RECOFTC-Myanmar

RECOFTC-Myanmar RECOFTC-Myanmar develops capacities to empower local people in sustainable forest management, under the MoU with Forest Department.

RECOFTC ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဒေါက်တာ David Ganz သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီ...
04/04/2017

RECOFTC ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဒေါက်တာ David Ganz သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ယနေ့ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့က တွေ့ဆုံကာ ရန်ကုန်တိုင်းဒေသကြီးရှိ ညွှန်ကြားရေးမှူးချုပ် အစည်းအဝေးခန်းမ၌ တွေ့ဆုံကာ ရင်းနှီးစွာ မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် RECOFTC နှင့် သစ်တောဦးစီးဌာန ရေရှည်လက်တွဲကာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အနာဂတ်လူငယ်များ၏ စွမ်းဆောင်ရည်ပိုင်းကို RECOFTC အနေဖြင့်အလေးထားကြောင်းနှင့် နိုင်ငံတော်က ဆောင်ရွက်နေသည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း အောင်မြင်စေရေးအတွက် ပါဝင်အားဖြည့်လိုကြောင်း Dr. Ganz က ပြောကြားခဲ့ပါသည်။ Mangrove Maung Maung

ဥရောပသမဂ္ဂ၏အထောက်အပံ့ဖြင့် RECOFTC – The Center for People and Forests က ဦးဆောင်ပြီး နိုင်ငံတွင်း နှင့် ဒေသတွင်းငါးနိုင်...
03/04/2017

ဥရောပသမဂ္ဂ၏အထောက်အပံ့ဖြင့် RECOFTC – The Center for People and Forests က ဦးဆောင်ပြီး နိုင်ငံတွင်း နှင့် ဒေသတွင်းငါးနိုင်ငံမှ မိတ်ဖက်အဖွဲ့အစည်းများက အကောင်အထည်ဖော်ဆောင်ရွက်မည့် ငါးနှစ်တာစီမံကိန်းဖြစ်သော “Strengthening non-state actors’ voices for improved forest governance in the Mekong region” ၏ ဖွင့်ပွဲကို ယနေ့ကျင်းပရာ စုစုပေါင်း ၄၃ ဦးတက်ရောက်ခဲ့ကြပါသည်။

RECOFTC အဖွဲ့နှင့် အတူလက်တွဲဆောင်ရွက်ဖို့ ဖိတ်ခေါ်အပ်ပါသည်။
03/04/2017

RECOFTC အဖွဲ့နှင့် အတူလက်တွဲဆောင်ရွက်ဖို့ ဖိတ်ခေါ်အပ်ပါသည်။

JOIN OUR TEAM: RECOFTC is currently looking for an external evaluator/team to assess our current strategic programme. We also have openings for 2 interns in research and communications. For more information, see http://www.recoftc.org/basic-page/careers-0

RECOFTC ၏ အမှုဆောင်ဒါရိုက်တာအသစ် မစ္စတာ David Ganz အားကြိုဆိုပွဲနှင့် အမှုဆောင် ဒါရိုက်တာဟောင်းဖြစ်သူ ဒေါက်တာတင့်လွင်သောင်း...
31/03/2017

RECOFTC ၏ အမှုဆောင်ဒါရိုက်တာအသစ် မစ္စတာ David Ganz အားကြိုဆိုပွဲနှင့် အမှုဆောင် ဒါရိုက်တာဟောင်းဖြစ်သူ ဒေါက်တာတင့်လွင်သောင်း၏ နှုတ်ဆက်ပွဲအခမ်းအနားကို မတ်လ ၂၉ ရက်နေ့က ပြုလုပ်ခဲ့ပါသည်။ ဘန်ကောက်မြို့ရှိ ဆွစ်ဇာလန်သံရုံး၊ Sida – Styrelsen för Internationellt Utvecklingssamarbete၊ Norad၊ Kasetsart တက္ကသိုလ်၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အာရှနှင့် ပစိဖိတ်ဆိုင်ရာ ဒေသတွင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ စသည်တို့မှ ဂုဏ်သရေရှိဧည့်သည်တော်များ တက်ရောက်ခဲ့ ကြပါသည်။ ထို့ပြင် RECOFTC ၏ နှစ်သုံးဆယ်ပြည့်မှသည် နောင်နှစ်များအထိ ဆက်လက်ရပ်တည် အောင်မြင်ဖို့ မျှော်လင့်ရင်း -----------

RECOFTC ၏ နှစ်သုံးဆယ်ပြည့်နှင့် ပတ်သက်၍ ထပ်မံသိရှိလိုပါက http://recoftc.org/basic-page/celebrating-30-years-community-forestry တွင် ကြည့်ရှုနိုင်ပါသည်။

