Yar Pyae Printing Services

Yar Pyae Printing Services "ရာပြည့်" မိတ္တူ၊ ကွန်ပျူတာစာစီ၊ ဖိတ်စာ၊ ယပ်တောင်လုပ်ငန်း နှင့် ခရီးသွားကားလက်မှတ်အရောင်းဌာန

မေတ္တာသုတ် အဓိဋ္ဌာန်  🙏🙏🙏~~~~~~~~~~~~~~ဘာသာရေးအလုပ်၊ ဘုရားတရားအလုပ်လုပ်တယ်ဆိုတာ ကိုယ်စိတ်နှလုံးအေးချမ်းချင်လို့ စိတ်ပူပင...
21/08/2024

မေတ္တာသုတ် အဓိဋ္ဌာန် 🙏🙏🙏
~~~~~~~~~~~~~~

ဘာသာရေးအလုပ်၊ ဘုရားတရားအလုပ်လုပ်တယ်ဆိုတာ ကိုယ်စိတ်နှလုံးအေးချမ်းချင်လို့ စိတ်ပူပင်မှုတွေလျော့ပါးပြီး ကိလေသာအပူတွေငြှိမ်းသတ်ချင်လို့မဟုတ်ပါလား...
ဒီတော့ ဘုရားရှိခိုး၊ တရားထိုင်၊ အဓိဌာန်ဝင်တဲ့အလုပ်တွေလုပ်တဲ့အခါ ဒီအလုပ်တွေက မိမိတို့အတွက် ဝန်ပိစေတာမျိုးမဖြစ်သင့်ပါဘူး။

ဒါကြောင့် မိမိအတွက် ခက်ခဲတယ်လို့ထင်ရတဲ့အဓိဌာန်တွေ၊ ဂါထာရွတ်ဖတ်ပူဇော်တာတွေမလုပ်နိုင်ရင်မလုပ်ဘဲ ရွတ်ဖတ်ရတာလည်းလွယ်ကူပြီး အလုပ်လုပ်ရင်း၊ လမ်းသွားရင်း၊ ကားစီးရင်းလည်းမေတ္တာပွားများနေနိုင်မယ့် မေတ္တာသုတ်ကိုရွတ်ကြဖို့ တိုက်တွန်း ချင်ပါတယ်။🙏🙏🙏

အဲဒီထက်ပိုပြီး ကိုယ်ကလုပ်နိုင်တယ်၊ အချိန်လည်းပေးနိုင်တယ်ဆိုရင်တော့ မေတ္တာသုတ် အဓိဌာန်ဝင်လို့ရပါတယ်။ မခက်ခဲသလို နေ့စဉ်လူမှုဘဝမှာသိသာတဲ့ကောင်းကျိုးချမ်းသာ တွေလည်းရရှိခံစားရစေလို့ ဓမ္မမိတ်ဆွေများအတွက် မေတ္တာသုတ်အဓိဌာန်ဝင်နည်းလေး မျှဝေပေးလိုက်ပါတယ်။

🌷🌷မနက်စောစောထ၍ ကိုယ်လက်သန့်စင်ပြီး မြတ်စွာဘုရားရှေ့တော်မှောက်မှာ ငါးပါးသီလခံယူပါ။

အဆင့်(၁) - မေတ္တာသုတ် (၉)ခေါက်ဖြင့် ကိုးရက်တိတိ မပျက်မကွက်ရွတ်ဖတ်ပါ။
အဆင့်(၂) - မေတ္တာသုတ် (၁၈)ခေါက်ဖြင့် ကိုးရက်တိတိ မပျက်မကွက်ရွတ်ဖတ်ပါ။
အဆင့်(၃) - မေတ္တာသုတ် (၂၇)ခေါက်ဖြင့် ကိုးရက်တိတိ မပျက်မကွက်ရွတ်ဖတ်ပါ။
အဆင့်(၄) - မေတ္တာသုတ် (၃၆)ခေါက်ဖြင့် ကိုးရက်တိတိ မပျက်မကွက်ရွတ်ဖတ်ပါ။
အဆင့်(၅) - မေတ္တာသုတ် (၄၅)ခေါက်ဖြင့် ကိုးရက်တိတိ မပျက်မကွက်ရွတ်ဖတ်ပါ။
အဆင့်(၆) - မေတ္တာသုတ် (၅၄)ခေါက်ဖြင့် ကိုးရက်တိတိ မပျက်မကွက်ရွတ်ဖတ်ပါ။
