KHINE MAR

KHINE MAR Offset printing, Vinyl, DTP, Copier & Gift printing. One stop printing service. Contact us : 09 263

KHINE MAR Printing  အတွက် အောက်ပါရာထူးများတွင် အလုပ်လျောက်ထားနိုင်ပါသည်✅-Computer DTP (မ-2ဦး)- ၁၀ တန်းအောင် / ဘွဲ့ရ (ကျေ...
04/07/2025

KHINE MAR Printing အတွက် အောက်ပါရာထူးများတွင် အလုပ်လျောက်ထားနိုင်ပါသည်

✅-Computer DTP (မ-2ဦး)

- ၁၀ တန်းအောင် / ဘွဲ့ရ
(ကျောင်းကိစ္စကင်းရှင်းသူဖြစ်ရမည်)
- လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး 1နှစ်ရှိရမည်။
- Microsoft Word Excel အသုံးပြုနိုင်ရမည်။
- Photoshop အခြေခံတတ်ကျွမ်းသူကိုဦးစားပေးမည်။
- ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ရမည်။
- ရေရှည်လုပ်ကိုင်နိုင်ရမည်။

✅-အလုပ်သင် (ကျား/မ - ၂ဦး)

- ကွန်ပျူတာ / မိတ္တူ / တံဆိပ်ရိုက် / ပန်းစည်း လုပ်ငန်းများတွင် အမှန်တကယ်စိတ်ဝင်စားသူဖြစ်ရမည်
- customer နှင့်အဆင်ပြေစွာပြောဆိုတတ်ရမည်

❗အထက်ပါဝန်ထမ်းများအတွက်

-အသက် ၁၈ - ၂၅ နှစ်အတွင်း ဖြစ်ရပါမည်။
-ရုပ်ရည်သန့်ပြန့်ပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ရမည်။
-အကျင့်စာရိတ္တကောင်းမွန်ပြီး စည်းကမ်းလိုက်နာသူဖြစ်ရမည်။
-စကားအပြောအဆို သွက်လက်ပြီး ရောင်းချမှုအပိုင်းမှာလည်း စိတ်ဝင်စားရမည်။

⏰အလုပ်ချိန် (9:00-5:30) (Sunday Off)

လျှောက်ထားလိုသူများအနေနဲ့ CV Form အပြည့်အစုံကို Viber Phone No - 09 263938282 သို့ ပေးပို့လျှောက်ထားနိုင်ပါပြီ❗



printing

20/02/2021

22.2.2021
တနလ်ာနေ့
ဆိုင်ပိတ်ပါသည်။

"ကျွန်တော်ကတော့ ဒီအတိုင်းပဲနေတတ်တယ်""ကျွန်မကတော့ ဒီလိုပဲပြောတတ်တယ်"အလုပ်ခွင်ထဲမှာ ဝန်ထမ်းတွေရဲ့ပြောစကားအချို့။ အလုပ်ခွင်...
31/01/2021

"ကျွန်တော်ကတော့ ဒီအတိုင်းပဲနေတတ်တယ်"
"ကျွန်မကတော့ ဒီလိုပဲပြောတတ်တယ်"

အလုပ်ခွင်ထဲမှာ ဝန်ထမ်းတွေရဲ့ပြောစကားအချို့။ အလုပ်ခွင်ဟာ အမေ့အိမ် မဟုတ်ပါ။ နေတတ်သလို နေလို့မရပါ။ ဒီနေရာမှာ personal life နဲ့ job life ကို ခွဲခြားနားလည်ဖို့လိုပါတယ်။

အဖွဲ့အစည်းတိုင်းသည် သူ့ culture နဲ့သူပါ။ အဲဒီအဖွဲ့အစည်းထဲ ကိုယ်ရောက်သွားရင် အံဝင်အောင် ပြုမူပြောဆိုရမှာသည် အထူးတလည် သင်ပေးရမည့် ပညာမဟုတ်ပါ။ ကိုယ့်ကိစ္စသာဖြစ်ပါတယ်။

ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင်မှာ နေသလို ပြောသလို အလုပ်မှာ နေလို့ပြောလို့မရပါဘူး။ အိမ်မှာလည်း ဒီလိုပဲနေတာဆိုပြီး ဘောင်းဘီတိုနဲ့ ဘုန်းကြီးကျောင်းထဲ သွားလို့သင့်ပါ့မလား။
သူ့နေရာအလိုက် အံဝင်အောင်နေတတ် ပြောတတ်ဖို့လိုပါတယ်။

