BIDZ Link - Accounting, Auditing, Payroll & Business Service Provider

  • Home
  • Myanmar
  • Yangon
  • BIDZ Link - Accounting, Auditing, Payroll & Business Service Provider

BIDZ Link - Accounting, Auditing, Payroll & Business Service Provider Internal Control and Documents Flow System Set up, Accounting, Auditing, Payroll and Business Service Provider

Withholding Tax နဲ့ ငွေသွင်းအထောက်အထားပုံစံအသစ်များ ထုတ်ပြန်
06/10/2023

Withholding Tax နဲ့ ငွေသွင်းအထောက်အထားပုံစံအသစ်များ ထုတ်ပြန်

အထူးကုဆရာဝန်များ WT2% ဆောင်ရန်အမိန့်ကြော်ငြာစာ
25/08/2023

အထူးကုဆရာဝန်များ WT2% ဆောင်ရန်အမိန့်ကြော်ငြာစာ

ကျောက်မျက်ရတနာအချောထည်နှင့် လက်ဝတ်ရတနာ ရောင်းဝယ်ခြင်း လုပ်ငန်း လိုင်စင် ...ကျောက်မျက်ရတနာအချောထည်နှင့် ရုပ်တုရုပ်ထွင်းမျ...
18/07/2023

ကျောက်မျက်ရတနာအချောထည်နှင့် လက်ဝတ်ရတနာ ရောင်းဝယ်ခြင်း လုပ်ငန်း လိုင်စင် ...

ကျောက်မျက်ရတနာအချောထည်နှင့် ရုပ်တုရုပ်ထွင်းများ ပြုလုပ်ခြင်း လုပ်ငန်း လိုင်စင် ...

ကျောက်မျက်ရတနာအရိုင်း၊ အချောများ ရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင် ...

သက်တမ်းတိုးမြှင့်ခွင့် လျှောက်လွှာတင်သွင်းရန် …..

Online Sale ကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ကြေညာ -
13/07/2023

Online Sale ကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ကြေညာ -

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ရောင်းချသူကိုယ်စား ငွေကောက်ခံ ရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းများအား အများပြည်သူယုံကြည်စိတ...
13/07/2023

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ရောင်းချသူကိုယ်စား ငွေကောက်ခံ ရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းများအား အများပြည်သူယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန်နှင့်ငွေပေးချေမှု လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၇၉နှင့် ပုဒ်မ၁၂၁ တို့အရလည်းကောင်း၊ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၁၃၄ (က) နှင့် ပုဒ်မ ၁၈၄ တို့အရလည်းကောင်း၊ အပ်နှင်းထားသည့်လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ အောက်ပါ အမိန့်ကို ထုတ်ပြန်လိုက်သည်-

Merchant Acquiring Service
အမိန့်ကြော်ငြာစာအမှတ်၊ ၇ /၂၀၂၀
၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက်
(၂၀၂၀ပြည့်နှစ်၊ မတ်လ ၁၃ ရက်)

01/03/2023
မတ်လ ၁ ရက်နေ့နောက်ပိုင်း ၆၅% စတင် လဲလှယ်ရပါတော့မယ် .
23/02/2023

မတ်လ ၁ ရက်နေ့နောက်ပိုင်း ၆၅% စတင် လဲလှယ်ရပါတော့မယ် .

လိုင်စင်လျှောက်ထားရာတွင် လိုင်စင်ကြေးအား တစ်ပါတည်း ပေးသွင်းရန်ပါ
01/12/2022

လိုင်စင်လျှောက်ထားရာတွင် လိုင်စင်ကြေးအား တစ်ပါတည်း ပေးသွင်းရန်ပါ

ဟင်းသီးဟင်းရွက်ဆီနှင့်ပတ်သက်ပြီး ထပ်မံ စားသုံးသူကာကွယ်ရေး ဥပဒေအရ သတိပေးချက်
23/12/2021

ဟင်းသီးဟင်းရွက်ဆီနှင့်ပတ်သက်ပြီး ထပ်မံ စားသုံးသူကာကွယ်ရေး ဥပဒေအရ သတိပေးချက်

USDT ဆိုတာ ဘာလဲ?——————————-USDT ဆိုတာက crypto currency တစ်မျိုးပါပဲ BTC တို့လို့ ETH တို့လို့ အခြား Crypto Currency တွေန...
11/12/2021

USDT ဆိုတာ ဘာလဲ?
——————————-
USDT ဆိုတာက crypto currency တစ်မျိုးပါပဲ

BTC တို့လို့ ETH တို့လို့ အခြား Crypto Currency တွေနဲ့ မတူတာကတော့

USDT ဟာ Stable Coin (စျေးငြိမ်) ဖြစ်ပါတယ် ။ USDT ဟာ ပြင်ပ အမေရိကန် ဒေါ်လာ 1$ နဲ့ ညီမျှအောင် လုပ်ထားတဲ့အတွက်
လက်ရှိ ပြင်ပ USD ပေါက်စျေးနဲ့ အနီးစပ်ဆုံးဖြစ်ပြီး ဝယ်ထားလိုက်မယ်ဆိုရင် BTC လို အခြားသော Crypto လို စျေးနှုန်းအပြောင်းအလဲ အတက်အကျ မရှိသောကြောင့် ဆုံးရှုံးနိုင်ခြေ နည်းပါတယ် ။

