Via Logistics and Supply chain

Via Logistics and Supply chain Logistics Services
• International Logistics • Freight Forwarding services • International Tradin Customs clearing

Logistics ​လောကမှ ပူး​ပေါင်းမှုများ နဲ့ Up Grade 5PL            --789အခုတ​လောမှာ​တော်​​တော်​ ကုန်​ပစ္စည်းများ သယ်​ယူပို့...
29/05/2018

Logistics ​လောကမှ ပူး​ပေါင်းမှုများ နဲ့ Up Grade 5PL
--789

အခုတ​လောမှာ​တော်​​တော်​ ကုန်​ပစ္စည်းများ သယ်​ယူပို့​ဆောင်​​ရေးနဲ့ပတ်​သတ်​ပြီး နည်းပညာလဲ အဆင့်​မြင့်​လာပါ Shipping liner ကြီးများကလဲ Line ​တွေအချင်းချင်း​ပေါင်းလာကြပြီးမကြာခင်​ကဆိုင်​ Ocen Network Express ဆိုပြီး One Line တခု​ပေါ်​ပေါက်​လာပါပြီ ဒီ​တော့ Feeder ​တွေ Liner ​တွေ Change ကြပြီဆို​တော့ Logistics ​လောကမှာ​ရော ဘာ​တွေ​ပြောင်းလဲလာပြီလဲ .. ဟုတ်​မကြာခင်​ကဆိုရင်​ 5PL Logistics Soulation ကိုစတင်​မိတ်​ဆက်​လာကြပါပြီ 5PL ​အ​ကြောင်းမ​ပြောခင်​ ​အောက်ဆုံးအဆင့်​က​နေစလိုက်​ချင်​ပါတယ်

1 PL ဆိုတာဘာလဲ
--------------
( Supplier / Manufacturing , Retailer )
အခုမှစတင်​လုပ်​တဲ့ လုပ်​ငန်း​တွေဟာ သယ်​​ယူပို့​ဆောင်​​ရေးဆိုပြီးသီးသန့်​ဆိုတာမထားပဲ ​ရောင်းတဲ့သူ​တွေ ကိုယ်​တိုင်​ ထုတ်​လုပ် သူကိုယ်​တိုင်​ ကိုယ်​​​ရောင်းတဲ့ ပစ္စည်းကို Buyer လက်​ထဲကို​ပို့​ပေးတာပါ

2 PL ဆိုတာဘာလဲ
-----------------
( Traditional Transportion )
ဒါက​တော့ရှင်းပါတယ်​ သမားရိုးကျ ကားဂိတ်​​တွေ ​လေဆိပ်​​တွေ ဘူတာရုံ​တွေက ပို့​ပေးတာဖြစ်​ပါတယ်​ ကိုယ်​ပို့ချင်​ရင်​ သူ့ဆီတိုက်​ရိုက်​သွားပြီး အပ်​လိုက်​ရုံပါပဲ သူက ကိုယ့်​ကိုယ်​စားပို့​ပေးတာပါ

3 PL ဆိုတာဘာလဲ
---------------------
( Integrate Logistics Services Provider )
ဒါကို Third Party Logistics Company အစုဖွဲ့နဲ့​နေပြီးဝန်​​ဆောင်​မှု​ပေးတာပါ Transportion နဲ့ပတ်​သက်​​တာ​တွေအကုန်​သူပဲချိတ်​ဆက်​ပြီးလုပ်​​ပေးတာပါ ဒါ​ပေမယ့်​ 1PL ​ရော 2PL ​ရောက Platform တချို့ကိုယူပြီး Transport က​နေ အခြား အရာ​တွေ​ပေါင်းစပ်​လိုက်​ပါတယ်​ အဲ​တော့
Integrated operations (ဝန်​​ဆောင်​မှုအ​ထောက်​ပံများ)
Warehousing
Transportation services
Cross-docking ( စုေ​ပါင်းပို့​ဆောင်​ခြင်း)
Inventory management
Packaging ( ထုတ်​ပိုးခြင်း )
Freight forwarding
ဒီလိုဖြစ်​လာပါတယ်​ ပိုပြီးလဲလူ​တွေများလာပါတယ်​ အခြားဝန်​ဆာင်​မှု​တွေတပါးတည်း​ပေးတယ်​ Import / Export အတွက်​ဆို ဥပမာ လိုင်​စင်​​လျှောက်​တာတို့ Customs Broker တို့ FDA ယူတာတို့ပါလာပါတယ်​ ဒီအ​နေထားလုပ်​ကိုင်​​ပြီ ဆိုရင်​ Services , Agency လို့​ခေါ်နိင်​ပါတယ်

#4 PL ဆိုတာဘာလဲ
( Supply Chain Management )
--------------------
ဒါက​တော့ ရိုးရိုး 4PL ထက်​အဆင့်​မြင့်​သွားတာပါ 4PL တုန်းကရတဲ့ ဝန်​​ဆောင်​မျိုး​တွေအပြင်​ ထပ်​ပြီး အဆင့်​မြင့်​သွားပါတယ်​ Services Platformမှာ Logistics Management က​နေ Supply Chain Management ဆိုတဲ့ Platform ကို​ပြောင်းလဲလာပါတယ်​ Lead Logistics Services Provider အပြင်​ Supply Chain နဲ့​ပေါင်းပြီး Consultants Services ပါသယ်​ယူလာတာပါ
A neutral management
Impartial feedback
Efficiency and
Cost strategies.
ဒီလိုအရာ​တွေကိုအကြံပြု​ပေးတဲ့အပြင်​ Customer စိတ်​တိုင်းကျ ဝန်​​ဆောင်​​ပေးတာ​တွေ လိုအပ်​တာ​တွေကိုပါထပ်​မံ ဖြည့်​​စည်း​ပေးပါတယ်​ ( Procurement Process )
ဖြစ်​တဲ့ Purchasing Services တို့ Banking , Buyer Check List , Sourcing , Trust Listတို့ စတဲ့ Logistics လုပ်​ငန်းစဉ်​များမဟုတ်​​ပေမယ့်​ Trading Process က OEM တို့ ODMတို့ လိုအပ်​တဲ့ Services​တွေကို ပါ ​ဝန်​​ဆောင်​မှု​ပေးတာပါ ဒီ 4th Party Layer မှာ Logistics လို့မသုံး​တော့ပါဘူး Supplier ဖြစ်​သွားပါတယ်​ Company အ​နေနဲ့ လည်​ပတ်​လုပ်​ရ​တော့မယ့်​ Process ဖြစ်​ပါတယ်

#5 PL ဆိုတာဘာလဲ
( E Commerce Business )
---------------
နောက်​ဆုံးက​တော့ ကျွန်​​တော်​တို့​တွေနဲ့ သိပ်​မရင်းနှီး​သေးတဲ့ 5 PL Logistics ပါ 2017 ထဲက နာမည်​ရှိ​နေ​ပေမယ့်​ ၂၀၁၈ မှကြမှ သိပ်​စကား​ပြောလာတာဖြစ်​ပါတယ်​ 5 PL က​နေ အဓိက ကွဲထွက်​သွားတာက​တော့ သာမာန်​ လုပ်​ရိုးလုပ်​စဉ်​​တွေ ဝယ်​ယူခြင်း ​ရောင်းချခြင်း​တွေက​နေ အခု​ခေတ်​ အင်​တာနက်​အ​ခြေပြု စနစ်​ကို​ရောက်​ရှိသွားတာပါ အလွယ်​ ​ခေါ်မယ်​ဆိုရင်​ E Commerce Supplier ဖြစ်​ပါတယ်