ထစ်ကနဲရှိ စိတ်ဆိုး စိတ်ကောက်တာ၊ မကျေနပ်ရင်ရွဲ့စောင်းပြောတာ၊ အထက်အောက် ဘေးဘယ်ညာ ဆက်ဆံရေး ဂရုမစိုက်တာ၊ ခပ်ပါးပါးပညာပြတာ စသည့်မရင့်ကျက်တဲ့ အပြုအမူတွေဟာ ကိုယ့်အိမ်မှာ ပြဿနာမရှိပေမယ့် အလုပ်မှာပြဿနာရှိပါတယ်။

ထူးချွန်တဲ့ရုပ်ရှင် မင်းသား မင်းသမီးတွေကို အတုယူပါ။ အပြင်မှာ ဘာပဲဖြစ်လာဖြစ်လာ သူတို့အလုပ်ခွင်ဖြစ်တဲ့ ကင်မရာရှေ့ရောက်တာနဲ့ ကျရာဇာတ်ရုပ်ကို အပီအပြင် သရုပ်ဆောင်နိုင်တယ်။ ကိုယ့်အလုပ်ပြီးရင်တော့ ကြိုက်သလိုနေပေါ့။

life နှစ်ခုကို မရောထွေးဖို့ပါပဲ။

Credit

29/01/2021

ဆေးထိုးပြီး Review
--------------

ကာကွယ်ဆေးထိုးပြီး လက်ကမနာလို့ ကိုယ်ခံအားကဆေးကိုမတုန့်ပြန်ဘူးလားဆိုပြီး စိုးရိမ်နေတာ 😅

ထိုးပြီး ၉နာရီလောက်အကြာမှာ ထိုးတဲ့ လက်ကစကိုက်လာတယ်....နောက်တကိုယ်လုံး တုပ်ကွေးကွေးချင်သလို ညောင်းညာ ကိုက်ခဲလာတယ်...ချမ်းစိမ့်စိမ့်နဲ့မို့ တညလုံးစောင်ထဲကွေးနေရတယ်....အဖျားတိုင်းတော့ ၉၉ ပဲရှိတယ်... .Paracetamol သောက်လိုက်တော့ ကိုက်တာ နဲနဲသက်သာတယ်....ကိုယ်လက်ကိုက်တဲ့ အရှိန်နဲ့ ညကတော​့ကောင်းကောင်းအိပ်မပျော်ဘူး ​နှာခေါင်းပိတ်လို့ အစက်ချဆေးထည့်အိပ်တယ်...လည်ချောင်းနာချင်သလိုရှိတယ်...

မနက်ကျ တော်တော်သက်သာသွားတယ်...ဆေးခန်းတောင်သွားထိုင်နိုင်ပြီ....အာခေါင်လေးခြောက်လို့ ရေခနခန ထသောက်ရတာလေးတော့ရှိသေးတယ် ထိုးထားတဲ့နေရာကတော့ နာသေးတာပေါ့....

ကာကွယ်ဆေးထိုးပြီးရင် ကိုယ်ခံအားတုန့်ပြန်မှုကြောင့် အနဲနဲ့ အများ ဖျားတာ ကိုက်ခဲတာဖြစ်တတ်ပါတယ်...
ကလေးလေးတွေ ကာကွယ်ဆေးထိုးပြီး ဖျားတတ်ကြသလိုမျိုးပေါ့....တယောက်နဲ့ တယောက်တုံ့ပြန်မှုမတူသလို ဖြစ်တာချင်းလဲ နဲနဲတော့ကွဲနိုင်တယ်..တချို့က ခေါင်းမူးတယ် ခေါင်းကိုက်တယ် အန်တယ်...တချို့ကဝမ်းပျက်တယ်..တချို့ အဖျားကြီးတယ်

ရောဂါပိုးက ပြင်းတော့ ကာကွယ်ဆေးရဲ့ တုံ့ပြန်မှုကလဲ ရိုးရိုးတုပ်ကွေးကာကွယ်ဆေးထက်တော့ ပိုနိုင်ပါတယ်....မကြောက်ကြပါနဲ့....အများစုကတော့ ဖျားတာနာတာလောက်ပဲ ဖြစ်ပြီး ၃ ရက်တွင်းပြန်ပျောက်သွားပါမယ်....

ကာကွယ်ဆေးဆိုးကျိုးတွေကို ကြောက်ပြီးဆေးမထိုးတာမျိုးလုံးဝမဖြစ်သင့်ပါဘူး....ပိုးကူးခံရရင်ဖြစ်မဲ့ ရောဂါတွေက ဒီထက်အဆများစွာပိုပါတယ်...နောက်ဆုံး အသက်ပါဆုံးရှုံးနိုင်တဲ့ ရောဂါပိုးမို့ ဆေးထိုးဖို့ ထိုက်တန်ပါတယ်..အားလုံးကာကွယ်ဆေးထိုးပြီး COVID ကြီးကိုကာကွယ်ရအောင်....

