MLM

MLM Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MLM, Business service, South Dagon, Yangon.

11/10/2018
ဘဝကကောင်းပြီးသားကိုဘာဖြစ်လို့ အသစ်အဆန်းအရာတွေကို ထပ်ပြီးလေ့လာသင်ယူရမှာလဲ?ပညာအရည်အချင်းကောင်းတယ် ၊  ဗဟုသုတရှိတယ် ၊ သုံးစရ...
10/01/2018

ဘဝကကောင်းပြီးသားကိုဘာဖြစ်လို့ အသစ်အဆန်းအရာတွေကို ထပ်ပြီးလေ့လာသင်ယူရမှာလဲ?
ပညာအရည်အချင်းကောင်းတယ် ၊ ဗဟုသုတရှိတယ် ၊ သုံးစရာပိုက်ဆံရှိတယ် ၊ ကိုယ်ချစ်တဲ့အလုပ်ရှိတယ် ၊ သူငယ်ချင်းကောင်းရှိတယ်၊ နေစရာအိမ်ရှိတယ် ၊ ဒီလိုမျိုးပြည့်စုံနေတယ်ဆိုရင်တချို့သူတွေကတော့ အရာအားလုံးလုံလောက်ပြီလို့တွေးတတ်ပါတယ် ၊ အရာအားလုံးအဆင်ပြေနေပြီးသားလို့မှတ်ယူတတ်ပါတယ်။
ခုဏကပြောတဲ့အကြောင်းအရာအတွေးအခေါ်က လွန်ခဲ့တဲ့ (၁၀) ကဆိုရင်သုံးလို့ရပါသေးတယ်
ဒါပေမဲ့ ပြဿနာက “ဒီနေ့ခေတ်ကပြောင်းလဲတာအရမ်းအရမ်းကိုမြန်ပါတယ်”
အရမ်းမြန်လို့ တချို့က လိုက်လို့မမှီဘူးဖြစ်နေပါပြီ
အရမ်းမြန်လို့ တချို့က ဘယ်လိုပြောင်းလဲရမှန်းမသိဖြစ်နေတတ်ပါတယ်
အရမ်းမြန်လို့ တချို့ကုမ္ဗဏီအကြီးကြီးတွေက မနေနိုင်ပဲ ပိတ်လိုက်ရတာလဲအများကြီးရှိပါတယ်
ဒီအရာက ဘာကိုပြတာလဲဆိုတော့
ရပ်နေတဲ့သူ ၊ သင်ယူဖို့အတွက်ရပ်နေတဲ့သူ ၊ ကိုယ့်ကိုကိုယ်တိုးတက်အောင်လုပ်တဲ့နေရာမှာရပ်နေတဲ့သူက
ရေတဖြည်းဖြည်းဝင်လာနေတဲ့ ပေါက်နေတဲ့လှေပေါ်မှာထိုင်စောင့်နေတာနဲ့တူတူပါပဲ
နောက်ဆုံးတော့ လှေနဲ့အတူတူရေအောက်သို့မြုပ်ရတာပါပဲ
အခုလက်ရှိနေ့တိုင်း လူတွေက Digital Technology လောကမှာနေနေရပါတယ်
အဲ့ဒီအရာက Social Advancement လို့ခေါ်တဲ့အရာနဲ့ရွေ့လျားနေပါတယ်
သတင်းအချက်အလက်တွေကို အလွယ်တကူမျှဝေလို့ရတဲ့ခေတ်ဖြစ်ပါတယ်
ပြီးတော့ အသစ်အဆန်းအရာကိုအမြဲတမ်း တည်ထွင်တဲ့ခေတ်ဖြစ်ပါတယ်
