SMILE Fire Extinguisher Factory - မီးသတ်ဆေးဗူးစက်ရုံ

  • Home
  • Myanmar
  • Yangon
  • SMILE Fire Extinguisher Factory - မီးသတ်ဆေးဗူးစက်ရုံ

SMILE Fire Extinguisher Factory - မီးသတ်ဆေးဗူးစက်ရုံ ဆယ်စုနှစ်တစ်ခုကျော်တိုင် ISO 9001:2015 (No. 685942) လက်မှတ်ရ မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် တစ်ခုတည်းသော နိုင်ငံတကာအဆင့်မီ SMILE မီးသတ်ဆေးဗူးစက်ရုံကြီး

02/06/2026

🏭 𝐒𝐌𝐈𝐋𝐄 မီးသတ်ဆေးဗူး စက်ရုံ
အမှတ်(၂၅၁)၊ ကင်းတားလမ်းနှင့်ယောက်ကော်လမ်းထောင့်၊ စက်မှုဇုန် (3)၊ တိုးချဲ့ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း : 09-765028000, 09-775028000
Google Map Link >>
https://maps.app.goo.gl/BgFFdX8nw97t7RiW9?g_st=ic

ီးသတ်ဆေးဗူး

မီးဘေးအန္တရာယ်ကို လူကိုယ်တိုင် ငြှိမ်းသတ်စရာမလိုဘဲ အချိန်နဲ့တပြေးညီ တုံ့ပြန်နိုင်ဖို့အတွက်ဆိုရင် SMILE ရဲ့ Ceiling Mount...
02/06/2026

မီးဘေးအန္တရာယ်ကို လူကိုယ်တိုင် ငြှိမ်းသတ်စရာမလိုဘဲ အချိန်နဲ့တပြေးညီ တုံ့ပြန်နိုင်ဖို့အတွက်ဆိုရင် SMILE ရဲ့ Ceiling Mounted Automatic Fire Extinguisher များကို ရွေးချယ်နိုင်ပါတယ်။

✅ အဓိက ဆောင်သင့်သည့် နေရာများ - လျှပ်စစ်ပစ္စည်းအခန်းများ, မီးစက်ထားရာအခန်းများ, ကွန်ပျူတာဆာဗာခန်းများ, ဂိုထောင်များ, စက်ခန်းများ, လောင်စာဆီ သိုလှောင်ရုံများ

🛡️ အလိုအလျောက် အလုပ်လုပ်ပုံ - အပူချိန် မြင့်တက်လာသည့်အခါတွင် Heat Sensitive Glass Bulb သည် အပူချိန်ကို အာရုံခံပြီး အလိုအလျောက် ကွဲထွက်သွားပါသည်။ ထို့နောက် ဖိအားကြောင့် Dry Chemical Powder များ ဖြာထွက်လာကာ မီးလောင်ကျွမ်းသည့် ဧရိယာကို ထိရောက်စွာ ငြှိမ်းသတ်ပေးခြင်းဖြစ်ပါသည်။

⚙️ ထူးခြားသည့် အားသာချက်များ
- Automatic Operation: မီးလောင်ကျွမ်းမှုကို အလိုအလျောက် တုံ့ပြန်ပေးခြင်း
- Fast Response: မီးစတင်ချိန်တွင် အမြန်ဆုံး ငြှိမ်းသတ်ပေးနိုင်ခြင်း
- Compact Design: နေရာယူမှုနည်းပြီး တပ်ဆင်ရလွယ်ကူခြင်း
- Cost-effective: ကုန်ကျစရိတ် သက်သာပြီး Refill ပြန်ဖြည့်နိုင်ခြင်း
- မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနအပြင် NFPA 10, NFPA 17 နှင့် ISO စံနှုန်းများဖြင့် ကိုက်ညီမှုရှိပါသည်။

လူမရှိသည့်အချိန်တွင်ပင် မီးဘေးကို စိတ်ချစွာ ကာကွယ်ပေးမည့် SMILE Ceiling Automatic Fire Extinguisher များအကြောင်း ပိုမိုသိရှိလိုပါက Chat Box တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

