TTA fashion school

TTA fashion school Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TTA fashion school, Professional Service, 114 38th Street, Yangon.

ချစ်စရာလေး 🤎🤎🤎
16/05/2022

ချစ်စရာလေး 🤎🤎🤎

Haute Couture (oat coo-chure)  ဆိုတာဘာလဲ ?ကျမတို့ Fashion Terms ထဲမှာ Haute Coutureဆိုတာ အမြဲကြားနေ တွေ့နေရပါတယ်။ တချို့...
27/01/2021

Haute Couture (oat coo-chure) ဆိုတာဘာလဲ ?

ကျမတို့ Fashion Terms ထဲမှာ Haute Couture
ဆိုတာ အမြဲကြားနေ တွေ့နေရပါတယ်။ တချို့ဆိုင်တွေဆိုလည်း blah blah blah Couture ဆိုပီး နာမည်မျိုးစုံ
ဆိုင်တွေလည်း မြင်တွေ့ဘူးကြမှာပါ။

Couture ကို common အနေနဲ့ နှစ်မျိုးခွဲထားပါတယ်။ ပထမဆုံးအနေနဲ့ Haute Couture အကြောင်းလေး
ပြောကြမယ်နော်။ 🥰🥰🥰

ပြင်သစ်လို "Haute" ဆိုတာက "High"လို့
အဓိပ္ပါယ်ရပါတယ်။ "Couture" ဆိုတာကတော့
Sewing (or) Dressmaking လို့အဓိပ္ပါယ်ရပါတယ်။
"Haute Couture" ဆိုတာ High-end Fashion ပါ။
High sewing / High dressmaking လုပ်ထားတဲ့
Master Piece Art လို့ခေါ်လည်းရပါတယ်။

Vouge ကတော့ Couture pieces တွေကို ......
" Walking Pieces Of Art " ဆိုပီး 😍😍😍
တင်စားပြောဆိုထားပါတယ်။

Haute Couture တိုင်းက ၀တ်ဆင်မဲ့သူ Single Client
ကို ကိုယ်တိုင်းသေချာတိုင်းပီး (High sewing)
ချုပ်လုပ်ပေးကြပါတယ်။ မဖြစ်မနေ Fitting
လုပ်ပေးရပါတယ်။ Couture dress တွေက
(highest quality and highest price ) ဖြစ်ပါတယ်။
သူ့မှာသုံးထားတဲ့ Materials တွေက Ready To wear
ထုတ်ကြတဲ့ဟာတွေလို ဈေးကွက်မှာရှာလို့မရပါဘူး။
အထူး သီးသန့် Handmade နဲ့ Customize လုပ်ထားတဲ့
အတွက် အရမ်းဈေးကြီးပါတယ်။ Haute Couture Dress မှာသုံးတဲ့ Materials တွေက Gold fibers / pearls / Gems တွေထည့်သုံးကြလို့ ဈေးက အရမ်းကြီး
ပါတယ်။
Haute Couture Dress တထည်ရဲ့ (High sewing) ချုပ်လုပ်ချိန်ဟာ နာရီပေါင်း 300 အနည်းဆုံးကြာပီး နာရီပေါင်း 700 အထက်လည်း ကြာမြင့်ပါတယ်။
ဈေးနှုန်းတွေကတော့ Daywear ကို $10000 ကစပီး
$90000 အထက်မှာ အမျိုးမျိုး ရှိပါတယ်။

ဈေးအကြီးဆုံးနဲ့ အရည်အသွေးအကောင်းဆုံး Fabric/
Embroidery/ embellishments တွေပြုလုပ်ထားတဲ့
Haute Couture Dress တွေဈေးကြီးတာ ပုံမှန်ပါပဲ။

