AKT

AKT Sharing Experience and Knowledge in Construction and Infrastructure Management

✳️ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အရေးပါလှတဲ့ Contract Management and Administration အကြောင်းကို အသေးစိတ် သင်ကြားပေးတဲ့ ICMS...
25/08/2026

✳️ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အရေးပါလှတဲ့ Contract Management and Administration အကြောင်းကို အသေးစိတ် သင်ကြားပေးတဲ့ ICMS Online Class အတန်းအသစ်ကို 5-Sep-2026 မှာ ပြန်ဖွင့်ပါမယ်။ ✳️

ကျနော် Advanced Planning အတန်းဖွင့်လိုက်လို့ ကြားထဲမှာ ခနနားထားသလို ဖြစ်သွားတဲ့ Contract Management အတန်းလေး ဖြစ်တဲ့ ICMS အတန်းကို ရှေ့လာမယ့် 5-Sep-2026 မှာ ပြန်ဖွင့်ပါမယ်။ Singapore ကရော .. ဒီကတက်ဖို့စောင့်နေသူတွေပါ အတန်းအပ်လို့ရပါပြီလို့ သတင်းစကားပါးပါရစေ။ ဆောက်လုပ်ရေး လောကရဲ့ Issues တွေ၊ Disputes တွေ၊ Scope မပြတ်သာတာတွေ .. အစရှိတဲ့ အကြောင်းအရာပေါင်းစုံကို ဘယ်လိုကာကွယ်ရမယ် ဆိုတာ သိချင်ရင် ဒီ ICMS အတန်းကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

📌 ဒီ ICMS အတန်းဟာ QS (Quantity Surveyor) တွေ အတွက်တော့ မသိမဖြစ် သိရမယ့် အကြောင်းအရာတွေ ပါလို့ တက်သင့်တဲ့ အတန်းဖြစ်ပါတယ်။ ဒါပေမယ့် ICMS က QS တွေ အတွက်ရယ်လို့ပဲ မဟုတ်ပါဘူး။ ဆောက်လုပ်ရေး စီမံကန်းတစ်ခုကို လုပ်ပြီဆိုရင် လက်တွေ့လုပ်ငန်းခွင်မှာ တွေ့ကြုံရတဲ့ ပြသနာတွေကို ကိုင်တွယ်ဖို့ လိုနေတဲ့သူတွေ အကုန်လုံး တက်သင့်တဲ့ အတန်းဖြစ်ပါတယ်။ အထူးသဖြင့် ဘယ်သူတွေလဲ ဆိုရင် Construction Company တွေရဲ့ ပိုင်ရှင်တွေ၊ အိမ်ဆောက်မယ့် Clients တွေ တက်သင့်ပါတယ်။ အဲ့ဒီတော့မှ လက်တွေ့ လုပ်တဲ့အခါမှာ ဘယ်ဟာကတော့ မှန်တယ် မှားတယ်ဆိုတကို သေသေချာချာလေး ဆုံးဖြတ်ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။ မဟုတ်ရင် ကန်ထရိုက်တာပြောတာကို လက်ခံနားထောင်ရတာ ဖြစ်နေကြမှာပါ။

📌 တကယ်တမ်းတော့ဆောက်လုပ်ရေး လုပ်ငန်းကို လုပ်ကြပြီဆိုရင် ဖြစ်နေကြ Issues တွေဖြစ်တဲ့ Scope မပြတ်သားတာ၊ ဘာကို လုပ်ပေးရမယ်ဆိုတာ မသိတဲ့ Obligations ကိစ္စတွေ၊ ပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်လာနိုင်တဲ့ Changes (Variations) တွေ။ ဒီဟာတွေက ဘာတွေလဲ ဘယ်လို ကိုင်တွယ်ရမှာလဲ ဆိုတာ သိထားဖို့ လိုပါတယ်။ ပြီးတော့ လုပ်ငန်းလုပ်နေရင်းနဲ့ ကြုံရတဲ့ Unforeseen Conditions .. Obligations တွေကို ချိုးဖောက်တာတွေ .. Payments နောက်ကျတာတွေ .. ဒါတွေနဲ့ ကြုံရရင် ဘာလုပ်ရမယ်ဆိုတာ QS တွေ အနေနဲ့ရော၊ Project Management လုပ်နေတဲ့သူတွေရော သိထားဖို့ လိုပါတယ်။

📌 အဲ့ဒီအတွက် ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ စာချုပ်တစ်ခု ချုပ်ရပြီဆိုတဲ့အခါ ဘာတွေတော့ ပါသင့်တယ်။ သူ့ Right က ဘာလဲ၊ ကိုယ့် Right က ဘာလဲ။ ဘယ်လိုအရာမျိုးကိုတော့ Negotiation လုပ်သင့်တယ်။ ဘယ်လိုဟာကတော့ သွားပြောလို့ မရဘူး .. International မှာ ဒီအတိုင်း လုပ်ကြတာ .. အစရှိသဖြင့် ဒီလိုမျိုး နားလည်ထားဖို့ လိုပါတယ်။ အဓိကကတော့ ကိုယ် အညာမခံရဖို့၊ ကိုယ့်ကို ဂျင်းထည့်တာ မခံရဖို့ ကိုယ်က စာချုပ်အကြောင်းတွေ၊ Procedures တွေကို နားလည်နေဖို့ လိုပါတယ်။

📌 အခု ICMS Course ဟာ International Level မှာ Construction Contract Management အနေနဲ့ ဘာတွေ လုပ်ရမယ်ဆိုတာကို မဖြစ်မနေ သိရမယ့် Tendering ကနေ စပြီး၊ နောက်ဆုံး Performance Certificate ထွက်လာသည် အထိ အသေးစိတ်ကို သင်ပေးတဲ့ အတန်း ဖြစ်ပါတယ်။ သင်ရိုးညွှန်းတမ်း အနေနဲ့ လက်ကိုင်ထားမှာက Singapore LTA (Land Transport Authority) ရဲ့ Tendering Guidelines ရယ်၊ ပြီးတော့ ယနေ့အထိ International Level မှာ Contract Guidelines အနေနဲ့ သုံးနေတဲ့ FIDIC Conditions of Contract (Red Book) ရယ် ဖြစ်ပါတယ်။

📌 သင်တန်းမှာ ဒီလိုမျိုး Main Subjects တွေအပြင် Add-on အနေနဲ့ Contract Management လုပ်မယ့် လူတွေ မသိမဖြစ် သိရမယ့် Claim Letter ရေးနည်း၊ EOT Report ပြုစုနည်း၊ Cash flow and Cost Management ပြုလုပ်နည်းတွေကိုပါ ပြောပြပေးပါတယ်။ ကိုယ့်ရဲ့ Career Development အတွက် ဆက်လေ့လာဖို့ လိုအပ်တဲ့ ကိစ္စတွေကိုလည်း ရှင်းပြပေးပါတယ်။ အသေးစိတ် Course Outline ကို အောက်မှာ ဖတ်ရှုလို့ရပါတယ်။

ပြီးခဲ့တဲ့ Batch တုန်းကဆိုရင် Singapore က လူတွေ အများစု လာတက်ကြပြီး၊ အဲ့ဒီထဲမှာ Singapore က A1 အဆင့်ရှိ ဆောက်လုပ်ရေးကုမ္ပဏီက Tender Manager ကိုယ်တိုင် လာရောက်အားပေးထားခဲ့ပါတယ်။ အသုံးဝင်တယ်၊ မဝင်ဘူးဆိုတာ မှန်းကြည့်လို့ရပါတယ်။

🔷 International Contract Management System (ICMS) – ZOOM Online Course Outline🔷
1. Introduction to International Tendering Processes
2. Preparation of Tender Documents based on Singapore LTA Guidelines
3. Tender Evaluation and Tips for winning Tender
4. Things to consider during Tendering (BOQ, Method of Measurements, Specifications)
5. Construction Contracts Types
6. FIDIC Suite of Contracts
7. General Provision in Contracts
8. Employer, Engineer and Contractor’s Roles and Responsibilities
9. Commencement, Delays, Taking-over, DLP
10. Price, Payment and Fluctuations
11. Measurement, VO, Adjustment, Claims
12. Risk Management in Contracts (Indemnities, Insurance, Force Majeure)
13. Dispute Resolution (Meditation, Adjudication, Arbitration)
14. Other Forms of Contracts such as JICA, PSSCOC
15. Claims Reports and Writing
16. Cost and Cash Flow Management
17. Cost S-curve Development and Earned Value Management Concepts

ဒီ ICMS Course ဟာ အပေါ်မှာ ဆိုခဲ့သလို QS တွေ အတွက်သာမက Construction Project တွေရဲ့ Management အပိုင်းမှာ ရှိနေတဲ့ သူတွေ၊ C-Suite Levels ကို ရောက်ရှိနေတဲ့သူတွေ၊ Contract Management ကို သေချာ နားလည်ချင်တဲ့သူတွေ အားလုံးအတွက် လိုအပ်ပါတယ်။ Feedback ကောင်းတွေ အများကြီး ရရှိထားတဲ့ သင်တန်း ဖြစ်ပါတယ်။ ပေးရတဲ့ သင်တန်းကြေးထက် ထိုက်တန်တဲ့ Knowledge တွေ၊ Practices တွေ တစ်ထိုင်တည်း သိသွားနိုင်တဲ့ အတန်းဖြစ်ပါလိမ့်မယ်။

