08/08/2026
AIA Myanmar ရဲ့ အာမခံအကာအကွယ်ကို ရယူမယ်ဆိုရင် ဘာတွေမျှော်လင့်ထားလို့ရနိုင်မလဲ။
မိမိလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အကာအကွယ်ကို ရရှိနိုင်ဖို့အတွက် AIA Myanmar ရဲ့ လိုင်စင်ရ ကျွမ်းကျင်ငွေကြေးအတိုင်ပင်ခံများက ပထမဦးစွာ အကြံပေး၊ ဆွေးနွေးသွားမှာဖြစ်ပြီး လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာမေးခွန်းများကို တိကျမှန်ကန်စွာ ဖြေဆိုရမှာဖြစ်ပါတယ်။ ဆက်လက်ပြီး ပေါ်လစီအချက်အလက်များကို သေချာစွာ ဖတ်ရှုပြီးနောက် ပရီမီယံကြေးပေးသွင်းပြီးပြီဆိုရင်တော့ AIA Myanmar ရဲ့ တရားဝင်ပြေစာကို လက်ခံ၊ ရရှိသွားမှာပါ။
AIA Myanmar ရဲ့ Member များအနေနဲ့ AIA+ မှာ ပေါ်လစီအကြောင်းအသေးစိတ်ကို ကြည့်ရှုနိုင်မဲ့အပြင် အကျိုးခံစားခွင့်တွေကိုလည်း အလွယ်တကူစီမံခန့်ခွဲနိုင်ပါတယ်။ ဒါ့အပြင် AIA+ နဲ့ AIA Myanmar ဝက်ဘ်ဆိုက်ဒ်တို့မှာ MPU ကတ်နဲ့ဖြစ်စေ၊ ချိတ်ဆက်ထားတဲ့ ဘဏ်များရဲ့ ငွေပေးချေမှု ပလက်ဖောင်းများကနေတစ်ဆင့်ဖြစ်စေ AIA Myanmar ရဲ့ တရားဝင် ငွေပေးချေမှုနည်းလမ်းများကတစ်ဆင့်သာ ပရီမီယံကြေး ပေးသွင်းရမှာ ဖြစ်ပါတယ်။
လွယ်ကူ၊ လျင်မြန်ပြီး လုံခြုံတဲ့ အာမခံအကာအကွယ်ရယူပုံ အဆင့်ဆင့်ကို သိရှိနိုင်စေဖို့ အခုလို မျှဝေပေးလိုက်ပါတယ်။ AIA Myanmar နဲ့အတူ ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝတွေကို လျှောက်လှမ်းကြပါစို့။
AIA+ အက်ပလီကေးရှင်း ဒေါင်းလုဒ်ပြုလုပ်ရန်
Android: https://rb.gy/5jz86c
iOS: https://rb.gy/9toleq