23/05/2026
🔷 Project Scheduling နဲ့ ပတ်သက်ရင် အထိရောက်ဆုံးနဲ့ စည်းစနစ်အကျဆုံး သင်ကြားပေးနိုင်တဲ့ PPPS (Primavera P6 Online Course) အတန်းအား 7-June-2026 တွင် ပြန်လည် ဖွင့်လှစ်ပါမည် 🔷
အခုတလော အလုပ် Opportunities တွေ တော်တော်များလာတဲ့ Planning Engineer Position အတွက် အလိုအပ်ဆုံးဖြစ်တဲ့ PPPS – P6 ZOOM Online Class လေး ပြန်ဖွင့်ပါမယ်။ သင်တန်းအပ်ဖို့ စောင့်ဆိုင်းနေသူများ ကြိုတင် စာရင်းပေးပြီး အပ်နှံနိုင်ပါပြီ။ Primavera P6 နဲ့ ပတ်သက်ရင် ၂၀၁၈ ကတည်းက သင်ကြားလာခဲ့ပြီး လက်ရှိအချိန်မှာ Planning and Scheduling နဲ့ ပတ်သက်ပြီး လုပ်ကိုင်နေကြတဲ့ အင်ဂျီနီယာပေါင်းများစွာ တက်ရောက်ထားတဲ့ အတန်းဖြစ်ပါတယ်။
🎯 Primavera Project Planning and Scheduling (PPPS) အတန်းဟာ Construction Projects တွေမှာ International Standards and Practices အတိုင်း Project Scheduling ကို ဖန်တီးချင်ရင်ပဲ ဖြစ်ဖြစ်၊ ကိုယ့် စီမံကိန်းရဲ့ Master Schedule ကို နည်းစနစ်ကျကျနဲ့ ဆွဲထားပြီး Monitoring လုပ်ချင်ရင်ပဲ ဖြစ်ဖြစ် .. တတ်ထားသင့်တဲ့ Primavera P6 အကြောင်း အခြေခံကနေစပြီး တကယ့် စီမံကိန်းကြီးတွေမှာ အလုပ်လုပ်နိုင်တဲ့ အထိ သင်ကြားပေးမယ့် အတန်းဖြစ်ပါတယ်။
🎯 Primavera P6 နဲ့ ပတ်သက်ပြီး ရှင်းပြရမယ်ဆိုရင်ဖြင့် ဒီ P6 Software ဟာ Project Planning and Scheduling အတွက် ဆိုရင် အားအကောင်းဆုံးနဲ့ အထိရောက်ဆုံး Software ဖြစ်ပြီး အခုခေတ်မှာတော့ Project Management/ Scheduling ပြုလုပ်မယ့်သူတွေ သိထားသင့်တဲ့ အကြောင်းအရာထဲမှာ ပါဝင်နေပါတယ်။ အထူးသဖြင့် International Career Level မှာ Planning Engineer အဖြစ် အသက်မွေးမယ်ဆိုရင် မသိမဖြစ် သိထားရမယ့် Software ထဲမှာပါနေပါတယ်။
🎯 အထူးသဖြင့် ကိုယ်ပါဝင်လုပ်ကိုင်ရမယ့် Project က Complex and Sophisticated ဖြစ်မယ်၊ Trades တွ အများကြီးပါမယ်၊ Zones/Areas တွေ အများကြီး ခွဲထားတယ်၊ ပါဝင်နေတဲ့ Stakeholders တွေကလဲ Planning and Scheduling ကို အသေးစိတ်သွားမယ်ဆိုရင်ဖြင့် Primavera P6 ကို အားလုံးက အသုံးပြုဖို့ အကြံပေးကြမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ P6 Software ပေါ်ကနေ Project တစ်ခုရဲ့ Status ကို Analysis လုပ်ရတာ အလွယ်ဆုံးနဲ့ အထိရောက်ဆုံး ဖြစ်လို့ ဖြစ်ပါတယ်။