ICMS အတန်းဟာ အွန်လိုင်း အတန်းလို့ ပြောပေမယ့် စည်းစနစ်ကျကျနဲ့ အားလုံးအကျိုးရှိအောင် Class Participation ကို အဓိကထားပြီး သင်မှာမို့ အနည်းငယ် သတ်မှတ်ထားတဲ့ စည်းကမ်းချက်လေးတွေ ရှိပါတယ်။ Contract Management စကားနဲ့ ဆိုရင် Conditions တွေလို့ ဆိုလို့ရပါတယ်။
(၁) သင်တန်းကို Zoom Application သုံးပြီး သင်မှာ ဖြစ်ပါတယ်။ Zoom Account ကို နာမည်နဲ့ သုံးပေးဖို့ မေတ္တာရပ်ခံပါတယ်။
(၂) သင်တန်းချိန်များကို တတ်နိုင်သလောက် မပျက်မကွက် တတ်ဖို့ လိုအပ်ပါတယ်။ 75% attendance လိုအပ်ပါတယ်။
(၃) သင်တန်းနဲ့ ပတ်သက်ပြီး Video files မပေးပါ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် Live ကို မမှီခဲ့သော် ပြန်ကြည့်လို့ရအောင် Telegram Private Group မှာ ပြန်တင်ထားပေးပါမယ်။ တစ်ယောက်ချင်းစီတော့ မပို့ပေးပါဘူး။ တကယ်လို့ အတန်းချိန် တိုက်နေတာတွေ ရှိရင်လဲ Telegram မှာ ပြန်ကြည့်လို့ရပါတယ်။
(၄) သင်တန်းနောက်ဆုံးနေ့မှာ Assessment Exam ရှိပါမယ်။ သတ်မှတ်ထားတဲ့ ရမှတ်တစ်ခုကို ရရှိမှသာ Certificate ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒီ Assessment Exam ကိုတော့ သင်တန်းသူ၊ သင်တန်းသားတိုင်း ဖြေပေးဖို့ လိုပါတယ်။ ဒီ Assessment Exam ကို ဖြေနိုင်ရင် ဘယ် QS interview ကို မဆို ဖြေနိုင်မှာလဲ ဖြစ်ပါတယ်။

စိတ်ဝင်စားလို့ သင်တန်းအပ်ချင်တယ်ဆိုရင် သင်တန်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်ကို အောက်မှာ ဖော်ပြပေးထားပါတယ်။
Training Info:
🗓️🗓️🗓️သင်တန်းစမည့်ရက် ---- 5-Sep-2026 (Saturday)
🔖🔖🔖သင်တန်းအချိန် ---- Every Saturday from 7pm to 9pm (Myanmar Time)
သင်တန်းကာလ ---- About 9 Weeks
🏷️🏷️🏷️သင်တန်းကြေး ---- 110,000 ကျပ် (စလုံးကနေ အပ်ချင်တယ်ဆိုရင်ဖြင့် POSB Account ကို လွှဲနိုင်ပြီး သင်တန်းကြေးကို S$55 သတ်မှတ်ပေးထားပါတယ်။ ပေးရတဲ့ သင်တန်းကြေးထက် ပိုမိုထိုက်တန်တဲ့ Knowledge တွေကို ရရှိဖို့ အာမခံပါတယ်။)
📞📞📞ဆက်သွယ်ရန် ---- Page Messenger ကပဲ ဖြစ်ဖြစ် ဒါမှမဟုတ် 09 763208895 (Viber မှတဆင့် message ပို့ ဆက်သွယ်နိုင်ပါသည်)

သင်တန်းအကြောင်းကို လာမေးတဲ့အခါ .. လာစုံစမ်းတဲ့အခါ ဒီလိုမျိုး လာမေးတာလေးတွေကို ကျနော့် အနေနဲ့ အရမ်းသဘောကျပါတယ်။ Ethics တစ...
20/08/2026

သင်တန်းအကြောင်းကို လာမေးတဲ့အခါ .. လာစုံစမ်းတဲ့အခါ ဒီလိုမျိုး လာမေးတာလေးတွေကို ကျနော့် အနေနဲ့ အရမ်းသဘောကျပါတယ်။ Ethics တစ်ခုရှိတယ် .. ကိုယ့်ကို Respect ထားတယ်လို့ ခံစားရပါတယ်။ တခါတလေ ကိုယ့်ဆီမှာ သင်တန်း မတက်ဖြစ်ရင်တောင် .. ကိုယ့်အနေနဲ့ ဘာလေးတော့ လုပ်ကြည့်ဆိုပြီး လမ်းညွှန်မိပါတယ်။ ကိုယ်ကိုတိုင်လဲ အတတ်နိုင်ဆုံး အဆင်ပြေအောင် Reply ပြန်ဖြစ်ပါတယ်။

တချို့တွေက မေးတာကလဲ အကောင့်အစစ် ဟုတ်ချင်မှ ဟုတ်တယ် .. ပြီးတော့ မေးတာက သင်တန်းက ဘာတွေ သင်မှာလဲတို့ .. သင်မယ့် ဆရာက ဘယ်သူလဲတို့ .. ဒီဟာကို ဘယ်မှာ သုံးရမှာလဲ ပြောပြပေးပါတို့ ဆိုတော့ ကျနော့် အနေနဲ့ ပြန်ဖြေရတာ တစ်မျိုး ဖြစ်ကောင်းဖြစ်ပါတယ်။

ကျနော့်ရဲ့ Page မှာက ကျနော်ပဲ Admin ပါ .. တခြားသူလဲ ကိုင်တာ မဟုတ်လို့ .. ကျနော် အားမှပဲ ပြန်ပြောဖြစ်ပါတယ်။ အဲ့ဒါကို ဒီ Page က သင်တန်းအကြောင်း မေးတာ ပြန်မပြောဘူးဆိုပြီး ထင်သွားရင်တော့ ကျနော့် အားနည်းချက်သာ ဖြစ်ပါတယ်။ ကျနော့် အနေနဲ့ကတော့ သင်တန်းတွေ သင်တဲ့အခါမှာ တတ်မြောက်စေချင်တဲ့ ဆန္ဒနဲ့ ဆရာစား မချန် သင်ကြားပေးတယ်ဆိုတာတော့ တက်နေတဲ့သူတွေ၊ တက်ထားပြီးသားသူတွေကို မေးလို့ရပါတယ်။ အဲ့ဒီလိုပဲ ကိုယ့်ကိုကိုယ် အာမခံပါတယ်လို့ ပြောပြပါရစေ။

ခင်မင်လေးစားစွာဖြင့်
AKT

Computer  ထဲမှာ ရှိတဲ့ Files တွေကို Browse လုပ်ရင်း လွန်ခဲ့တဲ့ နှစ် ၂၀ က လုပ်ခဲ့တဲ့ Weekly Schedule Format လေး တစ်ခုကို ...
16/08/2026

Computer ထဲမှာ ရှိတဲ့ Files တွေကို Browse လုပ်ရင်း လွန်ခဲ့တဲ့ နှစ် ၂၀ က လုပ်ခဲ့တဲ့ Weekly Schedule Format လေး တစ်ခုကို တွေ့လို့ ဒီပုံလေး ပြန်ရှယ်လိုက်ပါတယ်။ ဒါက ဆိုက်တွေမှာ Weekly Schedule ကို အလွယ်ဆွဲချင်ရင် ဒီလိုမျိုး Format နဲ့ သုံးလို့ရတယ်ဆိုတဲ့အကြောင်း ပြောချင်တာပါ။

ကျနော်အခုပုံမှာ ပြထားတဲ့ ပုံစံက ကျနော် ထိုင်းမှာ Planning and Control Engineer အနေနဲ့ လုပ်ခဲ့တုန်းက သုံးခဲ့တဲ့ Format ပါ။ Ratchaburi မှာ ရှိတဲ့ Power Plant Project တည်ဆောက်ရေး စီမံကိန်းအတွက်ပါ။ အဲ့ဒီတုန်းက ကိုယ်က Civil Background ဖြစ်ပေမယ့် တာဝန်ကျတော့ Mechanical Section အောက်မှာ တာဝန်ကျပြီး၊ HVAC works အတွက် Schedule ကို Monitoring လုပ်ရတာ ဖြစ်ပါတယ်။

Client ဘက်က Schedule ကို သုံးပတ်စာ ပေးရမယ်လို့ ဆိုလို့ ကျနော်တို့က 3 Weeks Schedule ဆိုပြီး ခေါင်းစဉ်တပ်ပေမယ့်၊ တကယ်တမ်းတော့ Look Ahead သဘောတရားဆိုရင် One Week Look Ahead ပါပဲ။ ရှေ့တစ်ပတ်စာကိုပဲ Plan လုပ်ပြီး ပေးရတာ ဖြစ်ပါတယ်။