မှတ်ချက်။ ဖော်ပြပါ 𝐂𝐨𝐧𝐭𝐞𝐧𝐭 နှင့် 𝐃𝐞𝐬𝐢𝐠𝐧 သည် 𝐌𝐲𝐚𝐭 𝐍𝐨𝐞 𝐋𝐚𝐲 𝐂𝐨., 𝐋𝐭𝐝 ရဲ့ မူပိုင်ဖြစ်သည့်အတွက် တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အားလုံးဖြစ်စေ မိမိအကျိုးစီးပွားအတွက် အလွယ်တကူ သုံးယူခွင့်မပြုပါကြောင်း သတိပေးအပ်ပါသည်။

------- လိပ်စာများ -------

🏪 𝐒𝐌𝐈𝐋𝐄 မီးသတ်ဆေးဗူး အရောင်းပြခန်း
အမှတ် (၄၁)၊ ဦးချစ်မောင်လမ်း၊ ဆရာစံတောင်ရပ်ကွက်၊
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း : 09-5028000, 09-945028000
Google Map Link >>
https://maps.app.goo.gl/f3jUGDiE7XHvoMDm7?g_st=ic

🏭 𝐒𝐌𝐈𝐋𝐄 မီးသတ်ဆေးဗူး စက်ရုံ
အမှတ်(၂၅၁)၊ ကင်းတားလမ်းနှင့်ယောက်ကော်လမ်းထောင့်၊ စက်မှုဇုန် (3)၊ တိုးချဲ့ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း : 09-765028000, 09-775028000
Google Map Link >>
https://maps.app.goo.gl/BgFFdX8nw97t7RiW9?g_st=ic

ီးသတ်ဆေးဗူး

Special Package ကို ပထမဆုံး ဝယ်ယူအားပေးပါသော မန်းလေးမြို့မှ customer အား အထူးကျေးဇူးတင်ရှိပါတယ်ရှင် 🙏
01/06/2026

Special Package ကို ပထမဆုံး ဝယ်ယူအားပေးပါသော မန်းလေးမြို့မှ customer အား အထူးကျေးဇူးတင်ရှိပါတယ်ရှင် 🙏

31/05/2026

🔥 ဆီဆိုင်များအတွက် မီးဘေးအန္တရာယ် စိတ်အေးရဖို့ SMILE ရဲ့ အထူး package 📣

မီးဘေးအန္တရာယ်ဟာ ဥတုမရွေး ဘယ်အချိန်မဆို ဖြစ်ပွားနိုင်တဲ့အတွက် ကိုယ့်လုပ်ငန်းခွင်အတွက် ကိုက်ညီမယ့် အရည်အသွေးစိတ်ချရတဲ့ မီးသတ်ပစ္စည်းများ အဆင်သင့်ရှိနေဖို့ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ယခုအခါ Customer များရဲ့ တောင်းဆိုချက်အရ မိုးရာသီအထူးအစီအစဉ်အဖြစ် SMILE မှ လိုအပ်သလို ရွေးချယ်နိုင်သော "Special Price Package" ကို မိတ်ဆက်ပေးလိုက်ပါတယ်ရှင်။

အောက်ပါ Item (၇) မျိုးထဲမှ မိမိလိုအပ်သည့် (၃) မျိုးနှင့်အထက် ရွေးချယ်ဝယ်ယူရုံဖြင့် အမျိုးအစား/အရေအတွက်အပေါ်မူတည်ပြီး အထူးစျေးနှုန်းဖြင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။

1. SMILE Dry Chemical Powder မီးသတ်ဆေးဗူး - 50kg
2. SMILE Foam Trolly Type မီးသတ်ဆေးဗူး - 25L
3. SMILE Ceiling Automatic မီးသတ်ဆေးဗူး - 4kg
4. မီးသတ်ပိုက်လိပ် - (1.5”, 2.5”) (20m,30m)
5. Fire Hose Cabinet
6. 3D Nozzle - 1.5”, 2.5”
7. BS Type Hose Coupling - 1.5” x 2.5”

အထူးသတိပြုရမှာကတော့ item 3 မျိုးနှင့်အထက်မှ သာ အကျုံးဝင်မှာဖြစ်ပြီး June ၁ ရက်နေ့ မှ ၁၀ ရက်နေ့ အထိ Package ၁၅ ခုသာ ရောင်းချပေးပါမည်။‼️

