Bhar Sar Pyan - Burmese Language Service

Bhar Sar Pyan - Burmese Language Service Bhar Sar Pyan is a Burmese language service provider for local and international businesses.

Updated- Application ClosedWe are looking for freelance Graphic Designer and Illustrator to support our upcoming project...
03/05/2026

Updated- Application Closed

We are looking for freelance Graphic Designer and Illustrator to support our upcoming projects, including branding and children’s storytelling content.

*Project Scope*

1. Logo Design (Main Requirement)
Design logos for 3 sub-units under our brand:
-Knowledge sharing platform
-Talent platform
-Children story platform (priority)
All logos must be visually consistent and aligned with our main brand

2. Illustration
Create children-friendly illustrations
Character design, story scenes, and cover visuals

3. Additional Design (Optional)
Website visuals
Story layout or social media assets

*Requirements*
-Portfolio in logo design and/or illustration
-Ability to maintain consistent visual identity across projects
-Experience in children’s illustration is a strong advantage
-Comfortable working with feedback and revisions

*Important*
For logo/branding work, you must be able to deliver editable source files.

📩 Apply via: [email protected]

⚠️ Only shortlisted candidates will be invited to a test task, which will be compensated. #ဘာသာပြန်

စိတ်ဝင်စားရင် contact@bharsarpyan.com ကို CV ပို့ပေးနော်။သက်ဆိုင်ရာ Position နဲ့ ဘာသာစကားကို Email Subject မှာ ပါအောင် ရ...
10/04/2026

စိတ်ဝင်စားရင် [email protected] ကို CV ပို့ပေးနော်။

သက်ဆိုင်ရာ Position နဲ့ ဘာသာစကားကို Email Subject မှာ ပါအောင် ရေးပေးဖို့လည်း တောင်းဆိုပါတယ်။

#ဘာသာပြန်

ဘာသာပြန် (BSP) က အလုပ်မခေါ်ဘူးလားဆိုတဲ့သူတွေအတွက်-ကရင် (စကော) လိုလည်း ရ၊ အင်္ဂလိပ်ကနေ မြန်မာဘာသာပြန်လည်း လုပ်နိုင်ပါတယ်ဆ...
18/10/2025

ဘာသာပြန် (BSP) က အလုပ်မခေါ်ဘူးလားဆိုတဲ့သူတွေအတွက်-
ကရင် (စကော) လိုလည်း ရ၊ အင်္ဂလိပ်ကနေ မြန်မာဘာသာပြန်လည်း လုပ်နိုင်ပါတယ်ဆိုတဲ့ In-house Translator (၁) ဦးနဲ့ Translation Project တွေကို ကိုင်တွယ်ပေးမဲ့ In-house Project Coordinator (၁) ဦးကို Bhar Sar Pyan အဖွဲ့သားများက ရှာဖွေနေပါတယ်။ In-house position ဖြစ်တဲ့အတွက် တစ်ပတ်မှာ သုံးရက်တော့ ရုံးတက်ပေးဖို့ လိုပါတယ်။ Hybrid ပုံစံ လုပ်ငန်းခွင် ဖြစ်တာကြောင့် ရုံးမတက်ရတဲ့ ရက်တွေမှာဆိုလည်း Client အလုပ်ချသရွေ့ အလုပ် ရှိနေမှာဖြစ်လို့ Time Management နိုင်ပြီး Proactive ဖြစ်တဲ့သူဆို ပိုအဆင်ပြေပါတယ်။ အမျိုးသမီး ဦးစားပေး ခေါ်မှာပါ။