(ဒေါ်လာစျေးအတိုင်းတော့ စျေး အတက်အကျရှိ)

ဒီ USDT ကို ပြည်တွင်းသုံး Digital Currency အဖြစ်သတ်မှတ်လိုက်တော့
ဘာအကျိုးရှိမလဲ ?
—————————
Crypto ဆိုတာကတော့အလွယ်ပြောရရင် Decentralized(ဗဟိုထိန်းချုပ်မှုမရှိ) ဖြစ်တဲ့ currency ပေါ့ ။
ဒါကိုငွေကြေးအဖြစ်သုံးတဲ့ အကျိုးကတော့ ဗဟိုထိန်းချုပ်မှုမရှိတဲ့အတွက် ငွေလွှဲငွေပြောင်း လုပ်ရာမှာ အခုလက်ရှိ ဘဏ် acc တွေလို ကိုဘယ်သူ ၊ မဘယ်ဝါ ဆိုတဲ့ personal အချက်အလက်တွေကို မြင်ရတော့မှာ မဟုတ်ပါဘူး။

ဒီလိူ လူနာမည်နဲ့ အချက်အလက်တွေအစား encryption လုပ်ထားတဲ့ Digital ကိန်းဂဏန်း တွေကိုသာ အသုံးပြုပြီး ငွေပေး ငွေယူလုပ်ကြတာမို့လို့ ကိုယ်လွှဲတာပါ ၊ ကိုယ်ယူတာပါဆိုတာကို ကိုယ်ကမပြောရင် ဘယ်သူမှမသိနိုင်တော့ပါဘူး ။

ဒါပေမဲ့ ကိုယ်တွေငွေပေး ငွေယူလုပ်လိုက်တဲ့ transition တွေကိုတော့ လူအများကြည့်ရှု့နိုင်တဲ့ Network တွေပေါ်မှာ တင်ထားလို့ ပွင့်လင်းမှုလဲရှိနေပြန်ပါတယ် ။

ကိုဘယ်သူမှ ဦးဘယ်သူကို ဘယ်လောက်ဆိုတာမျိုး တော့မြင်ရမှာမဟုတ်ပဲ
0ajshgd46djdkskl မှ 12NsUKp28kslah သို့ ဆိုတာကိုပဲ လူတွေက မြင်ရမှာပါ ။

ဒီတော့ လုံခြုံပြီး ပွင့်လင်းတယ်လို့ ဆိုရမှာဖြစ်ပါတယ် ။

ဒီတော့ အစိုးရတစ်ရပ်က ထိန်းချုပ်ထားတဲ့ ငွေကြေးလွှဲပြောင်းမှုတွေလို လူပုဂ္ဂိုလ်ဆိုင်ရာ အချက်အလက်တွေကို အစိုးရကဖြစ်စေ အဖွဲ့အစည်းတစ်ခုက ဖြစ်စေ ဘဏ်တစ်ခုကဖြစ်စေ ကြည့်လို့ လိုက်လို့မရတော့ပါဘူး ။

ဒါပေမဲ့ ကိုယ်တွေငွေလွှဲလိုက်တဲ့ transitions သည် စောစောကလို ဘယ်သူမှဖော်ဖို့မဖြစ်နိုင်တဲ့ ဝှက်စာတွေနဲ့ လူအများမြင်သာထင်သာကြည့်နိုင်ပြန်ပါတယ် ။

ဒီအားသာချက်တွေကြောင့် ငွေလွှဲလို့ ၊လှူလို့ အကောင့်ပိတ်ခံရတာတွေ ၊အဖမ်းခံရတာတွေ ၊ freeze ခံရတာတွေ ဘယ်တော့မှဖြစ်လာတော့မှာမဟုတ်သလို ကိုယ်လှူတာကိုလည်း ကိုယ်ပြောမှသာ သိကြပြီး လုံခြုံတဲ့ အားသာချက်ကို ရရှိနိုင်ပါတယ် ။

အားနည်းချက် / သတိထားရမည့်အချက်
———————————————————-
Crypto ဟာ အပေါ်ကပြောခဲ့သလို လူပုဂ္ဂိုလ် အချက်အလက်တွေကို ဘယ်သူမှမသိနိုင်အောင် ကာကွယ်ထားတာမို့လို့ မသမာသူအချို့ရဲ့ လိမ်လည်မှုတွေ အများကြီး လာနိုင်သလို အလိမ်ခံရပြီဆိုရင်လည်း ဘယ်လိုမှ နောက်ကြောင်းလိုက်ဖို့ မဖြစ်နိုင်တော့ပါဘူး ။