အဆင့်(၇) - မေတ္တာသုတ် (၆၃)ခေါက်ဖြင့် ကိုးရက်တိတိ မပျက်မကွက်ရွတ်ဖတ်ပါ။
အဆင့်(၈) - မေတ္တာသုတ် (၇၂)ခေါက်ဖြင့် ကိုးရက်တိတိ မပျက်မကွက်ရွတ်ဖတ်ပါ။
အဆင့်(၉) - မေတ္တာသုတ် (၈၁)ခေါက်ဖြင့် ကိုးရက်တိတိ မပျက်မကွက်ရွတ်ဖတ်ပါ။
အဆင့်(၁၀) - မေတ္တာသုတ်(၉၀)ခေါက်ဖြင့် ကိုးရက်တိတိ မပျက်မကွက်ရွတ်ဖတ်ပါ။
အဆင့်(၁၁) - မေတ္တာသုတ် (၉၉)ခေါက်ဖြင့် ကိုးရက်တိတိ မပျက်မကွက်ရွတ်ဖတ်ပါ။
အဆင့်(၁၂) - မေတ္တာသုတ် (၁၀၈)ခေါက်ဖြင့် ကိုးရက်တိတိ မပျက်မကွက်ရွတ်ဖတ်ပါ။
နေ့စဉ် အဓိဋ္ဌာန်အောင်မြင်ပြီးမြောက်သွားတိုင်း မိမိပြုသမျှကောင်းမှုကုသိုလ်အတွက် မေတ္တာပို့အမျှဝေပေးပါ။
မေတ္တာပို့သည့်အခါ ... ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ ရုက္ခစိုးနတ်၊ ဘုမ္မစိုးနတ် အာကာသစိုးနတ် သာသနာတော်စောင့်နတ်များကို

“ကိုယ်စောင့်နတ် ကျောင်းစောင့်နတ် အိမ်စောင့်နတ်
ရုက္ခစိုး ဘုမ္မစိုး အာကာသစိုးနတ်မင်းနှင့်တကွ သာသနာ
တော်စောင့် နတ်မင်းအပေါင်းတို့သည် ...
ဘေးရန်ကင်း၍ ချမ်းသာကြပါစေ။
ကြောင့်ကြကင်း၍ ဝမ်းသာကြပါစေ။
လိုတိုင်းရ၍ တ တိုင်းပြည့်နိုင်ကြပါစေ။” ဟုမေတ္တာပို့နိုင်ပါတယ်။
ထို့နောက် ဥစ္စာစောင့်များနှင့် ပြိတ္တာများကို လည်းကောင်း၊ ကျေးဇူးရှင် မိဘများ ကျေးဇူးရှိဖူးသော ပုဂ္ဂိုလ်များကိုလည်း၊ ဇနီး၊ခင်ပွန်း (ကွယ်လွန်သွားသော ဇနီး/ခင်ပွန်းနှင့် ဘိုးဘွားဆွေတော်မျိုးတော်များစသဖြင့်) အစဉ်အတိုင်း မေတ္တာပို့ရမည်။ အဆိုပါ ပုဂ္ဂိုလ်တို့အား အာရုံထဲပေါ်လာတဲ့အထိ စူးစိုက်၍ အောက်ပါနည်းဖြင့် မေတ္တာပို့နိုင်ပါသည်။

ဒီလိုအစဉ်လိုက်မေတ္တာပို့ပြီးလျှင် ဝေနေယျသတ္တဝါအားလုံးတို့ကို ထို့နေ့ပြုသမျှကုသိုလ်အဖို့ဘာဂကိုအမျှပေးဝေပေးပါ။ အမျှဝေပြီးလျှင် မိမိတို့လိုရာဆုတောင်းနိုင်ပါတယ်။ အဓိဌာန်ကာလအတွင်း မိမိအောင်မြင်ပြည့်ဝလိုသော တစ်မျိုးတည်းသောဆုကိုသာတောင်းရမည်ဖြစ်သည်။
ခုနစ်ရက်သားသမီးပေါင်း တရားဓမ္မမှာသာယာ၍ သာသနာအကျိုး ဆတိုးထမ်းရွက်နိုင်ကြပါစေ။
နိဗ္ဗာန်‌ရောက်၍ ဗိမာန်ပေါက်ကြပါစေ။
သာဓု သာဓု သာဓု
🙏🙏🙏🙏🙏

မေတ္တာဖြင့်....