ပြင်သစ်နိုင်ငံမှာရှိတဲ့ the Chambre Syndicale de la Haute Couture’s က ပြင်သစ် ဥပဒေနဲ့ Haute Couture fashion house တွေကို ထိန်းချုပ်ထားပီး
စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားတာနဲ့ ကိုက်ညီမှ
လက်ခံပေးပါတယ်။ စည်းမျဉ်းစည်းကမ်းတွေကတော့
Haute Couture က လက်ခံပေးထားတဲ့ Haute Couture Fashion Designer တွေက သူတို့ရဲ့ Fashion
House က workshop မှာ full-time အနေနဲ့ Couture
ပြုလုပ်ဖို့ အလုပ်သမား ၂၀ အနည်းဆုံးရှိရပါမယ်။
ပီးရင် Client အတွက် အနည်းဆုံး Fitting တစ်ခါ
ပြုလုပ်ပေးရမယ် နောက်ဆုံး Perfect Fitting ဖြစ်တဲ့ထိ
ပြုလုပ်ဖန်တီးကြရပါတယ်။ Haute Couture Collections နှစ်ခု ဖြစ်တဲ့ Daywear နဲ့ evening wear
ကို Haute Couture fashion designer တွေက fashion Collections အတွက်နှစ်စဉ် Fashion show နှစ်ခုပြုလုပ်ကြပါတယ်။ fashion show တွေကိုတော့
January နဲ့ July လတွေမှာ ကျင်းပကြပါတယ်။

Haute Couture Dress တွေမှာပါတဲ့ Flower တွေကို CHANEL ကထုတ်လုပ်ပေးပါတယ်။ Embroidery ကိုတော့ LESAGE နဲ့ Feathers တွေကိုတော့ LEMARIE
လက်အိတ်တွေကို CAUSSE ဖိနပ်တွေကိုတော့ MASSARO က တီထွင်ဖန်တီးပြုလုပ်ကြပါတယ်။

Haute Couture Designation ထဲမှာ Chanel, Dior, louis vuitton and Jean Paul Gaultier တို့က မှတ်ပုံတင်ထားကြပါတယ်။

ဘယ်သူတွေက Haute Couture ကို၀တ်ဆင်ကြလဲဆို
19ရာစုနှစ်က ပြင်သစ်မှာရှိတဲ့ အထက်တန်းလွှာ အတန်းအစားများက အပြိုင်အဆိုင်၀တ်ဆင်ကြပီး
နောက်ပိုင်း ချမ်းသာတဲ့ Middle East, Russia , Asia
က ချမ်းသာတဲ့ ပတ်၀န်းကျင် အသိုင်းအဝိုင်းက ပြုလုပ်ကြတဲ့ society Events တွေမှာ ၀တ်ဆင်ကြလာပါတယ်။ Celebrity တွေအနေနဲ့လည်း ၀တ်ဆင်ကြပါတယ် ဒါပေမဲ့ သူတို့က Haute Couture Designer ကို
ကြော်ငြာပေးတဲ့ အနေနဲ့ ၀တ်ဆင်‌ပေးကြလို့ အထည်
ကုန်ကျငွေပေးစရာမလိုပါဘူး။ Haute Couture Fashion Designer တွေက Haute Couture အတွက် ရင်နီးမြုပ်နှံမှုတွေ အရမ်းများလို့ Ready To Wear တွေထုတ်ပီး ၀င်ငွေပြန်ရှာတာတောင် တချို့ဆို အရှုံးပေါ်ကြတဲ့အထိ Huate Couture Dress တွေရဲ့ တန်ဖိုးက ကြီးမားလွန်းပါတယ်။

ခုလောက်ဆို အားလုံးလည်း Haute Couture ဘာလဲ
ဆိုတာ သိလောက်ပီ ထင်ပါတယ်နော် နောက်ရက်ကျရင် Couture နှစ်မျိုးထဲက DeMi couture အကြောင်း
ရေးပေးပါမယ်ရှင့် ❤️❤️❤️

04/01/2021

အခုချိန်မှာ တပိုင်တနိုင်အထည်ချုပ်လုပ်ငန်းတွေ အထည်ထုတ်လုပ်မှု‌တွေကိုယ်ပိုင် Brand ထုတ်ချင်သူတွေ အများအပြားဖြစ်နေလို့ ဘယ်ကစလုပ်ရမလဲ ဘာတွေလိုအပ်လည်းဆိုတာ လိုအပ်တဲ့ အချက်လေးတွေ ပြောပြပေးချင်ပါတယ် လုပ်ငန်းစလုပ်ဖို့ ခက်ခဲနေသူတွေအတွက် Work Flow အစအဆုံး သိဖို့လိုပါတယ်။