28/03/2017

RECOFTC က ပြုလုပ်သည့် သစ်တောစီမံအုပ်ချုပ်မှုနှင့် ပြည်သူလူထု၏ အခန်းကဏ္ဍဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲအကြောင်းကို For Info News က ယခုလို ထုတ်လွှတ်ခဲ့ပါသည်။

သစ်တောစီမံအုပ်ချုပ်မှုနှင့် ပြည်သူလူထု၏ အခန်းကဏ္ဍ စကားဝိုင်းဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့က International Busin...
26/03/2017

သစ်တောစီမံအုပ်ချုပ်မှုနှင့် ပြည်သူလူထု၏ အခန်းကဏ္ဍ စကားဝိုင်းဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့က International Business Center (IBC) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ရေးရာကော်မတီကိုယ်စားပြု လွှတ်တော်အမတ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သစ်တောဦးစီးဌာန၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ ဒေသခံကိုယ်စားလှယ်များနှင့် မီဒီယာမှ ကိုယ်စားပြုပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

ထို့ပြင် တက်ရောက်လာသူတို့သည် RECOFTC - The Center for People and Forests ၏ နှစ်သုံးဆယ်ပြည့် အထိမ်းအမှတ်တွင် အမှတ်တရဓာတ်ပုံများရိုက်ကူးကာ ပါဝင်ခဲ့ကြပါသည်။

၂၀၁၂ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ မတ်လ ၂၁ ရက်နေ့ကို International Day of Forests (IDF) အဖြစ်စတင် သတ်မ...
20/03/2017

၂၀၁၂ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ မတ်လ ၂၁ ရက်နေ့ကို International Day of Forests (IDF) အဖြစ်စတင် သတ်မှတ်ခဲ့ပါတယ်။ အခု ၂၀၁၇ ခုနှစ်၊ IDF အတွက်ခေါင်းစဉ်မှာ "သစ်တောနှင့် စွမ်းအင် - Forests and Energy" ပဲဖြစ်ပါတယ်။

International Day of Forests (IDF) ကို ဂုဏ်ပြုသောအားဖြင့် RECOFTC၊ FAO နှင့် UN Environment တို့ပူးပေါင်းကာ ကျောင်းသူကျောင်းသားတို့၏ သစ်တောကဏ္ဍအပေါ် သုံးသပ်ယူဆချက် စကားစစ်ထိုးမှုပြိုင်ပွဲကို မတ်လ ၂၁ ရက်နေ့၊ ထိုင်းနိုင်ငံမှာ ပြုလုပ်မှာဖြစ်ပါသည်။

RECOFTC မြန်မာနိုင်ငံအစီအစဉ်ရုံးကလည်း International Day of Forests နေ့ရက်မှာ ပြည်သူလူထုတို့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ဂုဏ်ပြုနိုင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

RECOFTC မြန်မာနိုင်ငံအစီအစဉ်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသော အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း အရှိန်မြှင့်တင်ခြင်းစီမံကိန်း (...
23/02/2017

RECOFTC မြန်မာနိုင်ငံအစီအစဉ်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသော အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း အရှိန်မြှင့်တင်ခြင်းစီမံကိန်း (Scaling Up Community Forestry - SUComFor) ၏ လုပ်ငန်းစဉ်များကို ဖော်ကျူးမည့် ဗီဒီယိုတစ်ခုကို RECOFTC မှ ရိုက်ကူးထုတ်လုပ်ကာ တိုင်းနှင့် ပြည်နယ်များရှိ စီမံကိန်းဧရိယာများအပြင် နိုင်ငံတစ်ဝန်းသို့ ဖြန့်ချီသွားရန် စီစဉ်ထားရှိပါသည်။

သို့ဖြစ်ပါ၍ SUComFor စီမံကိန်းအကြောင်းကို ဗီဒီယိုဖြင့် ဆယ်မိနစ်ခန့် ပေါ်လွင်စွာဖော်ကျူးရိုက်ကူးနိုင်မည့် (တစ်ဦးချင်းဖြစ်စေ၊ Company ဖြစ်စေ) ၀န်ဆောင်မှုကို RECOFTC က ကမ်းလှမ်းဖိတ်ခေါ်အပ်ပါသည်။

အသေးစိတ်အချက်အလက်များကို ဖော်ပြပါဖိုင်တွင်ကြည့်ရှုနိုင်ပြီး ၂၀၁၇ ခုနှစ်၊ မတ်လ (၈) ရက်နေ့နောက်ဆုံးထားကာ [email protected] တွင်လျှောက်ထားနိုင်ပါသည်။ ထပ်မံသိရှိလိုပါက ဖုန်း ၀၁ ၆၄၄ ၁၈၇ သို့မဟုတ် ၀၉ ၅၀၉ ၃၃၀၆ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