တကယ့်ကို ပြီးပြည့်စုံပြီး ထိရောက်တဲ့ မီးငြိမ်းသတ်ရေးပစ္စည်းများ ရွေးချယ်စုစည်းပေးထားတာဖြစ်လို့ ဆီဆိုင်များအပြင် construction၊ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်အသီးသီးကိုလည်း ယခုအထူး package အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်။

Service/Maintenance ဝန်ဆောင်မှု အပြည့်ရှိတဲ့ SMILE မှ တစ်နှစ် တစ်ခါသာ promotion ပြုလုပ်ပေးတာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင်တော့ အခုပဲ Page Messenger ကနေဖြစ်စေ၊ ဖုန်းဆက်ပြီးဖြစ်စေ၊ ကိုယ်တိုင်လာရောက်၍ ဖြစ်စေ ဝယ်ယူနိုင်ပါပြီနော်။

------- 🚚 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 -------
ရန်ကုန်မြို့တွင်း "အခမဲ့" ပို့ဆောင်ပေးပြီး နယ်မှ မှာယူလိုသူများအတွက် ရန်ကုန်ကားဂိတ်အရောက် "အခမဲ့" ပို့ဆောင်ပေးပါသည်။

🏭 𝐒𝐌𝐈𝐋𝐄 မီးသတ်ဆေးဗူး စက်ရုံ
အမှတ်(၂၅၁)၊ ကင်းတားလမ်းနှင့်ယောက်ကော်လမ်းထောင့်၊ စက်မှုဇုန် (3)၊ တိုးချဲ့ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း : 09-765028000, 09-775028000
Google Map Link >>
https://maps.app.goo.gl/BgFFdX8nw97t7RiW9?g_st=ic

ီးသတ်ဆေးဗူး

ဆယ်စုနှစ်တစ်ခုကျော်တိုင် ISO 9001:2015 (No. 685942) လက်မှတ်ရ မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် တစ်ခုတည်းသော နိုင်ငံတကာအဆင့်မီ SMILE မီးသတ်ဆေးဗူးစက်ရုံကြီး

မီးဘေးအန္တရာယ်က ဘယ်အချိန်၊ ဘယ်နေရာမှာ ဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါပေမယ့် မီးလောင်မှုတစ်ခု ဖြစ်လာတဲ့အခါ၊ ဘယ်လ...
30/05/2026

မီးဘေးအန္တရာယ်က ဘယ်အချိန်၊ ဘယ်နေရာမှာ ဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါပေမယ့် မီးလောင်မှုတစ်ခု ဖြစ်လာတဲ့အခါ၊ ဘယ်လိုထိထိရောက်ရောက် တုံ့ပြန်ငြှိမ်းသတ်ရမလဲဆိုတာကို သိထားရင် အသက်နဲ့ အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် SMILE မှ ပုံထဲမှာပါတဲ့အတိုင်း အခြေခံမီးငြှိမ်းသတ်နည်း (၄) ချက်ကို အသေးစိတ်ရှင်းပြပေးလိုက်ပါတယ်။ 🔥

👉 မီးလောင်မှုတစ်ခု ဖြစ်ပွားဖို့ သီအိုရီအရ "မီးတြိဂံ" (Fire Triangle) ရှိရပါတယ်။ အပူ (Heat)၊ လောင်စာ (Fuel) နဲ့ အောက်ဆီဂျင် (Oxygen) တို့ ပေါင်းစပ်မိရင် မီးစတင်လောင်ကျွမ်းပါတယ်။ ဒါကြောင့် မီးငြှိမ်းသတ်တယ်ဆိုတာ ဒီအချက်တွေထဲက တစ်ခုခုကို ဖယ်ရှားလိုက်တာပါပဲ။