သူ့ Format ထဲမှာ လိုက်လုပ်သင့်တာတွေက
(၁) Weeks တွေကို နံပါတ်စဉ် တပ်ပြီး count လုပ်ထားတာပါ။
တကယ်တမ်းတော့ စီမံကိန်းတွေမှာ ဒီဟာက လုပ်ရပါမယ်။ ဥပမာ Monthly Report ပေးရင်လဲ ဒီဟာက Month ဘယ်လောက်အတွက်ဆိုပြီး Cover Page မှာ ပြောရပါမယ်။ ဒီဟာက Reporting မှာ ပါသင့်ပါတယ်။

(၂) Plan နဲ့ Actual ကို ယှဉ်ပြီးတော့ ပြထားပါတယ်။
Scheduling Monitoring and Control အတွက်ဆိုရင် Plan ပဲ ပြောလို့ မရပါဘူး။ ဒီ Plan ကို Tracking လိုက်ဖို့ Actual နဲ့ပါ တွဲပြောဖို့ လိုပါတယ်။ ဒီတော့မှလဲ Variance ကို မြင်မှာဖြစ်ပြီး၊ နောက်ဆက်တွဲ actions ကိုပါ စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။

(၃) Target Completion Dates တွေ ပါသင့်ပါတယ်။
ယေဘူယျအားဖြင့် Weekly Schedule ဆွဲရင် ရှေ့အပတ် ဘာလုပ်မလဲဆိုတာပဲ ပါကြပြီး၊ ဒီအလုပ်တွေရဲ့ Target က ဘယ်နေ့လဲဆိုတာမျိုးကို မပါတတ်ကြပါဘူး။ တကယ်တမ်းတော့ Work Package Level တစ်ခုချင်းစီရဲ့ Milestones လိုမျိုး Target Dates ပါမှ Overall အရ ဒီဟာက အဆင်ပြေနေမလား ဆိုတာ တွက်လို့ရမှာပါ။

အဲ့ဒီတုန်းက ကျနော်တို့ သုံးခဲ့တဲ့ Format က Excel နဲ့ ဆိုပေမယ့် ဒီလိုမျိုး ကောင်းကွက်လေးတွေ ရှိနေလို့ ကျနော် ပြန်ရှယ်လိုက်ပါတယ်။ မူရင်း file link ကို Google drive မှာ တင်ပြီး comment မှာ ဖော်ပြပေးထားပါတယ်။ အသုံးလိုမယ့်လူ ကြည့်လို့ရပါတယ်။

ခင်မင်လေးစားစွာဖြင့်
AKT
(t.me/aktpmt)

14/08/2026

MS Project အသုံးပြုကြတဲ့အခါ ဖြစ်တတ်တဲ့ အယူအဆ အလွဲလေးတွေကို ပြောပြထားတာတွေ Page ထဲမှာရော၊ YouTube Channel မှာရော ရှိပါတယ်။ ဒီနေ့မှာလဲ Schedule စဆွဲတဲ့အခါ တော်တော်များများ တွေးတာ လွဲတတ်တဲ့ ကိစ္စလေး တစ်ခုကို ထပ်ရှင်းပြလိုက်ပါတယ်။ Total Duration ကို မြင်တဲ့ အမြင်လေးပါ။ YouTube မှာ တင်ထားတဲ့ Link ကိုတော့ Comment မှာ ဖော်ပြပေးလိုက်ပါတယ်။

ခင်မင်လေးစားစွာဖြင့်
AKT

ကျနော် Project Management Consultancy ပြုလုပ်ပေးနေတဲ့ Developer Company က ရန်ကုန်နဲ့ ပြင်ဦးလွင်မှာ ရှိတဲ့ စီမံကိန်းအတွက်...
13/08/2026

ကျနော် Project Management Consultancy ပြုလုပ်ပေးနေတဲ့ Developer Company က ရန်ကုန်နဲ့ ပြင်ဦးလွင်မှာ ရှိတဲ့ စီမံကိန်းအတွက် လိုအပ်တဲ့ Positions များကို ခေါ်ယူနေတာ ဖြစ်ပါတယ်။ Real Estate Development ကိုမှ Master Planning ကောင်းကောင်းနဲ့ အကောင်အထည်ဖော်နေတာမို့ စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ပါတယ်။

###############x

🌿 Hillman Land is Hiring!!!! 🌿

✨ အခုလက်ရှိ ခေါ်ယူနေတဲ့ ရာထူးတွေကတော့ -

📍 For Yangon
🔹 Design Coordinator (Architect) - https://drive.google.com/file/d/1Fx5OZAdYpEjGGY-ktxCuOd3y-LqavgVg/view?usp=sharing
🔹 Quantity Surveyor (Civil) - https://drive.google.com/file/d/1mEwXaCy_wGbr5qXIixgMFlF8e_8bC4Gr/view?usp=drive_link
🔹 MEP Manager - https://drive.google.com/file/d/14eQH82Gi8Vln7Pz595b3_BY1WO_0vjDv/view?usp=sharing

📍 For Pyin Oo Lwin
🔹 Junior QA/QC Engineer - https://drive.google.com/file/d/1ALt2Thu4L_oV-UtOboWZBkkLTgGpFXBK/view?usp=drive_link
🔹 Quantity Surveyor (MEP) - https://drive.google.com/file/d/1gytkMjYnQENA4Id-N0w7VxXPdPBXfeCz/view?usp=drive_link
(Pyin Oo Lwin ရာထူးများအတွက် အဆောင်စီစဥ်ပေးပါမည်။)

📩 လျှောက်ထားလိုပါက - 📧 [email protected] (သို့) 📱 09-787684313 (Viber) ကို CV ပေးပို့ လျှောက်ထားနိုင်ပါတယ်။

ပြီးခဲ့တဲ့ June လကတည်းက အစပြုခဲ့တဲ့ ITURN Company Limited အတွက် Applied Construction Management System Setup Training လေ...
12/08/2026

ပြီးခဲ့တဲ့ June လကတည်းက အစပြုခဲ့တဲ့ ITURN Company Limited အတွက် Applied Construction Management System Setup Training လေးဟာ ယနေ့မှာတော့ ပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။ ကြိုးစားနေကြတဲ့ လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ Company တွေကို မြင်ရတဲ့အခါ၊ ကြုံရတဲ့အခါ အင်မတန်မှ အားရမိသလို၊ အားပေးမှုလဲ အင်တိုက်အားတိုက် ပြုမိပါတယ်။ Company တစ်ခု Growth ဖြစ်လာတဲ့အခါ System Set-up ကို အရင်ဆုံး ငြိမ်အောင် တည်ထားဖို့ စဉ်းစားတဲ့ Management ရဲ့ အမြင်ကိုလဲ သဘောကျမိပါတယ်။

ကျနော့်အနေနဲ့ကတော့ … Company ရဲ့ ဦးဆောင်သူနဲ့ Followers တွေကို သင်တန်းကာလအတွင်းမှာ သိရှိခဲ့တဲ့ အကြောင်းအရာတွေကို လက်တွေ့လုပ်ငန်းခွင်မှာ စနစ်တကျ ပြန်လည်အသုံးကျဖို့ တိုက်တွန်းပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ Issues တွေကိုလဲ အမျှော်အမြင် ရှိရှိနဲ့ Solve လုပ်ကြပါ။ ကျနော့်ဆီကိုလဲ လိုအပ်ရင် လိုအပ်သလို ဆက်သွယ်ပြီး မေးမြန်းဖို့လဲ Always Welcomeပါ။ Company ရဲ့ Operation and Management System ပိုမိုတိုးတက် ကောင်းမွန်လာပြီး .. အလုပ်အကိုင်တွေ ပိုမိုအဆင်ပြေကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

ခင်မင်လေးစားစွာဖြင့်
AKT


✳️Planning and Scheduling with Microsoft Project (PSMP Course) ZOOM Online Class – 21-Aug-2026 ✳️Microsoft Project ဆိုတဲ...
09/08/2026

✳️Planning and Scheduling with Microsoft Project (PSMP Course) ZOOM Online Class – 21-Aug-2026 ✳️

Microsoft Project ဆိုတဲ့ Project Scheduling Software ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ Basics to Advanced တက်ရောက်ချင်သူများအတွက် PSMP အတန်းလေး ဒီလ 21-Aug-2026 မှာ ပြန်ဖွင့်ပါမယ်။ အတန်းတက်ဖို့ စောင့်ဆိုင်းနေသူများ စတင်ပြီး အတန်းအပ်လို့ရပြီ ဖြစ်တဲ့အကြောင်းလဲ တခါထဲ ပြောကြားလိုက်ပါတယ်။

ကျနော့်ရဲ့ MS Project ZOOM Online Class အတန်းကို Planning and Scheduling with Microsoft Project (PSMP) လို့ နာမည်ပေးထားပြီး၊ ဒီ အတန်းမှာ MS Project နဲ့ ပတ်သက်ရင် လုပ်ငန်းခွင်ထဲမှာ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ပိုင်ပိုင်နိုင်နိုင် ဖြစ်အောင် သင်ကြားပေးပါတယ်။ အခု ဖွင့်မယ့် အတန်းဆို Batch 30 အထိတောင် ရောက်ရှိနေပြီမို့ အားလုံးအတွက် အသုံးဝင်တယ်၊ မဝင်ဘူးဆိုတာကို စဉ်းစားကြည့်လို့ရပါတယ်။ ပြီးတော့ PSMP အတန်းက Planning Engineer လုပ်ချင်သူတွေသာမက၊ Site Engineers, Coordinator, QS စတဲ့ နယ်ပယ်မျိုးစုံက တက်ရောက်လို့ ရပါတယ်။ ဒါ့အပြင် Civil Engineers တွေတင်မက M&E Engineers, Oil & Gas, Maintenance Engineer, Developers အစရှိသူတွေပါ တက်ရောက်လို့ ရတဲ့ အတန်းဖြစ်ပါတယ်။