ချိုမွှေး

10/03/2024
08/12/2023
FYI
29/10/2022

FYI

⭐️ဝန်ထမ်း အလိုရှိသည် 🌟

Bus Crew ( ယာဉ်မယ် )

1. အသက် (20) မှ (25)နှစ်ကြား

2.ဘွဲ့ရ (သို့) ဆယ်တန်းအောင်

3.အရပ် 5ပေ 3လက်မ(အနည်းဆုံး)

4.ရုပ်ရည် အသင့်အတင့် ရှိရမည်
(ဆက်ဆံရေး ကောင်းမွန်ရမည်)

5.အိမ်ထောင်မရှိသူ(အပျို ဖြစ်ရမည်)

6.နေရာဒေသမရွေး ခရီးသွားနိုင်သူဖြစ်ရမည်

‼️အတွေ့အကြုံရှိသူ ဦးစားပေးမည်
အခြေခံလစာ -250,000 +++


CV ဖောင် နှင့်တကွ မှတ်ပုံတင်မိတ္ထူ၊
သန်းခေါင်စာရင်းမိတ္ထူ ၊
ပညာရေး ထောက်ခံစာမိတ္ထူ တို့ဖြင့် { 31.10.2022} နောက်ဆုံးထား၍ နီးစပ်ရာ
မြတ်မန္တလာထွန်းဂိတ်ကြီးတိုင်းတွင်
ပေးပို့လျှောက်ထားနိုင်ပါပြီ ။

အသေးစိတ် သိရှိလိုပါက
☎️09-2031412
☎️09-2031413
☎️09-262844421 ဆက်သွယ်မေးမြန်းနိုင်ပါသည်

(Viber / Messenger မှ မေးမြန်းခြင်း သီးခံပါ )

FYI
22/09/2022

FYI

13/09/2022

FYI

အရမ်း အရမ်း တန်လွန်း  🥰
26/08/2022

အရမ်း အရမ်း တန်လွန်း 🥰

အရမ်း တန်လွန်းလို့ wowww ဖြစ်သွားစေရမယ်.. 😱😱
2 ယောက်လုံးကိုမှ 😍 ၁ သိန်း ၁ သောင်း 😍
🎈🎈 Every Friday - TGIF 🎈🎈

😪 Stress တွေကြောင့်မွန်းကျပ်နေပြီ.. ခရီးသွားချင်ပေမယ့်
🤔 မိုးတွင်းမို့ ဘယ်သွားရမလဲ မသိ..
💸 ပိုက်ပိုက်ကိုလည်း အများကြီးမသုံးချင်..

ဒါဆိုရင်တော့.. မိုးတွင်းမှာမှ သွားလို့ အကောင်းဆုံးနေရာလေးတစ်ခုဖြစ်တဲ့ 🌉 ပုဂံမြို့လေးကို မေ့ထားလို့မရဘူးလေ.. ဟုတ်တယ်ဟုတ်.. 😉

🙏🙏 ရှေးဟောင်းတန်ခိုးကြီးစေတီပုထိုးဘုရားများကိုဖူးမျှော်ရင်း အညာမြေဒေသရဲ့ လှပတဲ့သဘာဝရူခင်းများစွာနဲ့အမှတ်တရဓာတ်ပုံလှလှလေးတွေဖန်တီးနိုင်မယ်..