Aliexpress တို့  Amazon တို့က စလို​က်​တဲ့ Retail Market က​နေ အ​ခြေပြု ပြီး E Commerce Supplier ဖြစ်​လာပါတယ်​ ပိုပြီး Micro ဖြစ်​လာပါတယ်​ 5 PL က​နေ ဘာ​တွေ ​မွေးဖွားလိုက်​သလဲဆိုရင်​ Taransportion မှာဆိုရင်​ အရင်​က Container နဲ့သယ်​ယူရာမှာ သ​င်္ဘောမှာ FCL- LCL ​ခေတ်​စားရာက​နေ Truck ​တွေ အဓိကပြုတဲ့ ​ဈေးက်​ ဖြစ်​လာပါတယ်​ LTL ( Less than Load ​နောက်​ ) FTL ( Full Truck Load ) ဆိုပြီး ​သေး​သေး​လေး​တွေပူး​ပေါင်းပြီး သယ်​တဲ့စနစ်
Micro Logistics
Door to Door Delivery
Mover Agent
Parcel Logistics စတာ​တွေ​ပေါ်​ပေါက်​လာပါတယ်​ Fedx တို့ DHL တို့နယ်​ပယ်​​တွေကိုပါ Logistics နယ်ပယ်​ချဲ့ထွင်​ပြီး ပူး​ပေါင်းပြီး ​တော့ E Business ကို Supply ​ပေးလာတာဖြစ်​ပါတယ်​ ​နောက်​ IT ERP Software ​တွေ E Commerce အတွက်​ Website Platform ​ရေးတာ​တွေ IT Consult ​တွေပါလာပါ​သေးတယ်​ ဒါ​တွေ​ကြောင့်​ COMPANY နဲ့တင်​မရပဲ GROUP ​ထောင်​ရ​တော့မယ့်​အဆင့်​ ဖြစ်​လာပါတယ်

6 PL ဆိုတာ​ရောရှိ​သေးလား ?
--------------------
အဲဒီ​တော့ 5 PL ထိ​ရောက်​လာပါပြီ 6 PL ​ရောရှိ​သေးလားဆိုရင်​ ဟုတ်​ကဲ့မတွင်​ကျယ်​​သေး​ပေမယ့်​ အနည်းနဲ့ အမြန်​ ရှိလာမှာပါ သူအတွက်​ Layer ​တော့ နည်းပညာအသုံးပြု​ပြီး SEO Contant တို့ Digital Marketing တို့စတဲ့PlatForm​​ ​တွေပါတဲ့ ( Artifical Intelligent အ​ခြေပြု AI Marketing ) ပါ ဒီက​နေ Digital Marketing အသုံးပြုထားတဲ့ Event Market Plan ​တွေပါ ဝင်​လာပါတယ်

Transportion သမား​တွေ
Logistics Services Provider သမား​တွေ
Supply Chain Management သမား​တွေ
E Commerce Business သမား​တွေ
အပြင်​ Digital Marketing သမား​တွေပါ

အကုန်​ပါဝင်​ရပါတယ်​ 6PL Layer မှာအားလုံးက စုံပြီဆိုရင်​ ​တော့ 7PL ကိုသွားပါမယ်​ ကျ​နော်​ဒီ​နေရာမှာ ကြုံတုန်းကြွားချင်​တာက VIA Group ဟာ 5PL Level ထိအလုပ်​လုပ်​​နေပြီး 5PL က​ပေးတဲ့ Services ​တွေအကုန်​ရ​နေပါပြီ ​လေ​လောဆယ်​ ​တော့ 6 PL ကို စမ်းသပ်​​နေပါတယ်​ 7PL က​တော့ သိရုံပဲ သိထားပါ​သေးတယ်​ Blockchain တို့ ICO Technology ပါလာပြီး Fintech တို့IOT ပါလာပါမယ်​မြန်​မာပြည်​မှာ 5PL အ​ကြောင်း​ရေးထားတာရှိလားရှာကြည့်​​တော့ ကျ​​နော်​ပထမဆုံး​ဝေမျှတာဖြစ်​ပါလိမ့်​မယ်​ ​ကျေးဇူးပါ

Future Services Layer

7PL –
Autonomous Competitor Created to Test Alternative Supply Chain Strategies
8PL –
Super Committee Created to Analyze Competitor’s Results
9PL – Crowd Sourced Managed Logistics Strategy
10PL – Supply Chain Becomes Self Aware and Runs Itself

30/05/2018
Thiha Paing
Via Myanmar
https://www.facebook.com/viamyanmargroupceo



2018 April အခွန်​​ကောက်​ဥပ​ဒေကြမ်းးးးး
19/02/2018

2018 April အခွန်​​ကောက်​ဥပ​ဒေကြမ်းးးးး

အေးဂျင့်​က​တော့ အခုချိန်​ထိလိုဆဲပါ
09/02/2018

အေးဂျင့်​က​တော့ အခုချိန်​ထိလိုဆဲပါ

မှန်ကန်သောစီးပွားရေးလုပ်ငန်းများ (အလီဘာဘာနှင့်မြန်မာများ Alibaba.com)