ဒီအတန်းမှာ MS Project Software အသုံးပြုပုံကို ပြောပြပေးရုံတင် မဟုတ်ဘဲ၊ နောက်ခံ အနေနဲ့ သိထားရမယ့် Scheduling Theories တွေ၊ လက်တွေ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်တဲ့အခါ စဉ်းစားရမယ့် အချက်တွေကို ပြောပြပေးပါတယ်။ ဥပမာ အနေနဲ့ Project Management Processes တွေက ဘာတွေ ရှိတယ်၊ ဘယ်အဆင့်မှာ ဘာတွေ လုပ်ရမယ် အစရှိတာတွေကိုပါ ရှင်းပြပေးတဲ့ အတန်းဖြစ်ပါတယ်။ အရင်တက်ထားဖူးသူတွေ၊ လက်ရှိတက်နေသူတွေကို သင်တန်းနဲ့ ပတ်သက်ပြီး ကြိုက်သလို မေးမြန်းစုံစမ်းလို့ရပါတယ်။

သင်တန်းကို ZOOM Application သုံးပြီး Live သင်ကြားပေးမှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် သင်တန်းသူ၊ သင်တန်းသားတွေက ကျနော်နဲ့ အတူ Project Master Schedule တစ်ခုကို အစအဆုံး လိုက်လံဆွဲကြည့်ရမှာပါ။ ဒါကြောင့် သင်တန်းပြီးသွားတဲ့အခါမှာ Construction Projects တွေမှာ ရေးဆွဲရတဲ့ Master Schedule, Construction Schedule, Weekly Schedule အစရှိတာတွေကို စနစ်တကျ ဆွဲတတ်သွားမှာ ဖြစ်ပါတယ်။ တစ်ဆင့်ချင်း သင်ကြားပေးမှာ ဖြစ်လို့ အခြေခံ မရှိလဲ တတ်လို့ ရပါတယ်။ သင်ကြားတဲ့ အပတ်တိုင်းမှာ ကိုယ်သိချင်တာတွေကို အမေးအဖြေ ပြုလုပ်လို့လည်း ရပါတယ်။

အကယ်၍ သင်တန်းချိန်မှာ Live မတက်နိုင်ရင်လည်း Recorded Video ကို Telegram Group မှာ ပြန်တင်ထားပေးပါတယ်။ အဲ့ဒီအတွက် အဆင်ပြေတဲ့အချိန်မှာ ပြန်ကြည့်ပြီး လိုက်လုပ်မယ်ဆိုရင် သင်တန်းတက်တာနဲ့မခြား ကိုယ်က သိမြင်တတ်မြောက်လာမှာ ဖြစ်ပါတယ်။ အဘက်ဘက်က အဆင်ပြေအောင် စီစဉ်ထားပေးပါတယ်။ Telegram Group ဆိုလဲ Life Time Access ဖြစ်ပါတယ်။
Course Outline အနေနဲ့ ဘာတွေပါမှာလဲဆိုပြီး သိချင်သူများ ရှိရင်တော့ အောက်မှာ ခေါင်းစဉ်တစ်ခုချင်းစီ ဖတ်ကြည့်လို့ရပါတယ်။ ဒါတွေက အကြမ်းဖျဉ်း Main ခေါင်းစဉ်တွေ ဖြစ်ပြီး၊ သင်တန်းမှာတော့ Class Participation ပေါ်မူတည်ပြီး ဒီထက်မက သင်ကြားပေးတာ ဖြစ်ပါတယ်။

📗 Project Management and Scheduling Basics
📗 Creating Project, Tasks (Critical, Non-critical), WBS
📗 Manually Scheduled Vs Auto Scheduled
📗Task Information, Project Information, Project Calendar
📗 Creating Resources and Assigning
📗 Task Usage, Resource Usage, Resource Distribution and Graphical Presentation
📗 Formatting, Table, Outline, Layout
📗 Creating Report, Using Dashboards
📗 Updating, Entering Actual Data, Progress Lines
📗 Preparing S-Curve for Progress Monitoring
📗 Filtering, Grouping, Highlighting
📗 Schedule Analysis (Delay consideration)
📗 Preparing EOT Programme, Variance Comparison

သင်တန်းစည်းကမ်း အနေနဲ့ကတော့ Recorded Videos တွေကို တိုက်ရိုက်မပို့ပေးသလို၊ ပြန့်ပွားအောင် လုပ်တာမျိုးကို ခွင့်မပြုပါဘူး။ သင်တန်းဆင်း Certificate ကိုတော့ MS Project နဲ့ Assignment တင်ထားသူများကို ထုတ်ပေးမှာ ဖြစ်ပါတယ်။
သင်တန်းတက်ရန်အတွက် MS Project 2013 နဲ့ အထက် မိမိ Computer ထဲမှာ ရှိဖို့လိုပြီး၊ မရှိဘူးဆိုရင် သင်တန်းကနေ MS Project 2013/2016 link ကို ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ ကောင်းတာကတော့ ကိုယ့်ကွန်ပျူတာနဲ့ ကိုက်ညီတဲ့ MS Project version ကို ရှာပြီး ထည့်သွင်း Install လုပ်ထားတာ ကောင်းပါတယ်။ အခုနောက်ပိုင်း စက်တွေမှာ ကိုယ့်ရဲ့ MS Office က 2019 နဲ့ အထက် ဖြစ်နေရင်၊ MS Project 2013 or 2016 သွင်းလို့ မရတော့ပါဘူး။

အဲ့ဒါဆိုရင်တော့ မြန်မာပြည်ကဆိုရင် Computer ဆိုင်တွေမှာ ဖြစ်ဖြစ်၊ စလုံးကဆိုရင် Shopee ကနေ ဖြစ်ဖြစ် MS Project Software ကြိုသွင်းထားတာ ကောင်းပါတယ်။ MS Project ကို Mac Book မှာ တိုက်ရိုက်တင်လို့ မရပါဘူး။

✅ PSMP Online Course Information – ZOOM Online Class ✅
သင်တန်းစမည့်ရက် - (21-Aug-2026) Friday
သင်တန်းအချိန် - 7:30 pm to 9:00 pm (မြန်မာစံတော်ချိန်) Every Friday ၊ အကယ်၍ အလုပ်ရှိလို့ နောက်ကျမယ် ဆိုရင်လဲ အတန်းချိန်ကို မှီသလောက် တက်ပြီး၊ လွတ်သွားသည့်အချိန်ကို Telegram မှာ ပြန်ကြည့်လို့ရအောင် စီစဉ်ထားပေးပါတယ်။
သင်တန်းကြာချိန် - About 7 Weeks (MS Project နဲ့ ပတ်သက်ပြီး သိသင့်သမျှကို Cover ဖြစ်အောင် သင်ပေးပါတယ်)
သင်တန်းကြေး - 90,000 Ks for Local Participants & SGD 40 or 120,000 Ks for Overseas Participants ဖြစ်ပါတယ် - (Singapore က အပ်နှံသူတွေ DBS/POSB account ကို လွှဲပေးလို့ရပါတယ်)
သင်ကြားရေး နည်းစနစ် - ZOOM ကို အသုံးပြု၍ သင်ကြားမှာ ဖြစ်ပြီး .. သင်တန်းအပ်ရန် ပေးထားသော နာမည်နဲ့ ZOOM ကို Join ပေးရမှာ ဖြစ်ပါတယ်။ Recorded Video ကိုတော့ Telegram group တွင်သာ တင်ပေးသွားမှာ ဖြစ်ပါတယ်။
သင်တန်းအပ်ရန် - Page Messenger or Viber 09763208895 ကနေ တက်မည့်သူရဲ့နာမည်နဲ့ Email address ကို ပေးပေးရမှာ ဖြစ်ပါတယ်။

PSMP အတန်းနဲ့ ပတ်သက်ပြီး အာမခံလို့ ရတာတော့ ဒီအတန်းပြီးသွားတဲ့နောက်မှာ MS Project နဲ့ ပတ်သက်ပြီး သင်တန်းသူ၊ သင်တန်းသားများ ရဲရဲဝင့်ဝင့်သုံးနိုင်သွားစေရပါမယ်။ Interview ဖြေတဲ့အခါပဲ ဖြစ်ဖြစ်၊ လုပ်ငန်းခွင်ထဲမှာ အသုံးပြုတာပဲ ဖြစ်ဖြစ် ကိုယ်က ဦးဆောင်ပြီး လုပ်တတ်သွားပါလိမ့်မယ်။ ဒါက ဒီသင်တန်းက ပေးနိုင်တဲ့ ကောင်းကျိုးတွေ ဖြစ်ပါတယ် ဆိုတဲ့အကြောင်းပါ။

