Bridge Media Group -Car News

Bridge Media Group -Car News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bridge Media Group -Car News, Consulting Agency, Yangon.

လာပြန်ပြီ  #နောက်ထပ်ကံထူးရှင်တစ်ဦး #ပုံထဲရှာကြည့်အဖြေရှိ #တိုက်ကြေကား
19/05/2023

လာပြန်ပြီ #နောက်ထပ်ကံထူးရှင်တစ်ဦး
#ပုံထဲရှာကြည့်အဖြေရှိ
#တိုက်ကြေကား

SKDကားများ မနက်ဖန် တင်္နလာနေ့ကစလို့ ကနဦးနံပါတ်စထုတ်ပြီးအခွန်စိမ်း၂၁ရက်အတွင်းမအပ်လျှင် ရက်လွန်ဒဏ်ကြေး တနေ့၃၀၀၀ကောက်ခံမဲ့သ...
18/09/2022

SKDကားများ မနက်ဖန် တင်္နလာနေ့ကစလို့ ကနဦးနံပါတ်စထုတ်ပြီး
အခွန်စိမ်း၂၁ရက်အတွင်းမအပ်လျှင် ရက်လွန်ဒဏ်ကြေး တနေ့၃၀၀၀ကောက်ခံမဲ့သဘောဖြစ်လာတော့မှာပါ။အခွန်စိမ်းမရလျှင် ငွေပြေစာထုတ်မပေးတာကြောင့် တနေ့၃၀၀၀ကရှိနေမှာပါ။
အရင်လို နံပါတ်ပြားကပ်ပြီး လချီ နှစ်ချီ အုံနာဘုတ်မထုတ်ပဲနေလို့မရတော့ပါဖူး။
မနှစ်ကထဲက သတင်းထွက်နေပေ့မဲ့ မနက်ဖန်မှ စလို့အတည်ဖြစ်သွားပါပြီ။


အားလုံးမပူကြပါနဲ့မြန်မာနိုင်ငံမှာအမှိုက်ကနေဆီထုတ်နေပါဘီPhoto Credit..
16/08/2022

အားလုံးမပူကြပါနဲ့
မြန်မာနိုင်ငံမှာ
အမှိုက်ကနေဆီထုတ်နေပါဘီ

Photo Credit..

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်သြဂုတ်လ ၂ ရက်နေ့တွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဌ Nan...
03/08/2022

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်

သြဂုတ်လ ၂ ရက်နေ့တွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi သည် တရုတ်နိုင်ငံ၏ ပြင်းထန်စွာ ဆန့်ကျင်မှုနှင့် လေးနက်စွာ ကန့်ကွက်မှုကို လျစ်လျူရှု၍ တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသကို ရုတ်တရက်သွားရောက်ခဲ့သည်။ ယင်းသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒ (one-China principle) နှင့် တရုတ်-အမေရိကန်အကြား ပူးတွဲထုတ်ပြန်ချက်သုံးခုပါ သတ်မှတ်ချက်များကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ပြီး တရုတ်-အမေရိကန်ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံကို ပြင်းထန်စွာ ရိုက်ခတ်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ပြင်းထန်စွာ ကျူးကျော်ပြီး ထိုင်ဝမ်ရေလက်ကြား၏ တည်ငြိမ်အေးချမ်းရေးကို ပြင်းထန်စွာ ဖျက်ဆီးကာ “ထိုင်ဝမ်လွတ်လပ်ရေး” ခွဲထွက်ရေးအင်အားစုများထံသို့ ပြင်းထန်သည့် မှားယွင်းသောအချက်ပြမှု ပို့လွှတ်ခြင်း ဖြစ်သည်။ ယင်းကို တရုတ်နိုင်ငံမှ ပြတ်ပြတ်သားသား ကန့်ကွက်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချကာ အမေရိကန်ဘက်သို့ လေးနက်စွာ ကန့်ကွက်ကြောင်း၊ ပြင်းထန်စွာ ဆန့်ကျင်ကြောင်း ပြောကြားခဲ့ပြီး ဖြစ်သည်။

ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံ တစ်ခုတည်းသာရှိပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ ပိုင်နက်နယ်မြေ၏ ခွဲထွက်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရသည် တရုတ်နိုင်ငံတစ်ခုလုံးကို ကိုယ်စားပြုသည့် တစ်ဦးတည်းသော တရားဝင်အစိုးရ ဖြစ်သည်။ ၁၉၇၁ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အမှတ် (၂၇၅၈) တွင် ဤအချက်ကို ရှင်းရှင်းလင်းလင်း အတည်ပြုခဲ့သည်။ ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ချိန်မှစ၍ နိုင်ငံပေါင်း ၁၈၁ နိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခြေခံ၍ တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ကြသည်။ တရုတ်တစ်နိုင်ငံတည်းမူဝါဒသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှုနှင့် နိုင်ငံတကာဆက်ဆံရေး၏ အခြေခံစံနှုန်း ဖြစ်သည်။

၁၉၇၉ ခုနှစ်တွင် အမေရိကန်သည် တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေးထူထောင်ခြင်းဆိုင်ရာ ထုတ်ပြန်ချက်၌ “အမေရိကန်ပြည်ထောင်စုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအား တရုတ်နိုင်ငံ၏ တစ်ဦးတည်းသော တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုသည်။ ဤအနေအထားအတွင်း၌ အမေရိကန်ပြည်သူများသည် ထိုင်ဝမ်ဒေသ ရှိသူများနှင့် ယဉ်ကျေးမှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် အခြား တရားဝင်မဟုတ်သောဆက်ဆံရေး ထားရှိမည်။” ဟု ရှင်းလင်းတိကျစွာ ကတိကဝတ်ပြုထားသည်။ အမေရိကန်အစိုးရ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် အမေရိကန်လွှတ်တော်သည် အမေရိကန်အစိုးရ အသိအမှတ်ပြုထားသည့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို တိတိကျကျ လိုက်နာသင့်ပြီး တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသနှင့် မည်သည့်တရားဝင်ထိတွေ့ဆက်ဆံခြင်းကိုမျှ မပြုလုပ်သင့်ပါ။ တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ လာရောက်သည့် အမေရိကန်လွှတ်တော်အမတ်များကို တရုတ်နိုင်ငံက အမြဲတမ်း ကန့်ကွက်ခဲ့ပြီး အမေရိကန်၏ အုပ်ချုပ်ရေးဌာနများသည် ယင်းကို တားဆီးရန် တာဝန်ရှိသည်။ အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi သည် လက်ရှိ အမေရိကန်လွှတ်တော်၏ အကြီးအကဲ ဖြစ်သည်။ ၎င်း၏ ထိုင်ဝမ်ခရီးစဉ်သည် မည်သည့်ပုံစံနှင့် မည်သည့်အကြောင်းရင်းကြောင့်ပင်ဖြစ်စေ အမေရိကန်နှင့် ထိုင်ဝမ်၏ တရားဝင်ထိတွေ့ဆက်ဆံမှုကို အဆင့်မြှင့်တင်သည့် အရေးကြီး နိုင်ငံရေးရန်စမှု ဖြစ်သဖြင့် တရုတ်နိုင်ငံက လုံးဝလက်မခံပါ။ တရုတ်ပြည်သူများကလည်း လုံးဝသဘောမတူပါ။