ဝတ်မှုန် (ဝန်ထမ်းဟောင်းတစ်ဦး)၊ ဇူလိုင် ၁၅၊ ၂၀၁၄

၂၀၁၄ မှာ မြန်မာနိုင်ငံ၊ အစိုးရရဲ့ သွင်းကုန်/ထုတ်ကုန် ကြိုးနီစနစ်များ လျှင်မြန်စွာလျော့နည်းလာပါတယ်။ စီးပွားလုပ်ငန်းများ တိုးတက်လာတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံကို ပစ္စည်းတင်ပို့ခြင်းဟာ ခက်ခဲနေဆဲဖြစ်ပေမဲ့ လေယဉ်စရတ်များ အရှေ့တောင်အာရှအဆင့် ဈေးနှုန်းချိုလာပါတယ်။ မှန်ကန်တဲ့ ပစ္စည်းများ ခရီးသည်နဲ့အတူ သယ်သွားနိုင်တဲ့အပြင်၊ ပြည်တွင်းမှာလဲ နိုင်ငံခြားလျပ်စစ်ပစ္စည်းများ ဈေးချိုလာပါတယ်။ ဒါဟာ မြန်မာပြည်တွင်း အသေးစား-အလတ်စား စီးပွားလုပ်ငန်းများအတွက် အစိုးရအကူညီပေးမှု လမ်းကြောင်းစတင်လာပါတယ်။ လာဘ်စားမှု၊ ကြိုးနီစနစ်များ လျော့ပါးလာမှ မြန်မာ့စီးပွားရေးတိုးတက်မှာ ဖြစ်ပါတယ်။
မြန်မာပြည်ကို ပစ္စည်းတင်ပို့လုပ်ငန်း၊ လုပ်နေတဲ့ မြန်မာလူငယ်များစွာ ရှိပါတယ်။ သူတို့အတွက် ၂၀၁၄မှာ သွင်းကုန်လုပ်ငန်းမှာ ကြိုးနီစနစ် (နှောင့်နှေး၊ငွေကုန်ဖြစ်ရခြင်း) နည်းပါးလာပါပြီ။ မြန်မာပြည်က သွင်းကုန်/ထုတ်ကုန် အေးဂျင့်ကောင်းများ ပေါ်ထွက်လာပါပြီ။ တရုပ်ပြည်တွင်းနဲ့ တကမ္ဘာလုံး သွင်း/ထုတ် လုပ်ငန်းဝက်ဆိုဒ် အလီဘာဘာအကြောင်း၊ ပြန်လည်တင်ပြပါတယ်။ အခုခေတ်က အခမဲ့တယ်လီဖုန်း Viber, Skype များကို သုံးပြီး၊ လူငယ်များစွာ ဖုန်းနဲ့စကားပြော၊ Quotation, Invoice, Payment လုပ်နေတဲ့ခေတ်ဖြစ်ပါတယ်။ မြန်မာပြည်မှ လုပ်ငန်းငယ်များ SME small and medium enterprises များ တိုးတက်ကြီးပွားလာပါစေ...။
အလီဘာဘာနှင့်မြန်မာများ ဆောင်းပါးကို ၂၀၁၄ အခြေနေနဲ့ထပ်မံတင်ပြလိုက်ပါတယ်။
အလီဘာဘာ Jack Ma ဘ၀ - အစပြုခြင်း
Jack Ma ၁၉၆၄တွင် မွေးဖွားပြီး ဆယ်ကျော်သက်အရွယ် ၁၉၇၀နှစ်များတွင် Hangzhou ဒေသ၌ ကြီးပြင်းခဲ့သည်။ ဟိုတယ်မှကမ္ဘာလှည့်ခရီးသည်များကို စက်ဘီးတစ်စီးဖြင့် သူတို့မြို့လေးကို လိုက်လံပြသည့်အလုပ် လုပ်ခဲ့သည်။ ထိုအလုပ်ဖြင့် အင်္ဂလိပ်စကားလေ့ကျင့်နိုင်ရုံမက ပြင်ပကမ္ဘာကြီကိုလည်း မြင်လာစေသည်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ နှစ်ကြိမ်ကျရှုံးပြီးသည့်နောက် ဆရာအတတ်သင်ကျောင်းတက်ပြီး ၁၉၈၈တွင် အင်္ဂလိပ်ဆရာဘ၀ ရောက်ခဲ့သည်။ Hangzhou Dianzi University တွင်ဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။

အပြောင်းအလဲကြီး
၁၉၉၅တွင် အမေရိကန်ပြည်ထောင်စုသို့ ကုန်သွယ်ရေးလုပ်ငန်းအဖွဲ့တစ်ခုအတွက် အင်္ဂလိပ်စကားပြန်အဖြစ် လိုက်သွားခွင့်ရခဲ့သည်။ ပထမဆုံး အင်တာနက်နှင့် စတင်ထိတွေ့ရသည်။ တရုပ်ပြည်အကြောင်း အွန်လိုင်းတွင် မရှိသလောက်ဖြစ်သည်ကို တွေ့ရသည်။ တရုပ်ပြည်ပြန်ရောက်ပြီး ဒေါ်လာနှစ်ထောင် $2000 ချေးယူကာ တရုပ်အင်တာနက်ဝက်ဆိုဒ် ကုမ္ပဏီကို စတင်ခဲ့သည်။ တရုပ်ပြည်၏ ပထမဆုံး အင်တာနက်ဝက်ဆိုဒ် ကုမ္ပဏီဖြစ်သည်ဟု ဆိုနိုင်သည်။ မကြာမီ ပြိုင်ဖက် China Telecom နှင့် ဖက်စပ်လုပ်ခြင်းဖြင့် ပီကင်းမြို့တွင် တရုပ်အစိုးရအတွက် e-commerce ၀င်လုပ်ခဲ့သည်။

ကြီးပွားလာခြင်း
သိပ်ကြာကြာ အစိုးရအလုပ်မလုပ်ခဲ့ပါ။ ၁၉၉၉တွင် ဒေါ်လာ ခြောက်သောင်း ($60,000) ဖြင့် အလီဘာဘာ Alibaba.com အွန်လိုင်းလုပ်ငန်းကို စတင်ခဲ့သည်။ တရုပ်စီးပွားလုပ်ငန်းများ အချင်းချင်း ကုန်သွယ်ရန်အတွက် ရည်ရွယ်ခဲ့သည်။ တချိန်တည်းမှာပင် ပြည်ပမှ သွင်းကုန်၊ထုတ်ကုန် လုပ်ငန်းများလည်း ပါဝင်လာခဲ့သည်။ ပထမတွင် သူ့တိုက်ခန်းကလေးမှ လုပ်ငန်းစတင်ခဲ့သည်။ ဂျပန်မှာ Softbank ကဲ့သို့သော အကြီးစားရင်းနှီးမြှတ်နှံသူများ ငွေကြေးထည့်ဝင်မှုများကြောင့် လုပ်ငန်းကို ချဲ့ထွင်နိုင်ခဲ့သည်။ ရှယ်ယာ ၄၀% ကို ရာဟူး Yahoo သို့ $1 billion ဖြင့် ရောင်းချခဲ့သည်။

သူ့အကြောင်း
Dotcom ဒေါ့ကွန်းများ အောင်မြင်စဉ်က Ma သည် အလျှင်အမြန် တိုးချဲ့နိုင်ခဲ့သည်။ တရုပ်ပြည်ထုတ်ကုန်များကို ပြည်ပသို့တင်ပို့ရန် ကူညီပေးနိုင်ခဲ့မှုကြောင့် ၂၀၀၂ နှစ်ကုန်တွင် အမြက်အစွန်များစွာ ရရှိခဲ့သည်။ နောက်ပိုင်းတွင် ၀က်ဆိုဒ်သည် အလွန်တိုးတက်လာပြီး မှတ်ပုံတင်ထားသူ ၅၆သန်းရှိလာသည်။ နိုင်ငံပေါင်း ၂၄၀ကျော်မှ အသုံးပြုလာကြသည်။ အလီဘာဘာ တစ်ခုတည်းမဟုတ်ပါ။ တခြား လက်လီအရောင်းလုပ်ငန်း ၀က်ဆိုဒ်ဖြစ်သော Taobao ကို ၂၀၀၃တွင် စတင်ခဲ့ရာ ကမ္ဘာအများဆုံးကြည့်ခံရခြင်း တစ်နေ့ကို သန်းပေါင်း၅၀ 50 million unit visitors per day ဖြစ်လာသည်။ ပစ္စည်းပေါင်း သန်း၈၀၀ကျော် အရောင်းစာရင်း တင်ထားသည်။ Taobao သည် အများပိုင်မဟုတ်သည့် အင်တာနက်ဆိုဒ်များတွင် တန်ဖိုးအရှိဆုံး ဟု အချို့ကဆိုသည်။

Yahoo နှင့်ခွဲခွာခြင်း
ကြွယ်ဝချမ်းသာလာသော အလီဘာဘာ သည် Yahoo သို့ရောင်းထားသော ၄၀% ရှယ်ယာများကို ပြန်ဝယ်ဖို့ ညှိနှိုင်းနိုင်ခဲ့သည်။ Yahoo အကြီးအကဲ Jerry Yang ရာထူးဖယ်ပေးလိုက်ပြီးသည့်နောက် Alibaba နှင့် Yahoo တို့ ဆက်ဆံရေးအဆင်မပြေဖြစ်လာသည်။ အလီဘာဘာ မှ ရာဟူးကို $7.1 billion ငွေသား(သိုမဟုတ်)စတော့ဖြင့် ရာဟူးရှယ်ယာတစ်ဝက်အတွက် ပေးမယ်ဟု ကြေငြာသည်။ လက်ကျန်ကို အလီဘာဘာအုပ်စု အများပိုင်လုပ်ပြီးမှ ၀ယ်မည်ဟု ဆိုသည်။

