်များမှာ သေးကွေးကြုံလှီပြီး ပုံပျက်လာကာ တွန့်၍ခြောက်သွားသည်။
ရောဂါသံသရာ
အေး၍ခြောက်သွေ့သော ရာသီဥတုသည် ဖားဥမှိုရောဂါကျရောက်မှုကို အားပေးသည် ဖားဥမှိုရောဂါ ကျရောက်မှုကို အားပေးသည်။ မှို၏ စပိုးများသည် လေဖြင့်ပျံ့လွင့်၍ ရောဂါကူးစက်ပြီး အပင်၏ကြီးထွားမှု အဆင့်တိုင်းတွင် ရောဂါဖြစ်စေနိုင်သည်။ ရောဂါဖြစ်စေမှိုသည် ရောဂါရအစေ့များနှင့် သီးနှံပင်အကြွင်းကျန်များ တွင်လည်းကောင်း ၊ မြေကြီးထဲတွင်လည်းကောင်း ခိုအောင်းရှင်သန်ပြီး လေ၊မိုးရေ၊ အင်းဆက်များမှတစ်ဆင့် တစ်ပင်မှ တစ်ပင်၊ တစ်ခင်းမှ တစ်ခင်းသို့ရောဂါ ကူးစက်ပျံ့နှံ့သည်။
ကာကွယ်နှိမ်နင်းနည်းများ
(၁) ဒေသအလိုက် ခံနိုင်ရည်ရှိသော မျိုးကို သုံးပါ။
(၂) ပဲမျိုးနွယ်ဝင်မဟုတ်သော သီးနှံများဖြင့် အလှည့်ကျစိုက်ပါ။
(၃) မှိုသတ်ဆေးများ (ဥပမာ - ဘီနိုမိုင်း) ဖြင့် ထိရောက်စွာ ကာကွယ်နှိမ်နင်းပါ။
(၄) မှိုသတ်ဆေးများ (ဥပမာ - Benomyl, Proplconazole, Tebuconazole, Carbendazim, Thlophante methyl, Chlorothalonil, Hexaconazole များဖြင့် ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။
ပဲမျိုးစုံတွင်ကျရောက်သော သံချေးရောဂါ
ရောဂါအမည် - Rust
ရောဂါဖြစ်သက်ရှိ - Uromyces appendiculatus
ရောဂါလက္ခဏာ
သံချေးရောဂါ၏ ယေဘုယျလက္ခဏာမှာ အရွက်နှင့်အသီးတောင့်များအပေါ်တွင် နီညိုရောင်၊ အ၀ိုင်းပုံအဖုငယ်များသည် အရွယ်အစားအားဖြင့် ပင်အပ်ခေါင်းအရွယ်မှ အချင်း (၁-၂) မီလီမီတာအထိ (သို့) အနည်းငယ်ပို၍ ကြီးနိုင်သည်။ ရောဂါ ၀င်ရောက်ပြီး (၅-၆) ရက်အကြာတွင် တွေ့ရသော ကနဦးလက္ခဏာမှာ အနည်းငယ်မို့မောက်သော အဖြူရောင်အဖုငယ်များ ဖြစ်သည်။ (၇-၉) ရက် အကြာတွင်မှု ၄င်းအဖုငယ်များပေါ် ထွက်လာပြီး နီညိုရောင် ယူရီဒီယိုစပိုးများ စတင်ထုတ်သည်။ ရက်သတ္တပတ် အနည်းငယ် အကြာတွင် ယူရီဒီးယိုးစပိုး ထုတ်လုပ်မှုရပ်သွားပြီး အနက်ရောင် တီလီယိုစပိုးများ ထွက်သည်။ ရောဂါပြင်းထန်လွန်းပါက ရောဂါရအရွက် တစ်သျှူးများသေကုန်ပြီး စိမ်းဝါရောင်ဖျော့ရောင်မှ အ၀ါရောင်သို့ပြောင်းကာ တစ်ရွက်လုံး ခြောက်သေသွားသည်။
ရောဂါသံသရာ
ပဲမျိုးစုံ သံချေရောဂါဖြစ်စေသောမှို၏ မျိုးကွဲပေါင်းမှာ (၂၅၀) ခန့်ရှိသည်။ ၄င်းသည် မျိုးစေ့ဆောင် ရောဂါမဟုတ်ပေ။ မှို၏စပိုးများသည် လယ်ယာသုံးကရိယာများ၊ အင်းဆက်နှင့် တိရစ္ဆာန်များတွင် တွယ်ကပ်ပါသွားခြင်း တစ်ခင်းမှတစ်ခင်းသို့ ကူးစက်နိုင်သည်။ အရပ်ဒေသတစ်ခုမှ အခြားအရပ်ဒေသ တစ်ခုသို့ လေမှ တစ်ဆင့် ကူးစက်နိုင်သည်။ ရောဂါတိုးတက်မှုသည် ပတ်ဝန်းကျင်အပူချိန်နှင့် အပင်၏ မျက်နှာပြင် အစိုဓာတ်တို့အပေါ်တွင်မှုတည်သည်။ အပူချိန်(၂၈) ဒီဂရီစင်တီဂရိတ်အထက်တွင် ကြာရှည်စွာ တည်ရှိနေပါက ရောဂါဖြစ်စေမှိုကို သေစေနိုင်သည်။
(၁) ဒေသအလိုက်ခံနိုင်ရည်ရှိသော မျိုးကိုသုံးပါ။
(၂) ရောဂါလက္ခဏာ စတွေ့သည်နှင့် ဒက်ကိုနေးလ် မှိုသတ်ဆေး (သို့) ကာဗာမိတ်အုပ်စုဝင် မှိုသတ်ဆေးများဖြင့် (၇ - ၁၀) ရက်ခြား တစ်ကြိမ် ပက်ဖျန်းပါ။
(၃) ပဲမျိုးရင်းဝင်မဟုတ်သော သီးနှံအလှည့်ကျစိုက်ပါ။
(၄) ရောဂါပင်ကြွင်း ပင်ကျန်များကို စုပုံမီးရှို့ပါ။
(၅) ရောဂါဖြစ်စေမှို ကြီးထွားတိုးတက်မှုကို ဖြစ်စေသော ပတ်ဝန်းကျင်မခြေအနေ (အထူးသဖြင့် အပှုချိန်နှင့် အစိုဓာတ်ရရှိသည့်ကာလ) ကို ရှောင်ကြည်နိုင်ရန် စိုက်ချိန်ကို ချိန်ဆစိုက်ပျိုးပါ။
(၆) မှိုသတ်ဆေး (ဥပမာ - Azoxystrobin, Benomyl, Propiconazole, Tebuconazole, Thlophante methyl, Chlorothalonil, Hexaconazole များဖြင့် ထိရောက်စွာ ကာကွယ်နှိမ်နင်းနီုင်ပါသည်။