🎯 Singapore ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဆိုရင်တော့ Government Projects တော်တော်များများ အထူးသဖြင့် LTA (Land Transport Authority) Projects တွေမှာ Schedule ကို P6 နဲ့ ဆွဲတင်ပေးရမယ်လို့ Tender Requirements မှာကိုက ပါရှိပါတယ်။ MBS (Marian Bay Sands) Project, Changi Airport Project အစရှိတဲ့ စီမံကိန်းကြီးတွေမှာ P6 ကိုပဲ သုံးပြီး Planning and Controlling ပြုလုပ်ကြတာ ဖြစ်ပါတယ်။ Data Center တည်ဆောက်တဲ့ စီမံကိန်းတွေ၊ Chemical Plants တည်ဆောက်တဲ့ စီမံကိန်းတွေ အစရှိတဲ့ Large-scale Projects တွေမှာ P6 ကို အသုံးများပါတယ်။
🎯 အဲ့ဒီအတွက် Planning and Scheduling ကို သေချာလေ့လာချင်တဲ့သူတွေ၊ Complex Projects တွေမှာ ပါဝင်နေတဲ့သူတွေ၊ နောက်ဆုံး နိုင်ငံရပ်ခြားမှာ အလုပ်ရှာဖို့ ပြင်ဆင်နေသူတွေ (အထူးသဖြင့် Singapore တို့၊ UAE တို့ အစရှိတဲ့နိုင်ငံတွေမှာ) သိထားသင့်တဲ့ Primavera P6 နဲ့ Schedule ရေးဆွဲဖန်တီးခြင်း သင်တန်းကို တက်ထားဖို့ လိုအပ်ပါတယ်။ သင်တန်းက အပတ်စဉ် တနင်္ဂနွေနေ့ ညနေတိုင်း သင်မှာ ဖြစ်ပြီး Zoom Meeting နဲ့ Live သင်ပေးမှာ ဖြစ်ပါတယ်။ အကယ်၍ အကြောင်းတစ်စုံတစ်ရာကြောင့် အတန်းချိန် လွတ်သွားခဲ့သော်၊ ပြန်လေ့လာလို့ရအောင် Recorded Video ကိုတော့ Telegram Channel Group မှာ ပြန်တင်ပေးဖို့ စီစဉ်ထားပါတယ်။
🎯 Course Contents အနေနဲ့ ဘာတွေ ပါမှာလဲဆိုရင် Project Schedule တစ်ခုကို တည်ဆောက်ပုံမှ အစပြုပြီး၊ WBS နဲ့ Activities များ နေရာချထားပုံ၊ Relationships နဲ့ Duration များ စဉ်းစားပုံ၊ Project Calendar ဖန်တီးပုံ၊ Resources များ တည်ဆောက်ပုံ၊ Schedule ကို Updating ပြုလုပ်ပုံ၊ ကိုယ်ဖန်တီးထားတဲ့ Schedule မှ တစ်ဆင့် Reports များ ပြုလုပ်ပုံ၊ Project Monitoring and Controlling အတွက် Progress S-curve ဖန်တီးပုံ၊ EOT Programme အတွက် စဉ်းစားပုံ စတဲ့ အကြောင်းအရာ အစုံအလင် ပါဝင်မှာ ဖြစ်ပါတယ်။
🔷 Primavera Project Planning and Scheduling (PPPS) Course Outline 🔷
• Project Planning and Scheduling Principles
• Applied Construction Management and Planning Concepts
• Creating EPS, WBS and OBS
• Making the Project, Activities, Relationships, Duration, Calendar
• Defining Resources and Resources Assignment
• Constraints, Milestones, Percent Completion Types
• Updating the Schedule, Setting Baseline, Schedule Analysis
• Singapore LTA Planning Guidelines and Sample MRT Station Project
• Filtering, Look Ahead Schedule, Global Change, Activity Coding, etc အစရှိတဲ့ အကြောင်းအရာတွေ အသေးစိတ်ပါရှိမှာ ဖြစ်ပါတယ်။