ပြီးခဲ့တဲ့ နှစ် (၁၀၀) ကနေ ဒီနေ့ထိတိုးတက်မှုနဲ့ လွန်ခဲ့တဲ့ နှစ် (၁၀၀၀၀) ချီကတိုးတက်လာတဲ့တိုးတက်မှုကို ယှဉ်ကြည့်မယ်ဆိုရင် အဆပေါင်းများစွာမြန်တာကိုတွေ့ရမှာပါ
နေ့တိုင်းနေ့တိုင်း အရာရာအားလုံးကောင်းနေပြီးသားလို့မြင်နေရပါလိမ့်မယ်
ဒါပေမဲ့နောင်လာမယ့် သုံး ၊ လေးနှစ်အတွင်းမှာ အခုသင်ကျွမ်းကျင်တဲ့အရာ၊ ပညာ ၊ အရည်အချင်းက ဝင်ငွေမဖြစ်နိုင်တော့တဲ့အချိန်အနေဖြစ်နိုင်ပါတယ်
အဲ့ဒီချိန်ကျရင် အရာရာအဆင်မပြေမှုလဲဖြစ်နိုင်ပါတယ်
လွန်ခဲ့တဲ့ နှစ် (၁၀၀)ကိုပြန်သွားရင်
ငှက်လိုပျံသန်းချင်တယ်လို့ အိပ်မက်မက်ရင်မက်လိမ့်မယ်
ဒီလိုပါပဲ
ငှက်လိုပျံသန်းချင်တယ်ဆိုတဲ့ အိပ်မက်က Wbright Brother နှစ်ယောက်မက်ခဲ့တာ နှစ် (၆၀) မပြည့်ပါဘူး
တကယ်ဖြစ်လာနိုင်ခဲ့တယ်
ဒီသမိုင်းထဲမှာ ဒီအကြောင်းအရာတင်မဟုတ်ဘူး ၊ လူသားတွေရဲ့တဖြည်းဖြည်းတိုးတက်မှုကိုနန်းတို့တွေ့နိုင်မှာပါ
အင်္ဂလန်က စမ်းသပ်ချက်တစ်ခုပြောထားပါတယ်
ဒီနေ့ခေတ် လူ 20% က Auto ဖြစ်တဲ့ System စနှစ်ရဲ့အနိုင်ယူမှုကိုခံနေရပါတယ်တဲ့
ဒီနေ့မှာ အလုပ်ကောင်းကောင်းလုပ်နိုင်တဲ့သူ ၊ အလုပ်လုပ်တာတော်တဲ့သူတွေ နောက်နေ့မှာပဲ သူထက်အလုပ်ပိုလုပ်နိုင်တဲ့ စက်တစ်ခုခုနဲ့အစားထိုးခံရင်ခံရပါတယ်
ဒီအရာကို နန်းမပြောလဲ သူငယ်ချင်းတို့သတင်းမှာ ကြားဖူးပြီးသားဖြစ်ပါလိမ့်မယ်
လွန်ခဲ့တဲ့ (၁၀) နှစ်ကိုပြန်ကြည့်မယ်ဆိုရင်တို့ဘဝပြောင်းလဲလာတဲ့ Technology အကြောင်းအရာကို ကောင်းကောင်းမြင်နိုင်ပါလိမ့်မယ်
အရင်တုန်းက ဓာတ်ပုံရိုက်ချင်တယ်ဆိုရင်
ကင်မရာနဲ့ ဖလင်ကို ကိုယ်နဲ့မကွာဆောင်ထားရတယ်
ဖုန်းဆက်ချင်တယ်ဆိုရင် စာအုပ်တစ်အုပ်ပေါ်မှာမှတ်ထားတဲ့ဖုန်းနံပါတ်နဲ့
ဘေးအိမ် (၃) (၄) အိမ်တောင်ကြားရအောင် အော်ပြောရတယ်
(အဲ့ချိန်တုန်းက ဒီနေ့လိုမျိုးညညမအိပ်ဖုန်းပြောကြည့်ပါလား အိမ်ခေါင်မိုးက အပေါက်ရာကျော်ပေါက်လိမ့်မယ်)
ဇာတ်ကားကောင်းကောင်းကြည့်ချင်တယ်ဆိုရင်
သည်းခံပြီး TV လိုင်းမှာကြည့်ရတယ်