🚴‍♀️🚴‍♂️ E bike လေးစီးပြီးပုဂံအနှံ့လျှောက်လည်ချင်တဲ့ အရသာလေးကို ခံစားချင်တဲ့အညာမြေချစ်သူလေးတွေဆိုရင် ဒီ Package လေးက အရမ်းအရမ်း Wow ဖြစ်သွားစေမှာ အမှန်ပဲဗျို့...

🎊🎊 Wow Wow Special package 🎊🎊 မှာ ပါဝင်မယ့် facilities တွေကတော့..

🚌 Famous အသွားအပြန်ကားလက်မှတ် (၂ ဦးစာ)
✌ Famous Hotelရှေ့အ​​ရောက်အကြိုအပို့
🏠 Famous Hotel (Deluxe)(၂ယောက်ခန်း)
🥪 Breakfast
❤️ WiFi
🏊‍♀️ swimming pool free
🏋 Gym free

ဒါ့အပြင် လျှောက်လည်လို့ အသားရေပျက်စီးမှာလည်းမပူရအောင် Spa (with 💸) လေးလည်းရှိပါတယ်နော် ....

🤗🤗 ဆိုတော့... အရမ်းတန်တဲ့ Wow Wow Special Package လေးမို့လို့ လက်မလွှတ်လိုက်ရလေအောင် အမြန်ဆုံး ဖုန်းဆက်ပြီး ဝယ်ယူလိုက်ပါစို့...

အသေးစိတ်သိရှိလိုပါက
☎ 09777222253, 09777222256, 09777222258, 09777222259 (ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်)

ဒါ့အပြင် အောက်ဖော်ပြပါ နီးစပ်ရာ Travel & Tour Agency များတွင်လည်း ဝယ်ယူအားပေးနိုင်ပါပြီ..

✅ Green Myanmar Travel & Tour
No. 391 Waizayantar Road, Za/South Quarter, Thingangyun Township, Yangon, Myanmar.
☎ 09420077655

✅ SMT Travels
အမှတ် - 197 (မြေညီထပ်)၊13ရပ်ကွက်,မဂ်လာလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
🚘လမ်းညွှန် ➳ ရတနာလမ်း မှ လာရင် ဂိတ်ဟောင်း မှတ်တိုင် - Puma ဆီဆိုင် ဘေး မှ ၀င်ပါ
မေတ္တာလမ်း မှ လာရင် ဆေးရုံရှေ့မှတ်တိုင်
☎ 09-785555637, 09-43155637

✅ Yolo Travel 4U
အမှတ် ၂၆၊ ပထမထပ်၊ ၅ လမ်းအောက်ဘ​လောက်၊ ဗိုလ်တစ်ထောင်မြို့။
☎ 09-897897922, 09-897897933, 09-897897955, 09-895070065

✅ ကြယ်နန်းတော် Travel & Tour
အမှတ် ၆၃၊ သမ္မာဒိဌိလမ်း၊ မြေညီထပ်၊ မလွှကုန်းဌေးကြွယ် (က) ရပ်ကွက်၊ တာမွေ။
☎ 09-404053100

✅ Golden Dragon Travel & Tour
အမှတ် ၂၀၇၊ ပထမထပ်၊ ကျိုက္ကစံလမ်း၊ တာမွေ။
☎ 09-456456530, 540

✅ Oway Travel & Tour
No.7/2,Mahasi Thathana Yeiktha Street, Bahan Township,Yangon.