1️⃣ အပူဖယ်ရှားခြင်း (Cooling):
ဒါကတော့ အရိုးရှင်းဆုံးနည်းလမ်းပါ။ မီးလောင်နေတဲ့ နေရာကို အေးသွားအောင် လုပ်တာပါ။ "ရေ" ကို အသုံးပြုပြီး မီးလောင်တဲ့ အရာဝတ္ထုရဲ့ အပူချိန်ကို လျှော့ချပေးခြင်းအားဖြင့် မီးငြှိမ်းသတ်နိုင်ပါတယ်။ သတိပြုရန် - ဆီမီးလောင်မှုနဲ့ လျှပ်စစ်မီးလောင်မှုတွေမှာ ရေကို လုံးဝ (လုံးဝ) မသုံးရပါ။
2️⃣ အောက်ဆီဂျင်ဖြတ်တောက်ခြင်း (Smothering):
မီးတောက်ဖို့ အောက်ဆီဂျင် လိုအပ်ပါတယ်။ လေဝင်ပေါက်ကို ပိတ်လိုက်ခြင်း၊ သို့မဟုတ် မီးလောင်နေတဲ့ နေရာကို တစ်ခုခုနဲ့ အုပ်လိုက်ခြင်းအားဖြင့် မီးငြှိမ်းသတ်နိုင်ပါတယ်။ ဥပမာ - ဒယ်အိုးမီးလောင်ရင် ဒယ်အိုးအဖုံးကို အုပ်လိုက်တာ၊ မီးစောင် (Fire Blanket) ကို အသုံးပြုတာမျိုးပါ။ ပုံထဲမှာပြထားသလို အိုးအဖုံးနဲ့ အုပ်လိုက်ခြင်းက လေထဲကအောက်ဆီဂျင်ကို ဖြတ်တောက်လိုက်တာပါပဲ။
3️⃣ လောင်စာဖယ်ရှားခြင်း (Fuel Removal):
မီးစွဲလောင်နေတဲ့အရာ၊ သို့မဟုတ် မီးကူးစက်နိုင်တဲ့ အရာတွေကို ဖယ်ရှားလိုက်တာပါ။ ဥပမာ - ဂက်စ်အိုး မီးလောင်နေရင် ဂက်စ်အိုးကို မီးနဲ့ဝေးတဲ့နေရာကို ရွှေ့ပြောင်းလိုက်တာ၊ သို့မဟုတ် ဂက်စ်ဗားကို ပိတ်လိုက်တာမျိုးပါ။ ပုံထဲမှာ ဂက်စ်အိုးကို ရွှေ့ပြောင်းတာမျိုးကို ပြထားပါတယ်။
4️⃣ ဓာတ်ပြုမှုရပ်တန့်ခြင်း (Chain Reaction Breakdown):
မီးလောင်မှုဆိုတာ ဓာတ်ပြုမှုအဆက်မပြတ် ဖြစ်နေတာပါ။ ဒီဓာတ်ပြုမှုကို ရပ်တန့်အောင် လုပ်ဖို့ "SMILE မီးသတ်ဆေးဗူး" လိုမျိုး မီးသတ်ဆေးဗူးတွေကို အသုံးပြုရပါတယ်။ မီးသတ်ဆေးဗူးထဲက ဓာတုဗေဒပစ္စည်းတွေက မီးလောင်တဲ့နေရာကို အုပ်လိုက်ပြီး ဓာတ်ပြုမှုကို ရပ်တန့်စေပါတယ်။ ဒါက အထိရောက်ဆုံးနဲ့ အမြန်ဆုံး မီးငြှိမ်းသတ်နည်းပါပဲ။

မှတ်ချက်။ ဖော်ပြပါ 𝐂𝐨𝐧𝐭𝐞𝐧𝐭 နှင့် 𝐃𝐞𝐬𝐢𝐠𝐧 သည် 𝐌𝐲𝐚𝐭 𝐍𝐨𝐞 𝐋𝐚𝐲 𝐂𝐨., 𝐋𝐭𝐝 ရဲ့ မူပိုင်ဖြစ်သည့်အတွက် တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အားလုံးဖြစ်စေ မိမိအကျိုးစီးပွားအတွက် အလွယ်တကူ သုံးယူခွင့်မပြုပါကြောင်း သတိပေးအပ်ပါသည်။

------- လိပ်စာများ -------

🏪 𝐒𝐌𝐈𝐋𝐄 မီးသတ်ဆေးဗူး အရောင်းပြခန်း
အမှတ် (၄၁)၊ ဦးချစ်မောင်လမ်း၊ ဆရာစံတောင်ရပ်ကွက်၊
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း : 09-5028000, 09-945028000
Google Map Link >>
https://maps.app.goo.gl/f3jUGDiE7XHvoMDm7?g_st=ic