အကယ်၍ ကျနော် ရှင်းပြထားတဲ့ MS Project Lessons တွေ အကြောင်း အကြမ်းဖျဉ်း သိချင်တယ်ဆိုရင်ဖြင့် AKT YouTube Channel မှာကြည့်ရှူပြီး လွတ်လပ်စွာ လေ့လာလို့ရပါတယ်။

ခင်မင်လေးစားစွာဖြင့်
AKT

နှစ်လကျော်ကျော် ကြာမြင်ခဲ့တဲ့ Applied Construction Management System Setup Training လေးကို HYZA Construction Co., Ltd အတ...
08/08/2026

နှစ်လကျော်ကျော် ကြာမြင်ခဲ့တဲ့ Applied Construction Management System Setup Training လေးကို HYZA Construction Co., Ltd အတွက် လုပ်ပေးဖြစ်ခဲ့တာ ယနေ့မှာတော့ ပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။ Training ကာလတလျှောက်လုံးမှာ Management Team နဲ့ တကွ အားလုံးသော Participants များက တက်တက်ကြွကြွ ရှိခဲ့တာကိုလဲ ကျေနပ်မိပါတယ်။ အမှတ်တရ လက်ဆောင်အတွက်လဲ ကျေးဇူးတင်ရှိပါတယ်။

Corporate Training တွေ ပေးတဲ့အခါ အရေးကြီးတာက သင်ယူတာ တစ်ခုထဲ မဟုတ်ပါဘူး .. ကိုယ်နားလည်တဲ့ အကြောင်းအရာတွေ၊ ကိုယ်သိသွားတဲ့ အကြောင်းအရာတွေကို ပြန်လည်အသုံးချဖို့ လိုအပ်ပါတယ်။ ဒါမှလဲ စနစ်တစ်ခုကို အကောင်အထည်ဖော်တဲ့ နေရာမှာ သေသေချာချာ အသက်ဝင်လာမှာ ဖြစ်ပြီး၊ ဒီကနေမှ Continuous Improvement ဖြစ်ကြမှာပါ။

ကျနော့်အနေနဲ့ သင်တန်းက ရရှိတဲ့ အကြောင်းအရာတွေကို ပြန်လည်အသုံးချနိုင်ပြီး၊ ဒီထက်ပိုမို တိုးတက်ကောင်းမွန်တဲ့ လုပ်ငန်းခွင်ကို တည်ဆောက်နိုင်ကြပါစေ .. လုပ်ငန်းကိုင်ငန်းတွေ ပိုမိုအဆင်ပြေကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

ခင်မင်လေးစားစွာဖြင့်
AKT


တပည့်တစ်ယောက် အလုပ်အင်တာဗျူးကိစ္စနဲ့ ပတ်သက်ပြီး လာတိုင်ပင်လို့ အရင်တုန်းက ပြောဖူးတာလေး ပြန်ရှယ်လိုက်ပါတယ်။ အင်တာဗျူး ဖြေ...
08/08/2026

တပည့်တစ်ယောက် အလုပ်အင်တာဗျူးကိစ္စနဲ့ ပတ်သက်ပြီး လာတိုင်ပင်လို့ အရင်တုန်းက ပြောဖူးတာလေး ပြန်ရှယ်လိုက်ပါတယ်။ အင်တာဗျူး ဖြေမယ့်သူတွေ အတွက် အသုံးဝင်မယ် ထင်လို့ပါ။
တကယ်တမ်းတော့ အခုနောက်ပိုင်း လူတော်တော်များများက AI ကို အားကိုးပြီး CV တွေ ပြင်ကြတယ်။ ပြသနာက CV ကတော့အဆင်ပြေသွားတယ် .. ဒါပေမယ့် အင်တာဗျူး ဖြေတဲ့အခါ ကိုယ်တွေက CV ထဲက အတိုင်း မရှင်းပြနိုင်ဘူး ဖြစ်ပါတယ်။
အဓိကက အလုပ်တစ်ခုကို ကိုယ်က နားလည်ပြီး၊ ဒီဟာရဲ့ Processes and Procedures ကို ရှင်းပြနိုင်မှ အဲ့ဒီအလုပ်ကို သိတယ်လို့ အင်တာဗျူးတဲ့သူက ယုံကြည်မှာ ဖြစ်ပါတယ်။ အပေါ်ယံလောက်ပဲ အင်တာဗျုးမှာ ပြောနိုင်ရင် အဆင်ပြေနေမှာ မဟုတ်ပါဘူး။ ဒါလေးကို သတိထားရပါမယ်။

✅ Engineers တွေ Job Interview ဖြေတဲ့အခါ ဘယ်လိုမျိုး ပြုမူဖြေဆိုသင့်သလဲ ✅

ဒီခေါင်းစဉ်တပ်ထားတဲ့ အကြောင်းအရာက အခြားသူတွေလည်း ပြောပြထားတာမျိုး ရှိပါလိမ့်မယ်။ ကျနော်ကတော့ အခုပို့စ်မှာ နိုင်ငံရပ်ခြား .. အထူးသဖြင့် စလုံးမှာ အလုပ်သွားရှာမယ့်သူတွေကို ရည်ညွှန်းပြီး လိုအပ်တာလေးတွေ ပြောဆိုမှာ ဖြစ်ပါတယ်။ ဒါကလည်း ၂၀၂၂ အကုန်မှာ ကြိုးစားပြီး မိမိဘဝတက်လမ်းအတွက် အလုပ်ရှာမယ့်သူတွေကို အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်ပါတယ်။

🛎 (၁) Engineer တွေဟာ Well-organized ဖြစ်ဖို့ လိုပါတယ်။ 🛎
ဒီအချက်လေးကို အရင်ဆုံး သေချာသတိရပြီး မိမိကိုယ်ကို ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ တကယ်တမ်းတော့ ကိုယ်တွေ သင်ခဲ့ရတဲ့ Engineering ဘာသာရပ်တွေဟာ စနစ်တကျနဲ့ Organized ဖြစ်အောင် ပြုလုပ်ထားတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ အဲ့ဒီအတွက် အင်ဂျီနီယာဖြစ်သူတွေဟာလည်း ဘယ် Background ကပဲ လာလာ၊ ကိုယ်လုပ်ရမယ့် အလုပ်ကို သေချာ အာရုံစူးစိုက်ပြီး Well-organized ဖြစ်ဖို့ လိုပါတယ်။

ဥပမာ ကိုယ်က အလုပ်တစ်ခုကို အင်တာဗျူးသွားမယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ယူသွားမယ်ဆိုရင် ဘွဲ့လက်မှတ်လိုဟာမျိုးက အပေါ်ဆုံးမှာ ဖြစ်ရမယ်၊ ပြီးမှ တခြားသော Training Certificates တွေကို နောက်ဘက်မှာ ဆက်ပြီးတော့ စုထားရမှာ ဖြစ်ပါတယ်။

ဒါကကျနော် အလွယ်ဆုံး ဥပမာ ပေးပြီး ပြောပြတာ ဖြစ်ပါတယ်။ ပြင်ပလောကမှာ Well-organized မဖြစ်တဲ့ အင်ဂျီနီယာတွေ အများအပြား မြင်ဖူးပါတယ်။ Construction Management ရဲ့ သဘောမှာ Well-organized မဖြစ်တဲ့သူက ဘာပြီးဘာလုပ်ရမယ်ဆိုတဲ့ Planning ကို မလုပ်တတ်ပါဘူး။ ဒါမျိုးကို ဘယ်အလုပ်ရှင်မှ သဘောမကျပါဘူး။

🛎 (၂) Communication and Coordination Skills ကို သေချာ ကျွမ်းကျင်နေဖို့ လိုပါတယ်။ 🛎
ကိုယ့်နဲ့လူမျိုး မတူတဲ့သူတွေနဲ့ အတူတွဲပြီး အလုပ်လုပ်ကြရတဲ့အခါ Communication Skills က မရှိလို့ကို မရပါဘူး။ English လိုမျိုး Language ကို Four Skills စလုံး ကျွမ်းကျင်ဖို့ လိုပါတယ်။ ကိုယ်က Native Speaker မဟုတ်နိုင်တာ သိပါတယ်။ ဒါပေမယ့် သူပြောတာကို နားလည်ပြီး၊ ကိုယ်က ချက်ကျလက်ကျ ပြန်ပြောနိုင်တဲ့ စွမ်းရည် ရှိရပါမယ်။

Communication Skill Development အတွက် ကျနော် ဒီ Page ထဲမှာတင် လမ်းညွှန်ထားတာ ရှိပါတယ်။ ဒ့ါအပြင် အင်ဂျီနီယာတွေအတွက် လိုအပ်တဲ့ MS PowerPoint အသုံးပြုပုံတွေကိုလည်း Short Video လုပ်ပြီး Youtube channel မှာ တင်ထားတာ ရှိပါတယ်။ ရှာဖွေကြည့်လို့ ရပါတယ်။

English Language နဲ့ ပတ်သက်ပြီး ညွှန်းဆိုတဲ့နေရာမှာ တစ်ချို့တွေလည်း အရမ်းကြီး မကျွမ်းကျင်သည့်တိုင်အောင် အလုပ်ထဲမှာ အဆင်ပြေအောင် ဖန်တီးဆက်သွယ်ပြီး အလုပ်လုပ်တတ်တာ ရှိပါတယ်။ ဒါမျိုး လုပ်တတ်နေရင်လည်း မဆိုးတော့ မဆိုးပါဘူး။