ထိုင်ဝမ်အရေးသည် တရုတ်-အမေရိကန်ဆက်ဆံရေးတွင် အရေးကြီးဆုံး၊ အဓိကအကျဆုံး၊ အကဲဆတ်ဆုံး အရေးကိစ္စဖြစ်သည်။ လက်ရှိတွင် ထိုင်ဝမ်ရေလက်ကြားအခြေအနေသည် တင်းမာမှုအသစ်နှင့် ပြင်းထန်သောစိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။ အခြေခံအကြောင်းရင်းမှာ ထိုင်ဝမ်အာဏာပိုင်များနှင့် အမေရိကန်တို့က လက်ရှိအနေအထားကို အဆက်မပြတ် ပြောင်းလဲနေခြင်းကြောင့် ဖြစ်သည်။ ထိုင်ဝမ်အာဏာပိုင်များသည် “အမေရိကန်ကို ထောက်ခံ၍ ထိုင်ဝမ်ခွဲထွက်ရေးအတွက် ကြိုးပမ်းခြင်း” တို့ ထပ်တလဲလဲပြုလုပ်ပြီး “၁၉၉၂ ခုနှစ် သဘောတူညီချက်” ကို အသိအမှတ်မပြုဘဲ ငြင်းဆန်ကာ “de-sinicization” ကို တွန်းအားပေးပြီး “ထိုင်ဝမ်လွတ်လပ်ရေး မြှင့်တင်မှုပုံစံ” ကို တစ်ဆင့်ပြီးတစ်ဆင့် တွန်းအားပေးလျက်ရှိသည်။ အမေရိကန်သည် “ထိုင်ဝမ်ဖြင့် တရုတ်နိုင်ငံအား ထိန်းချုပ်ရန်” ကြိုးပမ်းပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အဆက်မပြတ် အမည်ဖျက်ခြင်း၊ မှေးမှိန်စေခြင်း၊ အားပျော့စေခြင်း ပြုလုပ်ကာ အမေရိကန်နှင့် ထိုင်ဝမ်အကြား တရားဝင်ဆက်ဆံရေးကို မြှင့်တင်ပြီး “ထိုင်ဝမ်လွတ်လပ်ရေး” ခွဲထွက်ရေးလှုပ်ရှားမှုများကို ကျောထောက်နောက်ခံပြု အားပေးသည်။ ယင်းသည် အလွန်အန္တရာယ်များသော မီးကစားခြင်း ဖြစ်ပြီး မီးကစားသူသည် မိမိကိုယ်ကို မီးရှို့မိလိမ့်မည်။

တရုတ်နိုင်ငံအစိုးရနှင့် တရုတ်နိုင်ငံပြည်သူများ၏ ထိုင်ဝမ်အရေးကိစ္စအပေါ် ထားရှိသော သဘောထားသည် ပြောင်းလဲမှုမရှိပါ။ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပိုက်နက်မြေ တည်တံ့ခိုင်မြဲမှုအား ပြတ်သားစွာကာကွယ်ခြင်းသည် တရုတ်နိုင်ငံပြည်သူပေါင်း ၁.၄ ဘီလီယံ၏ ခိုင်မြဲသောဆန္ဒဖြစ်သည်။ အမိနိုင်ငံ လုံးဝပေါင်းစည်းခြင်းအား ဖော်ဆောင်မှုသည် တရုတ်အမျိုးသားပြည်သူတစ်ရပ်လုံး၏ တူညီသောဆန္ဒနှင့် မွန်မြတ်သောတာဝန် ဖြစ်သည်။ ပြည်သူ့ဆန္ဒသည် လွန်ဆန်၍မရသကဲ့သို့ ခေတ်ကာလရေစီးကြောင်းကိုလည်း ပြောင်းလဲ၍မရပါ။ မည်သည့်နိုင်ငံ၊ မည်သည့်အင်အား၊ မည်သူကမဆို တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများ၏ နိုင်ငံတော် အချုပ်အခြာအာဏာနှင့် ပိုက်နက်မြေ တည်တံ့ခိုင်မြဲမှုအား ကာကွယ်စောင့်ရှောက်ခြင်း၊ နိုင်ငံတော်ပေါင်းစည်းခြင်းနှင့် အမျိုးသားပြန်လည်နိုးထရေးဖော်ဆောင်ခြင်းအတွက် ခိုင်မြဲသည့်ဆုံးဖြတ်ချက်၊ ခိုင်မြဲသည့်ဆန္ဒနှင့် ကြီးမားသောအင်အားကို လျှော့တွက်၍မရပါ။ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ တရုတ်နိုင်ငံထိုင်ဝမ်ဒေသသို့ ရုတ်တရက်သွားရောက်ခြင်းအတွက် တရုတ်နိုင်ငံက လိုအပ်သည့်အစီအမံအားလုံး သေချာပေါက်လုပ်ဆောင်သွားမည်ဖြစ်ပြီး နိုင်ငံတော်အချုပ်အခြာအာဏာနှင့် ပိုက်နက်မြေတည်တံ့ခိုင်မြဲမှုအား ပြတ်သားစွာ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်သည်။ ယင်းကြောင့်ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲရလဒ်အားလုံးကို အမေရိကန်နှင့် “ထိုင်ဝမ်လွတ်လပ်ရေး” ခွဲထွက်ရေးအင်အားစုများက တာဝန်ယူရမည်ဖြစ်သည်။