🏭 𝐒𝐌𝐈𝐋𝐄 မီးသတ်ဆေးဗူး စက်ရုံ
အမှတ်(၂၅၁)၊ ကင်းတားလမ်းနှင့်ယောက်ကော်လမ်းထောင့်၊ စက်မှုဇုန် (3)၊ တိုးချဲ့ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း : 09-765028000, 09-775028000
Google Map Link >>
https://maps.app.goo.gl/BgFFdX8nw97t7RiW9?g_st=ic

✨ 𝐒𝐌𝐈𝐋𝐄 𝐅𝐢𝐫𝐞 𝐄𝐱𝐭𝐢𝐧𝐠𝐮𝐢𝐬𝐡𝐞𝐫 𝐓𝐢𝐤𝐭𝐨𝐤
https://www.tiktok.com/?_t=8mvBTKAHi08&_r=1

✨ 𝐒𝐌𝐈𝐋𝐄 𝐅𝐢𝐫𝐞 𝐄𝐱𝐭𝐢𝐧𝐠𝐮𝐢𝐬𝐡𝐞𝐫 𝐕𝐢𝐛𝐞𝐫 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲
https://invite.viber.com/?g2=AQA9hSWzS14CpVLynDGrjJHOVFfjveyjPvmMPwsBGKA2B0YXRvJgbSeh9vcGDn0S

✨ 𝐒𝐌𝐈𝐋𝐄 𝐅𝐢𝐫𝐞 𝐄𝐱𝐭𝐢𝐧𝐠𝐮𝐢𝐬𝐡𝐞𝐫 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦
https://t.me/smilefireextinguisher

✨ 𝐒𝐌𝐈𝐋𝐄 𝐅𝐢𝐫𝐞 𝐄𝐱𝐭𝐢𝐧𝐠𝐮𝐢𝐬𝐡𝐞𝐫 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦
https://www.instagram.com/smile_fire_extinguisher_mm?igsh=Z3dzOXZmZ3Vsc2xm&utm_source=qr

✨ 𝐒𝐌𝐈𝐋𝐄 𝐅𝐢𝐫𝐞 𝐄𝐱𝐭𝐢𝐧𝐠𝐮𝐢𝐬𝐡𝐞𝐫 𝐋𝐢𝐧𝐤𝐞𝐝𝐈𝐧
https://www.linkedin.com/company/myat-noe-lay-co-ltd/

ီးသတ်ဆေးဗူး

29/05/2026

3 layers fire hose ( ၃လွှာ မီးသတ်ပိုက်လိပ်) များ SMILE မီးသတ်ဆေးဗူးစက်ရုံကြီးမှာ စျေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူရရှိနိုင်ပါပြီ။

Eid Mubarak to everyone✨May the spirit of Eid al-Adha bring love, kindness, and deep compassion into your life. Wishing ...
27/05/2026

Eid Mubarak to everyone✨

May the spirit of Eid al-Adha bring love, kindness, and deep compassion into your life. Wishing you and your loved ones a blessed day filled with joy, peace, and togetherness. May all your prayers and wishes be answered on this auspicious occasion.

Eid al-Adha ဆိုတာ မေတ္တာတရားတွေ၊ စာနာစိတ်တွေနဲ့ အတူတကွ ပေါင်းစည်းခြင်းရဲ့ အနှစ်သာရကို ဖော်ဆောင်တဲ့ နေ့ရက်ထူးနေ့ရက်မြတ် ဖြစ်ပါတယ်။

ဒီလိုထူးမြတ်တဲ့အချိန်အခါသမယမှာ မိမိတို့ချစ်ခင်ရတဲ့ မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနှင့်အတူ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ အမှတ်တရအချိန်လေးတွေကို ဖန်တီးနိုင်ကြပါစေ။ အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒများ အားလုံးတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေလို့ Myat Noe Lay Co., Ltd - SMILE Fire Extinguisher Factory မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။ 🥰

စေတနာကနေ ဝေဒနာမဖြစ်ရအောင် မီးသတ်ဆေးဗူးရဲ့ Safety Pin ကို ကြိုမဖြုတ်ထားပါနဲ့ 🚫🧯မကြာသေးခင်ကမှ SMILE မှာ ကြုံတွေ့ခဲ့ရတဲ့ ဖြ...
26/05/2026