ပထမဆုံးအနေနဲ့ ဘယ်လို ကိုယ့် Brand ရဲ့ Signature ကိုလူတွေ မှတ်မိအောင်သီးခြားဖြစ်တည်နေအောင် ဘာနဲ့ လုပ်ဆောင်မလဲ ?

Brand ရဲ့ signature ရဲ့အဓိကသွေးကျောကတော့ Fashion Designer ရဲ့
အရေးပါမှု 90% ပါဝင်ပါတယ် ...
Fabric / Pattern / lace / button / Textile Design / Colour / packaging ??? အမျိုးမျိုးနဲ့ တခြား Brand နဲ့ကွဲထွက်နေအောင်လုပ်ဆောင်ရပါမယ်။

ကိုယ်ထုတ်မဲ့ Brand ရဲ့ သွားချင်တဲ့
Target Market ကို ပြောပါရမယ်
သတ်မှတ်ရမယ် ဘယ်သူတွေအတွက်ထုတ်မယ် ဘယ်အဆင့်အတန်းအတွက်ရွယ်ရွယ်တယ် စတာတွေကို
Fashion Designer နဲ့ပြောဆိုတိုင်ပင်ဖို့
Designer ရွေးချယ်ရမယ်။
Designer ကိုလခနဲ့ ခေါ်တာဖြစ်ဖြစ်
Design တစ်ပုံခြင်းဆီကို အပ်တာဖြစ်ဖြစ် ကြိုက်သလိုရွေးချယ်နိုင်ပါတယ်။

၂။ ပိတ်စရှာရမယ်ဘယ်က၀ယ်ရင် ဈေးသက်သာမလဲ ဘယ်လိုပိတ်စသုံးမလဲ ပိတ်စ အရင်းကို ဘယ်လောက်သက်မှတ်မလဲ အရေအတွက်ဘယ်‌လောက်ထုတ်မလဲ ပိတ်စ ဘယ်နှကိုက်ကုန်မလဲ
ပိတ်အလိပ်လိုက်၀ယ်ရင် ဈေးအသက်သာဆုံးပါပဲ ပိတ်စရွေးချယ်ရင်လည်းကိုယ့်နိုင်ငံ ရာသီဥတုနဲ့ကိုက်ညီမှု Market Trend အရ ဘယ်ပိတ်စကိုရွေးချယ်မလဲ အစစအရာရာတွေးရပါမယ်။ အသက်အရွယ် ကျား မ ကလေး အသေးစိတ် ဘယ်သူတွေအတွက် ထုတ်ချင်လည်း ဆုံးဖြတ်ရမယ်လိုက်ဖက်တဲ့ ပိတ်စရှာရမယ်။