(ဇာတ်ကားပြီးလို့ ကြော်ငြာလာရင် တရေးအိပ်လိုက် အတော်ပဲ)
Game ကစားချင်တယ်ဆိုရင် TV နဲ့တွဲရတယ် ၊ အနီရောင်ကြိုး အဖြူရောင်ကြိုး ပြီးရင် Game ခွေတွေပြောင်းရတယ်။ အိမ်ကအကိုအမရှိတဲ့သူဆိုရင်တော့ ဒီအကြောင်းကြောင့် ငိုခဲ့ရတဲ့သူတွေမနည်းပါဘူးလို့ ပြောနိုင်တယ် ။ ဟုတ်တယ်မလား
Facebook ကစားချင်တယ်ဆိုရင် ... internet ဆိုင်သွားမှကစားရတယ်
အဲ့ဒီအခေတ်တုန်းကအရာရာတိုင်း မဆက်နွယ်သေးပါဘူး
ပြီးတော့အဲ့ဒီခေတ်တုန်းက ပစ္စည်းတစ်ခုခုဆိုရင် နောက်ကြာလာသမျှ ပိုပြီးဈေးကြီးလာမယ်လို့တောင်ထင်ခဲ့ပါတယ်
ဒါပေမဲ့ မထင်ထားတာက အရာအားလုံး လက်ကိုင်ဖုန်းရဲ့အစားထိုးခြင်းကိုခံရပါတယ်
စက်တစ်ခုထဲပဲ အရာအားလုံးကိုလွယ်လွယ်ကူကူ လုပ်နိုင်တယ်
ပြီးတော့အရေးကြီးဆုံးက ကွန်ပျူတာထက်ဈေးနှုန်းပိုပြီးချိုသာတယ်
ဒီနေ့မှာ ဘယ်သူများ နောင် (၅) နှစ်အတွင်း ကမ္ဘာကဘယ်လိုပြောင်းလဲလာမှာလဲဆိုတာ ဘယ်သူမှ ဗေဒင်မတွက်နိုင်ပါဘူး
ဒါပေမဲ့ကိုယ်တို့အရေးကြီးဆုံးလုပ်နိုင်တဲ့အရာတစ်ခုက “ဘယ်လိုပဲလုပ်လုပ် ကိုယ့်ကိုကိုယ်အမြဲအကျိုးရှိအောင်လုပ်ပါ” လို့ပြောချင်ပါတယ်
ဒီနေ့ကိုယ့်ကိုကိုယ်ပြန်ပြီိးတော့ ကြည့်ကြည့်ပါ
ဒီနေ့ ကိုယ့်ရဲ့ပညာ ၊ ဗဟုသုတ ၊ အရည်အချင်းက ဘာတွေရှိနေလဲ ????
အကယ်၍ ရှိတယ်ဆိုရင်လဲ စိတ်မချသေးပါနဲ့
ဒီနေ့က မနေ့ကထက်တော်ရမယ်ဆိုတဲ့စကားကိုမှတ်ထားပါ
ဘာဖြစ်လို့လဲဆိုတော့အခုတတ်ထားတဲ့ပညာက နောက်နေ့မှာအသုံးမဝင်တော့တဲ့ပညာဖြစ်ရင်ဖြစ်ပါလိမ့်မယ်
ကိုယ့်ကိုကိုယ်ပြန်ပြီးကြည့်ပြီးပြီဆိုရင် နောက်နေ့မှာသုံးလို့ရမယ့် ပညာ ၊ အရည်အချင်း ၊ ဗဟုသုတထဲမှာ
ပိုပြီးတိုးတက်အောင်ဘယ်အရာကိုလုပ်သင့်သလဲ ၊ နောက်နေ့အတွက်မလိုအပ်တော့တဲ့ အရာကို ဒီနေ့မှာ ပြစ်ထားလိုက်ပါ
သင်က “ဓား” ကိုင်ပြီး “သေနတ်” ကိုင်ထားတဲ့သူကိုမစိန်ခေါ်ချင်နိုင်ပါဘူး
သင်က “မြင်းစီးပြီးတော့ “ကား” စီးတဲ့သူကို မစိန်ခေါ်ချင်နိုင်ပါဘူး