🎯 ကျနော့်ရဲ့ ထုံစံအတိုင်း PPPS Course မှာ Basic တွေ၊ Advanced တွေ မရှိပါဘူး။ Primavera (P6) ကို သုံးပြီး တကယ့်လက်တွေ့မှာ အလုပ်လုပ်လို့ ရတဲ့အထိ သင်မှာပါ။ အဲ့လို သင်တဲ့နေရာမှာလဲ Schedule Software ကို အသုံးပြုရုံမဟုတ်ဘဲ၊ သိသင့်သိထိုက်တဲ့ Planning and Scheduling ဆိုင်ရာ အခြေခံ သီအိုရီများကိုလည်း ရှင်းပြဦးမှာ ဖြစ်ပါတယ်။ PPPS အတန်းရဲ့အားသာချက်ကတော့ P6 lessons များကို တကယ့်လက်တွေ့မှာ အလုပ်လုပ်ထားတဲ့ စီမံကိန်းများနဲ့ ယှဉ်တွဲပြီး လေ့လာနိုင်တာ ဖြစ်ပါတယ်။
သင်တန်းနဲ့ ပတ်သက်တဲ့ အသေးစိတ် Information က အောက်ပါအတိုင်း ဖြစ်ပါတယ်။
👉 Course Title : Primavea Project Planning and Scheduling Course (PPPS)
👉 Opening Date : 7-June-2026 (Sunday)
👉 Time : 7:30 pm to 9:00 pm (every Sunday) Myanmar Time
👉 Total Period : Approximately Nine Sessions (သင်တန်းအတွက် သတ်မှတ်ထားတဲ့ ပုံစံအတိုင်း Assignment တင်သော သူများကို Course Completion Certificate ထုတ်ပေးသွားမှာ ဖြစ်ပါတယ်)
👉 Course Fees - 120,000 Ks or SGD 60 (SGD က Singapore မှ အပ်နှံသူများကို ကောက်ခံတာဖြစ်ပြီး POSB Account ကို လွှဲပေးလို့ရပါတယ်။ SGD နဲ့ ကောက်ခံခြင်းဟာ Overseas Participants များအတွက် ရည်ရွယ်တာဖြစ်ပြီး များပြားလှတဲ့ သင်တန်းကြေးရယ်လို့ မဟုတ်တာမို့ Exchange Rate နဲ့ မကြည့်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်)
👉 For registration : Page Messenger ကနေ တဆင့် ဆက်သွယ်ပေးပါရန်
👉 Teaching Methods : Zoom Meeting and Telegram Channel Group
Notes : P6 Software က MacBook မှာ Install လုပ်လို့မရပါဘူး။ Mac ပေါ်မှာ Windows ပြန်တင်ထားမှ အဆင်ပြေမှာ ဖြစ်ပါတယ်။
သင်တန်းနဲ့ ပတ်သက်တဲ့ အခြားသော Information အသေးစိတ်ကို Page Messenger ကနေ လာရောက်မေးမြန်း စုံစမ်းနိုင်ပါတယ်။
ကျနော် ဒီ Page ထဲမှာရော၊ ပြီးတော့ Youtube Channel မှာရော Primavera P6 နဲ့ ပတ်သက်ပြီး လေ့လာလို့ ရမယ့် Videos တွေ တင်ထားပါတယ်။ “A Guide to using Primavera P6” ဆိုပြီးတော့လည်း စာအုပ်ထုတ်ဝေထားပါတယ်။ အဲ့ဒီအတွက် သင်ကြားရေးအတွက် အာမခံပါတယ်။
အဲ့ဒီအတွက် သင်ကြားတာတွေကို နားမလည်တာ၊ မရှင်းတာ မဖြစ်စေရပါဘူး။ ကိုယ်တိုင် သေချာ လိုက်လုပ်ရင် ဒီ Software အသုံးပြုပြီးတော့ အသက်မွေးဝမ်းကျောင်း လုပ်လို့ရတဲ့ အထိ အကျိုးရှိနိုင်ပါတယ်။ နောက်ပြီး ဘယ် Background က မဆို တက်လို့ရပါတယ် .. Civil တွေ၊ M&E ရယ်လို့ မရှိပါဘူး။ Singapore မှာ အလုပ်ရှာမယ့်သူတွေလည်း ကိုယ့် Resume ရဲ့ Qualifications မှာ Primavera P6 Software ကို အသုံးပြုတတ်တယ်လို့ ဝင့်ကြွားစွာ ဖော်ပြနိုင်မှာ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။
ခင်မင်လေးစားစွာဖြင့်
AKT