အင်အားကြီးနိုင်ငံနှစ်နိုင်ငံဖြစ်သည့် တရုတ်-အမေရိကန်အကြား မှန်ကန်စွာဆက်ဆံသည့် နည်းလမ်းသည် အပြန်အလှန်လေးစားခြင်း၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်း၊ အတိုက်အခံဖြစ်မှုအားရှောင်ရှားခြင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းသာ ဖြစ်သည်။ ထိုင်ဝမ်အရေးကိစ္စသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာ ဖြစ်သည်။ မည်သည့်နိုင်ငံကမဆို ထိုင်ဝမ်အရေးကိစ္စအား အဆုံးအဖြတ်ပေးသူအဖြစ် လုပ်ပိုင်ခွင့်မရှိပေ။ တရုတ်နိုင်ငံသည် အမေရိကန်က “ထိုင်ဝမ်ကဒ်” ဖြင့် ဆက်လက်ဆော့ကစားကာ “ထိုင်ဝမ်ဖြင့် တရုတ်နိုင်ငံအား ထိန်းချုပ်ခြင်း” အား ရပ်တန့်ရန်၊ ထိုင်ဝမ်အရေးကိစ္စတွင်ဝင်ပါ၍ တရုတ်နိုင်ငံပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းအား ရပ်တန့်ရန်၊ နည်းလမ်းအမျိုးမျိုးဖြင့် “ထိုင်ဝမ်လွတ်လပ်ရေး” ခွဲထွက်ရေးအင်အားစုများကို ထောက်ပံ့ခြင်းအား ရပ်တန့်ရန်၊ ထိုင်ဝမ်အရေးကိစ္စတွင် အပြောတစ်မျိုးအလုပ်တစ်မျိုးလုပ်ခြင်းမှ ရပ်တန့်ရန်၊ တရုတ်တစ်နိုင်ငံတည်း မူဝါဒအား အမည်ဖျက်ခြင်း၊ မှေးမှိန်စေခြင်း၊ အားပျော့စေခြင်းတို့ လုပ်ဆောင်ခြင်းမှ ရပ်တန့်ရန်၊ လက်တွေ့လှုပ်ရှားမှုဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် တရုတ်-အမေရိကန်၏ ပူးတွဲထုတ်ပြန်ချက်သုံးခုပါ သတ်မှတ်ချက်များကို လိုက်နာရန်၊ အမေရိကန်နိုင်ငံခေါင်းဆောင်က ကတိပြုထားသည့် “မလုပ်ခြင်းငါးရပ်” ကတိ (စစ်အေးအသစ်ဖော်ဆောင်ရန် မကြိုးပမ်းခြင်း၊ တရုတ်နိုင်ငံ၏စနစ်အားပြောင်းလဲရန် မကြိုးပမ်းခြင်း၊ မဟာမိတ်ဆက်ဆံရေးမြှင့်တင်မှုမှတစ်ဆင့် တရုတ်နိုင်ငံအားကန့်ကွက်ရန် မကြိုးပမ်းခြင်း၊ “ထိုင်ဝမ်လွတ်လပ်ရေး” အား အားမပေးခြင်း၊ တရုတ်နိုင်ငံနှင့် ပဋိပက္ခမဖြစ်လိုခြင်း) ကို လက်တွေ့ဖော်ဆောင်ရန်၊ မှားယွင်းမှုနှင့် အန္တရာယ်များသည့်လမ်းကြောင်းတွင် ရှေ့ဆက်မသွားရန် ပြင်းပြင်းထန်ထန် တိုက်တွန်းပါသည်။
credit