" မတူတဲ့လူနဲ့ အတူနေရင် မတူတဲ့ဘဝကိုရမှာပဲ... " =================================တကယ်လက်တွေ့ဘဝမှာ ဘယ်သူနဲ့ သင်ပေါင်းသင်းနေ...
05/01/2018

" မတူတဲ့လူနဲ့ အတူနေရင် မတူတဲ့ဘဝကိုရမှာပဲ... "
=================================
တကယ်လက်တွေ့ဘဝမှာ ဘယ်သူနဲ့ သင်ပေါင်းသင်းနေတယ်ဆိုတာက အရမ်းကို အရေးပါပါတယ်။ အဲဒီဘယ်သူက သင်ကြီးပြင်းရာ လမ်းတလျှောက်က သင့်အောင်မြင်မှု၊ ကျရှုံးမှုတွေကို ဆုံးဖြတ်ပေးပါလိမ့်မယ်။

အလုပ်ကြိုးစားသူနဲ့နေရင် သင်မပျင်းတတ်တော့ဘူး။ အကောင်းမြင်တတ်သူ၊ အပြုသဘောဆောင်သူနဲ့နေရင် သင်မထိုင်းမှိုင်း၊ အားမငယ်တတ်တော့ဘူး။ အသိပညာရှိသူနဲ့နေရင် သင်အသိပညာတိုးမယ်။မြင့်မြတ်သူနဲ့နေရင် အထွတ်အထိပ်ကို သင်ရောက်မယ်။

သိပ္ပံပညာရှင်တွေရဲ့ ဆန်းစစ်ချက်မှာ...
"လူဆိုတာ သွယ်ဝိုက်ပြီးပြောတဲ့စကားတွေကို နားလည်တဲ့ တစ်မျိုးတည်းသော သတ္တ၀ါဖြစ်တယ်။ အကောင်းဘက် သွယ်ဝိုက်တဲ့စကားတွေက လူတွေရဲ့ခံစားချက်နဲ့ စိတ်အခြေအနေကို အကောင်းဘက် သက်ရောက်စေတယ်။ ကိုယ်ရည်ကိုယ်သွေးတွေကို လှုံဆော်ပေးတယ်။ လုပ်နိုင်စွမ်းကို မြှင့်တင်ပေးတယ်။ ရှေ့သို့တက်လှမ်းစေတယ်၊ ကြိုးပမ်းအားထုတ်စေတယ်" လို့ဆိုတယ်။

အပျက်သဘောဆောင်သူတွေနဲ့ ဝေးနိုင်သမျှ ဝေးဝေးနေပါ။ နို့မဟုတ်ရင် သင့်စိတ်ကူးအိပ်မက်တွေ အခိုးခံလိမ့်ရမယ်။ သင့်စိတ်ဓာတ်တွေ ယိုယွင်းကုန်လိမ့်မယ်၊ တိုးတက်ချင်စိတ်တွေ ကုန်ခမ်းလိမ့်မယ်။

အပြုသဘောဆောင်သူတွေက နေမင်းကြီးနဲ့တူတယ်။ ဘယ်နေရာရောက်ရောက် အလင်းရောင်ကို ဆောင်ပေးတယ်။ အပျက်သဘောဆောင်သူတွေက လမင်းနဲ့တူတယ်။ လပြည့်၊ လကွယ် အလင်းပေးတာတောင်မတူဘူး။

စိတ်သဘောထားက အရာရာကို ဆုံးဖြတ်ပေးတယ်။ ဘယ်လိုစိတ်သဘောထားရှိရင်
ဘယ်လို အနာဂတ်ကို ရစေပါတယ်။ အကျင့်စရိုက်က ကံကြမ္မာကို ဆုံးဖြတ်ပေးတယ်။
ဘယ်လို အကျင့်စရိုက်က ဘယ်လိုဘဝကို ရစေပါတယ်။

တချို့ကပြောတယ်။ လူ့ဘဝမှာ ကံကောင်းခြင်း သုံးကြိမ်ရှိသတဲ့။

ကျောင်းနေချိန်မှာ ဆရာကောင်းနဲ့တွေ့တာ ကံကောင်းခြင်းပဲ။ အလုပ်လုပ်ချိန် ဆရာသမားကောင်းနဲ့တွေ့တာ ကံကောင်းခြင်းပဲ။ အိမ်ထောင်ပြုချိန် အိမ်ထောင်ဖက်ကောင်းနဲ့တွေ့တာလည်း ကံကောင်းခြင်းပဲ။

တစ်ခါတလေ သူတို့ရဲ့ အပြုံးတစ်ပွင့်၊ နွေးထွေးတဲ့စကားတစ်ခွန်းက သင့်ဘဝကို နေရောင်ခြည်နဲ့ လင်းလက်စေနိုင်တယ်။

ဘဝမှာ ကံမကောင်းခြင်းဆိုတာက သင့်ဘေးမှာ အပြုသဘောဆောင်သူ၊ အကောင်းမြင်သူ ကင်းမဲ့လို့ဖြစ်တယ်။ ဝေးဝေးလှမ်းမြင်နိုင်သူ မရှိလို့ဖြစ်တယ်။ ဒါကြောင့် သင့်ဘ၀က အမှောင်ထဲမှာ အရောင်ပျောက်နေတာဖြစ်တယ်။