ရယ်စရာ
Jack Ma ကပြောပြသည်။ တစ်နေ့ ဆန်ဖရန်စစ္စကိုကော်ဖီဆိုင်တစ်ခုတွင် သူထိုင်ပြီး၊ အလီဘာဘာ ဆိုသည့်နာမည် အလွန်ကောင်းကြောင်းစဉ်းစားနေသည်။ ကော်ဖီဆိုင် စားပွဲထိုးမိန်းကလေး ရောက်လာ၍ အလီဘာဘာဆိုတာ သိသလား ဟု မေးကြည့်သည်။ စားပွဲထိုးက သိပါသည် ..ဖြေသည်။ ဒါဆို အလီဘာဘာဆိုတာ ဘာလဲ ..ဟု ထပ်မေးသောအခါ အလီဘာဘာနဲ့ခိုးသားငါးရာ ဟုဖြေပါသည်။ ဟုတ်ပါသည်။ လူတွေအားလုံး အလီဘာဘာဆိုတာ သိကြသည်။ တခြားနာမည် Alimama ကိုလဲ ကျွန်တော်တို့ မှတ်ပုံတင်ထားပါသည်။

Jack Ma ပိုင်ဆိုင်မှုသည် ကန်ဒေါ်လာ ၁၆၀၀ သန်းဖြစ်သည်။ Hurn Rich 2011 တွင် အဆင့် ၁၀၉ ဖြစ်သည်။

မှတ်ချက်..။

၂၀၁၃ မြန်မာ
အလီဘာဘာဝက်ဆိုဒ်တွင် လိုချင်တာအားလုံးရှိကြောင်း၊ ယခင်က ကျွနိုပ်သိခဲ့သော်လည်း မြန်မာပြည်မှ မြန်မာများနှင့် အလှမ်းဝေးတယ် ဟု သတ်မှတ်ထားသည်။
ယခု 2013 import/export (ပစ္စည်းအမျိုး၅၀၀ကျော်၊ ကျောက်စိမ်း၊ ကျွန်းသစ်မပါ၊ လူသုံးကုန်ပစ္စည်းများ) ကို တရုပ်ပြည်အနှစ်၂၀ကျော်က ပုံစံ ဖွင့်ပေးလိုက်ပါသည်။ လိုင်စင်မလို၊ ကုမ္မဏီမလို ကုန်တိန်နာ၊ သွင်း၊ထုတ်နိုင်ပြီ ဆိုပါသည်။ လူတွေမလုပ်တတ်ဘူး၊ မလုပ်ရဲ ဖြစ်နေပါသည်။ import/export လုပ်ငန်းများကို ပိုက်ဆံ၊အာဏာရှိသူများသာ ချုပ်ကိုင်ထားသည်မှာ ကြာပြီ။ မြန်မာပြည်တွင် ပိုနေတဲ့ကုန် (လယ်ယာထွက်ကုန်များ)၊ ကွန်တိန်နာတစ်ခုစာလောက် လူငယ်များစုပေါင်းပြီး သွင်း၊ထုတ် လုပ်နေကြပြီဖြစ်သည်။

မကြာခင်အတွင်း မကြာခင် လူငယ်သူဌေးများသည် ခရိုနီများကို ဖြတ်ကျော်နိုင်တော့မှာဖြစ်သည်။ လောလောဆယ် Alibaba.com ကိုနှိပ်ကြည့်ပါ။ အားလပ်ချိန် Leisure Time တွင်၊ သင်စိတ်ဝင်စားသည့် ပစ္စည်းများကို Type လုပ်ပြီး Search လုပ်ကြည့်ပါ။ ဥပမာ .. Solar Power 500kw, Generator 500w, laptop, iPhone, myanmar rice, myanmar teak, myanmar jade, used japan car ..etc. ထူးခြားတဲ့အမြင်တွေ ဖြစ်ပေါ်လာမှာ သေချာပါတယ်။

၂၀၁၄ မြန်မာ
မြန်မာနိုင်ငံရဲ့ စီးပွားရေးမူဝါဒများ အထူးသဖြင့် import/export တွေမှာ ဥပဒေပိုပြီးစိုးမိုးလာပါတယ်။ ၂၀၁၃ မှာ သွင်းကုန်/ထုတ်ကုန် လုပ်ငန်ကို ငွေ-အာဏာရှိသူများသာ ချယ်လှယ်နိုင်ပါတယ်။ ဥပမာ DHL China-Yangon, Singapore-Yangon ပို့ခြင်းကို မြန်မာပြည် အခွန်ကောက်ဌာနရဲ့ ဆောင်ရွက်ခ (လာဘ်စားမှု) ကုန်ကျစရိတ်နဲ့ကြိုးနီစနစ် ရှုပ်ထွေးလှပါတယ်။ အချိန်ကုန်၊ငွေကုန်လှပါတယ်။ သွင်းကုန် စနစ်ကိုလည်း ငွေ-အာဏာရှိသူများ(ခရိုနီ) S.O Special Order ဆိုပြီး ကုန်တိန်နာမြောက်များစွာ ဥပမာ - လမ်းခင်းတဲ့ကတ္တရာ လိုမျိုး အစိုးရပရိုဂျတ်၊ ဝန်ကြီးဌာန အမိန့်စာနဲ့ ဝင်လာပါတယ်။ အဲဒီထဲမှာ ရောထည့်နိုင်ရင် ရန်ကုန်ဆိပ်ကမ်းမှာ ရှာဖွေဖို့အချိန်မရပါဘူး။ S.O ဖြစ်တဲ့အတွက် ဝန်ထမ်းများအားလုံး မနှောင့်နှေးရအောင် (ပြသနာဖြစ်ရင်၊ မိမိထိခိုက်နိုင်လို့) ကြိုးစားလုပ်ရပါတယ်။ ဒီလို S.O နဲ့တင်သွင်းလာတာတောင် ကြားပေါက်ကုန်ပစ္စည်းမှန်းသိရင် နာမည်ကြီးတဲ့ မိုဘိုင်းအဖွဲ့ mobile team လာစစ်မှာမို့ ဆိုပြီး၊ နှောင့်နှေးလိုက်တယ်။ တနည်းအားဖြင့် လာဘ်ပေးဖို့ ဆိပ်ကမ်းဌာနများက ညင်သာစွာ ခြိမ်းခြောက်ပါတယ်။ ဒီလို ရှုပ်ထွေးတဲ့ ကွန်တိန်နာ၊ ကုန်ပစ္စည်း တင်သွင်းစနစ်ကြောင့် တန်ဖိုးကြီး၊ လေးလံတဲ့ပစ္စည်းများကို ထိုင်း-မြန်မာ နယ်စပ်က တရားဝင်တင်သွင်းပါတယ်။ ဥပမာ - တိုင်းရင်းသားငြိမ်းချမ်းရေး၊ ကားပါမစ်နဲ့တင်သွင်းတဲ့ ဒေါ်လာသိန်းချီတန်၊ ဇိမ်ခံကားများ၊ အရက်၊ဆေးလိပ်၊လူသုံးကုန်၊စားကုန် အကောင်းစားပစ္စည်းများ.. ကို ဆိပ်ကမ်းကွန်တိန်နာနဲ့မပို့တော့ပဲ၊ နယ်စပ်က ပို့ပါတယ်။ တန်ဖိုးသိပ်ကြီးတဲ့ စိန်ရွှေငွေ လက်ဝတ်ရတနာများကိုတော့ လေဆိပ်မှာပဲ X-ray scan မလုပ်ပဲ၊ (ဘာဘ်ပေးနည်းနဲ့) တင်သွင်းနိုင်ပါတယ်။ ၂၀၁၄ မှာတော့ ဒါမျိုးတွေ လုပ်ဖို့ ခက်သွားပါတယ်။ အခွန်ဝန်ထမ်းများကို လစာ၊ဆုကြေး ပေးတဲ့နည်းလမ်းကို သုံးလာပါတယ်။