မဲခေါင်ဒေသရှိ တစ်နိုင်တစ်ပိုင်လုပ်ငန်း ဆောင်ရွက်နေသည့် တောင်သူလယ်သမားများ အမှန်တကယ် အကျိုးကျေးဇူးရရှိစေမည့် ချည်းကပ်မှုနည...
21/02/2017

မဲခေါင်ဒေသရှိ တစ်နိုင်တစ်ပိုင်လုပ်ငန်း ဆောင်ရွက်နေသည့် တောင်သူလယ်သမားများ အမှန်တကယ် အကျိုးကျေးဇူးရရှိစေမည့် ချည်းကပ်မှုနည်းလမ်းသစ် ဦးဆောင်လှုပ်ရှားမှု အလုပ်ရုံဆွေးနွေးပွဲကို Forest Stewardship Council (FSC) နှင့် RECOFTC - The Center for People and Forests တို့ ပူးပေါင်းကျင်းပခဲ့ရာ မြန်မာနိုင်ငံ ပျိုးပင်အစီအစဉ်အဖွဲ့မှ ဦးဆလိုင်းကျုံးလျန်ထောင်းကလည်း မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် တက်ရောက်ခဲ့ပါသည်။

RECOFTC - The Center for People and Forests ၏ အလုပ်အမှုဆောင်ဒါရိုက်တာ (Executive Director) အဖြစ် ဒေါက်တာ David Ganz ကို ခ...
08/02/2017

RECOFTC - The Center for People and Forests ၏ အလုပ်အမှုဆောင်ဒါရိုက်တာ (Executive Director) အဖြစ် ဒေါက်တာ David Ganz ကို ခန့်အပ်လိုက်ပြီဖြစ်ပါသည်။ ဒေါက်တာ David သည် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စတင်ပြီး RECOFTC ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်မည်ဖြစ်ပါသည်။ ဒေါက်တာ David ကို ကျွန်ုပ်တို့နှင့်အတူ RECOFTC မိသားစုသို့ ကြိုဆိုလိုက်ကြရအောင်။ http://bit.ly/2l9PEkm

IUCN Forest  မှာ အခုလတ်တလောတင်ထားတဲ့အကြောင်းအရာအသစ်တစ်ခုကို လက်မလွတ်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။ “သစ်တောနှင့် လယ်ယာထုတ်လု...
12/01/2017

IUCN Forest မှာ အခုလတ်တလောတင်ထားတဲ့အကြောင်းအရာအသစ်တစ်ခုကို လက်မလွတ်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။ “သစ်တောနှင့် လယ်ယာထုတ်လုပ်သူအဖွဲ့အစည်းများမှတစ်ဆင့် ရပိုင်ခွင့်များနှင့် အသက်မွေးဝမ်းကြောင်းများမြှင့်တင်ရေးဆိုင်ရာ အသိပညာဗဟုသုတနှီးနှောဖလှယ်သောဖိုရမ်” ကို RECOFTC မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ နှီးနှောဖလှယ်ပွဲနဲ့ပတ်သက်လို့ အသေးစိတ်ကို http://www.recoftc.org/article/exchanging-local-knowledge-encourage-smallholder-forest-and-farmer-enterprises မှာ ကြည့်ရှုနိုင်ပါတယ်။

Nearly a decade has passed since a small group of farmers gathered around a fire to lament the increasing costs of their trade, and the toll that...

RECOFTC - The Center for People and Forests ၏ ကိုယ်စား RECOFTC မြန်မာနိုင်ငံအစီအစဉ်မှ မကြာမီကျရောက်မည့် နှစ်သစ်တွင်  မြန...
29/12/2016

RECOFTC - The Center for People and Forests ၏ ကိုယ်စား RECOFTC မြန်မာနိုင်ငံအစီအစဉ်မှ မကြာမီကျရောက်မည့် နှစ်သစ်တွင် မြန်မာပြည်သူပြည်သားများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး နိုင်ငံ၏ အကျိုးကို ဆထက်တပိုး ထမ်းဆောင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ထို့အပြင် RECOFTC မိသားစုဝန်ထမ်းများနှင့်အတူ လက်တွဲဆောင်ရွက်ကြသည့် နိုင်ငံ့အရာထမ်းများ၊ ပြည်တွင်းပြည်ပမှ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများအားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါသည်။

Address

Compound Of Myanmar Timber Enterprise, West Gyogone, Insein
Yangon

Alerts

Be the first to know and let us send you an email when RECOFTC-Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share