ဒီလိုမဖြစ်အောင် သတိထားရမှာကတော့ ကိုယ့် ရဲ crypto ငွေတွေ ထည့်ထားတဲ့ wallet (Kpay CBpay လို အရာမျိုး ) ရဲ့ လုံခြုံရေးအချက်အလက်တွေကို ဘယ်သူ့ကိမှ မပေးဖို့နဲ့ ကိုယ်ငွေလွှဲမည့်အခါမျိုးမှာ ကိုယ်လွှဲရမဲ့ wallet address သေခြာမှန်မမှန် စစ်ဖို့ နဲ့ internet ပေါ် က လူပေါင်းစုံ ကို မယုံဖို့ပါပဲ ။

နောက်တစ်ချက်ဖြည့်စွက်လိုတာက Network ပေါင်းများစွာရှိလို့ ကိုယ်ငွေလွှဲမဲ့ wallet address နဲ့ ကိုယ့် wallet address ဟာ Networkချင်းမတူရင် ကိုယ်လွှဲလိုက်တဲ့ crypto များ ဆုံးရှုံးနိုင်ပါတယ် ။
များသောအားဖြင့် သုံးကြတဲ့ network တွေကတော့

BTC network

ETH network

BSC network , etc… ဖြစ်ကြပါတယ်။ ဒါကြောင့်ဒီအချက်ကလဲ ဂရုကြီးကြီးစိုက်ရမဲ့အချက်ပါ။

USDT ကို မြန်မာငွေနဲ့ ဘယ်လိုလဲမလဲ?
——————————————
လက်ရှိမှာ crypto ငွေကြေးကို မြန်မာငွေနဲ့ ဝယ်လို့ရတဲ့ Exchange က Binance (.) com မှာပဲ ဖြစ်ပါတယ် ။
ဒီ Exchange မှာ acc register လုပ်ပြီး တာနဲ့ တန်းဝယ်လို့မရပဲ KYC ဆိုတဲ့ ကိုယ့်ရဲ့ အချက်အလက်တွေကိုတင်ရပါတယ် {passport / driver license} ။ဒီလိုတင်ရပေမဲ့ ဒီအချက်အလက်တွေက လုံခြုံပါတယ် ။ ပြီးရင်တော့ P2P ဆိုတဲ့ peer to peer (လူလူချင်း အရောင်းအဝယ် ) မှာ သွားပြီး မြန်မာငွေကြေးနဲ့ လက်ခံရောင်းချနေတဲ့ merchandiserတွေစီကနေ ဝယ်လို့ရပါပြီ ။

သူတို့စီကနေ ဝယ်တဲ့အခါမှာ ပြည်တွင်းသုံး digital money တွေနဲ့ ဝယ်ယူလို့ရတာကြောင့် ငွေလွှဲချိန်မှာ remarkထဲမှာ crypto နဲ့ပတ်သတ်တဲ့အချက်အလက်တွေ ထည့်မရေးမိရင် အဆင်ပြေလုံခြုံပါတယ် ။

ဒီလိုဝယ်ဖို့အခက်အခဲရှိတဲ့သူတွေအနေနဲ့ကတော့ အပြင်မှာ ရောင်းချတဲ့ ယုံကြည်ရတဲ့ လူတွေစီကနေ ဝယ်နိုင်ပါတယ် ။ ကိုယ့်ဘက်ကနေ Mobile pay နဲ့သော်လည်းကောင်း ငွေသားနဲ့သော်လည်းကောင်း ပိုက်ဆံပေးပြီး Crypto wallet (Kpay app လို မျိုးအလားတူ app}ကနေ crypto တွေ လက်ခံယုံပါပဲ ။ ကိုယ် crypto တွေ ပြန်လွှဲချင်လဲ ဒီwallet တွေကနေ ပြန်လွှဲရတာပါ ။

လက်ရှိမှာ လူသုံးများတဲ့ wallet တွေက
Trust wallet
Coinbase wallet
အစရှိသဖြင့်အများကြီး ရှိပါတယ် ။


Just for Knowledge Sharing

MSMEs လုပ်ငန်းများသို့ အသိပေးကြေညာချက်ချေးငွေ ထုတ်ချေးခြင်း
17/06/2020

MSMEs လုပ်ငန်းများသို့ အသိပေးကြေညာချက်
ချေးငွေ ထုတ်ချေးခြင်း

လုပ်ထုံးလုပ်နည်းများ ထပ်မံ ထုတ်ပြန်ခြင်း
17/06/2020

လုပ်ထုံးလုပ်နည်းများ ထပ်မံ ထုတ်ပြန်ခြင်း

Address

Ka Baung Street
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+95943107452

Website

Alerts

Be the first to know and let us send you an email when BIDZ Link - Accounting, Auditing, Payroll & Business Service Provider posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BIDZ Link - Accounting, Auditing, Payroll & Business Service Provider:

Share