KZ Engineering

KZ Engineering Knowledge Sharing

RCCB(Residual Current Circuit Breaker) / RCD(Residual Current Device)ယိုစိမ့်လျှပ်စီးဖြတ်တောက်ပစ္စည်းသက်ရှိသတ္တဝါများ လျ...
16/10/2020

RCCB(Residual Current Circuit Breaker) / RCD(Residual Current Device)ယိုစိမ့်လျှပ်စီးဖြတ်တောက်ပစ္စည်း

သက်ရှိသတ္တဝါများ လျှပ်စစ်ဓာတ်လိုက်မှုဖြစ်လျှင် လျှပ်စီးပတ်လမ်းကို ဖြတ်တောက်ခြင်းဖြင့် ကာကွယ်မှုပေးသော ပစ္စည်း
မီးလောင်မှုဖြစ်စေနိုင်သောနေရာများတွင် အသုံးပြုပါက မီးလောင်မှုမဖြစ်ပေါ်စေရန် သက်ဆိုင်ရာ လျှပ်စီးပတ်လမ်းကို ဖြတ်တောက်ခြင်းဖြင့် ကာကွယ်မှုပေးသော ပစ္စည်းတစ်ခု ဖြစ်ပါသည်
30mA RCCB,100mA RCCB,300mA RCCB နှင့် 500mA RCCB ဟူ၍ ယေဘူယျပစ္စည်း အမျိုးအစားလေးမျိုး ရှိသည်

1.30mA RCCB အမျိုးအစားကို သက်ရှိသတ္တဝါများ လျှပ်စစ်ဓာတ်လိုက်မှုကာကွယ်ရွေးချယ်အသုံးပြုသည် လျှပ်စီး32A အောက်Circuit များအတွက် အသုံးပြုသည် ဥပမာ-ရေချိုးကန်,ရေချိုးခန်း,မီးဖိုချောင်ခန်း,ခဏတာအသုံးပြုသည့် Socket Outlets,သက်ရှိသတ္တဝါများကို ဓာတ်လိုက်မှု ဖြစ်စေနိုင်သော နေရာများ အသုံးပြုမှုများ အစရှိသဖြင့် အသုံးပြုသည်

2.100mA RCCB အမျိုးအစားကို လျှပ်စီး32A အထက် Circuit များအတွက် အသုံးပြုသည်

3. 300mA RCCB အမျိုးအစားကို မီးလောင်မှုဖြစ်နိုင်သော ပစ္စည်းများထားသိုရာနေရာများအတွက် လျှပ်စစ်အသုံးမှုမှမီးလောင်မှုကို ကာကွယ်ရန် အသုံးပြုသည်

4. 500mA RCCB အမျိုးအစားကို ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် လျှပ်စီး32A အထက်အသုံးပြုမှု များသောနေရာများတွင် ရွေးချယ်အသုံးပြုသည်

RCCBနှင့်MCB နှစ်မျိုး၏ အလုပ်လုပ်မှုကို RCBO ဆိုသော ပစ္စည်းတစ်ခု အသုံးပြု၍လဲ ရရှိသည်
(RCCB+MCB)=RCBO

RCCB ကို ရွေးချယ်အသုံးပြုရာတွင်
• ပုံမှန် Pure Sine Wave AC Circuit များအတွက်မှု AC Sine Wave Symbol ပါရှိသည့်အမျိုးအစားကို ရွေးချယ်အသုံးပြုရမည်
• ပုံမှန်မဟုတ်သော AC-DC ပြောင်းလဲ အသုံးပြုသော rectifier circuitများ/ frequency ပြောင်းလဲအသုံးပြုသော variable frequency drivesများ/Photovoltic System,Medical equipments ကဲ့သို့သောအမျိုးမျိုးသော အသုံးပြုမှုများအတွက် သက်ဆိုင်ရာ Symbol များပါရှိသာ အမျိုးအစားများကို ရွေးချယ်အသုံးပြုသည်

*Test Switch ကိုနှိပ်၍ ကောင်းမွန်မှုရှိ/မရှိ တစ်လတစ်ကြိမ် စစ်ဆေးပေးရမည်
နှိပ်သည်အခါတွင် RCCB သည် အလိုအလျောက် ပိတ်သွားရမည် အလိုအလျောက်ပိတ်သွားမှသာ အဆိုပါပစ္စည်းကောင်းမွန်သည်
ပြန်လည်အသုံးပြုမည်ဆိုပါက Test Switch ကိုတဖန်ပြန်နှိပ်၍ RCCB ကို ပြန်တင်၍အသုံးပြုနိုင်သည်

