17/05/2024
#ရာသီဥတုနဲ့_မီးမမှန်တာကြောင့်_Air_Coolerတွေသုံးနေရပါတယ်
#ကျန်းမာရေးအပေါ်ဘယ်လိုက်သက်ရောက်မှုရှိလဲ_သိလိုပါတယ်
လက်ရှိ အခြေအနေအရကတော့ ဘာပဲ ပြောပြော သုံးနေကြရမှာပါပဲ
ပန်ကာ က ပတ်ဝန်းကျင်က လေကို ယူပြီးမှုတ်ပေးနေတာမို့ လေထွက်တာပဲရှိပြီး အေးမလာပါဘူး - လေပူတွေပဲ ထွက်တာပါ
အဲ့ဒါကြောင့် လေအပြင် ရေငွေ့ပါဖြန်းပေးတဲ့ Air cooler တွေ နည်းနည်းပိုအသုံးဝင်ပါတယ်
* လေ အပြင် ရေငွေ့တွေနဲ့ ပတ်ဝန်းကျင်ကို စိုထိုင်းဆ မြှင့်ပေးလို့ အပူတော့ နည်းနည်းသက်သာပါတယ်
(ဒါပေမယ့် Aircon လို မအေးပါဘူး ပတ်ဝန်းကျင် အပူချိန်ကို နည်းနည်းပဲ လျှော့ပေးနိုင်ပါတယ်)
ကျန်းမာရေးအတွက် ဘယ်လို သက်ရောက်မှုရှိသလဲဆိုတော့
- အပူသက်သာတော့ နေရတာ ကောင်းပါတယ်
- ချွေးထွက်နည်းစေတော့ ရေဓာတ်ဆုံးရှုံးမှုကို အထိုက်အလျောက်ကာကွယ်ပေးပါတယ်
- လေအေးထွက်တဲ့ Aircon က ခြောက်သွေ့တဲ့လေအေးထွက်လို့ အသားအရေခြောက်သွေ့တတ်ပေမယ့် Air cooler က အဲ့လို မဖြစ်စေပါဘူး
ဒါပေမယ့်
🚨 Air cooler ထဲ ရေထည့်ရတဲ့ ကန်ကိုတော့ နေ့စဉ်သန့်ရှင်းရေးလုပ်ပြီး ရေလှယ်ဖို့ အထူးအရေးကြီးလှပါတယ်
ရေထဲမှာ Bacteria ပိုးများစွာ ပေါက်ပွါးနေတတ်ပါတယ် အဲ့ ပိုးမွှားတွေကို အမှုန်အမွှားလေးတွေအဖြစ် လေနဲ့ ရိုက်ထုတ်တဲ့အခါ လေ ထဲမှာ Bacteria တွေ အများကြီး ပျံ့နှံ့နေပါရော အဲ့လေကို ရှူမိတဲ့အခါ အသက်ရှူလမ်းကြောင်းဆိုင်ရာဝေဒနာတွေ ခံစားကြရပါတယ်
- နှာစေး နှာချေ နှာမွှန် နှာပိတ်
- နားယား နှာခေါင်းယား လည်ချောင်းယား
- လည်ချောင်းနာ ချောင်းဆိုး
- ဓာတ်မတည့် Allergy ခဏ ခဏ ရ
ကိုယ်ခံအားနည်းတဲ့
- ကလေးသူငယ်တွေ
- နာတာရှည် ရောဂါအခံရှိသူတွေ
- သက်ကြီးရွယ်အိုတွေကတော့
🚨 အဖျားကြီးခြင်း
🚨 အသက်ရှူကြပ် မောကြပ်ပြီး Oxygen ကျခြင်း
🚨 အဆုတ်ရောင်အဆုတ်ပွဖြစ်ပြီး အသက်အန္တရာယ်အထိဖြစ်တတ်ပါတယ်
အဲ့ဒါကြောင့် မသုံးမဖြစ်သုံးနေရတဲ့ Air cooler ရဲ့ သန့်ရှင်းရေး **အထူးသဖြင့် ထည့်တဲ့ရေရဲ့ သန့်ရှင်းရေးကို အထူးဂရုစိုက်ကြပါ
✅ ရေသန့်ထည့်တာအကောင်းဆုံးဖြစ်ပြီး
✅ ရေနေ့စဉ်လှယ်ပါ
✅ ရေကန်ကို နေ့စဉ်သန့်ရှင်းရေးလုပ်ပါ
**စိုထိုင်းဆ (Humidity) မြင့်လွန်းရင်လည်း ခန္ဓာကိုယ်ကချွေးပြန်ပေမယ့် ထွက်တဲ့ချွေးတွေက ခန္ဓာကိုယ်ကအပူကို စုပ်ဖို့ခက်တာကြောင့် ဒီရက်ပိုင်းကြုံနေရတဲ့ မိုးအုံ့ပြီး မိုးမရွာပဲ ပူနေတဲ့ရက်တွေမှာတော့ (လေထုထဲ စိုထိုင်းဆ ပိုတက်စေတဲ့ Air cooler အစား) ပန်ကာသုံးတာ ပိုပြီး အဆင်ပြေနိုင်ပါတယ်
အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်
အထွေထွေဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်
04:40 pm/17.05.2024
(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွားလာပါ
လိမ့်မယ် 💕💕💕 )