11/06/2026
ATM စက်ထဲ ပိတ်မိနေခဲ့သူ🏦🏦🏦
Texas ပြည်နယ်က Bank of America ရဲ့ ATM တစ်လုံးမှာ ငွေထုတ်ဖို့ လာတဲ့လူတွေဟာ ထူးဆန်းတဲ့ စာရွက်တွေ ထွက်လာတာကို တွေ့ခဲ့ကြပါတယ်။
စာရွက်ပေါ်မှာ -
"ကူညီကြပါ။ ကျွန်တော် ဒီထဲမှာ ပိတ်မိနေပါတယ်။ ဖုန်းလည်း မပါလာဘူး။ ကျွန်တော့်အထက်လူကြီးကို ဖုန်းဆက်ပေးပါ..."လို့ ရေးထားပါတယ်။
အစပိုင်းမှာတော့ လူအများစုက ဒါဟာ တစ်ယောက်ယောက်ရဲ့ နောက်ပြောင်မှုလို့ပဲ ထင်ခဲ့ကြပါတယ်။
ဒါပေမယ့် ငွေလာထုတ်သူတစ်ယောက်က သံသယဖြစ်ပြီး ရဲကို ဖုန်းဆက်လိုက်ပါတယ်။
ရဲတွေရောက်လာတဲ့အခါ ATM စက်ထဲကနေ လူတစ်ယောက်ရဲ့ အသံကို တကယ်ကြားလိုက်ရပါတယ်။
ဖြစ်စဉ်ကတော့ ATM ကို ပြုပြင်နေတဲ့ technician တစ်ယောက်ဟာ ဘဏ်ရဲ့ ATM နောက်ဘက်ခန်းထဲမှာ ပိတ်မိသွားတာပါ။
ထွက်ဖို့ လိုတဲ့ key card နဲ့ ဖုန်းကို ကားထဲမှာ ကျန်ခဲ့ပြီး အခန်းထဲက ထွက်မရတော့တာ ဖြစ်ပါတယ်။
ဒါနဲ့ ATM ကို အသုံးပြုနေတဲ့ လူတွေကို အကူအညီတောင်းဖို့ receipt ထွက်တဲ့ပေါက်ကနေ စာရွက်တွေ ထုတ်ပေးခဲ့တာပါ။
နောက်ဆုံးမှာတော့ ရဲတွေက တံခါးကို ဖွင့်ပြီး သူ့ကို ကယ်တင်နိုင်ခဲ့ပါတယ်။
ရဲအရာရှိတစ်ယောက်ကတော့...
"ATM ထဲမှာ လူတစ်ယောက် ပိတ်မိနေတာကို ဘဝမှာ ပထမဆုံး မြင်ဖူးတာပဲ" လို့ ပြောခဲ့ပါတယ်။
Ref: ABC News