စကားတစ်ခွန်းက ဒီလိုဆိုပါတယ်။
"သင်ဘယ်သူလဲ အရေးမကြီးဘူး။ အရေးကြီးတာက သင်ဘယ်သူနဲ့ အတူနေနေသလဲ" ဆိုတာဖြစ်တယ်။

ကြက်မ,၀ပ်လို့ ကြီးပြင်းခဲ့ရတဲ့ လင်းယုန်ဟာ သူ့ကိုယ်သူကြက်ပါဆိုပြီး ပျံသန်းခြင်းအတတ်ကို လက်လွတ်ခဲ့တယ်။ အတောင်ဖြန့်ပြီး ကောင်းကင်ပြာပေါ် သူဘယ်လို ပျံသန်းဦးမလဲ...

သိုးကြားမှာ ကြီးပြင်းခဲ့တဲ့ မြေခွေးဟာ ကြမ်းကျုတ်တဲ့စိတ်ပျောက်ပြီး သိုးကိုချစ်မိသွားခဲ့တယ်။မြက်ခင်းပြင်မှာ သူဘယ်လို့ ဒုန်းစိုင်းပြီး သားကောင်ရှာတော့မလဲ...

အမှန်တော့ သင်ဟာထူးကဲသူပါ။ ဒါပေမယ့် သင့်ဘေးက အဆိုးမြင်သူကြောင့် ရှေ့သို့တက်လှမ်းချင်တဲ့ သင့်ခွန်အားတွေ ဆုတ်ယုတ်ကုန်တယ်။ စိတ်ဓာတ်တွေ ညံ့ဖျင်းကုန်တယ်။

စာကောင်းတွေဖတ်တယ်၊ အသိပညာရှိသူဆီ ချည်းကပ်တယ်ဆိုတာ လူ့ဘ၀ရဲ့ အကောင်းဆုံးကံနှစ်ခုဖြစ်တယ်။ လူ့ဘ၀ဆန်းကြယ်ပုံကို ဒီအရာနှစ်ခုနဲ့ သင်ယူနိုင်တယ်။ လက်ထဲ ဆောင်ထားနိုင်တယ်။

ဘ၀ရဲ့လှပခြင်းဆိုတာ တစ်ပါးသူကို နှင်းဆီလက်ဆောင်ပေးတယ်။ ကိုယ့်လက်ထဲမှာလည်း နှင်းဆီရနံ့တွေ ကျန်ခဲ့တယ်။ ဒါဟာ လူ့ဘ၀ဖြစ်တယ်။ ထက်မြက်သူနဲ့နေချင်ရင် သင်ထက်မြက်ရလိမ့်မယ်။ ထူးကဲသူနဲ့နေချင်ရင် သင်ထူးကဲရလိမ့်မယ်။

သူတစ်ပါးရဲ့ကောင်းကွက်ကို အလွယ်တကူမြင်ပြီး ကိုယ့်အတွက်ခွန်အားအဖြစ်၊ သင်ယူစရာအဖြစ် ပြောင်းလဲမယ်။ ဒီလိုဆိုရင် သင်ဟာ ထက်မြက်သူဖြစ်ပါတယ်။ လူ့ဘ၀ရဲ့ အခွင့်အရေးကို လက်ဆုပ်လက်ကိုင်ပြုပြီး ကိုယ့်အခွင့်အရေးအဖြင့် ပြောင်းလဲမယ်။ ဒီလိုဆိုရင် သင်ဟာ ထူးကဲသူဖြစ်ပါတယ်။

သူတစ်ပါးရဲ့ အောင်မြင်မှုကို
ကိုယ့်အောင်မြင်မှုအတိုင်း ပြင်းပြမယ်။
သူတစ်ပါးရဲ့ အကောင်းဆုံးကို သင်ယူပြီး
အကောင်းဆုံးကိုယ် လုပ်မယ်။
သူတစ်ပါးရဲ့ အသိပညာကို ဆည်းပူးပြီး
အောင်မြင်တဲ့ကိုယ် လုပ်မယ်။

မတူတဲ့လူနဲ့ အတူနေရင် မတူတဲ့ဘ၀ကို ရပါတယ်။

Credit:NineNineSaNay
Han Tun Aung (p.k.u)

Address

South Dagon
Yangon
500

Telephone

09799390893

Website

Alerts

Be the first to know and let us send you an email when MLM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share