၃။ ဆွဲထားတဲ့ Design ကို Cutting လုပ်ဖို့ Pattern ဆွဲရန်လိုပါတယ် ဆွဲထားတဲ့ Design ပုံအတိုင်းထွက်ဖို့က Pattern ဆွဲနိုင်တဲ့ကောင်းတဲ့လူနဲ့မှ ပုံထဲကအတိုင်း အပြင်မှာထွက်လာမှာပါ။ အဲ့အတွက်Pattern Maker ကိုရှာဖွေရပါမယ် တကယ်လို့ ကိုယ် Design အပ်ထားတဲ့ Fashion Designer က design ပဲဆွဲပေးတာလား
Pattern ပါဆွဲပေးတာလား Pattern ပါဆွဲပေးတဲ့ fashion designer ဆို Size chart အလိုက် M/ L / Xl သုံးမျိုးဆိုလည်း တစ်ခုချင်းအတွက် pattern ဖိုးပေးရပါတယ် Fashion Designer ကိုယ်တိုင်ဆွဲပေးတဲ့ Pattern ကပိုကောင်းပါတယ် သူဆွဲထားတဲ့ Design ရဲ့ Point ကို သူသိတဲ့အတွက် Pattern ဆွဲတတ်တဲ့ Designer နဲ့ Design အပ်တာအကောင်းဆုံးပါပဲ။ တချို့ Fashion
Designer တွေကပုံပဲဆွဲတတ်ပါတယ် Pattern မဆွဲတတ်ကြပါဘူး ။ တချို့ကျတော့လည်း ပုံဆွဲတတ်ပီး pattern အရမ်းကောင်း‌အောင်မဆွဲတတ်ပါဘူး
Basic Pattern တွေလောက်ပဲ ဆွဲတတ်ရင် အဆင်မပြေပါဘူး တကယ်တော်တဲ့ Pattern Maker သာရှာပါတော့ Patternဆွဲတာကို အတည်ပြုပီး ပိတ်စတွေ cutting လုပ်မှာမို့ Pattern မကောင်းရင် အကုန်အချိုးအစားလွဲပီး မလှပတော့ပါဘူး။

၄။ အကျီတွေ ချုပ်ဖို့အတွက်က တပိုင်တနိုင် အိမ်မှာချုပ်မှာလား စက်ရုံထောင်မှာလား အထည်ချုပ်အပ်မလား ရွေးချယ်ရပါမယ်။ ကောင်းမွန်တဲ့ ချုပ်ရိုးချုပ်သား လက်ရာရဖို့ အရေးအကြီးဆုံးအပိုင်းပါ။
တချို့ စက်ရုံ အလုပ်ရုံတွေကတော့Finishing အပိုင်းထိအကုန်လုပ်ပေးပါတယ် မီးပူတိုက်ပီးတဲ့အထိ လုပ်ပေးပါတယ်။ တချို့စက်ရုံမှာတော့ QC ရှိပါတယ် တချို့စက်ရုံမှာ QC မရှိပါဘူး ။

အပ်ထည်စအပ်ထဲက ချုပ်လုပ်ပေးမဲ့ စက်ရုံနဲ့ အပီးပြောရမှာတွေပါ ဘယ်အထိလုပ်ပေးမလဲဆိုတာ ‌
မေးရပါမယ်။

QC ဆိုတာ ဘာလဲ Quality control ပါ QC ခန့်ထားရင် QC ရှိရင် ချုပ်ထားတဲ့ အထည်ရဲ့ Reject တွေကို စစ်ဆေးပေးတာပါ။ QC မရှိတဲ့ စက်ရုံဆိုရင်တော့ ကိုယ့်ဘာသာစစ်ရပါမယ် ဘယ်နားက ချည်လွတ်နေတယ် အနာအဆာ အကုန် ကိုယ်တိုင်စစ်ဖို့လိုပါတယ်။

၅။ဖြန့်‌ဝေမှုအပိုင်းတွေစဉ်းစားရပါမယ် ကိုယ်ပိုင်ဆိုင်နဲ့ showroom ဖွင့်မလား တခြား Store ဆိုင်တွေမှာ
တင်ရောင်းမလား online ကနေရောင်း
မလား အဲ့ဒါတွေတွေးရပါမယ်။

၆။ Budget ရှိနေဖို့လိုပါတယ် Brand တစ်ခုကို စတင်တည်ထောင်ပီး Design တစ်ခုထုတ်မယ် ရောင်းကုန်မှ နောက် Design ထပ်ထုတ်မယ်ဆိုရင် အဆင်မပြေပါဘူး လုပ်ငန်း စတင်ထဲက တစ်လကို Designဘယ်နှစ်ခုထုတ်မလဲ သတ်မှတ်ထားရမယ် တလကို အနည်းဆုံး နှစ်မျိုးထုတ်ရပါမယ် 6လစာလောက် ရပ်တည်ဖို့ ပိုက်ဆံရှိနေမှ ဆက်ပီးရပ်တည်နိုင်မှာပါ
မဟုတ်ရင် Design တစ်မျိုးလောက်
ထုတ်ပီး ဆက်မထုတ်နိုင်ပဲ လုပ်ငန်းရပ်သွားပါမယ် စားသောက်ကုန် လုပ်ငန်းမဟုတ်လို့ ပုတ်သိုးသွားမှာ ကြောက်စရာမလိုပေမဲ့ ရောင်းမကုန်တဲ့ အထည်တွေကျန်နေရင် ပိုက်ဆံမလောက်တော့လို့ ဆက်မထုတ်နိုင်ပဲ လုပ်ငန်းရပ်သွားနိုင်ပါတယ်။