English - S'gaw Karen + Burmese Translator (Word count-based salary)
- ဘာသာပြန်အတွေ့အကြုံရှိသူဖြစ်ရပါမယ်
- အင်္ဂလိပ်-မြန်မာ ဘာသာပြန်ပရောဂျက်များကို အဓိကလက်ခံပေးရင်း ကရင်ဘာသာပြန် ပရောဂျက်များ ရှိလာတဲ့အခါ တာဝန်ယူပေးရပါမယ်။
- Translation Tool များနှင့် ရင်းနှီးကျွမ်းဝင်ပြီးသားဆိုရင် ပိုကောင်းပါတယ်။ မရင်းနှီးသေးသူများလည်း သင်ယူလိုစိတ်အပြည့်အဝရှိတယ်ဆိုရင် လျှောက်ထားနိုင်ပါတယ်။
- လက်ခံထားတဲ့ အလုပ်တွေကို သတ်မှတ်ချိန်အတွင်း ပြီးအောင် ဆောင်ရွက်ပေးနိုင်သူ ဖြစ်ရပါမယ်။

Project Coordinator (Fixed Salary)
- Email နဲ့ သတ်မှတ် Communication Channel ကို သုံးပြီး Client နဲ့ အပြန်အလှန် ဆက်သွယ်ပြောဆိုနိုင်ရပါမယ်။
- မတူညီတဲ့ Timezone တွေပေါ် မူတည်ပြီး ဝင်လာတဲ့ အလုပ်တွေကို စီမံခန့်ခွဲနိုင်ရပါမယ်။
- ဘာသာပြန်တွေကို အလုပ်တာဝန်ခွဲဝေပေးရာမှာ Deadline အမီ အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်အောင် ကြပ်မတ်ပေးရပါမယ်။

လုပ်ငန်းခွင်အကျိုးခံစားခွင့်များ
- နေ့လယ်စာ ကျွေးခြင်း
- Transportation Allowance စီစဥ်ပေးခြင်း
- Laptop မရှိပါက Laptop စီစဥ်ပေးခြင်း / ကိုယ်ပိုင် Laptop သုံးပါက Compensation ပြန်ပေးခြင်း
- အခါအားလျော်စွာ လုပ်ငန်းခွင်ဆက်စပ်သင်တန်းများ တက်နိုင်ရန် ပံ့ပိုးပေးခြင်း
- အခါကြီးရက်ကြီးများတွင် မုန့်ဖိုးပေးခြင်းနှင့် နှစ်ကုန်ဘောနပ်စ်များပေးခြင်း

စိတ်ဝင်စားလို့ အလုပ်လျှောက်ချင်တယ်ဆိုရင် Expected Salary နဲ့တကွ CV Form ကို အီးမေးလ်ပို့ပေးရပါမယ်။ အီးမေးလ် လိပ်စာ- [email protected]

contact@bharsarpyan.com သို့ CV ပို့ပြီး လျှောက်ထားနိုင်ပါတယ်။We are seeking Subject Matter Experts (SMEs) with deep exp...
04/06/2025

[email protected] သို့ CV ပို့ပြီး လျှောက်ထားနိုင်ပါတယ်။

We are seeking Subject Matter Experts (SMEs) with deep expertise in Biochemistry, Biotechnology, Education and Pedagogy, ICT, Life Science, and Medical fields to validate translated terminology, ensure scientific accuracy, and verify conceptual correctness in localized content. The SMEs will review and approve terms, definitions, and contextual usage in Burmese language.

Key Responsibilities:
Validate and approve terminology in translated documents.
Ensure conceptual accuracy.
Resolve discrepancies between source and translated terms.
Collaborate with linguists to clarify ambiguities in source content.
Maintain and update term bases/glossaries for consistency across projects.
Perform QA checks on localized content for scientific integrity.

Qualifications & Skills:
Advanced degree in related field.
3+ years of industry experience.
Proficient in English and Burmese
Strong attention to detail and ability to explain complex concepts clearly.