ဒါကြောင့် ၂၀၁၄မှာ မြန်မာ့ဆိပ်ကမ်းမှာ ကွန်တိန်နာများ လျှင်မြန်စွာ စစ်ဆေး၊ တင်သွင်းနိုင်တဲ့ သွင်းကုန် အေးဂျင့်များစွာ ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။

မြန်မာပြည်သို့ စင်ကာပူမှ သွင်း/ထုတ်ကုန်နှင့် ငွေပေး/ယူ လုပ်နည်း၊ ဗဟုသုတအနည်းငယ်

မြန်မာပြည်ဟာ နိုင်ငံတကာလောကမှာ ယုံကြည်မှုမရှိဆုံး နိုင်ငံအဆင့်မှာ ရှိပါတယ်။ နိုင်ငံခြား ကုမ္ပဏီတွေ ယုံကြည်တာတော့ မြန်မာပြည်က ခရိုနီကုမ္ပဏီတွေ ဖြစ်ပါတယ်။ သူတို့ (ခရိုနီ) များဟာ လုပ်စားလာတာ ၂၀နှစ်လောက် ရှိပြီဆိုတော့ အရာရာ တစ်ပန်းသာနေပါတယ်။ နိုင်ငံတကာ ကုမ္ပဏီများမှာလည်း နာမည်ရပြီးသားဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာတော့ ခရိုနီ မဟုတ်တဲ့ ကုမ္ပဏီများစွာ သွင်း/ပို့ လုပ်ငန်းလုပ်နေကြပါပြီ။

သမရိုးကျ L.C Letter of Credit ပစ္စည်းပို့ခြင်း

ကုမ္ပဏီများ ပစ္စည်းရောင်း/ဝယ်၊ သွင်/ပို့ကုန်လုပ်ငန်းကို ပုံမှန်အတိုင်း၊ L.C လုပ်ပြီး တင်ပို့ကြပါတယ်။ ပိုက်ဆံကို ကြိုပေးစရာမလိုပဲ၊ တဖက်နိုင်ငံနဲ့ဒီဖက်နိုင်ငံ ၂ခု ဘဏ်များက အာမခံပေးတဲ့ စနစ်ဖြစ်ပါတယ်။ ပျောက်ဆုံး၊ ပျက်စီးရင်လဲ အာမခံထားတဲ့ ငွေပမာဏ၊ လျော်ကြေးရမယ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက်တော့ အစိုးရနဲ့ခရိုနီ ကုမ္ပဏီကြီးများပဲ ဒီစနစ်ကို သုံးကြပါတယ်။ မြန်မာပြည်ကို ပစ္စည်းတင်ပို့လိုသူတွေအတွက် လောလောဆယ် ဒီနည်းက လုံးဝအဆင်မပြေပါဘူး။ ဘဏ်ကို အာမခံအဖြစ် ထားတဲ့အတွက် အရာရာမှာ ဘဏ်ကပဲ အမြတ်ရပါတယ်။ L.C စနစ်ကို မရေးတော့ပါဘူး။မြန်မာပြည်အတွက် ဒေါ်လာ ထောင်၊ သောင်း၊ သိန်းဂဏန်းအထိ သွင်း/ပို့ကုန်လုပ်ငန်းအတွက်လဲ L.C စနစ် အသုံးလဲမကျပါဘူး။
အသေးစား သွင်း/ပို့ကုန် လုပ်ငန်းကို .. တိုက်ရိုက်ငွေပေးချေ၊ ပစ္စည်းပို့စနစ်ကိုပဲ စတင်လုပ်ဆောင်မဲ့ မြန်မာများအတွက် အနည်းငယ်တင်ပြခြင်းဖြစ်ပါတယ်။

လိုအပ်ချက်များကို ရေးရရင်
၁။ မြန်မာနိုင်ငံကိုတင်ပို့ ဖို့ ပစ္စည်းဝယ်မယဆိုရင်၊ တန်ဖိုးကြီးတန်ဖိုးပေါ်မူတည်ပြီး Down Payment 80% လောက်ထိ ယူပါတယ်။ ဆိပ်ကမ်း (သို့မဟုတ်) အခွန်ဌာနမှာ ကိုကျော်ပြီး၊ ပစ္စည်းထုတ်သွားပြီးမှ လက်ကျန်ငွေကို ပေးရပါတယ်။

၂။ - ငွေပို့ပေးခြင်းကို TT (သို့မဟုတ်) Bank Transfer နဲ့ပေးရင် စင်ကာပူကုမ္မဏီဆို 3-7 days လောက်ကြာပါတယ်။
- မြန်ချင်ရင် Western Union, Money Gram တို့နဲ့ပို့ရင် ပို့ခလည်း သက်သာပါတယ်။ နာရီပိုင်းနဲ့ ရောက်ပါတယ်။ Company A/C ထဲ ထည့်မပေးပါ။ ဟိုဘက်မှာ လူကိုယ်တိုင် လာထုတ်ရင် ပိုမြန်ပါတယ်။
- ပိုလွယ်၊ ပိုမြန်ပြီး၊ ပို့ခ အသက်သာဆုံးကတော့ Remittance Service (ငွေလွှဲနည်းပါပဲ)။ ကိုယ့်ငွေ မြန်မြန်ပေးလိုက်မှ သူတို့ပစ္စည်းကို Shipment စတင်မှာဖြစ်ပါတယ်။ တရုပ်ပြည်ကို ငွေပေး/ယူ လုပ်တဲ့ ဆိုင်တွေ နေရာတကာမှာ ရှိပါတယ်။
- ငွေလွှဲနည်းက အကောင်းဆုံး (ပေါ့ချောင်ကောင်း) ဖြစ်ပေမဲ့ စိတ်ချမှ လွှဲပါ။ TT, Bank Transfer with US$ account လုပ်ရင် တရုပ်ပြည်ဖက်က မလိမ်ရဲတော့ပါဘူး။