☎ 01-9552211

✅ Cherry Han Travel & Transport
No. 1203 , Ground Floor, Myin Taw Thar Road, Thaketa Township
☎ 09-444476630, 09-777901499

✅ Virgin Land Travel & Tour
601, Tosta Plaza, လေးထောင့်ကန်လမ်းမကြီး၊ ဇဝနလမ်းဆုံ၊ သကင်္န်းကျွန်းမြို့နယ်။
☎ 09-421983776, 09-420380385

26/08/2022

FYI :

FYI
06/08/2022

FYI

စိန်ခေါ်မှုတွေကို ကြိုက်တဲ့ ၊ တိုးတက်မှုကို လိုလားတဲ့ လုပ်ငန်းခွင်မှာ အတွေ့အကြုံရယူရင်း လေ့လာသင်ယူချင်စိတ်ပြင်းပျတဲ့ ညီအစ်ကို မောင်နှမများကို ကျနော်တို့ ZARNI Electronics Co., Ltd မှ ဖိတ်ခေါ်အပ်ပါသည်။

ရန်ကုန် နှင့် မန္တလေးမြို့များမှာ ရှိတဲ့ ZARNI Electronics Co., Ltd ရုံးများတွင် တာဝန်ထမ်းဆောင်နိုင်ရန် အောက်ပါ Positions တွေကို လျှောက်ထားနိုင်ပါပြီခင်ဗျာ။

1. Pre-Sales Engineer – 6 Posts (Yangon – 3 Posts, Mandalay – 3 Posts)

IT and Networking Products နှင့် နည်းပညာပစ္စည်းများ ဖြန့်ချီရေးလုပ်ငန်းပိုင်းတွင် လုပ်ကိုင်ရမှာဖြစ်ပြီး မိမိတို့ ကုမ္ပဏီ၏ ဖောက်သည်ကြီးများ၊ စီးပွားမိတ်ဖက်များကို ဖြန့်ဖြူးရောင်းချနေသော ပစ္စည်းများနှင့် သက်ဆိုင်သည့် ဗဟုသုတများ၊ အသုံးပြုပုံများကို အွန်လိုင်းမှဖြစ်စေ, လူကိုယ်တိုင်ဖြစ်စေ ရှင်းလင်းပြသပေးရပါမည်။
ဝယ်သူ သိရှိလိုသည့် ပစ္စည်းများ၏ နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များ၊ အသုံးပြုပုံများကို အရောင်းအဖွဲ့များနှင့် ပူးပေါင်းကာ ကူညီဆောင်ရွက်နိုင်ရပါမည်။
တပ်ဆင်အသုံးပြုနေသော ပစ္စည်းများတွင် ဖြစ်ပေါ်လာသော အခက်အခဲများကိုလည်း ကူညီဖြေရှင်းပေးခြင်းများပြုလုပ်ပေးရပါမည်။
တာဝန်ထမ်းဆောင်မယ့် ညီအစ်ကို မောင်နှမများအတွက် သင်တန်းများ စီစဉ်ပေးမှာ ဖြစ်လို့ အခက်အခဲမရှိ တာဝန်ထမ်းဆောင်နိုင်အောင် ပံ့ပိုးပေးမှာဖြစ်ပါတယ်ဗျာ။
လုပ်ဖော်ကိုင်ဖက်များကိုလည်း ပြန်လည်မျှဝေသင်ကြားပြသပေးမှုများ ပြုလုပ်ပေးရပါမည်။

လိုအပ်မယ့် ကျွမ်းကျင်မှုတွေကတော့

IT Networking နဲ့ ပတ်သတ်တဲ့ အခြေခံ ရှိရပါမည်။
စကားပြောကောင်းပြီး Presentation Skill ကောင်းဖို့ လိုအပ်ပါမယ်နော်။
English 4 Skills (Reading, Writing, Listening and Speaking) ကောင်းဖို့ လိုအပ်ပါမယ်။
အသေးစိတ်ကို စနစ်တကျ စီစဉ်နိုင်တဲ့သူလေးတွေ လိုချင်ပါတယ်ဗျာ။
Microsoft Windows နဲ့ Microsoft Office ကိုတော့ ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ရပါမယ်။