ကျန်းမာရေးဝန်ထမ်းတွေ ကာကွယ်ဆေးအရင်ထိုး​ပေးတာ အရမ်းအဆင်ပြေပါတယ်..ဖြစ်လာသမျှလဲ ကိုယ့်ဟာကိုယ်ကုနိုင်တယ်...ကိုယ်တွေအတွေ့ကြုံအရ ဘာတွေလုပ်သင့်တယ် share ပေးနိုင်တယ်..အဲတော့ ဆေးထိုးမဲ့သူတွေကို မှာချင်တာလေးတွေ ပြောပေးမယ်နော်

ဆေးမထိုးခင်....
၁) ဆေးမထိုးခင် အိပ်ရေးဝဝ အိပ်ပါ
၂) ကိုယ်ခံအားတက်မဲ့ အစားတွေများများစားထားပါ
၃) ထိုးမဲ့နေ့မှာ သောက်ဖို့ အကိုက်အခဲပျောက်ဆေး ဆောင်ထားပါ
(ဖြစ်မှာစိုးလို့ ကြိုသောက်ထားတာမျိုးမလုပ်သင့်ပါ....ကိုယ်ခံအားတုန့်ပြန်မှုကို တားဆီးပြီး ဆေးအာနိသင် လျှော့ကျစေသည်ဟု တချို့ study တွေက ဆိုထားကြလို့ပါ)
၄) ဆေးထိုးပြီး ကိုယ်လက်ကိုက်ခဲမှုဖြစ်နိုင်ပါသဖြင့် လုပ်စရာအလုပ်တွေ ကြိုလုပ်ထားပေးပါ....
၅) နာတာရှည်ရောဂါရှိသူ...စွဲသောက်နေရသောဆေးရှိသူ....ဆေးဓာတ်မတည့်မှု ရှိဖူးသူများ ဆရာဝန်နဲ့တိုင်ပင်ပါ.....

ဆေးထိုးမဲ့နေ့
၁) လက်မောင်းအလွယ်တကူဖော်လို့ရသောအဝတ် ဝတ်ပေးပါ...
၂) ဖြစ်နိုင်ရင် ကော်ဖီလက်ဘက်ရည်မသောက်ပါနဲ့
၃) အရက်ဘီယာမသောက်ပါနဲ့
(အနဲဆုံး ဆေးမထိုးခင် ၂ ရက်နဲ့ ထိုးပြီး ၂ ရက်ရှောင်ရန်...ပိုရှောင်နိုင်ရင်ပိုကောင်းသည်)
၄) ဆေးမထိုးခင် ၂ နာရီနဲ့ ထိုးပြီး ၂ နာရီမှာ ရေပူနဲ့ ရေချိုးခြင်းရှောင်ပါ

ဆေးထိုးပြီး
၁) ထိုးတဲ့​နေရာရောင်နေ နာနေပါက ​အဝတ်အေးသန့်သန့် သို့မဟုတ် ရေခဲအိတ်ကပ်ပေးခြင်းဖြင့် အနာသက်သာစေပါတယ်
၂) ဆေးထိုးထားတဲ့ လက်ကို သွေးလှည့်ပတ်မှုကောင်းအောင် လှုပ်ရှားပေးပါ...
၃) အရည်များများသောက်ပေးပါ
၄) အနားကောင်းကောင်းယူပါ...

Vaccine ကြောင့် တုန့်ပြန်မှုဟာ ၃ရက်ထိပဲ ကြာနိုင်တာမို့
၃ ရက်ကျော်တဲ့အထိ မသက်သာပါက သက်ဆိုင်ရာဆရာဝန်နဲ​့ပြပေးပါ..

ဒေါက်တာခင်မြတ်မြတ်နွေး
(ကလေးအထူးကု)
ထားဝယ်ပြည်သူ့ဆေးရုံကြီး

#မေ သတင်းရပ်ကွက်လေး

ကိုဗစ်ကာကွယ်ဆေးထိုးပေးမည့်အဆင့်အလိုက်အလုပ်အကိုင်အမျိုးအစားများထုတ်ပြန်---------------------------COVID-19ကာကွယ်ဆေးကို ထိ...
24/01/2021

