29/09/2015
သင့်စီးပွားရေးအတွက် Website
~~~~~~~~~~
Website တွေမှာ ရည်ရွယ်ချက်အမျိုးမျိုး ရှိကြပါတယ်။ အထူးသဖြင့်တော့ ငွေရှာဖို့ (ဥပမာ အွန်လိုင်းရှော့ပ် E-commerce Sites)၊ သတင်းအချက်အလက်တွေမျှဝေဖို့ (ဥပမာ၊ အွန်လိုင်းသတင်း Website တွေ)၊ စီးပွားရေးလုပ်ငန်းတွေ (Business sites) နဲ့ ကိုယ့်ကိုကိုယ်ကြော်ငြာဖို့ (ဥပမာ ကိုယ်ရေးကိုယ်တာ Website) စသဖြင့် ရည်ရွယ်ကြပါတယ်။ မြန်မာနိုင်ငံမှာ ကေဘယ်နဲ့သုံးတဲ့အင်တာနတ် ၀န်ဆောင်မှုတွေ မတွင်ကျယ်သေးတော့ မိုဘိုင်းကနေပဲ အင်တာနတ်သုံးကြတယ်။ မိုဘိုင်းဖုန်းနဲ့ သုံးရလွယ်တဲ့ Facebook ကိုပဲ အသုံးများပြီးတော့ Web based ကိုတော့ အသုံးနည်းနေပါသေးတယ်။ နောက်ထပ် စိန်ခေါ်မှုတစ်ခုကတော့ အွန်လိုင်းငွေပေးချေမှုတွေ ခက်ခဲနေသေးတာပါပဲ။ ဘဏ်စနစ်အားနည်းနေသေးတော့ ကဒ်တွေနဲ့ အွန်လိုင်းကနေ ငွေချေတဲ့ စနစ်တွေမတွင်ကျယ်၊ အဲဒါရဲ့ အကျိုးဆက်ကတော့ E-commerce ဖွံ့ဖြိုးမှုကို ထိခိုက်သွားတာပါပဲ။ ဘယ်လိုပဲ ခုချိန်မှာ အခက်အခဲရှိရှိ မြန်မာနိုင်ငံဟာလည်း ကမ္ဘာကြီးနဲ့ ဆက်ဆံနေရတဲ့ နိုင်ငံဖြစ်တာမို့ အိမ်နီးချင်းနိုင်ငံတွေဖွံ့ဖြိုးသလိုပဲ E-commerce ဖွံ့ဖြိုးလာမှာပါ။ Facebook လို Social Media ပေါ်အခြေခံပြီး အင်တာနတ်သုံးတာကနေ Web Based ဖြစ်လာမှာပါ။ အဲဒီအတွက် စီးပွားရေးလုပ်ငန်းတွေ၊ ဈေးဆိုင်တွေအနေနဲ့ ယှဉ်ပြိုင်ရတဲ့ ဈေးကွက်အတွက် နောက်မကျစေဖို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
Handy Web Services ရဲ့ ပထမဆုံး ဖန်တီးခဲ့တဲ့ Website ကတော့ www.entrepreneurs-mm.com ပဲဖြစ်ပါတယ်။ သတင်းအချက်အလက်မျှဝေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လွှင့်တင်ခြင်းပါပဲ။ သုံးစွဲရလွယ်တဲ့ CMS ဖြစ်တဲ့ WordPress ကို သုံးထားလို့ လွယ်လင့်တကူ Update လုပ်နိုင်ပါတယ်။ ရှုပ်ထွေးတဲ့ ပညာရပ်တွေမလိုဘဲ သတင်းတွေကို နေ့စဉ်နဲ့အမျှ တင်ဆက်နိုင်ပါတယ်။ အရောင်ကာလာ ဆန်းပြားအောင်လို့ အနက်ကိုမသုံးဘဲ နီညိုရောင်ကို သုံးထားပါတယ်။ လူကြီးမင်းရဲ့ လုပ်ငန်းအတွက် အခုလိုမျိုး တစ်နိုင်တပိုင် Website တွေ ဖန်တီးချင်တယ်ဆိုရင်တော့ ကျွန်တော်တို့နဲ့ တိုင်ပင်လို့ရပါတယ်။ တိုင်ပင်လိုရင်တော့ [email protected] ကို အီးမေးလ်ကတဆင့် မေးမြန်းလို့ရပါတယ်။ ဒါမှမဟုတ် Chat Box ကနေလည်း Message ပို့ပြီး မေးလို့ရပါတယ်။ Website ဖန်တီးဖို့ အချိန်ဘယ်လောက်ကြာမလဲ၊ ဘာတွေလိုလဲ၊ ဘယ်လောက်ကုန်ကျမှာလဲ၊ နှစ်စဉ်ကြေးတွေရောရှိလား၊ အီးမေးလ်ကောရမလား စသဖြင့် လူကြီးမင်းသိလိုတဲ့ အကြောင်းအရာတွေကို တိုင်ပင်ဆွေးနွေးလို့ရပါတယ်။
ခေတ်မီမီ ကမ္ဘာကြီးနဲ့ ရင်ဘောင်တန်းဖို့ လူကြီးမင်းရဲ့လုပ်ငန်းမှာ Website တစ်ခု ရှိသင့်နေပြီဆိုတာ မမေ့ဖို့ ပြောပါရစေ…