ပညာအရည်အချင်းအနေနဲ့

နည်းပညာတက္ကသိုလ်တစ်ခုခုကနေ ဘွဲ့ရဖို့ လိုပါမယ်။
ကွန်ပျူတာနည်းပညာ ဘွဲ့ရဆို ပိုမိုသင့်လျော်ပါတယ်ဗျာ။
အတွေ့အကြုံမရှိသေးသူများလည်း လျှောက်လို့ရပါတယ်။
Networking နဲ့ ပတ်သတ်တဲ့ CCNA/MTCNA Certificates ရှိသူများအတွက် အခွင့်အလမ်း ပိုများပါမယ်ဗျာ။
ကျန်းမာရေးကောင်မွန်ပြီး ကွန်ပျူတာ စားပွဲရှေ့မှာ အချိန်ကြာကြာ လုပ်ကိုင်ဆောင်ရွက်နိုင်သူ ဖြစ်ရပါမည်။

2. Sales Engineer – 4 Posts (Yangon – 2 Posts, Mandalay – 2 Posts)

IT and Networking Products နှင့် နည်းပညာပစ္စည်းများ ဖြန့်ချီရေးလုပ်ငန်းပိုင်းတွင် လုပ်ကိုင်ရမှာဖြစ်ပြီး မိမိတို့ ကုမ္ပဏီမှ ဖြန့်ဖြူးရောင်းချမည့် ပစ္စည်းများအား ဝယ်ယူနေသည့် / ဝယ်ယူရန်အလားအလာရှိသည့် ဖောက်သည်ကြီးများ၊ စီးပွားမိတ်ဖက်များနဲ့ ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ထားရှိပြီး တိုးတက်အောင်ဆောက်ရွက်နိုင်သူဖြစ်ရပါမည်။
အလားအလာရှိသည့် စီးပွားမိတ်ဖက်များကိုလည်း နည်းလည်းမျိုးစုံဖြင့် ရှာဖွေမှတ်တမ်းပြုစုနိုင်သူဖြစ်ရပါမည်။
စီးပွားမိတ်ဖက်များမှ မေးမြန်လာသော ပစ္စည်းများ၏ နည်းပညာအချက်အလက်များ၊ အသုံးပြုများနှင့် အသုံးဝင်ပုံများကို ဖြေကြားပေးနိုင်သူဖြစ်ရပါမည်။
ရောင်းချခြင်းနှင့်သက်ဆိုင်သည့် ဈေးနှုန်းအဆိုပြုလွှာ၊ အရောင်းမှတ်တမ်း၊ ကုန်ပို့လွှာ စသည်များကို ပြုစုတင်ပြနိုင်သူဖြစ်ရပါမည်။
အဖွဲ့အစည်းဖြင့် လုပ်ဆောင်နိုင်သူ ဖြစ်ရပါမည်။
အရောင်းနှင့် သက်ဆိုင်သော အစီအရင်ခံစာများကိုလည်း အချိန်မှီ ပြုစုတင်ပြနိုင်သူဖြစ်ရပါမည်။
စီးပွားမိတ်ဖက်များ၏ အရောင်းဆိုင်ရာ လိုအပ်ချက်များကို ပံ့ပိုးကူညီပေးနိုင်သူ ဖြစ်ရပါမည်။
ပေးအပ်လာသော တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်သူ ဖြစ်ရပါမည်။

လိုအပ်မယ့် ကျွမ်းကျင်မှုတွေကတော့

အရောင်းကျွမ်းကျင်မှုနှင့် ညှိနှိုင်းပြောဆိုမှု တတ်မြောက်ရပါမယ်။
စကားပြောကောင်းပြီး Presentation Skill ကောင်းဖို့ လိုအပ်ပါမယ်နော်။
English 4 Skills (Reading, Writing, Listening and Speaking) ကောင်းဖို့ လိုအပ်ပါမယ်။
Customer Service ကို စိတ်ပါဝင်စားသူဖြစ်ရန်လိုအပ်ပြီး နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းများအကြောင်းကိုလည်း စိတ်ဝင်စားသူဖြစ်ရပါမည်။