အောက်တွင်ပုံများနှင့်တကွ ရှင်းပြပေးထားပါသည်

လျှပ်စစ်ကိုအကျိုးရှိစွာအသုံးချနိုင်၍ အန္တရာယ် ကင်းစွာ အသုံးပြုနိုင်ကြပါစေ
16.10.2020(1:45pm)

Maniature Circuit Breaker(MCB) အမျိုးအစားများနှင့် ရွေးချယ်အသုံးပြုနည်းMCB တွင် B,C,D,K&Z ဆိုပီး အမျိုးကွဲတွေရှိပါတယ် MC...
17/08/2019

Maniature Circuit Breaker(MCB) အမျိုးအစားများနှင့် ရွေးချယ်အသုံးပြုနည်း
MCB တွင် B,C,D,K&Z ဆိုပီး အမျိုးကွဲတွေရှိပါတယ်
MCB ရဲ့ အဓိကလုပ်ဆောင်ချက်မှာ အသုံးပြုလျှပ်စစ်ပတ်လမ်းအတွင်း ဝန်အားပိုမိုအသုံးပြုခြင်းကြောင့် အသုံးပြုဝန်ထမ်းကြိုးအပူလွန်ကဲမှုကြောင့် ပျက်စီးနိုင်မှုကိုကာကွယ်ရန် နှင့် အသုံးပြုလျှပ်စစ်ပတ်လမ်းတွင် အချိန်တိုအတွင်းရှော့ဖြစ်ချိန်တို့တွင် ဖြစ်ပွားနိုင်သည့်အသုံးပြုပစ္စည်းပျက်စီးနိုင်မှု/ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာနိုင်မှုတို့ကို အသုံးပြုလျှပ်စစ်ပတ်လမ်းကိုဖြတ်တောက်ပေးခြင်းဖြင့် ကာကွယ်မှုပေးသော ပစ္စည်းတစ်ခုဖြစ်ပါသည်
MCB မည်သည့် အမျိုးအစားဖြစ်သည် သတ်မှတ်လျှပ်စီးမည့်သည့်ပမာဏဖြစ်သည်ကို MCB၏မျက်နှာပြင်ပေါ်တွင်လွယ်ကူစွာ ကြည့်ရှု့နိုင်သည်
MCB သည်အမျိုးအစားကွဲတွေရှိသည့်နှင့်အညီ မှန်ကန်စွာရွေးချယ်အသုံးပြုနိုင်မှသာ မှန်ကန်သော အလုပ်လုပ်ဆောင်မှုကိုရရှိနိုင်ပေသည်
MCB (B type)
B type သည်
သတ်မှတ်လျှပ်စီးထက်အနည်းငယ်ပိုသော လျှပ်စီးပမာဏအတွက်ဆိုလျှင် အချိန်ကာလကြာမြင့်ချိန် 3 နာရီ ကျော်လွန်ချိန်မှသာ အလုပ်လုပ်ဆောင်မည်ဖြစ်သည်
အချိန်တိုအတွင်းဖြစ်ပေါ်လာသည့်လျှပ်စီးပမာဏအတွက်ဆိုလျှင် 3ဆ မှ 5ဆ အတွင်းတွင် သတ်မှတ်ခံနိုင်ချိန်100ms ကိုကျော်လွန်သည်အခါမှသာ အလုပ်လုပ်ဆောင်မည်ဖြစ်သည်
အဓိကအနေဖြင့် အသုံးပြု ကေဘယ်ပျက်စီးမှုမှကာကွယ်ရန်အတွက် အသုံးပြုပါသည်

MCB(C type)
C type သည်
B type ကဲ့သို့ပင် သတ်မှတ်လျှပ်စီးထက် အနည်းငယ်ပိုသော လျှပ်စီးပမာဏအတွက်ဆိုလျှင် လုပ်ဆောင်မှုတူညီပါသည်
အချိန်တိုအတွင်းဖြစ်ပေါ်လာသည့် လျှပ်စီးပမာဏအတွက်ဆိုလျှင်သာ 5ဆ မှ 10ဆ အတွင်းတွင်သာ သတ်မှတ်ခံနိုင်ချိန်100ms ကိုကျော်လွန်မှသာ အလုပ်လုပ်ဆောင်မည်ဖြစ်သည်
အဓိကအနေဖြင့် လျှပ်စစ်သံလိုက်စွမ်းအားအသုံးပြု လျှပ်စစ်ပစ္စည်းများ စတင်အသုံးပြုချိန်တွင်လျှပ်စီးပမာဏအလယ်အလတ်ထိမြင့်တတ်လေ့ရှိသောပစ္စည်းများအတွက်အသုံးပြုပါသည်