စေတနာကနေ ဝေဒနာမဖြစ်ရအောင် မီးသတ်ဆေးဗူးရဲ့ Safety Pin ကို ကြိုမဖြုတ်ထားပါနဲ့ 🚫🧯

မကြာသေးခင်ကမှ SMILE မှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်လေးတစ်ခုကို အားလုံးအတွက် ဗဟုသုတအဖြစ် ပြန်လည်မျှဝေပေးချင်ပါတယ်။

Customer တစ်ယောက်က ခရီးသွားခါနီး အိမ်မှာ အသက်ကြီးတဲ့ မိခင်ကြီးတစ်ယောက်တည်း ကျန်ခဲ့မှာမို့ စိတ်ပူပြီး မီးသတ်ဆေးဗူးမှာပါတဲ့ Safety Pin ကို ကြိုဖြုတ်ပေးခဲ့ပါတယ်တဲ့။ အရေးကြုံရင် အမေက မဖြုတ်နိုင်မှာ စိုးရိမ်တဲ့ စေတနာကြောင့်ပါ။

ဒါပေမဲ့ တကယ်တမ်း စစ်ဆေးကြည့်တဲ့အခါမှာတော့
အသုံးမပြုရသေးခင် Safety Pin ဖြုတ်ထားတဲ့အတွက် အတွင်းက Pressure (လေဖိအား) တွေ ယိုစိမ့်ကုန်ပြီး Pressure Gauge (ဂိတ်) က သုညကို ကျသွားပါတယ်။ ဒါ့အပြင် အထဲက ပေါင်ဒါမှုန့်တွေလည်း လေနဲ့ထိပြီး ခဲသွားတဲ့အတွက် တကယ်မီးလောင်ရင် သုံးလို့မရတော့တဲ့ အခြေအနေ ဖြစ်သွားပါတယ်။

သတိထားရမယ့်အချက်များ -

‼️ Safety Pin ဆိုတာ အကာအကွယ်ပါ။ သူရှိနေမှသာ မီးသတ်ဆေးဗူးထဲက Pressure တွေ လုံခြုံနေမှာဖြစ်ပါတယ်။

‼️ ကြိုဖြုတ်ထားရင် ဘာဖြစ်မလဲ?
မတော်တဆ လက်ကိုင်ညှစ်မိတာမျိုး ဖြစ်နိုင်သလို၊ လေယိုစိမ့်ပြီး ဆေးဗူးရဲ့ သက်တမ်းကို အလျင်အမြန် ကုန်ဆုံးစေပါတယ်။ အဲ့လိုဖြုတ်ထားမိရင် အာမခံသက်တမ်းတွင် ရှိနေပြီး မသုံးရသေးသော်လည်း အာမခံပျက်စီးသွားပြီဖြစ်တဲ့အတွက် Refill ပြန်လုပ်ရမှာဖြစ်ပါတယ်။ ဒါဟာ ဆေးမှုန့်များ အလိုလျောက်ခဲသွားခြင်းမဟုတ်ပဲ မလိုအပ်သေးခင် Pin ဖြုတ်ထားမိလို့ သုံးမရတော့တာပါ။

‼️ ဖြုတ်ရတာ တကယ်ပဲ ခက်သလား?
မီးသတ်ဆေးဗူးရဲ့ Pin ဆိုတာ ကလေးတောင် ဖြုတ်လို့ရတဲ့ အင်အားမျိုးနဲ့ ဒီဇိုင်းထုတ်ထားတာပါ။ Plastic Seal လေး ပြတ်သွားအောင် လှည့်ပြီး ဆွဲလိုက်ရုံပါပဲ။ အသက်ကြီးသူတွေအတွက်လည်း ခက်ခဲတဲ့အလုပ် မဟုတ်ပါဘူး။

အကြံပြုချက်:
အိမ်မှာ လူကြီးတွေပဲ ရှိလို့ စိတ်ပူတယ်ဆိုရင် Safety Pin ကို ကြိုဖြုတ်ထားမယ့်အစား "ဘယ်လိုဖြုတ်ရမလဲ" ဆိုတာကို တစ်ခါလောက် ပြသပေးထားတာက ပိုပြီး ထိရောက်တဲ့ ဘေးကင်းလုံခြုံရေး ဖြစ်ပါလိမ့်မယ်။