ကိုဗစ်ကာကွယ်ဆေးထိုးပေးမည့်အဆင့်အလိုက်အလုပ်အကိုင်အမျိုးအစားများထုတ်ပြန်
---------------------------
COVID-19ကာကွယ်ဆေးကို ထိုးပေးမယ့် အဆင့်အလိုက် အလုပ်အကိုင်အမျိုးအစား တွေကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
အလုပ်အကိုင်အမျိုးအစားတွေကို အဆင့်၁ကနေ၂၀အထိသတ်မှတ်ထားပြီး အဆင့်၁မှာတော့ အစိုးရအဖွဲ့ဝင်တွေ၊ အဆင့်၂မှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အဆင့်၃မှာတော့ နိုင်ငံ့ဝန်ထမ်းတွေပါဝင်ပါတယ်။
အိန္ဒိယကလက်ဆောင်ပေးထားတဲ့ ကာကွယ်ဆေးအလုံးရေတစ်သန်းခွဲကိုတော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကိုဗစ်စေတနာ့ဝန်ထမ်းတွေကို ဦးစားပေးပြီးထိုးပေးမယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထားပါတယ်။
လက်ရှိမှာတော့ ကာကွယ်ဆေးထိုးဖို့အတွက် လူဦးရေစာရင်းတွေကို မြို့နယ်အချို့မှာ လိုက်လံကောက်ယူနေပြီဖြစ်ပါတယ်။
ဓာတ်ပုံ-Mong Pan GAD
One News Myanmar

ချစ်ခြင်း 💞 မေတ္တာကို ဖော်ကျူးရာဝယ်💟 ၅၂၈ 👈👈👈💟 ၁၅၀၀ 👈👈👈💟 ၂၀၂၈ 👈👈👈အကုန်လုံးအတွက် ဒီဇိုင်းလှလှလေးနဲ့ဖန်တီးပေးမှာမို့ စိတ်ချ...
17/01/2021

ချစ်ခြင်း 💞 မေတ္တာကို ဖော်ကျူးရာဝယ်

💟 ၅၂၈ 👈👈👈
💟 ၁၅၀၀ 👈👈👈
💟 ၂၀၂၈ 👈👈👈
အကုန်လုံးအတွက် ဒီဇိုင်းလှလှလေးနဲ့
ဖန်တီးပေးမှာမို့ စိတ်ချစွာ အလုပ်အပ်နှံနိုင်ပါတယ်ရှင့်

☎ 09 263938282
☎ 09 263938288

Personalized Photo Pillow 😍အရေအတွက် တစ်ခုချင်းမှစ၍လှပသော ဒီဇိုင်းဖြင့် ဝန်ဆောင်မှုပေးနေပါသည်။Contact us:  09 263938282, ...
14/01/2021

Personalized Photo Pillow 😍
အရေအတွက် တစ်ခုချင်းမှစ၍
လှပသော ဒီဇိုင်းဖြင့်
ဝန်ဆောင်မှုပေးနေပါသည်။

Contact us: 09 263938282, 09 263938288

PERFECT WAY Co., အတွက်Cover အပါအဝင် စုစုပေါင်း ၇ ရွက်နဲ့ လှပသွားအောင်လုပ်ပေးထားတာပါမြန်မာရက် - လပြည့် လကွယ်လေးပါထည့်ပေးထ...
14/01/2021

PERFECT WAY Co., အတွက်
Cover အပါအဝင် စုစုပေါင်း ၇ ရွက်နဲ့
လှပသွားအောင်လုပ်ပေးထားတာပါ
မြန်မာရက် - လပြည့် လကွယ်လေးပါ
ထည့်ပေးထားပါတယ် 😘😘
2021 လေးပါ

မိမိလိုချင်တဲ့ ဆိုဒ်နဲ့ ရွက်ရေ
အရေအတွက်လေးသိလိုပါက
👇👇👇
☎ 09 26393 8282
☎ 09 26393 8288

ရှိတဲ့လူနဲ့ ဖြစ်အောင်လုပ် ဝါသနာပါတဲ့အလုပ်စိတ်ကူးမျှော်လင့်ခဲ့ရတဲ့အလုပ်ထမင်းမေ့ ဟင်းမေ့လုပ်နေတဲ့အလုပ်တကယ်ချစ်ရင်တော့ အားလ...
13/01/2021

ရှိတဲ့လူနဲ့ ဖြစ်အောင်လုပ်
ဝါသနာပါတဲ့အလုပ်
စိတ်ကူးမျှော်လင့်ခဲ့ရတဲ့အလုပ်
ထမင်းမေ့ ဟင်းမေ့လုပ်နေတဲ့အလုပ်
တကယ်ချစ်ရင်တော့ အားလုံး OK နေရော
သူတို့လေးတွေက ပါရမီဖြည့်ဖက်လေးတွေပေါ့
စိတ်တူကိုယ်တူလေးတွေစုမိတော့
ပင်ပန်းလဲ ပျော်နေတာပဲ

Address

Yangon
11181

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959263938282

Website

Alerts

Be the first to know and let us send you an email when KHINE MAR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KHINE MAR:

Share