MCB(D type)
D type သည်
B type ကဲ့သို့ပင်သတ်မှတ်လျှပ်စီးထက် အနည်းငယ်ပိုသော လျှပ်စီးပမာဏအတွက်ဆိုလျှင် လုပ်ဆောင်မှုတူညီပါသည်
အချိန်တိုအတွင်းဖြစ်ပေါ်လာသည့် လျှပ်စီးပမာဏအတွက်ဆိုလျှင်သာ 10ဆ မှ 20ဆ အတွင်းတွင်သာ သတ်မှတ်ခံနိုင်ချိန်100ms ကိုကျော်လွန်မှသာ အလုပ်လုပ်ဆောင်မည်ဖြစ်သည်
အဓိကအနေဖြင့် လျှပ်စစ်သံလိုက်စွမ်းအားအသုံးပြု လျှပ်စစ်ပစ္စည်းများ စတင်အသုံးပြုချိန်တွင်လျှပ်စီးပမာဏမြင့်မားစွာမြင့်တတ်လေ့ရှိသောပစ္စည်းများအတွက်အသုံးပြုပါသည်

MCB(K type)
K type သည်
B typeကဲ့ပင်သတ်မှတ်လျှပ်စီးထက် အနည်းငယ်ပိုသော လျှပ်စီးပမာဏအတွက်ဆိုလျှင် လုပ်ဆောင်မှုတူညီပါသည်
အချိန်တိုအတွင်းဖြစ်ပေါ်လာသည့် လျှပ်စီးပမာဏအတွက်ဆိုလျှင်သာ 8ဆ မှ 12ဆ အတွင်းတွင်သာ သတ်မှတ်ခံနိုင်ချိန်100ms ကိုကျော်လွန်မှသာ အလုပ်လုပ်ဆောင်မည်ဖြစ်သည်
အဓိကအနေဖြင့် လျှပ်စစ်သံလိုက်စွမ်းအားအသုံးပြု လျှပ်စစ်ပစ္စည်းများ စတင်အသုံးပြုချိန်တွင်လျှပ်စီးပမာဏမြင့်မားစွာမြင့်တတ်လေ့ရှိသောပစ္စည်းများအတွက်အသုံးပြုပါသည်

MCB (Z type)
Z typeသည် B typeကဲ့သို့ပင်သတ်မှတ်လျှပ်စီးထက် အနည်းငယ်ပိုသော လျှပ်စီးပမာဏအတွက်ဆိုလျှင် လုပ်ဆောင်မှုတူညီပါသည်
အချိန်တိုအတွင်းဖြစ်ပေါ်လာသည့် လျှပ်စီးပမာဏအတွက်ဆိုလျှင်သာ 2ဆ မှ 3ဆ အတွင်းတွင်သာ သတ်မှတ်ခံနိုင်ချိန်100ms ကိုကျော်လွန်မှသာ အလုပ်လုပ်ဆောင်မည်ဖြစ်သည်
အဓိကအနေဖြင့် အချိန်တိုအတွင်းမြင့်တတ်လာသည့်လျှပ်စီးပမာဏကို မြန်ဆန်စွာအလုပ်လုပ်ဆောင်မှုဖြင့်ကာကွယ်ရန် လိုအပ်သည့်ပစ္စည်းများအတွက် အသုံးပြုပါသည်

လျှပ်စစ်ကိုအကျိုးရှိစွာအသုံးချနိုင်၍ အန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်ကြပါစေ

အသုံးပြုလျှပ်စစ်ပစ္စည်းများနှင့် သတ်မှတ်ဗို့အားယခုကျွန်တော်တို့အသုံးပြုလျက်ရှိသော လျှပ်စစ်ပစ္စည်းများတစ်ခုချင်စီတွင် ဗို...
12/08/2019

အသုံးပြုလျှပ်စစ်ပစ္စည်းများနှင့် သတ်မှတ်ဗို့အား

ယခုကျွန်တော်တို့အသုံးပြုလျက်ရှိသော လျှပ်စစ်ပစ္စည်းများတစ်ခုချင်စီတွင် ဗို့အားသတ်မှတ်ချက်ပမာဏအနည်းဆုံးနှင့်အများဆုံးပမာဏသတ်မှတ်ချက်တို့ပါရှိပါသည် ထိုသတ်မှတ်ပမာဏထက်နည်းသောပမဏတွင် အသုံးပြုပါက အသုံးပြုလျှပ်စစ်ပစ္စည်း၏ သတ်တမ်းကိုလျော့ကျစေနိုင်သည် ထိုသတ်မှတ်ပမာဏထက်များသော ပမာဏတွင်အသုံးပြုလျှင်လဲ အသုံးပြုလျှပ်စစ်ပစ္စည်းကို ပျက်စီးစေနိုင်သည် ထိုကြောင့်လျှပ်စစ်အသုံးပြုပစ္စည်းတစ်ခုသည် သတ်မှတ်ပမာဏဗို့အားအတွင်း၌သာ အသုံးပြုသင့်ပါသည် သတ်မှတ်ဗို့အားအတွင်းအသုံးပြုပါကအဆိုပါ လျှပ်စစ်ပစ္စည်းကို သတ်တမ်းပြည့်သုံးစွဲနိုင်မည် ဖြစ်သည်

