မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ ကုမ္ပဏီအမည်ကတော့ ပန်းကမ္ဘာမြန်မာဆားဗစ်ကုမ္ပဏီဖြစ်ပါတယ်။ မိခင်ကုမ္ပဏီကတော့ ဂျပန်နိုင်ငံ CHIBA မြို့မှာ တည်ရှိပါတယ်။
ကျွန်တော်တို့ကုမ္ပဏီကို မြန်မာနိုင်ငံရဲ့ ရုံးချုပ်အဖြစ် အမှတ် (၁၂၈)၊ ခရေရိပ်သာ၊ မင်္ဂလာဒုံဥယျာဉ်အိမ်ရာ၊ မင်္ဂလာဒုံမြို့နယ်မှာ အခြေစိုက် ဖွင့်လှစ်ထားပါတယ်။ ကျွန်တော်တို့ရဲ့ကုမ္ပဏီကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ဝ
န်ကြီးဌာနရဲ့ခွင့်ပြုချက် ကုမ္ပဏီ မှတ်ပုံတင်လက်မှတ် (၃၂၂၂)ဖြင့် (၆)ရက်၊ (နိုဝင်ဘာ)လ၊ ၂၀၁၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဆောင်ပုဒ်ကတော့ “အပြုံးလေးနဲ့တစ်နေ့တာ” ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှ အဓိကထားပြီးတင်သွင်းဖြန့်ဖြူးသောပစ္စည်းများကတော့ လူတစ်ယောက်ကျန်းမာရေးအတွက် သွေးလည်ပတ်အားကောင်းအောင်ပြုလုပ်ပေးသော လျှပ်စစ်မွေ့ယာ၊ ခေါင်းအုံး၊ ရေမြှုပ်မွေ့ယာ၊ အနံ့အသက်ဆိုးများနှင့် ကူးစက်တတ်သော ဗက်တီးရီးယားပိုးများကို ဖျောက်ဖျက်ပေးနိုင်သော အနံ့ဖျောက်ဆေး၊ အနံ့ဖျောက်စက်၊ စက်ရုံ၊ အလုပ်ရုံများနှင့် သဘာဝကြောင့်ဖြစ်ပေါ်လာသော ရေဆိုး/ရေညစ်များကို ပြန်လည် အသုံးပြုနိုင်သည်အထိပြုလုပ်ပေးနိုင်သော ရေကြည်ဆေးမှုန့်၊ ရေကူးကန်များတွင် အသုံးပြုသော လူကိုထိခိုက်မှု မရှိစေသော ဆေးရည်များ စသည်တို့ကို တင်သွင်းဖြန့်ဖြူးပါတယ်။
ထို့အပြင် ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိရန်ခက်ခဲသောနေရာများကို မြန်မာနိုင်ငံရဲ့ ရာသီဥတုနှင့်ကိုက်ညီသော ဂျပန်နည်းပညာဖြင့် ထုတ်လုပ်ထားသော ဂျပန်ဆိုလာများကိုလည်း ချိုသာသော ဈေးနှုန်းများဖြင့် ဖြန့်ဖြူးတပ်ဆင်ဝန်ဆောင်မှုပေးပါတယ်။
ကုမ္ပဏီရဲ့ အခြားဝန်ဆောင်မှုအနေဖြင့် လူကြီးမင်းတို့ရဲ့ အိမ်၊ အဆောက်အဦ၊ အစည်းဝေးခန်းမ၊ ပြပွဲရုံ၊ ရုပ်ရှင်ရုံ၊ ဈေးဝယ်စင်တာ၊ စတိုးဆိုင်ခန်း၊ စတိုခန်း စသည်တို့တွင်ရှိသော ဆိုးရွားသောအနံ့အသက်များကို ဖျောက်ပေးခြင်း၊ ကျောက်ပြား၊ ကြွေပြား၊ ကော်ဇော စသည်တို့ကို အသစ်နီးပါးအတိုင်းပြန်လည်ကောင်းမွန်အောင် ပြုလုပ်ဆောင်ရွက်ပေးပါတယ်။
နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံရှိ နိုင်ငံသူ၊ နိုင်ငံသားတိုင်းကို ဂျပန်နိုင်ငံရှိ ခေတ်မီသောနည်းပညာများနှင့် ကျန်းမာရေးစောင့်ရှောက်မှုနည်းပညာများကို ခေတ်နှင့်လျော်ညီစွာ နေထိုင်အသုံးပြုနိုင်ရန်အတွက် ကျွန်တော်တို့ရဲ့ ပန်းကမ္ဘာမြန်မာဆားဗစ်ကုမ္ပဏီမှ အမြတ်အစွန်းကိုအဓိကမထားဘဲ စေတနာမေတ္တာအပြည့်အ၀ဖြင့် နှလုံးသား အရင်းခံကာ ၀န်ဆောင်မှုပေးနိုင်ရန်အတွက် ကြိုးစားလျက်ရှိပါသည်။