10/05/2026
👱♀️ကမ္ဘာ့အမေများနေ့ ( မေလ ၁၀ရက်နေ့ ၊ တနင်္ဂနွေနေ့ )
ယခုအချိန်မှာဆိုရင် ဂုဏ်ယူစွာ နဲ့ အမေများနေ့ကို မြန်မာပြည်မှာသာမက တစ်ကမ္ဘာ့လုံးကပါ ကျင်းပနေကြပြီပဲဖြစ်ပါတယ်…
🙄ဒါဆို အမေများနေ့ကို ဘယ်သူ စတင်ခဲ့တာလဲ?
“ ကမ္ဘာ့အမေများနေ့ ကိုတော့ အမေရိကန်နိုင်ငံသူ Ann Reeves Jarvis 👩🏼🦱ဟာအမေများနေ့ ပေါ်ပေါက်လာစေရန် အားထုတ်ကြိုးပမ်းခဲ့ပြီးး ကမ္ဘာ့ အမေများနေ့ကို မေလ၏ ဒုတိယအပတ် တနင်္ဂနွေနေ့တိုင်း နှစ်စဉ်ကျင်းပလျက်ရှိပါတယ်….
မြန်မာနိုင်ငံမှာဆိုရင်တော့ ဆရာကြီး ဦးသုခက အမေ့နေ့ ပေါ်ပေါက်လာစေရန် အားထုတ်တိုက်တွန်းခဲ့ပြီး မန္တလေးမြို့တွင် ဆရာကြီးကိုယ်တိုင် ဟောပြောခဲ့ကာ ပြာသိုလပြည့်နေ့ကို “ အမေနေ့” ဟုသတ်မှတ်လိုက်ခြင်းဖြစ်ပါတယ်…
အဲ့တော့ ဒီနေ့ကျရောက်တဲ့ အမေများ နေ့ မှာ
အိမ်က ကိုယ့် မေမေ ကို
“မေမေ ကျေးဇူးတင်ပါတယ်” 👵🏻💝
ဆိုတဲ့ စကားလေးတစ်ခွန်းလေးပြောကျ ဖို့မမေ့နဲ့အုံး
နော်
#အမေများနေ့မှာ ကမ္ဘာပေါ်ရှိ မေမေများ ကျန်းကျန်းမာမာ စိတ်ချမ်းချမ်းသာသာ ရှိပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ် 👵🏻👩🏻🦰👱🏻♀️🙏🙏