ကျနော် Parson Brinckerhoff ဆိုတဲ့ Consultant Company မှာ အလုပ်လုပ်တုန်းက ကျနော်တို့ဆီက Senior Drafter တစ်ယောက်က ဆွံ့အဝေဒနာသည် ဖြစ်ပါတယ်။ ဒါပေမယ့် သူနဲ့ စာရေးပြီး ဆက်သွယ်လို့ရတယ်၊ ဘာလိုချင်လည်းဆိုတာကို အသေအချာသာပြော .. သူက အချိန်ခနလေးအတွင်းမှာတင် Drafting ပုံတစ်ပုံကို ရအောင် ဆွဲပေးနိုင်ပါတယ်။ ပြောချင်တာက ကိုယ်က Communication and Coordination ကို အတိုင်းအတာ တစ်ခုအထိ သေချာ လုပ်တတ်ဖို့ လိုပါတယ်။

🛎 (၃) ကိုယ်အလုပ်လျှောက်တဲ့ Position မှာ သိရမယ့် အကြောင်းအရာတစ်ခုကို သေချာကျေညက်နေအောင် လေ့လာထားပါ။ 🛎
ကိုယ်က Site Engineer အနေနဲ့ အလုပ်လျှောက်တဲ့အခါမှာ ကိုယ်က သိထားရမယ့် အကြောင်းအရာတွေ ရှိပါတယ်။ ဒါတွေကို အပေါ်ယံ သဘောမျိုး မဟုတ်ဘဲ၊ ကိုယ်က သေချာသိနေအောင် လေ့လာထားဖို့ လိုပါတယ်။

ဆိုကြပါစို့ .. ကိုယ့်ကို Weekly Schedule တစ်ခု ဆွဲခိုင်းမယ်၊ ဒီအတိုင်းပဲ Bar Chart လေး ထွက်လာအောင် ဆွဲလိုက်တယ်ဆိုရင် ကိုယ်က သေချာ မသိဘူးဆိုတဲ့ သဘော ဖြစ်နေပါလိမ့်မယ်။

အဲ့ဒီလို မလုပ်ရပါဘူး။ စီမံကိန်းမှာ Master Schedule ရှိလား။ ဒါကို အရင်လေ့လာရပါမယ်။ ကိုယ့်ဆွဲရမယ့် Week မှာ ဘာအလုပ်တွေ လုပ်ရမှာလဲ .. ဒါကို ပြန်စစ်ရပါမယ်။ ပြီးရင် ကိုယ်က တကယ့်လက်တွေ့မှာ ဖြစ်နိုင်မယ့် ဟာကို Constraints တွေ၊ Resources တွေ၊ Requirements တွေပေါ် အခြေခံ စဉ်းစားပြီး ဆွဲရမှာ ဖြစ်ပါတယ်။ သေချာ မစဉ်းစားဘဲ ဆွဲပေးလိုက်ရင် နောက်တစ်ပတ်မှာ ဒီ Schedule မလုပ်နိုင်တဲ့အခါ ကိုယ့်အပေါ်ပြန်ပြီး အမှုပတ်မှာ ဖြစ်ပါတယ်။

ဒါက ဥပမာ အနေနဲ့ ပြောပြလိုက်ခြင်းသာ ဖြစ်ပါတယ်။ တကယ်တမ်း Site Engineer တွေပဲ ဖြစ်ဖြစ်၊ QS တွပဲ ဖြစ်ဖြစ်၊ Drafter တွေပဲ ဖြစ်ဖြစ် သိထားရမယ့် ကိစ္စတွေကို ထဲထဲဝင်ဝင်သိအောင် လေ့လာထားပါ။ သင်တန်းတက်လို့ ဆရာက သင်ပေးတယ်ဆိုရင်လည်း နားထောင်လိုက်တာနဲ့တင် ရပ်မနေသင့်ပါဘူး။ ဆက်လက်ပြီး ကြိုးစားလေ့လာရမှာ ဖြစ်ပါတယ်။

🛎 (၄) Management ရဲ့ အခြေခံသဘောတရားကို သေချာ သိနေပြီး အသုံးချတတ်အောင် လုပ်ပါ။ 🛎
ဒီနံပါတ်လေး အချက်ကတော့ အလုပ်အင်တာဗျုးအတွက်ရယ်လို့မှ မဟုတ်ပါဘူး။ ဘယ်ကိစ္စပဲ လုပ်လုပ် .. ကိုယ်က သေချာ သိထားဖို့ လိုတာ ဖြစ်ပါတယ်။ Project Management ရဲ့ အခြေခံသဘောတရားမှာ ရည်မှန်းချက်တစ်ခုကို ပြည့်မှီဖို့ လုပ်ဆောင်ရမယ့် (ဝါ) ရှိသင့်အချက်လေးချက် ရှိပါတယ်။

အဲ့ဒါတွေက ဘာတွေလဲဆိုရင် Knowledge, Skills, Tools and Techniques ဖြစ်ပါတယ်။ ဘယ်ကိစ္စပဲ မဆို ဒီလေးမျိုးကို သေချာ အသုံးပြုနိုင်ရင် ကိုယ်က ကျွမ်းကျင်ပိုင်နိုင်စွာ Management လုပ်နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီနေရာမှာလည်း ဒီလေးမျိုးစလုံးဟာ တစ်ဆင့်ချင်း သွားရမှာ ဖြစ်ပါတယ်။

အရင်ဆုံး ကိစ္စရပ်တစ်ခုကို Knowledge ရှိအောင် လေ့လာထားဖို့ လိုပါတယ်။ အင်တာဗျုးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဖတ်ပါ၊ မှတ်ပါ။ ကိုယ်က သိနေဖို့ လိုပါတယ်။ ပြီးရင်တော့ လေ့ကျင့်ပါ။ ကျနော်တို့ ဟိုး အရင် Junior Engineer ဘဝတုန်းက Presentation တစ်ခုလုပ်ဖို့ဆိုရင် မှန်ရှေ့မှာတောင် ကိုယ့်ဘာသာကိုယ် ပြန်ရှင်းပြသလိုမျိုး Rehearsal လုပ်ခဲ့ရပါတယ်။ ပြီးရင်တော့ မှန်ကုန်တဲ့ Tools and Techniques တွေကို ကိုယ်က သိထားဖို့ လိုပါတယ်။ အဲ့ဒီတော့မှလည်း ကိုယ်က Confidence ရှိရှိနဲ့ အကြောင်းအရာတစ်ခုကို ပြောပြနိုင်၊ ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

🛎 (၅) Professional ကျနစွာ ပြုမူပြောဆို ဆက်ဆံပါ။ 🛎
အင်တာဗျူး ဖြေတဲ့အခါမှာ အလောတကြီး ပြောစရာလည်း မလိုသလို၊ အရမ်းကြီး စဉ်းစားပြီး တွန့်ဆုတ်နေတာမျိုးလည်း မဖြစ်သင့်ပါဘူး။ သူပြောတဲ့ မေးခွန်းကို သေချာ နားထောင်ပါ၊ သူ ပြောပြီးပြီ ထင်တဲ့အခါမှ ကိုယ်က စဖြေပါ။ ကိုယ်ဖြေတဲ့ အဖြေက ဘာကို ဆိုလိုတာလည်း ဆိုတာတော့ သေချာ လိပ်ပတ်လည်အောင် ရှင်းပြတတ်ဖို့ လိုပါတယ်။

အင်တာဗျူး ဖြေမယ့် အင်ဂျီနီယာတွေနဲ့ ပတ်သက်ပြီး မှာချင်တဲ့ တစ်ခုကတော့ “I think” ဆိုတဲ့ စကားမျိုး သိပ်မသုံးပါနဲ့။ ကျနော်တို့ အင်ဂျီနီယာ ဘာသာရပ်တွေ၊ အကြောင်းအရာတွေဟာ ထင်မြင်ချက်တွေနဲ့ တည်ဆောက်ထားတာ မဟုတ်ပါဘူး။ ကိစ္စရပ်တစ်ခုကို ပြောလိုက်တဲ့ အခါ၊ ဘာဖြစ်လို့ ဒီလိုမျိုး ပြောရသလဲဆိုတဲ့ Facts and Figures က ရှိပါတယ်။ အဲ့ဒီဟာတွေကို ကိုးကားပြီး ဖြေတတ်အောင် ကြိုးစားစေချင်ပါတယ်။ ဒါမှလည်း အင်ဂျီနီယာဆိုတဲ့ Professional ကျကျ ပြောဆိုနိုင်မှာ ဖြစ်ပါလိမ့်မယ်။

ဒီ ငါးချက်က ယေဘူယျအားဖြင့် သိထားသင့်တဲ့ ကိစ္စတွေကို အင်ဂျီနီယာ ညီငယ်၊ ညီမငယ်တွေအတွက် ရည်ရွယ်ပြီး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဘယ်ကိစ္စမဆို အရမ်းကြီးလည်း Anxiety မဖြစ်ပါနဲ့၊ သိပ်ပြီးတော့ အလေးမထားတာမျိုးလည်း မဖြစ်ပါနဲ့။ စိတ်အေးအေးထားပြီး ဖြစ်သင့်ဖြစ်ထိုက်တာကို ပြောပြပါ။ နောက်ပြီး ကိုယ်က Contract Management အကြောင်း နားလည်ထားရင် R သုံးလုံးကို သတိရပါ။