၃။ Payment
အခြားနိုင်ငံများကဆိုရင်တော့ ကန်ဒေါ်လာနဲ့ပေးတာ အဆင်ပြေပါတယ်။ တရုပ်ပြည်ကို ပေးရမယ်ဆိုရင် အဲဒီတရုပ်ကုမ္ပဏီမှာ US dollar A/C ကို ပို့ပေးရပါတယ်။ 7 to 10 days လောက် ကြာပါတယ်။ အမေရိကန် NY City ရဲ့ approval ကိုစောင့်ရသေးတယ် ဆိုပါတယ်။ မြန်မာနိုင်ငံက ကုမ္ပဏီဆို တိုက်ရိုက်လွှဲရင် ပိုကြာတတ်ပါတယ်။ US$ တရုပ်ကုမ္ပဏီဆီ ရောက်မှ သူတို့က ပစ္စည်းပို့ပေးမှာမို့ ငွေရောက်သွားဖို့ စိတ်ရှည်လက်ရှည် စောင့်ရပါတယ်။ ဒါကြောင့် တရုပ်နိုင်ငံကို US$ နဲ့ပို့မဲ့အစား တရုပ်ပိုက်ဆံနဲ့ပဲ ငွေပေးချေတာ ပိုမြန်ပါတယ်။ စင်ကာပူမှာရှိတဲ့ တရုပ်ငွေလွဲဆိုင်တွေက တရုပ်ကုမ္ပဏီ Chinese Yuan Bank A/C ကို လွှဲပေးလိုက်ရင် နေ့ချင်းရောက်ပါတယ်။ ငွေရတာနဲ့ တရုပ်ပြည်က Shipment စတင်ပါတယ်။

၎။ Shipment
မြန်မာပြည်ကို ရောက်မဲ့ ETA arrival date သင်္ဘော (သို့မဟုတ်) လေယာဉ် ကုမ္ပဏီပေါ် မူတည်ပါတယ်။ တရုပ်ပြည်က ပို့ကုန်ကို ကုန်းကြောင်းနဲ့ ရွှေလီ ETA လုပ်ရင်လဲ ရပါတယ်။

၅။ Tax System at Myanmar Custom
ကုန်းကြောင်းနဲ့ ရွှေလီ ETA နဲ့လုပ်ရင်၊ ရွှေလီကနေ ရန်ကုန်ကို သယ်ပေးတဲ့ အေးဂျင့်တွေကို သွားယူခိုင်းရပါတယ်။ သူတို့က Tax ကိစ္စတွေ မြန်မာ့အခွန်ဦးစီးဌာနနဲ့ ဥပဒေအတိုင်း မြန်မြန်မလုပ်ပေးပါတယ်။
မြန်မာနိုင်ငံ ပစ္စည်းထုတ်ယူဖို့တော့ အေးဂျင်နဲ့ထုတ်ခိုင်းတာ အကောင်းဆုံးပါ။

၆။ Quality and Reliability of Materials
ကိုယ်ဝယ်တဲ့ ပစ္စည်းရဲ့ အရည်အသွေး၊ စိတ်ချမှန်ကန်မှုကတော့ ကိုယ့်ရဲ့ကျွမ်းကျင်မှု၊ ယုံကြည်မှုနဲ့ပဲ ဆိုင်ပါတယ်။ သိပ်မယုံရင် ကိုယ်တိုင် တရုပ်ပြည်ကို သွားဝယ်၊ Shipment ကိုလဲ ကိုယ့်ဖာသာလုပ်ပြီး၊ ပြန်လာခဲ့တာ အကောင်းဆုံးပါ။ လုပ်နေကျ ရှိသွားရင် လုပ်တတ်သွားပါတယ်။ ပစ္စည်းမှန်၊ ဈေးမှန်လည်း ရှာတတ်လာပါတယ်။

မှတ်ချက်။
တရားဝင် ပို့ဖို့ဆိုရင် စာတိုက်က ပို့သလို ပို့လိုက်လို့ မရပါဘူး။
- မြန်မာပြည်က အေးဂျင့်ကို Invoice, Packing List တွေ အရင်ပို့ရပါမယ်။ မြန်မာပြည်က Invoice & Packing List တွေကို မြန်မာဥပဒဘောင်နဲ့ညီအောင် ပြန်ပြင်ခိုင်းရင် ပြင်ပေးရပါတယ်။ မြန်မာပြည်က အေးဂျင်က အိုကေ၊ ပို့တော့ ဆိုမှ Shipment ပို့လို့ရပါတယ်။ ပစ္စည်းနဲ့အတူ Packing List ထည့်ပေးရပါတယ်။ ပစ္စည်းတန်ဖိုးကိုလည်း နိုင်ငံတကာမှာတော့ ဈေးနှုန်းလျှော့၊ ဘောင်ဝင်အောင် လုပ်ရပါတယ်။
- ဒါကြောင့် မြန်မာပြည်ပစ္စည်းပို့ရင် အေးဂျင့်နဲ့အပ်ပါ။ နိုင်ငံတကာမှာလဲ အေးဂျင့်ပဲ သုံးရပါတယ်။
- အကောင်းဆုံး Shipment ကတော့ တရုပ်ပြည်ကဆိုရင်၊ ရွှေလီ ကုန်းကြောင်းပို့ပေးပြီး၊ ထိုင်းနိုင်ငံကလည်း နယ်ခြားဂိတ်တွေကတဆင့် ပို့ပေးတာ မြန်၊ကောင်း၊သက်သာ ပါတယ်။ သင်္ဘောနဲ့ ပို့ခြင်းက လယ်ယာ၊ စက်မှု ပစ္စည်းကြီးတွေကို ပို့ပါတယ်။
- ကုန်ပစ္စည်းအများစုဟာ China --> Singapore --> Myanmar နည်းနဲ့ ပို့ပါတယ်။ စင်ကာပူအဝင်မှာ GST% အခွန်မကောက်အောင် လုပ်ဖို့ အေးဂျင့်က လုပ်နည်းသိပါတယ်။ တရုပ်ပြည်က စင်ကာပူကို ပို့ပေးပြီးရင် GST ကောက်ပြီးသားကို မြန်မာပြည်ထပ်ပို့ရင် GST Claim လုပ်ဖို့ ခက်ပါတယ်။
- အခက်ခဲတွေအများကြီးရှိလို့ မြန်မာပြည်ပစ္စည်းပို့ရင် မြန်မာပြည်ဖက်က အေးဂျင့်နဲ့ သေချာပေးမြန်း၊ သူတို့ခိုင်းတဲ့အတိုင်း ဒီဘက်က လုပ်ပေးဖို့အရေးကြီးပါတယ်။ မြန်မာပြည် သွင်း/ထုတ် ကုန်တွေ ဖွင့်ပေးတာ ၂နှစ်ကျော်ပဲ ရှိသေးတဲ့အတွက် မြန်မာပြည်ကို ပို့ခြင်းလုပ်ငန်းက ဈေးကြီး၊ ခက်ခဲ၊ ကြန့်ကြာတတ်ပါတယ်။ နောက် ၃နှစ်လောက်ဆို နိုင်ငံတကာအဆင့် ရောက်မယ် မျှော်လင့်ပါတယ်။
- အမြန်ပို့ချင်တဲ့၊ အိမ်သုံးပစ္စည်း၊ မိုဘိုင်း၊ကွန်ပြူတာ စတဲ့ပစ္စည်းတွေကိုတော့ ပင်နီစူလာပလာစာက သပြေနု၊ ရဲရင့် စတဲ့ဆိုင်များက ပိုခဈေးကြီးကြီးနဲ့ ပို့ပေးပါတယ်။ အခွန်ကိစ္စတွေ သူတို့ပဲ ရှင်းပါတယ်။
- အရေးကြီးဆုံးကတော့ ငွေလက်ခံရရှိခြင်း နဲ့ ပစ္စည်းလက်ခံရရှိခြင်း တို့ဖြစ်ပါတယ်။ ငွေနဲ့ပစ္စည်းပို့တာက အလွန်လွယ်ပါတယ်။ လက်ခံရရှိဖို့ကတော့ ကိုယ်က မသမာလုပ်ရင်၊ အတုံ့အလှည့် ကိုယ်ပြန်ခံရတတ်ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့နည်းလမ်းနဲ့ မြန်မာများရဲ့ စာရိတ္တသိက္ခာကို ပြန်ဆည်ဖို့ လိုပါတယ်။ ငွေ/ပစ္စည်း ပိုခက အလွန်ဈေးချိုပါတယ်။ ဒေါ်လာ၂၀၀၀ ပို့ခ ဒေါ်လ၂၀လောက်ပဲယူသလို၊ ဒေါ်လာ၂၀၀၀တန် ပစ္စည်းပို့ခလည်း ဒေါ်လာ၅၀ ထက်မကုန်ပါဘူး။ ပစ္စည်းအလေချိန်၊ ထုထည်ပေါ်ပဲ မူတည်ပါတယ်။ ကွန်တိန်နာ အသေးတလုံး စင်ကာပူ၊မြန်မာပြည် ပို့ခက ဒေါ်လ၅၀၀တောင် မကုန်ပေမဲ့၊ မြန်မာပြည်ရောက်ရင် မလိုလားအပ်တဲ့ အကျင့်ပျက်မှုတွေကြောင့် သင်္ဘောကြံ့ကြာတတ်လို့ ပို့ခဈေးကြီးနေရပါတယ်။
- ငွေနဲ့ပစ္စည်း မြန်မာပြည်ကို ကိုယ်နဲ့တစ်ပါတည်း သယ်သွားလိုသူများ အထူးသတိပြုဖို့ကတော့ ဒေါ်လာတစ်သောင်းခွဲ အထက်၊ မိသွားရင် မလိုလားအပ်ပဲ ပြသနာရှုပ်ပါတယ်။ ပစ္စည်းများလည်း မိသွားရင် ရှုပ်ပါတယ်။ တန်ဖိုးကြီးတယ်ဆိုရင် မြန်မာနိုင်ငံဖက်က အေးဂျင့်တွေကို အမှန်အတိုင်းပြောပြီး ပစ္စည်း၊ ငွေ ဒေါ်လာများ သယ်သွားရင် လေဆိပ် X-ray စက်နဲ့မိသွားပြီး ကြံကြာမှု ဖြစ်တတ်ပါတယ်။ ငွေ၊ ပစ္စည်း အများကြီးသယ်သွားလို့ မဖမ်းပါဘူး။ သိမ်းဆည်းခံရပြီး၊ အချိန်ကြံ့ကြာနေမှာပဲ စိုးရိမ်ရပါတယ်။ မြန်မာပြည်မှာ ဒေါ်လာသိန်း၊ သန်း ကိုင်တွယ်၊ သွားလာ၊ ပစ္စည်းသွင်း/ထုတ် နေသူများ ပြသနာမဖြစ်ပေမဲ့ ပစ္စည်းနဲ့ငွေများ နဲနဲပဲ သယ်တဲ့ ခရီးသည်များ လေဆိပ်မှာ ကြံကြာတတ်ပါတယ်။ ကိစ္စတော့မရှိတော့ပါဘူး။ ပစ္စည်းဆိုရင် အခွန်ဆောင်၊ ငွေဆိုရင် Declear လုပ်လိုက်ရုံပါပဲ ။
မကြာခင်မှာပဲ အကျင့်ပျက်မှုများ ကျဆုံးသွားပြီး၊ မြန်မာလူငယ်များရဲ့ import/export small&medium business လုပ်ငန်းအသေး၊ အလတ်စားများ အောင်မြင့်အဆင်ပြေလာမယ် ဖြစ်ပါတယ်။