မိမိတို့အိမ်က မီးသတ်ဆေးဗူးတွေကိုလည်း Pressure Gauge (ဂိတ်) အမြဲ စိမ်းနေရဲ့လားဆိုတာ ပုံမှန်စစ်ဆေးပေးဖို့ မမေ့ကြပါနဲ့ဦးရှင်။ 🛡️

မိုးရာသီမှာ မီးသတ်ဆေးဗူးတွေ ပျက်စီးမသွားအောင် ဘယ်လိုဂရုစိုက်မလဲ?မိုးတွင်းမှာ စိုထိုင်းဆ (Humidity) မြင့်မားတာကြောင့် မီး...
24/05/2026

မိုးရာသီမှာ မီးသတ်ဆေးဗူးတွေ ပျက်စီးမသွားအောင် ဘယ်လိုဂရုစိုက်မလဲ?

မိုးတွင်းမှာ စိုထိုင်းဆ (Humidity) မြင့်မားတာကြောင့် မီးသတ်ဆေးဗူးတွေ အောက်ခြေသံချေးတက်ပြီး ပေါင်ဒါမှုန့်များခဲကာ အရေးပေါ်အချိန်မှာ အသုံးပြုရခက်ခဲတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် SMILE မီးသတ်ဆေးဗူးတွေကို အခုလို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်

▪️အောက်ခြေကို ကာကွယ်ပါ: SMILE မီးသတ်ဆေးဗူးတိုင်းရဲ့ အောက်ခြေမှာ Plastic Cup လေးတွေ ထည့်သွင်းပေးထားပါတယ်။ ဒါဟာ စိုစွတ်တဲ့ ကြမ်းပြင်တွေနဲ့ တိုက်ရိုက်မထိတွေ့စေဘဲ အောက်ခြေ သံချေးတက်ခြင်းကို ထိရောက်စွာ ကာကွယ်ပေးနိုင်လို့ ရေရှည်ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မှာပါ။
▪️Pressure Gauge ကို စစ်ဆေးပါ: လက်တံက အစိမ်းရောင်နယ်ပယ် (Green Area) ထဲမှာ ရှိနေရဲ့လားဆိုတာ ပုံမှန်ကြည့်ပေးပါ။
▪️သန့်ရှင်းရေးလုပ်ပါ: ဗူးခွံပေါ်က ရေငွေ့နဲ့ ဖုန်မှုန့်တွေကို ခြောက်သွေ့တဲ့ အဝတ်နဲ့ ပုံမှန်သုတ်ပေးခြင်းဖြင့် ဗူးရဲ့ သက်တမ်းကို ပိုမိုကြာရှည်စေပါတယ်။
▪️စနစ်တကျ ထားရှိပါ: Stand/ Box နဲ့ မထားဖြစ်ရင်တောင် ရေယိုစိမ့်တဲ့နေရာ၊ မိုးရေနဲ့ တိုက်ရိုက်မထိတွေ့တဲ့ နေရာမှာ သတ်မှတ်ထားတဲ့ အမြင့်အတိုင်း စနစ်တကျ ချိတ်ဆွဲထားဖို့ အကြံပြုလိုပါတယ်။

အရည်အသွေးမြင့် SMILE မီးသတ်ဆေးဗူးတွေဟာ မိုးရာသီမှာ မီးဘေးကင်းဝေးဖို့အတွက် အကောင်းဆုံးလက်တွဲဖော် ဖြစ်လာမှာပါ။

မှတ်ချက်။ ဖော်ပြပါ 𝐂𝐨𝐧𝐭𝐞𝐧𝐭 နှင့် 𝐃𝐞𝐬𝐢𝐠𝐧 သည် 𝐌𝐲𝐚𝐭 𝐍𝐨𝐞 𝐋𝐚𝐲 𝐂𝐨., 𝐋𝐭𝐝 ရဲ့ မူပိုင်ဖြစ်သည့်အတွက် တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အားလုံးဖြစ်စေ မိမိအကျိုးစီးပွားအတွက် အလွယ်တကူ သုံးယူခွင့်မပြုပါကြောင်း သတိပေးအပ်ပါသည်။