အလုပ်တစ်ခု လုပ်တဲ့အခါမှာ Rights, Responsibilities, Risks ဆိုတာ ရှိပါတယ်။ ဒါတွေကို သေချာ တွက်ချက်ပြီးမှ အလုပ် Offer တစ်ခုကို လက်ခံစေချင်ပါတယ်။

အားလုံးပဲ အလုပ်အကိုင် အခွင့်အလမ်းများ အဆင်ပြေကြပါစေ
AKT
(t.me/aktpmt)

📌Construction Project တစ်ခုမှ ကြုံတွေ့ရမည့် Stakeholders များ အကြောင်း 📌ဒီဟာလေး ပြောထားဖူးတာ နဲနဲ ကြာပါပြီ။ ဒီနေ့ ဒီအကြေ...
06/08/2026

📌Construction Project တစ်ခုမှ ကြုံတွေ့ရမည့် Stakeholders များ အကြောင်း 📌

ဒီဟာလေး ပြောထားဖူးတာ နဲနဲ ကြာပါပြီ။ ဒီနေ့ ဒီအကြောင်းအရာလေးကို ပြန်ပြောချင်တာက တစ်ချို့တွေ Construction Projects လုပ်ကြတဲ့အခါ၊ ဘယ် Stakeholders ကတော့ ဘာတာဝန်ယူထားတယ်၊ ဘယ်သူကိုတော့ ဘာပြောရမယ်ဆိုတာကို သေချာ မသိကြသေးတာ သွားတွေ့ရလို့ပါ။ အထူးသဖြင့် Construction Field ထဲကို အခုမှ စပြီး ဝင်တဲ့ Juniors တွေ ဒီအခေါ်အဝေါ်တွေနဲ့ စိမ်းနေပြီး Consultant ကို မဆိုင်တာတွေ မေးမိတာ .. Client ကိုလဲ မလိုအပ်တာတွေ ပြောမိတာတွေ တွေ့လာမိတာကြောင့် ဖြစ်ပါတယ်။

အရင်ဆုံး Stakeholders ဆိုတာ ဘာလဲ .. ဒါကို ရှင်းပြပါ့မယ်။ Stakeholders ဆိုတာ စီမံကိန်းတစ်ခုလုပ်လို့ အဲ့ဒီ စီမံကိန်းနဲ့ ပါဝင်ပတ်သက်နေသူ၊ ဒီစီမံကိန်းရဲ့ အကျိုးသက်ရောက်မှုကို ခံစားရသူတွေကို ခေါ်ပါတယ်။ အဲ့ဒီအတွက် Stakeholders တွေဟာ စီမံကိန်းတိုင်းအတွက် အရေးပါပြီး၊ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ရှိပါတယ်။ ဒီထဲမှာမှ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုမှာ တွေ့ရမယ် Stakeholders တွေ အကြောင်း တစ်ခုချင်းစီ ပြောပြပါမယ်။

(၁) Developer/Client
Developer ဟာ စီမံကိန်းကို အကောင်အထည်ဖော်သူ ဖြစ်ပါတယ်။ ဒီမှာမှ Developer မှာ ပုံစံ အမျိုးမျိုးရှိပါတယ်။ ဥပမာ တစ်ချို့ Developer တွေဟာ Owner အနေနဲ့ ရှိပါတယ်။ Condo တစ်ခုကို ဆောက်တဲ့အခါမှာ Owner တွေဟာ မြေကို ပိုင်တာလား၊ အဆောက်အဦကို ပိုင်တာလား .. ဒီလိုမျိုး ကွဲပြားတာတွေ ရှိပါတယ်။ တစ်ချို့ Developer တွေကျတော့ မြေကို ပိုင်တာ မဟုတ်ဘဲ၊ မြေကို ငှားပြီးမှ ငွေကြေးစိုက်ထုတ်ပြီး စီမံကိန်းကို အကောင်အထည် ဖော်တာ ဖြစ်ပါတယ်။ Developer ရဲ့ အနေအထားကို သေချာ နားလည်ထားဖို့ လိုပါတယ်။

(၂) Sponsor
စီမံကိန်းတစ်ခုအတွက် Sponsor ဆိုတာ ဒီ စီမံကိန်းကြီး အကောင်အထည် ဖော်ဖို့ အတွက် ငွေကြေး စိုက်ထုတ်ပေးသူ ဖြစ်ပါတယ်။ ဒီလိုမျိုး ငွေကြေး စိုက်ထုတ်တယ်ဆိုတဲ့ နေရာမှာလည်း Donor လိုမျိုး ငွေကြေးကို ပေးလိုက်တာလား၊ ဒါမှမဟုတ် Lender လိုမျိုး ငွေကြေးကို အတိုးနှုန်း တစ်ခုနဲ့ ချေးတာလား၊ ဒါမှမဟုတ် ကိုယ်တိုင်က ငွေကြေးရင်းနှီးပြီး ပါဝင်တာလား .. အစရှိသဖြင့် သေချာ သိထားဖို့ လိုပါတယ်။ ဒါ့အပြင် စီမံကိန်း စကတည်းက ဒီ Sponsor ဟာ စီမံကိန်းထဲမှာ ဘယ်လောက် ပါဝင်နေမှာလဲ သိဖို့ လိုပါတယ်။ ဥပမာ အနေနဲ့ Decision Making တွေမှာ Sponsor ဆီက ဆုံးဖြတ်ချက် ယူရမှာလား သေချာ လေ့လာထားရပါမယ်။

(၃) Shareholders
အစုရှယ်ယာရှင်ရဲ့ သဘောက Sponsor နဲ့ အနည်းငယ် ကွဲပြားပါတယ်။ စီမံကိန်းတစ်ခုမှာ Sponsor ဆိုရင် ယေဘူယျအားဖြင့် ငွေကြေး စိုက်ထုတ်ပေးဖို့သာ လိုအပ်ပြီး၊ စီမံကိန်းရဲ့ ကောင်းခြင်း၊ ဆိုးခြင်းကို Management လုပ်ပေးမယ့် သူက သီးသန့် ရှိတတ်ပါတယ်။ ဒါပေမယ့် Shareholders ကတော့ ဒီလိုမျိုး မဟုတ်တတ်ဘဲ စီမံကိန်းကို Management လုပ်ဖို့ ပါဝင်လေ့ ရှိပါတယ်။ ယေဘူယျအားဖြင့် ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုမှာ Shareholders ဆိုရင် BOD (Board of Directors) အနေနဲ့ ဖွဲ့စည်းထားတာ ရှိပါတယ်။

(၄) Designers
Construction Project နဲ့ ပတ်သက်ပြီး အဓိက ပုံစံများ ထုတ်ဖော်ပေးတဲ့သူကို Designers လို့ ခေါ်ပါတယ်။ Designers ဟာ Developer နဲ့ အရင်ဆုံး ထိတွေ့ရတဲ့ Stakeholder ဖြစ်ပါတယ်။ Designers တွေဟာ သူ့ Discipline နဲ့ သူ ရှိတာ ဖြစ်ပြီး၊ စီမံကိန်းတစ်ခုအတွက် တစ်ယောက်ထဲက ခေါင်းခံပြီး ပုံစံဆွဲပေးတာမျိုး လုပ်ငန်းကြီးတွေမှာ ရှားပါတယ်။ ယေဘူယျအားဖြင့် ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုမှာ Architect, Structural, M&E, Interior Decoration, Landscape ဆိုပြီး အခြေခံအားဖြင့် လိုအပ်တဲ့ Designers တွေ ရှိရပါ့မယ်။

(၅) Consultants
စီမံကိန်းတစ်ခုကို အကောင်အထည် ဖော်တဲ့နေရာမှာ Developer အနေနဲ့ မိမိမှာ Management လုပ်ဖို့ Resources မရှိတာ၊ Risk Management သဘောနဲ့ Risk sharing ပြုလုပ်ချင်တာ .. စတဲ့ အကြောင်းအရာတွေကြောင့် Consultant ကို ထားတတ်ကြပါတယ်။ Consultant မှာ စီမံကိန်းကို Developer ကိုယ်စား ကြီးကြပ်ပေးတဲ့ CM (Construction Management) ရှိသလို၊ အလုံးစုံတာဝန်ယူပြီး အကောင်အထည် ဖော်ပေးတဲ့သူလည်း ရှိပါတယ်။ စီမံကိန်းတစ်ခုအတွက် Consultant ထားမယ် ဆိုတဲ့အခါမှာ ဘယ်အချိန်မှာ စပြီး ခန့်ထားမှာလဲ ဆိုတာ အင်မတန်မှ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။