" COLOUR OF THE YEAR 2020 "ရဲ့အရောင်လေးက ဘာအရောင်လဲ သိကြလားရှင့် ? အရင်ဆုံးပြောရရင် ရိုးရိုးသာမာန် လမ်းပေါ်ကလျောက်သွားနေ...
22/12/2020

" COLOUR OF THE YEAR 2020 "ရဲ့အရောင်လေးက ဘာအရောင်လဲ သိကြလားရှင့် ?

အရင်ဆုံးပြောရရင် ရိုးရိုးသာမာန် လမ်းပေါ်ကလျောက်သွားနေတဲ့ သူတွေကို Pantone ကဘာလဲဆိုတာ မေးကြည့်ရင် မသိကြပါဘူး ... ခေါင်းလျော်ရည်နာမည်လား စားသောက်ဆိုင်နာမည်လားလို့ပြန်မေးကြမှာပါပဲ ? 😄
Pantone ဆိုတာ Worldwideမှာ အရောင်နဲ့ပတ်သတ်တဲ့
ဆရာကြီးတွေ သုတေသနပညာရှင်တွေ စုပီး နှစ်တစ်နှစ်
ရဲ့ အရောင်ကို တံခါးပိတ် အစည်းအဝေး တစ်ပတ်လောက်လုပ်ပီး နှစ်တစ်နှစ်အတွက် ဘယ်အရောင်အကောင်းဆုံးလဲ ရွေးချယ်ကြပါတယ်။ Pantone မှာ Color Forecasters လုပ်တဲ့သူတွေက
ဩဇာကြီးမားကြပါတယ် နှစ်တစ်နှစ်ရဲ့အရောင်ကို
Pantone ကဆုံးဖြတ်ပေးတာပဲ တကမ္ဘာလုံး လက်ခံကြရပါတယ် The company Color Institute တစ်ခုဖြစ်ပါတယ် Pantone ကဆုံးဖြတ်ရွေးချယ်လိုက်တဲ့ Color
ကို interior Design / Fashion design / Graphic Design အမျိုးမျိုးသော Designer တွေက
နှစ်တစ်နှစ်ရဲ့အရောင်အဖြစ် Pantone ကရွေးချယ်လိုက်တဲ့ပေါ်မူတည်ပီး Color Trend အရ ကိုယ့် Product အတွက်အပြိုင်အဆိုင် ထုတ်သုံးကြပါတယ်။

🥳🥳🥳🥳🥳
2020 အတွက် Pantone ရဲ့တရား၀င်ထုတ်ပြန်‌ကြေငြာရွေးချယ်ထားတဲ့ အရောင်ကတော့ .....
(19-4052 Classic Blue ) ပဲဖြစ်ပါတယ်ရှင့် 😍😍😍

Art Market မှာ ဒီ Classic Blue က ကွဲကွဲပြားပြားဖြစ်လာပီး နေရာယူထားပါတယ် သူ့အရောင်က
Deep navi နဲ့မတူပါဘူး သေချာကွဲပြားစေပါတယ်...
Bright ဖြစ်တဲ့ Blue လည်းမဟုတ်ပါဘူး 2010 တုန်းက
ရွေးချယ်ထားကြတဲ့ Turquoise လည်းမဟုတ်ပါဘူး
2008 ကရွေးထားတဲ့ Blue Iris လည်းမဟုတ်ပါဘူး
2000 ခုနှစ်ကရွေးထားတဲ့ Cerulean နဲ့လည်းမတူပါဘူး
Pantone ထဲမှာ Blue များစွာရှိပါတယ် အပြာရောင်
များစွာထဲမှာမှ Pantone System အရ Particular shade လေးတွေများစွာပြောင်းသွားတာနဲ့အမျှ
အရောင်တစ်ရောင်ခြင်းဆီပေးတဲ့ Confidence နဲ့ Stabilityကပြောင်းလဲသွားစေတယ်လို့ခံစားရစေပါတယ်