Freelancer Role အတွက် ခေါ်ယူခြင်း ဖြစ်ပါတယ်။စိတ်ဝင်စားပါက contact@bharsarpyan.com သို့ မေးလ်ပို့ လျှောက်ထားပေးပါ။မိမိတို...
06/05/2025

Freelancer Role အတွက် ခေါ်ယူခြင်း ဖြစ်ပါတယ်။

စိတ်ဝင်စားပါက [email protected] သို့ မေးလ်ပို့ လျှောက်ထားပေးပါ။

မိမိတို့နဲ့ သက်ဆိုင်တဲ့ ဘာသာစကားကို Email Subject မှာ ပါအောင် ရေးပေးဖို့ တောင်းဆိုပါတယ်။

Messenger မှတစ်ဆင့် ပေးပို့သည့် CV များကို လက်ခံမည် မဟုတ်ပါ။

#ဘာသာပြန်

Language Service Support for Earthquake Response(Post ပါ ပုံများနှင့် အချက်အလက်များသည် ငလျင်ဘေးနှင့် ပတ်သက်၍ ယုံကြည်စိတ်...
31/03/2025

Language Service Support for Earthquake Response

(Post ပါ ပုံများနှင့် အချက်အလက်များသည် ငလျင်ဘေးနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရသည့် အဖွဲ့အစည်းများက ဖြန့်ဝေခဲ့ဖူးသော လမ်းညွှန်/အချက်အလက်များ ဖြစ်ပြီး အများပြည်သူ ဖတ်မှတ်ရ လွယ်ကူစေရန် BSP Team က ကောက်နုတ်ပေးထားပါသည်။ အများစုမှာ ၂၀၂၀ မတိုင်ခင်က ဒေတာများ ဖြစ်ပါသည်။)

Myanmar’s earthquake response is being hindered by two critical gaps:

1. Misinformation on social media about safety protocols
2. Language barriers to communication

Our Support:
- Pro bono translation/localization of verified earthquake resources (e.g., WHO/Red Cross guidelines) into Burmese
- Remote interpretation support for communication

How You Can Help:
- NGOs/INGOs: Share latest earthqhuake-related guidelines (PDFs, videos, checklists).
- Translators: Volunteer to translate/localize critical documents.
- Interpreters: Join us (remote/on-ground options).

Safety Plan for Our Interpreters:
✔️ Remote-first: Support via online or phone when networks allow.
✔️ No high-risk zones: Only work in stable zones.

DM or Contact us via +95943170877 (Viber)

27/03/2025

Edit- ဒီ Post အတွက် လူရသွားပါပြီ။ နောက်ပရောဂျက်တွေအတွက် စိတ်ဝင်စားပါက [email protected] ကို CV ပို့ထားလို့ရပါတယ်။ 🙏

စာတစ်မျက်နှာစာ ဘာသာပြန်ဖို့ အင်္ဂလိပ် - ပအိုဝ်း ဘာသာပြန် ချက်ချင်းလိုအပ်နေပါတယ်

စာတစ်မျက်နှာ ဘာသာပြန်ခ + 25% Bonus

စိတ်ဝင်စားပါက ဆက်သွယ်ရန်-

09752964543
09423475264
09781167191

Bhar Sar Pyan ရဲ့ Translation & Localization 101ဘာသာပြန်တစ်ယောက်အနေနဲ့ နိုင်ငံတကာ လုပ်ငန်းနယ်ပယ်မှာ ဝင်ဆံ့ဖို့ဆိုရင် ဘာသ...
21/03/2025

Bhar Sar Pyan ရဲ့ Translation & Localization 101

ဘာသာပြန်တစ်ယောက်အနေနဲ့ နိုင်ငံတကာ လုပ်ငန်းနယ်ပယ်မှာ ဝင်ဆံ့ဖို့ဆိုရင် ဘာသာပြန်တတ်ရုံတင်မကဘဲ တခြားတတ်ကျွမ်းထားရမဲ့အရာတွေလည်း ရှိနေပါသေးတယ်။

သင်ဟာ ဘာသာပြန်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းနေတယ်ဆိုရင် ဒီမေးခွန်းလေးတွေကို စိတ်ထဲကနေ ဖြေကြည့်ကြည့်ပါ။