(၆) Main Contractor
ဆောက်လုပ်ရေး စီမံကိန်းတစ်ခုမှာ Main Contractor ဆိုတာ စီမံကိန်းရဲ့ Scope of Works ကို တည်ဆောက်ပေးရသူကို ဆိုလိုပါတယ်။ အနောက်နိုင်ငံတွေမှာ General Contractor တို့၊ Prime Contractor တို့ အစရှိသဖြင့် ခေါ်တတ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Main Con လို့ပဲ အပြောများပါတယ်။ ယေဘူယျအားဖြင့် ဆောက်လုပ်ရေး စီမံကိန်းတစ်ခုမှာ Main Con ဖြစ်တဲ့သူဟာ Permanent Works ရော၊ Temporary Works ရော လုပ်ပေးရပါတယ်။ အဲ့ဒါလေးကို သေချာ မှတ်ထားဖို့ လိုပါတယ်။ အခု မြန်မာနိုင်ငံမှာ တစ်ခါတစ်ရံမှာ Owner ဘက်ကနေ Temporary Works လုပ်ပေးရမယ် ဆိုပြီး ပြောတာလေးတွေ တွေ့နေရပါတယ်။ ဥပမာ အနေနဲ့ Temporary Power ကို ပိုင်ရှင်က ပေးရမယ်တို့ ဘာတို့ပါ။ International Practices မှာ Main Con က အကုန် တာဝန်ယူရမှာပါ။

(၇) Sub-Contractor
Main Con ကနေ တစ်ဆင့်ပြန် လုပ်ငန်းပေးပြီး ခိုင်းတဲ့သူကိုတော့ Sub-Contractor လို့ ခေါ်ပါတယ်။ တကယ်တမ်းတော့ Developer ကနေ Main Con ကို အလုပ်အပ်တဲ့ အခါမှာ Main Con ရဲ့ Performance ကို ယုံကြည်လို့ အလုပ်အပ်တာ များပါတယ်။ အဲ့ဒါကြောင့် Main Con က သူကိုယ်တိုင် မလုပ်ဘဲ Sub-Con ပြန်ပေးတယ်ဆိုတာမျိုးကို တစ်ချို့ Developer တွေက မကြိုက်ကြပါဘူး။ အဲ့ဒါကြောင့် နောက်ပိုင်း International Tendering Practices မှာ တင်ဒါတင်ကတည်းက Sub-con သုံးမှာလား၊ မသုံးဘူးလား။ သုံးမှာဆိုရင်လည်း ဘယ်သူကိုတော့ သုံးမယ်ဆိုတာ ကြိုတင်ပြီး Declare လုပ်ထားရတာမျိုး ရှိပါတယ်။ သတိထားဖို့ လိုအပ်ပါတယ်။

(၈) Nominated Sub-Contractor
Nominated Sub-Contractor - အတိုကောက် NSC ကတော့ Developer (သို့) Consultant က Sub-Con အနေနဲ့ ရွေးထားတာမျိုးကို ဆိုလိုပါတယ်။ Main Con က ဒီ Sub-Con ကိုတော့ ခေါ်သုံးပေးရမယ်ဆိုပြီး တောင်းဆိုထားတာမျိုးပါ။ အဲ့ဒီမှာလည်း ကဏ္ဍ နှစ်မျိုး ရှိပါတယ်။ တစ်ချို့ NSC တွေက Developer နဲ့ တိုက်ရိုက် စာချုပ်ချုပ်ထားတာ ဖြစ်ပြီး၊ တစ်ချို့ကျတော့လည်း Main Con အောက်ကနေ ပြန်သွားတာမျိုး ဖြစ်ပါတယ်။ NSC ပါလာပြီ ဆိုရင် သူက ဘယ်လိုပုံစံမျိုးနဲ့ စီမံကိန်းထဲမှာ လုပ်မှာလဲ၊ သူ့ရဲ့ Scope of Works က ဘာလဲဆိုတာ သေချာ ရှင်းနေဖို့ လိုပါတယ်။

(၉) Suppliers
Construction Project ရဲ့ ယေဘူယျ သဘောက တည်ဆောက်ရေး လုပ်ငန်းတွေမှာ Materials နဲ့ Labor ကို အသုံးပြုရတာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် Materials ကို Supply ပေးမယ့်လူ လိုသလို၊ Labor ကို Supply ပေးမယ့်သူလည်း လိုပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Suppliers လို့ ခေါ်ပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခု လုပ်တော့မယ်ဆိုရင် ကိုယ့်မှာ Reliable ဖြစ်တဲ့ Suppliers တွေ ရှိထားဖို့ လိုပါတယ်။ အခု ပစ္စည်းရမယ်ပြော၊ ပြီးရင် မရတော့ဘူးလို့ ပြောရင် လုပ်ငန်းလုပ်ရတဲ့ ကန်ထရိုက်တာမှာ ပြသနာ တက်မှာ ဖြစ်ပါတယ်။

(၁၀) Authority
စီမံကိန်းတစ်ခုမှာ Authority ကလည်း အရေးပါတဲ့ Stakeholders ထဲမှာ ပါဝင်ပါတယ်။ Authority ဆိုတာ Regulatory Body ဖြစ်တဲ့အတွက် သူချထားတဲ့ စည်းကမ်းတွေကို လိုက်နာဖို့ လိုတယ်၊ သူသတ်မှတ်ထားတဲ့ အတိုင်း ဖြစ်မယ့် လုပ်ငန်းက Passed ဖြစ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Authority က ပံ့ပိုးပေးရမယ့် အပိုင်းတွေ ရှိနိုင်တာမို့ သူနဲ့ Coordination လုပ်ဖို့ လိုအပ်ပါတယ်။ ယေဘူယျအားဖြင့် စီမံကိန်းရဲ့ Project Manager ဖြစ်သူက ဒီအပိုင်းကို တာဝန်ယူရမှာ ဖြစ်ပါတယ်။

(၁၁) Adjacent Owners
Construction Project တစ်ခု လုပ်တဲ့ အခါမှာ ကိုယ်ရဲ့ ဘေးနားပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေနဲ့ Communication မလုပ်မဖြစ် လုပ်ရမှာ ဖြစ်ပါတယ်။ မြေတိုင်းတာ၊ လမ်းကို အသုံးပြုတာ၊ ခြံစည်းရိုးခတ်တာ အစရှိသဖြင့် ဒီလုပ်ငန်းတွေမှာ Adjacent Owners တွေနဲ့ ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် လုပ်ငန်း မစခင်ကတည်းက ဘေးနားပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေက ဘယ်သူဆိုတာ သိအောင် စုံစမ်းထားဖို့ လိုပါတယ်။ ဒါ့အပြင် သူတို့ရဲ့ အဆောက်အဦတွေက ဘယ်လို အခြေအနေမျိုး ရှိတာလဲ ဆိုတာကို မှတ်တမ်းတင်ထားတဲ့ Pre-conditioned Survey လိုဟာမျိုးကို လုပ်ကိုင်ထားဖို့ လိုအပ်ပါတယ်။

(၁၂) Users
နောက်ဆုံး အနေနဲ့ ကျနော် ပြောချင်တဲ့ Stakeholders ကတော့ စီမံကိန်း ပြီးသွားရင် အသုံးပြုမယ့် Users ဖြစ်ပါတယ်။ ဒီ အသုံးပြုမယ့်သူတွေရဲ့ ထင်မြင်ချက်၊ မျှော်လင့်ချက်၊ လိုအပ်ချက်တွေကိုလည်း နားလည်ထားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် Developers တွေက ပို ဂရုစိုက်ရပါ့မယ်။ အကယ်၍သာ အဆောက်အဦ ပြီးသွားပြီး၊ ဒါကို ဈေးကွက်မှာ ရောင်းချတဲ့နေရာမှာ Users က စိတ်မဝင်စားဘူးဆိုရင် စီမံကိန်းက အောင်မြင်မှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် စီမံကိန်း မစခင်ကတည်းက Users တွေ အကြောင်း သိရအောင် Market Analysis, Customer Survey, Feasibility Study, Modeling and Sampling အစရှိတာတွေကို လုပ်ထားဖို့ လိုအပ်ပါတယ်။

ကောင်းပြီ .. ကျနော် Construction Project တစ်ခုမှာ ကြုံတွေ့ရနိုင်တဲ့ Stakeholders ၁၂ မျိုးကို ဖော်ပြသွားခဲ့ပါတယ်။ တခြားလည်း ရှိနိုင်ပါသေးတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုကို လုပ်ကိုင်တော့မယ်၊ Management လုပ်တော့မယ်ဆိုရင် Stakeholders တွေရဲ့ သဘောသဘာဝနဲ့ Functions တွေကို နားလည်အောင် လေ့လာထားကြပါ။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အကြောင်းကို သိမှ Management ပြုလုပ်ဖို့ လွယ်ကူမှာ ဖြစ်ပါတယ်။ ဒီဟာတွေနဲ့ ဆက်စပ်ပြီး အလုပ်လုပ်တဲ့အခါ Stakeholders တွေနဲ့ Conflicts ဖြစ်လာရင် ဘယ်လို ဖြေရှင်းရမယ်ဆိုတာ နောက်ထပ် တစ်ပို့စ်မှာ ထပ်ပြောပေးပါဦးမယ်။

ခင်မင်လေးစားစွာဖြင့်
AKT
(t.me/aktpmt)


Address

5(B), 210/1, Myinthar 11th Street, Block 14, South Okkalapa
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959763208895

Alerts

Be the first to know and let us send you an email when AKT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AKT:

Shortcuts

Share