ရန်ကုန်တွင် ညမထွက်ရအမိန့် အချိန်ပြောင်းလဲခြင်းမရှိ--------------------------------ရန်ကုန်တိုင်းက မြို့နယ်တွေမှာ ညမထွက်ရအ...
28/07/2022

ရန်ကုန်တွင် ညမထွက်ရအမိန့် အချိန်ပြောင်းလဲခြင်းမရှိ
--------------------------------
ရန်ကုန်တိုင်းက မြို့နယ်တွေမှာ ညမထွက်ရအမိန့်ကို ည(၈)နာရီကနေ မနက်(၄)နာရီအထိ အချိန်ပြောင်းလဲ လိုက်တယ်ဆိုတာ မဟုတ်ဘူးလို့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။ ရန်ကုန်တိုင်းက တောင်ဒဂုံမြို့နယ်၊ မြောက်ဒဂုံမြို့နယ်၊ ကမာရွတ်မြို့နယ်၊ ရွှေပြည်သာမြို့နယ် အပါအဝင် မြို့နယ်တချို့မှာ ညမထွက်ရအမိန့် အချိန် ပြောင်းလဲလိုက်တယ်ဆိုပြီး လူမှုကွန်ရက်ပေါ် သတင်းထွက်ပေါ်နေတာဟာ မဟုတ်မှန်ဘူးလို့ ဆိုပါတယ်။

တောင်ဒဂုံမြို့နယ်မှာတော့ ညမထွက်ရအမိန့် အချိန်ပြောင်းတယ်ဆိုတာ တရားဝင်ညွှန်ကြားချက်မရှိသေးဘဲ ပုံမှန်အချိန်သာဖြစ်တယ်လို့ တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတစ်ယောက်က အတည်ပြု ပြောပါတယ်။ ရန်ကုန်တိုင်းမှာတော့ ညမထွက်ရ အမိန့်ကို ည(၁၂)နာရီကနေ မနက်(၄)နာရီအထိ ပုံမှန်အချိန်သာ ဖြစ်ပြီး မြို့နယ်အားလုံး တူတူ ဖြစ်တယ်လို့ ဒေါပုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်မင်းအေးက ပြောပါတယ်။

ညမထွက်ရအမိန့်ကို အချိန်ပြောင်းလဲသတ်မှတ်တာမရှိဘဲ အရင်အချိန်အတိုင်းဖြစ်တယ်လို့ ပန်းဘဲတန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲက ပြောပါတယ်။ ရန်ကုန်တိုင်းက မြို့နယ်တွေမှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက လူစုလူဝေးမလုပ်ဖို့နဲ့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ထားတာကို သက်တမ်းထပ်တိုးထားတယ်လို့ လည်းသိရပါတယ်။


နည်းဥပဒ ၃၁၇
27/07/2022

နည်းဥပဒ ၃၁၇

“ကားလေလံ ….” ဂရက်က ဘာတွေဖြစ်လာနိုင်လဲ ⁉️ဟိုတလောက ဆီးဂိမ်း ရွှေရတဲ့သူတွေကို ကားဝယ်ယူခွင့်တွေပေးတယ်။ ပေးတာက CIF သိန်း300 တ...
29/06/2022