Pantone ကရွေးချယ်ခြင်းခံရတဲ့ Classic Blue ရဲ့
ခံစားရစေတာတွေကတော့ လူကို Familiar ဖြစ်စေတယ်
Calming ဖြစ်စေတယ် 2020ခုနှစ်မှာ ကမ္ဘာကြီးထဲ
လူတွေ ရှင်သန်ရတာ အရမ်း ခက်ခဲပါတယ် တချို့နေ့တွေဆိုရင်လုံခြုံမှုမရှိသလိုပါခံစားစေရလို့ ဒီ Classic Blue နဲ့ဆိုရင် နွေးထွေးမှုနဲ့ စိတ်ချလုံခြုံမှုကိုဖြစ်စေလို့ ရွေးချယ်ခြင်းဖြစ်ပါတယ်။ 💙💙💙💙💙

Hello 🤩🤩🤩 2020 ဆိုတဲ့နှစ်တစ်နှစ်လည်း ကုန်တော့မှာဖြစ်လို့ ကျမတို့ Top Accessories Trends For 2020 ကိုပြန်လေ့လာကြည့်တော့  ...
22/12/2020

Hello 🤩🤩🤩 2020 ဆိုတဲ့နှစ်တစ်နှစ်လည်း
ကုန်တော့မှာဖြစ်လို့ ကျမတို့ Top Accessories Trends For 2020 ကိုပြန်လေ့လာကြည့်တော့ 💗💗💗

🍒🍒🍒 Bucket bags 🍒🍒🍒

ဒီ bucket bags လေးတွေက Style တစ်ခုအနေနဲ့ ဘယ်တော့မှ မရိုးသွားနိုင်ပါဘူး Fashion လောကထဲကလည်းပျောက်ကွယ်သွားဖို့မရှိပဲ အရင်ခေါတ်ဟောင်းတွေတုန်းကထက်တောင် ဆန်းသစ်မှုတွေနဲ့ ပိုခေါတ်စားလာပါတယ်။ ပုံမှန်ရိုးရိုး Shape နဲ့ အိတ်တွေထက် ပိုပီး
Box လေးတွေက ဆွဲဆောင်လာကြပါတယ် အရောင်တွေကိုလည်း Black, White and Gray Color တွေထဲက ခွဲထွက်ပီး Pink , Blue and Marigold Color လေးတွေ အရမ်းခါတ်စားနေပါတယ် ဒီ Bucket bags လေးတွေက နောင်ဆယ်စုနှစ်တိုင် ဆက်လက် ခါတ်စားနေမဲ့ အိတ်လေးတွေဖြစ်ပါတယ်။ 🥰🥰🥰

Hello 🤩🤩🤩 2020 ဆိုတဲ့နှစ်တစ်နှစ်လည်း ကုန်တော့မှာဖြစ်လို့ ကျမတို့ Top Accessories Trends For 2020 ကိုပြန်လေ့လာကြည့်တော့  ...
22/12/2020

Hello 🤩🤩🤩 2020 ဆိုတဲ့နှစ်တစ်နှစ်လည်း
ကုန်တော့မှာဖြစ်လို့ ကျမတို့ Top Accessories Trends For 2020 ကိုပြန်လေ့လာကြည့်တော့ 💗💗💗