အသေးစိတ်ကို စနစ်တကျ စီစဉ်နိုင်တဲ့သူလေးတွေ လိုချင်ပါတယ်ဗျာ။
စီးပွားမိတ်ဖက်များနှင့် ကောင်းမွန်သော ရေရှည်ဆက်ဆံရေးကို တည်ဆောက်ပြီး တိုးတက်အောင် ဆောင်ရွက်နိုင်သူဖြစ်ရပါမည်။
Microsoft Windows နဲ့ Microsoft Office ကိုတော့ ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ရပါမယ်။

ပညာအရည်အချင်းအနေနဲ့

စီးပွားရေးပညာ ဘွဲ့ရ, အင်ဂျင်နီယာ ဘွဲ့ရ (သို့) သက်ဆိုင်ရာဘာသာရပ်တစ်ခုခု ဘွဲ့ရ ဖြစ်ရပါမည်။
အရောင်းလုပ်ငန်း အတွေ့အကြုံ (၁)နှစ် မှ (၂)နှစ် အတွေ့အကြုံရှိရန် လိုအပ်ပါသည်။
ကျန်းမာရေးကောင်မွန်ပြီး ကွန်ပျူတာ စားပွဲရှေ့မှာ အချိန်ကြာကြာ လုပ်ကိုင်ဆောင်ရွက်နိုင်သူ ဖြစ်ရပါမည်။

3. Technical Support Engineer – 2 Posts (M) (Yangon – 1 Post, Mandalay – 1 Post)

IT and Networking Products နှင့် နည်းပညာပစ္စည်းများ ဖြန့်ချီရေးလုပ်ငန်းပိုင်းတွင် လုပ်ကိုင်ရမှာဖြစ်ပြီး မိမိတို့ ကုမ္ပဏီမှ ဖြန့်ဖြူးရောင်းချနေသည့် ပစ္စည်းများအား ဝယ်ယူနေသည့် / ဝယ်ယူရန်အလားအလာရှိသည့် ဖောက်သည်ကြီးများ၊ စီးပွားမိတ်ဖက်များ၏ နည်းပညာဆိုင်ရာ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်သူ ဖြစ်ရပါမည်။
တပ်ဆင်မှုပုံစံအတွက် အကြံပေးခြင်း၊ ပုံစံထုတ်ပေးခြင်းများ ပြုလုပ်ပေးရပါမည်။
တပ်ဆင်မှု အပိုင်းတွင် ဖြစ်ပေါ်နေသာ အခက်အခဲများအတွက်လည်း ကူညီပံ့ပိုးပေးနိုင်သူ ဖြစ်ရပါမည်။
စိန်ခေါ်မှုများကို ကြိုက်နှစ်သက်သူ ဖြစ်ရပါမည်။
ဖြစ်ပေါ်နေသော အခက်အခဲများကို လျှင်မြန်စွာ ရှာဖွေသုံးသပ်နိုင်ပြီး အဖြေရှာပေးနိုင်သူဖြစ်ရပါမည်။
အသင်းအဖွဲ့နှင့် ဆောင်ရွက်နိုင်သူ ဖြစ်ရပါမည်။

လိုအပ်မယ့် ကျွမ်းကျင်မှုတွေကတော့

ကိုယ်ရည်ကိုယ်သွေးကောင်းမွန်ပြီး Customer Service ကို စိတ်ဝင်စားသူ ဖြစ်ရပါမည်။
အခက်အခဲများကို သုံးသပ်နိုင်စွမ်းရှိပြီး နည်းလမ်းရှာဖွေ ဖြေရှင်းနိုင်စွမ်းရည်ရှိသူ ဖြစ်ရပါမည်။
English 4 Skills ကျွမ်းကျင်ရပါမည်။
Microsoft Office Suite ကို ကျွမ်းကျင်စွာ သုံးနိုင်သူဖြစ်ရပါမည်။
Technical Support နှင့် သတ်ဆိုင်သော Softwares များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူဖြစ်ရပါမည်။

ပညာအရည်းအချင်းအနေနဲ့

ကွန်ပျူတာတက္ကသိုလ် ဘွဲ့ရ (သို့) နည်းပညာတက္ကသိုလ် ဘွဲ့ရ (သို့) သက်ဆိုင်ရာ ဘာသာရပ် ကျွမ်းကျင်သူ ဖြစ်ရပါမည်။
IT and Networking နှင့် ပတ်သတ်သော ကျွမ်းကျင်မှု ရှိရပါမည်။