နိဂုံးအနေနဲ့ ..
တစ်ခါတလေ လုပ်မယ်ဆိုရင်တော့ ခက်သလိုဖြစ်ပေမဲ့၊ လုပ်နေကျဖြစ်သွားရင် လွယ်ပါတယ်။ အခု သွင်/ထုတ် ကိုယ့်ဖာသာ လုပ်တတ်တယ်ဆိုရင်၊ နောင်ဆိုရင် တရုပ်မြန်မာ ကုန်သွယ်မှု စနစ်တကျဖြစ်လာတဲ့အခါ လုပ်ငန်းရှင်ကြီး ဖြစ်လာပါမယ်။ လိမ်လည်ခံရမှုတွေ နည်းသွားပါမယ်။ စင်ကာပူမှာနေထိုင်သူ မြန်မာများ စင်ကာပူ၊ ထိုင်း၊ မလေးရှာ၊ နောက်ဆုံး ကိုးရီးယား၊ဂျပန်၊ အမေရိကား ကနေ မြန်မာပြည်ကို ကုန်ပစ္စည်း သွင်း/ထုတ်၊ ငွေပေး/ယူ လုပ်နိုင်တဲ့ လုပ်ငန်းရှင် များစွာ ပေါ်လာမယ်ဖြစ်ပါတယ်။

တရုပ်ပြည်မှ သူကြွယ်များအချို့ (မြန်မာဘာသာပြန်)
http://mingalaronline.biz/stories/alibaba.and.bamar1.htm
http://moemaka.blogspot.com/2014/07/alibabacom.html

09/02/2018
ပို့ကုန်ပို့တဲ့အခါ လိုအပ်တဲ့ စာရွက်စာတမ်းများ (Export Documents or Shipping Documents) တွေ ကိုပြောပြပေးသွားမှာပါ။အဓိကအား...
09/02/2018

ပို့ကုန်ပို့တဲ့အခါ လိုအပ်တဲ့ စာရွက်စာတမ်းများ
(Export Documents or Shipping Documents) တွေ ကိုပြောပြပေးသွားမှာပါ။
အဓိကအားဖြင့် စာရွက်စာတမ်း ၁၀ မျိုးလိုအပ်ပါတယ်။
(1) ကုန်ပစ္စည်းများကို သင်္ဘောဖြင့်တင်ပို့လျှင် သင်္ဘောတင် တန်ဆာလက်မှတ် (Bill of Lading), လေယာဉ်ဖြင့်တင်ပို့လျှင် လေယာဉ်တန်ဆာလက်မှတ် (Airway Bill)
(2) ကုန်ဖိုးစာရင်း (Commercial Invoice)
(3) ထုပ်ပိုးစာရင်း (Packing List)
(4) ကုန်ပစ္စည်း စံချိန်စံညွှန်း၊ အမျိုးအစားနှင့် အလေးချိန် စစ်ဆေးတွေ့ရှိချက် လက်မှတ် (Certificate of Inspection Analysis for Quality and Weight)
(5) မူရင်းနိုင်ငံလက်မှတ် (Certificate of Origin)
(6) ပိုးမွှားသတ်မှိုင်းတိုက် လက်မှတ် (Fumigation Certificate)
(7) အပင်ရောဂါနှင့် ပိုးမွှားကင်းစင်ကြောင်းလက်မှတ် (Phytosanitary Certificate) ၊ ကျန်းမာရေးနှင့် ညီညွတ်ကြောင်း လက်မှတ် (Health Certificate)
(8) ရေကြောင်းအာမခံလက်မှတ် (Marine Insurance Certificate)
(သင်္ဘောပေါ်ရောက်ဈေးနှုန်း FOB ဖြင့်ရောင်းချသော ကိစ္စများ၌ အာမခံလက်မှတ်မလိုပါ)။
(9) ဘဏ်တွင် ငွေတောင်းခံရန်အတွက် ငွေတောင်းခံလွှာပုံစံ (Bill of Exchange or Demand Draft)
(10) ပုံစံ(ပက) – 1947 ခုနှစ် နိုင်ငံခြားငွေလဲလှယ်မှု စည်းမျဉ်းသတ်မှတ်ရေး အက်ဥပဒေဆိုင်ရာ မြန်မာနိုင်ငံမှ ပြည်ပသို့ ကုန်ပစ္စည်းများ တင်ပို့ရောင်းချရာတွင် ကြေညာရန်။