အဆိုပါအချက်များသည် အခြေခံအချက်များဖြစ်သည့်အတွက် လိုက်နာနိုင်ကြပါစေရန် တိုက်တွန်းအပ်ပါသည်
လျှပ်စစ်ကိုအကျိုးရှိစွာအသုံးချနိုင်၍ အန္တရာယ် ကင်းစွာ အသုံးပြုနိုင်ကြပါစေ

11/08/2019

လျှပ်စစ်သုံးလျှင် သတိယှဉ်
1.လျှပ်စစ်ကို သေချာနားလည်မှသာ ကိုင်တွယ်အသုံးပြုသင့်သည်
2.ခန္ဓာကိုယ်စိုစွတ်နေချိန်တွင် အသုံးမပြုသင့်ပါ
3.အိမ်သုံးလျှပ်စစ်ပစ္စည်းများပေါက်ပြဲနေချိန်တွင် အသုံးမပြုသင့်ပါ
4.အသုံးပြုနိုင်သောပမာဏထက်ပို၍အသုံးမပြုသင့်ပါ
5.လျှပ်စစ်ဆက်သွယ်မှုတိုင်းသည် ခိုင်မာမြဲမြံမှုရှိရမည်
6.ကလေးငယ်များကိုင်တွယ်နိုင်သည့်နေရာမျိုးတွင် လျှပ်စစ်ပစ္စည်းများ ဆက်သွယ်ပေါက်များကို မထားသင့်ပါ
7.အချိန်တစ်ခုထဲတွင် အသုံးပြုပစ္စည်းများကို တစ်ပြိုင်နက်ထဲအသုံးမပြုသင့်ပါ
အဆိုပါအချက်များသည် အခြေခံအချက်များဖြစ်သည့်အတွက် လိုက်နာခြင်းဖြင့်
လျှပ်စစ်ကိုအကျိုးရှိစွာအသုံးချနိုင်၍ အန္တရာယ် ကင်းစွာ အသုံးပြုနိုင်ကြပါစေ

11/08/2019

အိမ်သုံးလျှပ်စစ်နှင့်လိုအပ်ချက်များ
1.အသုံးပြု လျှပ်စစ်ဝန်အားကို သတ်မှတ်လျှပ်စစ်ဖြတ်တောက်ကိရိယာ(maniature circuit breaker)ကို လျှပ်စစ်ပတ်လမ်းတစ်ခုခြင်းအတွက်အသုံးပြုပေးရန်
2.လျှပ်စစ်ကြိုးများပေါက်ပြဲမှုမှတစ်ဆင့် ဓာတ်လိုက်ခြင်းကို ကာကွယ်ရန်အတွက် လျှပ်စစ်ယိုစိမ့်မှုကာကွယ်ပစ္စည်း(residual current circuit breaker)အသုံးပြုပေးရန်
3.လျှပ်စစ်ချိတ်ဆက်အသုံးပြုပစ္စည်း ပလပ်ပေါက်(extension socket outlet)ကို သတ်မှတ်လျှပ်စီး(rated current)ထက် လျော့နည်း သုံးစွဲရန်
4.လျှပ်စစ်ဆက်သွယ်မူတိုင်းကို ခိုင်မာမြဲမြံစွာဆက်သွယ်မှုပြုလုပ်ရန်
5.သက်ဆိုင်ရာ လျှပ်စစ်ယိုစိမ့်မှုကာကွယ်ပစ္စည်း (residual current circuit breaker)ကို တစ်လတစ်ကြိမ် စမ်းသပ်ခလုတ်(test button)ကိုနှိပ်၍တစ်လတစ်ကြိမ် စမ်းသပ်ပေးရန်
6.လျှပ်စီးဝန်ထမ်းကြိုး(service cable)သည် ရာသီဥတုဒဏ်ကြောင့် လျှပ်ကာများ ပျက်စီးမှုဖြစ်လျှင် အသစ်လဲလှယ်အသုံးပြုရန်
အထက်ပါအချက်များကို လိုက်နာခြင်းဖြင့်
လျှပ်စစ်ကိုအကျိုးရှိစွာအသုံးချနိုင်၍ အန္တရာယ် ကင်းစွာ အသုံးပြုနိုင်ကြပါစေ

Address

No11, Aungmyittar(4), Kamayut Tsp
Yangon
11

Telephone

+959402690372

Website

Alerts

Be the first to know and let us send you an email when KZ Engineering posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share