“ကားလေလံ ….” ဂရက်က ဘာတွေဖြစ်လာနိုင်လဲ ⁉️

ဟိုတလောက ဆီးဂိမ်း ရွှေရတဲ့သူတွေကို ကားဝယ်ယူခွင့်တွေပေးတယ်။ ပေးတာက CIF သိန်း300 တန် ကားဝယ်ယူခွင့် ပေးတာဖြစ်ပေမဲ့ သိန်း ၃၀၀၀ အထက်ကားတွေတချက်ထဲစျေးအေးသွားတယ်။ တချို့ဆို ၆၃၀၀ ဝန်းကျင်ခေါ်ထားတဲ့ KURO တွေ ၅၉၀၀ ဝန်းကျင်ပြောင်းခေါ်ကြတယ်။ အပေါ်ကားတွေစျေးတအားအေးသွားတယ်။ 5000 အပေါ်ရောင်းလို့ရနေတဲ့ကားတွေ 4500 နဲ့ 5000 ကြားစျေးချပြီးရောင်းတာတောင် လွယ်လွယ်ရောင်းမထွက်တော့ဖူး

အခုကားလေလံသတင်းက ဆီးဂိမ်းရွှေပေးတဲ့သတင်းထက် ပိုပြီးဂရက်ရိုက်မယ်ထင်တယ်။ လေလံမှာဘာကားတွေ ပါမယ်ဆိုတာဘယ်သူမှအတိအကျမသိရသေးတော့ KURO လိုကားမျိုးတွေ ပါမလား/မပါဖူးလား ဆိုတာစောင့်ကြည့်ရဦးမှာ

ပြီးတော့ တော်တော်ပျက်စီးနေတဲ့ကားတွေပါလာရင်ရော အရင်လို WRTA ပြန်ခွင့်ပြုပြီးအလုံးချိန်းပေးမှာလားဆိုတာလည်း အတိအကျမသိရသေးဖူး။ အရင်ခေတ် ကားလေလံမှာတော့ လေလံစွဲတုန်းကပျက်စီးနေတဲ့ကားတွေဖြစ်ပေမဲ့ WRTA ထုပြီးအလုံးချိန်းခွင့်ပေးတာကြောင့် လိုင်စင်ဝင်တဲ့အခါ အသစ်ကြီးဖြစ်သွားခဲ့ပါတယ်

အဲ့လိုတွေကြောင့်လေလံမှာ ဘာကားတွေပါလာပြီး ပျက်စီးနေတဲ့ကားများအတွက် ဘယ်လောက်အထိပြင်ဆင်ခွင့်ရမယ် အတိအကျမသိရသေးခင်အထိ အပေါ်ကားနဲ့ အလည်အလတ်ကားတွေစျေးကွက်အပေါ် အဓိကသက်ရောက်ရိုက်ခက်လာနိုင်ပြီး သိန်း ၁၀၀၀ အောက် ကားတွေအပေါ်လည်း အနည်းငယ်စျေးကွက်သက်ရောက်အှုရှိလာနိုင်ကြောင်းသုံးသပ်လိုက်ရပါတယ်

✍️ကြည်သာဟန်
ဓါတ်ပုံ - ကိုသွင်
(ပုံ _ အရင်ခေတ်လေလံမှဓါတ်ပုံများနှင့် အရင်ခေတ်အလုံးချိန်းပြီးသည့်အခါ အသစ်ဖြစ်သွားသည့် အရင်ခေတ်ကနောက်ဆုံးပေါ် Landcruiser ပုံဖြစ်ပါတယ်)

Address

Yangon
1234

Telephone

0998755552

Website

Alerts

Be the first to know and let us send you an email when Bridge Media Group -Car News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share