လုပ်ငန်းအတွေ့အကြုံရှိသူကို ဦးစားပေးရွေးချယ်ပါမည်။
ကျန်းမာရေးကောင်မွန်ပြီး ကွန်ပျူတာ စားပွဲရှေ့မှာ အချိန်ကြာကြာ လုပ်ကိုင်ဆောင်ရွက်နိုင်သူ ဖြစ်ရပါမည်။

ရန်ကုန်တွင် လျှောက်ထားမည့်သူများ အနေနှင့် ကိုယ်တိုင်လာရောက်လျှောက်ထားမည်ဆိုပါက လျှောက်လွှာများကို Cover Letter နှင့်တကွ ကိုယ်ရေးအချက်အလက်များနှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ၊ Certificates လက်မှတ်များအပြည့်အစုံဖြင့်

Yangon Office
No. 357/359, Thein Phyu Road, Mingalar Taung Nyunt Township, Yangon သို့ လာရောက်လျှောက်ထားနိုင်ပါသည်။

မန္တလေးတွင် လျှောက်ထားမည့်သူများ အနေနှင့် ကိုယ်တိုင်လာရောက်လျှောက်ထားမည်ဆိုပါက လျှောက်လွှာများကို Cover Letter နှင့်တကွ ကိုယ်ရေးအချက်အလက်များနှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ၊ Certificates လက်မှတ်များအပြည့်အစုံဖြင့်

Mandalay Office
No. 93, 41st Street, Between 83 and 84 Street, Mahar Aung Myae Township, Mandalay သို့ လာရောက်လျှောက်ထားနိုင်ပါသည်။

Email မှ တဆင့်လျှောက်ထားလိုပါက လျှောက်လွှာများကို Cover Letter နှင့်တကွ ကိုယ်ရေးအချက်အလက်များနှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ၊ Certificates လက်မှတ်များအပြည့်အစုံဖြင့် [email protected] သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

လျှောက်လွှာများကို (18.8.2022) နောက်ဆုံးထား၍ ပေးပို့နိုင်ပါသည်။

စီစစ်ပြီး ရွေးချယ်ခံသူများကို Interview အတွက် အကြောင်းကြားပေးပါမည်။

အသေးစိတ် စုံစမ်းမေးမြန်းနိုင်ရန်အတွက် HR Department ရဲ့ ဖုန်းနံပါတ် 09969920510 သို့ ရုံးချိန် (၉နာရီ မှ ၅း၃၀နာရီ) အတွင်း ဆက်သွယ်ပြီး မေးမြန်းစုံစမ်းနိုင်ပါတယ်ဗျာ။




Address

40/B, Insein Road, 2 Quarter, Kamaryut Township. (infront Of 'it' Tea Shop)
Yangon

Opening Hours

Monday 08:00 - 18:30
Tuesday 08:00 - 18:30
Wednesday 08:00 - 18:30
Thursday 08:00 - 18:30
Friday 08:00 - 18:30
Saturday 08:00 - 18:30
Sunday 08:00 - 12:00

Telephone

+959420269693

Website

Alerts

Be the first to know and let us send you an email when Yar Pyae Printing Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yar Pyae Printing Services:

Share