Form E – The Myanmar Foreign Exchange Regulation Act 1947, Declaration for Shipment of goods to countries outside Myanmar
ဖော်ပြသွားတဲ့ စာရွက်စာတမ်း ၁၀ မျိုးက ပို့ကုန်ပို့ရာမှာ အခြေခံ အဓိက ကျတဲ့ စာရွက်စာတမ်းတွေပါ။
နောက်တစ်ခေါက်မှာလည်း ဗဟုသုတတွေ ပြောပြသွားမှာမို့လို့ ကုန်စည် page လေးကို Like and follow လုပ်ထားကြဖို့ တိုက်တွန်းပေးကြပါဦးရှင့်။
ကောင်းသောနေ့လေးဖြစ်ပါစေ။

Credit -

Article Source – Handbook of Exporting & Importing (ဦးတင်မောင်ဝင်း)

Import Licensing Procedure--------------------------------- Procedure for obtaining Import License from Import Licensing...
09/02/2018

Import Licensing Procedure
---------------------------------

Procedure for obtaining Import License from Import Licensing Division, Department of Trade

Step 1

Importer submits application for import license on TradeNet website or by manually along with necessary supporting documents to Import Licensing Division.

Step 2

After receiving the applications from importer, the responsible authorities will check or review the application. If application is incomplete, the documents will return to importer for corrections.

Step 3

After the reviewing process for correct and complete applications, the importer needs to make the payment to Myanmar Citizen Bank Finance Division at Ministry of Commerce for required fees.

Step 4

Myanmar Citizen Bank receives the payment, issues receipt and notifies import licensing department.

Step 5

Export licensing department issues hardcopy of application to importer.

Step 6

Importer brings hardcopy of import license application to import section at Nay Pyi Taw.

Step 7

Application file is submitted to the Export/Import Commercial Committee for consideration or the responsible authority will review the application.

Step 8

If the application is completed, the import license is issued. If necessary, the importer needs to get the required documents attachment from the relevant ministries according to the commodities to be imported.

Export Licence Procedure------------------------------ Obtaining Export License Process:Step 1Exporter submits applicati...
09/02/2018

Export Licence Procedure
------------------------------


Obtaining Export License Process:

Step 1

Exporter submits application for export license on TradeNet website or by manually along with necessary supporting documents to Export Licensing Division.

Step 2

After receiving the applications from exporter, the responsible authorities will check or review the application.

Step 3

After the reviewing process, the exporter needs to make the payment to Myanmar Citizen Bank for required fees.

Step 4

Myanmar Citizen Bank receives the payment, issues receipt and notifies export licensing department.

Step 5

Export licensing department issues hardcopy of application to exporter.

Step 6

Exporter brings hardcopy of export license application to export section at Nay Pyi Taw.

Step 7

Application file is submitted to the Export/Import Commercial Committee for consideration or the responsible authority will review the application.

Step 8

If the application is completed, the export license is issued. If necessary, the exporter needs to get the required documents attachment from the relevant ministries according to the commodities to be exported.

PAGE ရဲ့ဆားဗစ်​​ဘောက်​မှာထည့်​ထားပါတယ်​ ​လေ့လာကြည့်ပါ
07/02/2018

PAGE ရဲ့ဆားဗစ်​​ဘောက်​မှာထည့်​ထားပါတယ်​ ​လေ့လာကြည့်ပါ

Myanmar Customs MACCS System Procudere !အ​ကောက်​ခွန်​၀န်​​ဆောင်​မှုလုပ်​သူ​တွေအပြင်​ အခြားသူများပါသိနိင်​​အောင်​ ​ဝေမျှ​...
07/02/2018

Myanmar Customs MACCS System Procudere !

အ​ကောက်​ခွန်​၀န်​​ဆောင်​မှုလုပ်​သူ​တွေအပြင်​ အခြားသူများပါသိနိင်​​အောင်​ ​ဝေမျှ​ပေးခြင်းဖြစ်​ပါတယ်​ သိမ်းထားတာကြာပြီဖြစ်​​ပေမယ့်​ ပိုင်​ရှင်​ကို ခွင့်​​တောင်းရတယ်​ ညီ​လေး ဆိုတာနဲ့ အခု Share ​ပေးလိုက်​တာပါ Google+ မှာတင်​ထားပတယ်

အခုပုံမှာ​တော့ ​ခေါင်းစဉ်​​တွေပဲ 
တွေ့ရမှာဖြစ်​ပြီးအခု Link ​လေးမှာ​တော့ အပြည့်​အစုံအတွဲလိုက်​တင်​ထားပြီးဖြစ်​​ကြောင်း

https://plus.google.com/collection/ssioXE

ဖုန်းထဲ​Download ထားရင်​အများကြီ​နေရာယူမှာမို့
အခုလင့်​​​ပိုစ့်​​လေးကို မိမိ Wall မှာ share ထားလိုက်​ရင်​လိုတဲ့အချိန်​ပြန်​ရှာနိင်​ပါတယ် မိတ်​​ဆွေတို့ကိုတခု ပြန်​လည်​အကူညီ​တောင်းချင်​တာပါ အခုအရာ​လေး အသုံးတည့်​သွားတယ်​ဆိုရင်​ ကျ​နော့်​အခု Page ​လေးကို 5 Star နဲ့ Reviewေ​လး​ရေး​ပေး​စေချင်​ပါတယ်



07/02/2018

Supply chain management plays a critical role in running a successful business. In this lesson, you'll learn about the benefits and best practices...

Realtime Marine !အရင်​က Mainetraffic က Free ​ပေးတာ Myanmar ​ရေပိုင်​နက်​​ရောက်​ရင်​ သ​င်္ဘော​တွေ မမြင်​ရ​တော့ဘူး အခု googl...
07/02/2018

Realtime Marine !

အရင်​က Mainetraffic က Free ​ပေးတာ Myanmar ​ရေပိုင်​နက်​​ရောက်​ရင်​ သ​င်္ဘော​တွေ မမြင်​ရ​တော့ဘူး အခု google Play မှာ 5USD ​ပေးပြီးဝယ်​လိုက်​​တော့ အရင်​ကမ​ရတဲ့ Data ​တွေရလာတယ်​ Live update ဖြစ်​လာတယ်​ သ​င်္ဘော​ပေါ်ကတပ်​ထားတဲ့ကင်​မရာ ​တောင် လစဉ်​​ကြေး​ပေးဝယ်​သုံးနိင်​တယ်​ Download က​တော့လုပ်​လို့ရတယ်​ 5 USD ​ပေးသုံးရင်​ပို​ကောင်းတယ်

Address

No. 139 GF Bogalay Zay Road , Middle Block . Botahtaung Tsp
Yangon
11161

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

09420028155

Alerts

Be the first to know and let us send you an email when Via Logistics and Supply chain posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share