13/07/2026
🗓️ ဇူလိုင်လ (၁၁) ရက်နေ့တွင် 📌 ရန်ကုန်မြို့ရှိ Parkroyal Hotel နှင့် 🗓️ ဇူလိုင်လ (၁၂) ရက်နေ့တွင် 📌 မန္တလေးမြို့ရှိ Mingalar Mandalay, Block 4, Unit 10 ၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သော 🎓💼 Study Overseas and Career Fair 2026 ၏ အမှတ်တရပုံရိပ်များကို ပြန်လည်မျှဝေပေးလိုက်ပါသည်။ 📷
ယခုနှစ် ပြပွဲကြီးတွင် ကျောင်းသူ၊ကျောင်းသားများ၏ အနာဂတ်ပညာရေးနှင့် အသက်မွေး ဝမ်းကျောင်း အတွက် အထောက်အကူဖြစ်စေမည့် ဟောပြောပွဲများနှင့် ဆွေးနွေးပွဲများကို စိတ်ဝင်စားဖွယ်ကောင်းစွာ တင်ဆက်ပေးခဲ့ကြပါသည်။
🇸🇬 Singapore Polytechnic နှင့် 🇸🇬 Temasek Polytechnic တို့မှ ပညာရေးဆိုင်ရာ ဟောပြောပွဲများအပြင် 🇸🇬 PSB Academy မှ AI, Cyber Security နှင့် Emerging Technology နယ်ပယ်များ၏ အနာဂတ်အလုပ်အကိုင် အခွင့်အလမ်းများအကြောင်း အလုပ်ရုံဆွေးနွေးပွဲကို မျှဝေပေးခဲ့သည့် တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
ထို့အပြင် RVi College နှင့် Edulink Myanmar တို့နှင့်အတူ ပူးပေါင်းပါဝင်ကာ ကျောင်းသူကျောင်းသားများအတွက် အရည်အသွေးမြင့် ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို မျှဝေပေးခဲ့ကြသည့် မိတ်ဖက်တက္ကသိုလ်များ၊ ပညာရေးအဖွဲ့အစည်းများနှင့် အလုပ်အကိုင်အဖွဲ့အစည်းများအားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါသည်။
အထူးသဖြင့် 🇸🇬 Polytechnic ဟောပြောပွဲများနှင့် 🇸🇬 PSB Academy ၏ ဆွေးနွေးပွဲများကို စိတ်ဝင်စားစွာ တက်ရောက်ခဲ့ကြသော ကျောင်းသူကျောင်းသားများ၊ မိဘများ၊ RVi College ၏ မိတ်ဖက်ကျောင်းများမှ တာဝန်ရှိသူများနှင့် ပြပွဲတစ်လျှောက် ပညာရေးအခွင့်အလမ်းများကို တက်ကြွစွာ လေ့လာစုံစမ်းခဲ့ကြသူများအားလုံး၏ ပါဝင်အားပေးမှုကြောင့် 🎓💼 Study Overseas and Career Fair 2026 ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ အားလုံး၏ ယုံကြည်မှုနှင့် ပူးပေါင်းပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။
နိုင်ငံတကာပညာရေး အခွင့်အလမ်းများ၊ ပညာသင်ဆုများနှင့် မိမိနှင့်သင့်လျော်သော ပညာရေးလမ်းကြောင်းများအကြောင်းကို RVi College ၏ အတွေ့အကြုံရှိ ပညာရေးအကြံပေးများနှင့် ဆက်လက်ဆွေးနွေးလိုပါက ဖုန်း 📲 ၀၉ ၂၅၄၇၁၁၈၉၈၊ ၀၉ ၇၉၈၁၉၁၄၆၂၊ ၀၉ ၈၈၇၇၇၆၈၂၆၊ ၀၉ ၄၂၈၆၅၃၁၄ နှင့် ၀၉ ၂၅၀၀၀၆၄၂၁ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။