လျှပ်စစ်မီးလောင်မှုဖြစ်လျှင် ဘယ်မီးသတ်ဆေးဗူးသုံးမလဲ? ⚡🔥လျှပ်စစ်ပတ်လမ်း ချို့ယွင်းမှုကြောင့် ဖြစ်ပွားရသော မီးလောင်မှုများ...
22/05/2026

လျှပ်စစ်မီးလောင်မှုဖြစ်လျှင် ဘယ်မီးသတ်ဆေးဗူးသုံးမလဲ? ⚡🔥

လျှပ်စစ်ပတ်လမ်း ချို့ယွင်းမှုကြောင့် ဖြစ်ပွားရသော မီးလောင်မှုများသည် အခြားမီးလောင်မှုများထက် ပိုမိုသတိထားရပါသည်။ မှားယွင်းသော ငြိမ်းသတ်နည်း (ဥပမာ - ရေဖြင့် ငြိမ်းသတ်ခြင်း) သည် လျှပ်စစ်စီးကူးမှုကို ဖြစ်စေပြီး ပိုမိုကြီးမားသော အန္တရာယ်ကို ဖိတ်ခေါ်နိုင်ပါသည်။

လျှပ်စစ်မီးလောင်မှုများအတွက် အသင့်တော်ဆုံး မီးသတ်ဆေးဗူး (၂) မျိုးမှာ-

✅DCP (Dry Chemical Powder): လျှပ်စစ်စီးဆင်းမှုကို ကောင်းစွာ ဖြတ်တောက်ပေးနိုင်သည့်အတွက် အိမ်သုံး လျှပ်စစ်ပစ္စည်းများနှင့် မီးဘုတ်ခုံများ မီးလောင်ရာတွင် ထိရောက်စွာ အသုံးပြုနိုင်ပါသည်။ မီးကို အမြန်ဆုံး ငြိမ်းသတ်ပေးနိုင်သော အမျိုးအစားဖြစ်ပါသည်။

✅CO2 (Carbon Dioxide): အောက်ဆီဂျင်ကို ဖြတ်တောက်ပြီး အအေးဓာတ်ဖြင့် မီးငြိမ်းသတ်ပေးသောကြောင့် အဖိုးတန် အီလက်ထရောနစ်ပစ္စည်းများ၊ Server Room များနှင့် ကွန်ပျူတာများ ပျက်စီးမှု အနည်းဆုံးဖြစ်အောင် ကာကွယ်ပေးပါသည်။ငြိမ်းသတ်ပြီးနောက် အကြွင်းအကျန် မကျန်ရှိသည့်အတွက် သန့်ရှင်းရ လွယ်ကူစေပါသည်။

မှန်ကန်တဲ့ ရွေးချယ်မှုက ဆုံးရှုံးမှုတွေကို အနည်းဆုံးဖြစ်အောင် လျှော့ချပေးနိုင်ပါသည်။ လျှပ်စစ်မီးဘေးအတွက်တင်မကဘဲ မီးဘေးအန္တရာယ်အမျိုးမျိုးအတွက် စိတ်ချရတဲ့ SMILE မီးသတ်ဆေးဗူးတွေကို အနီးအနားမှာ ဆောင်ထားဖို့ မမေ့ပါနှင့်။

မှတ်ချက်။ ဖော်ပြပါ 𝐂𝐨𝐧𝐭𝐞𝐧𝐭 နှင့် 𝐃𝐞𝐬𝐢𝐠𝐧 သည် 𝐌𝐲𝐚𝐭 𝐍𝐨𝐞 𝐋𝐚𝐲 𝐂𝐨., 𝐋𝐭𝐝 ရဲ့ မူပိုင်ဖြစ်သည့်အတွက် တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အားလုံးဖြစ်စေ မိမိအကျိုးစီးပွားအတွက် အလွယ်တကူ သုံးယူခွင့်မပြုပါကြောင်း သတိပေးအပ်ပါသည်။

Address

No 251, Corner Of Kin Tar And Yauk Kaw Street, Industrial Zone 3, South Dagon Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959775028000

Website

Alerts

Be the first to know and let us send you an email when SMILE Fire Extinguisher Factory - မီးသတ်ဆေးဗူးစက်ရုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SMILE Fire Extinguisher Factory - မီးသတ်ဆေးဗူးစက်ရုံ:

Share