🔍 Translation နဲ့ Localization ကို သေသေချာချာ ကွဲကွဲပြားပြား သိထားပြီလား။
🔍 Project Management နဲ့ Quality Management ကို ဘယ်လောက်နားလည်ထားပြီလဲ။
🔍 ဒီနယ်ပယ်ထဲမှာ သုံးနေတဲ့ Tool တွေနဲ့ နည်းပညာတွေကို သေချာအသုံးချတတ်ပြီလား။
🔍 MT (Machine Translation) နဲ့ TM (Translation Memory) ဘာကွာလဲ သေချာသိထားပြီလား။
🔍 ဘာသာပြန်အလုပ် လုပ်နေရင်း Career Path ပျောက်သလိုလို၊ အလုပ်နယ်ပယ် ပြောင်းသင့်သလိုလို ခံစားနေရသလား။

ဒါတွေအတွက် ကူညီအဖြေရှာပေးဖို့ တစ်စုံတစ်ယောက်ကို လိုအပ်နေတယ်ဆိုရင်တော့ BSP ရဲ့ ဒီသင်တန်းအတွက် စာရင်းသွင်းလိုက်တော့နော်။

Training ပုံစံ
👉 Self-Paced Learning - ရက်သတ္တပတ် (၅) ပတ်
👉 CAT Tool Training (Online) + Weekly Q&A Session - (၁) ပတ်မှာ (၂ - ၄) နာရီ

အားလုံး အဆင်ပြေမဲ့အချိန်ကို ညှိယူနိုင်မှာဖြစ်လို့ မအားမဲ့အချိန်၊ မီးပြတ်မဲ့အချိန်တွေနဲ့ တိုက်မှာ ပူစရာ မလိုပါဘူး။

📅 Training စတင်မဲ့ရက်ကတော့ ဧပြီလ (၁၀) ရက်နေ့

🎓 Trainer က
Translation & Localization Industry ထဲမှာ ဆယ်နှစ်ကြာ အခြေတကျ လုပ်ကိုင်လာတဲ့ Bhar Sar Pyan ရဲ့ Founder ဖြစ်ပြီး လုပ်ငန်းခွင် အတွေ့အကြုံ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ စီနီယာ ဘာသာပြန်တွေကလည်း Mentor တွေအဖြစ် ပါဝင်ကူညီဦးမှာပါ။

အသေးစိတ် သိချင်ရင် ဒီလင့်ခ်ကို နှိပ်ပါ- https://bsp-mono-workplace.odoo.com/slides/slide/bsp-t-l-101-intro-38?fullscreen=1

⌛ သင်တန်းသားဦးရေ အကန့်အသတ် ရှိ

💸 သင်တန်းကြေး (၂) သိန်းကျပ်

အတန်းအပ်လက်ခံနောက်ဆုံးရက်ကတော့ ဧပြီလ (၆) ရက်နေ့ပါဗျ။

အထူးအစီအစဉ်အနေနဲ့ Translation & Localization Industry ကို စိတ်ဝင်စားတဲ့ လက်ရှိ ကျောင်းတက်နေဆဲ ကျောင်းသား/ကျောင်းသူတွေနဲ့၊ Bhar Sar Pyan ရဲ့ Freelancer အတွက် 50% လျှော့ပေးထားပါတယ်။

📍 အပ်မယ်ဆိုရင် ဒီ Form လေးကို ဖြည့်ပေးပါ- https://forms.gle/Pqwzrk2E4bUtoUzb7

ကိုယ့်ရဲ့ Career လမ်းကြောင်းနဲ့ ဘာသာပြန် Skill တွေကို မြှင့်တင်နိုင်မဲ့ အခွင့်အရေးတစ်ခု ဖြစ်လို့ လက်မနှေးဘဲ အမြန်အပ်လိုက်တော့နော်။

#ဘာသာပြန် #သင်တန်း #ဘာသာပြန်သင်တန်း

Client တွေ၊ Project တွေနဲ့ လုံးပန်းရင်း Podcast Part 2 တင်ဖို့ ကြာသွားတဲ့အတွက် ဆောရီးပါ 🙏🙏🙏https://www.youtube.com/watch...
14/03/2025

Client တွေ၊ Project တွေနဲ့ လုံးပန်းရင်း Podcast Part 2 တင်ဖို့ ကြာသွားတဲ့အတွက် ဆောရီးပါ 🙏🙏🙏

https://www.youtube.com/watch?v=Dso-vyOXt4A

ဘာသာပြန်အရေး မေးလိုရာမေး အစီအစဉ်အတွက် Freelance ဘာသာပြန်အနေနဲ့ ဘယ်လို စတင်ရမလဲ၊ ဘယ်လိုရပ်တည်ရမလဲ စတဲ့ လဲပေါင်းများစွာကို ဂျူနီယာလေးတွေက မေးပြီး အတွေ့အကြုံ ၅ နှစ်အထက် ဘာသာပြန်တွေက ဖြေထားပေးတဲ့ Podcast Part 2 ရယ်ဒီဖြစ်ပါပြီ။

ဒီထဲမှာ မပါတဲ့ ကိုယ်သိချင်တာလေးတွေ ရှိရင်လည်း Comment မှာ မေးထားခဲ့နော်။

#ဘာသာပြန် #ဘာသာပြန်အရေး #မေးလိုရာမေး

Whether you're a seasoned freelance translator or just starting your freelance journey, this podcast is your go-to resource for tips, strategies, and success...

BSP is hiring Freelance Graphic Artists for children’s literature and learning materials!BSP ဆိုတာ Translation နဲ့ Local...
03/03/2025

BSP is hiring Freelance Graphic Artists for children’s literature and learning materials!

BSP ဆိုတာ Translation နဲ့ Localization အပါအဝင် ဘာသာစကားနဲ့ပတ်သက်သမျှ ဝန်ဆောင်မှုတွေ ပေးနေတဲ့ ကုမ္ပဏီတစ်ခုပါ။ လက်ရှိ BSP ကနေ ကလေးတွေအတွက် ပုံပြင်တွေ၊ ဉာဏ်စမ်းပဟေဠိတွေနဲ့ တခြား Learning Material တွေကို အခမဲ့ ဖြန့်ဖြူးပေးနိုင်ဖို့ BSP နဲ့အတူ Collaborate လုပ်ပြီး ပါဝင်ဖန်တီးချင်တဲ့ Freelance Graphic Artist တွေ လိုအပ်နေပါတယ်။

ကလေးတွေနဲ့ ပတ်သက်တဲ့ ပရောဂျက်တွေမှာ Design/Illustration ပိုင်း လုပ်ပေးဖူးပြီး ကလေးငယ်တွေအတွက် အကျိုးရှိမဲ့စာပေတွေကို BSP နဲ့အတူ ပူးပေါင်းဖန်တီးပေးဖို့ စိတ်ဝင်စားရင်ဖြစ်ဖြစ်၊ အတွေ့အကြုံ မရှိပေမဲ့ ကြိုးစားပြီး လက်စွမ်းပြကြည့်ချင်တယ်ဆိုရင်ဖြစ်ဖြစ် CV ပို့လိုက်တော့နော်။

✅ Freelance Project ဖြစ်မယ်။

✅ ကိုယ့်စိတ်ကြိုက် ဖန်တီးခွင့်ရမယ်။

✅ ပျော်စရာလည်း ကောင်းမယ်၊ Flexible လည်း ဖြစ်မယ်။

✅ ကလေးသူငယ်တွေအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြု ကူညီပေးခွင့်လည်း ရမယ်။

🔰 စိတ်ဝင်စားတယ်ဆိုရင် Portfolio ၊ Rate နဲ့တကွ Email ကနေ လျှောက်ထားပေးပါ။

မေးမြန်းချင်တာရှိရင်လည်း Email ကနေတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။

Email: [email protected]

Deadline: March 5, 2025

#ဘာသာပြန်

Address

Yangon

Opening Hours

Monday 09:30 - 16:30
Tuesday 09:30 - 16:30
Wednesday 09:30 - 16:30
Thursday 09:30 - 16:30
Friday 09:30 - 16:30

Telephone

+959797932628

Alerts

Be the first to know and let us send you an email when Bhar Sar Pyan - Burmese Language Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bhar Sar Pyan - Burmese Language Service:

Share