🍒🍒🍒 Chunky Boot 🍒🍒🍒

အခုလို Winter season (sweater weather) ရောက်လာတဲ့ အချိန်မှာတော့ ကိုယ့်‌ခြေထောက်လေးတွေက နွေးထွေးခြောက်သွေ့ပီး သက်တောင့်သက်သာရှိဖို့လိုအပ်ပါတယ် ဆောင်းရာသီဆိုတော့ နှင်းတွေနဲ့ စိုစွတ်နေမှာဖြစ်တဲ့အတွက် ခြေထောက်တွေကို လုံခြုံနေစေဖို့
လိုအပ်တဲ့အတွက် Leather Boot တွေစီးကြပါတယ်
အဲ့ထဲမှာမှ ဒီနှစ်ရဲ့ Trend ဖြစ်တဲ့ Boot က Chunky ဖြစ်ပါတယ်။ သူက Low Heel type ကို Rubber platform
ဖြစ်တဲ့အတွက် comfort ဖြစ်စေတယ် sleek ဖြစ်လို့
တောက်ပြောင်နေစေတယ် သူ့ကိုတွဲ၀တ်လို့ မိုက်တာတွေကတော့ မိန်းမဆန်တဲ့ Feminine Dress or Jeans တွေဖြစ်ပါတယ်။ အဲ့ Fashion မျိုး၀တ်ပီး night out ထွက်တာဖြစ်ဖြစ် Street wear အနေနဲ့ဖြစ်ဖြစ် အရမ်းလိုက်ဖက်ပါတယ်။ Chunky Boot ကို၀တ်ဆင်ခြင်းအားဖြင့် Grunge fashion Type ထဲ၀င်သွားပါတယ်
2020 ရဲ့ Winter season မှာ ultimate badass look
ပါပဲ 😎😎😎 A-knee hight heel Chunky Boot
တွေကို 90s ရဲ့ အငွေ့အသက်ဖြစ်တဲ့ mini Skirt အတိုလေးတွေနဲ့လည်း၀တ်ကြပါတယ်။ နောက်ရက် 🥰
တခြား Hot Accessories Trends လေးတွေလည်း
ရှိပါသေးတယ် ရေးပေးပါအုံးမယ် 🍒😎🥰

Pastel Color 🎨🎨🎨 ကိုဘာလို့အရမ်းကြိုက်လဲ ?ကျမဘယ်အရောင်တွေကြိုက်လဲမေးရင် အရောင်တွေအကုန်ကြိုက်ပါတယ် ဒါပေမဲ့ Hue color လိုမျ...
16/12/2020

Pastel Color 🎨🎨🎨 ကိုဘာလို့အရမ်းကြိုက်လဲ ?

ကျမဘယ်အရောင်တွေကြိုက်လဲမေးရင် အရောင်တွေအကုန်ကြိုက်ပါတယ် ဒါပေမဲ့ Hue color လိုမျိုး အရောင်အစစ်ကြီးတွေ လုံး၀မကြိုက်ပါဘူး ပုံမှန်
ပြန်ဖြေရရင် ပန်းရောင်ကြိုက်ပါတယ် Hue color ပန်းရောင်အစစ်မျိုးကို မကြိုက်ပါဘူး Pastel pink ကြိုက်တာပါ ကိုယ့်ကိုယ်ဆွဲဆောင်စေတဲ့အရောင်ကတော့ Pastel Theme ထဲ၀င်တဲ့ အရောင် အကုန်ကြိုက်တာပါ။

Pastel color ဆိုတာပုံမှန်အားဖြင့် ကာလာ တစ်မျိုးပါပဲ သူ့ရဲ့ Base Tone မှာ White color မပါမဖြစ်
ပါနေတာပါ။ ရိုးရိုးပန်းရောင်ထဲကို အဖြူထည့်လိုက်ရင် Pastel Theme ထဲရောက်သွားပါတယ်။ Pastel ကို
Tints လိုလဲခေါ်လို့ရတယ်။ Hue color ဆိုတာအရင်ပြောရရင် Pure color ကိုပြောတာပါ။ Tints ဆိုတာက Hue နဲ့ white ပေါင်းထားတာပါ။ Shade ကျတော့ Hue နဲ့ Black ပေါင်းတာပါ။ Tone ဆိုတာက Hue ကို Black and white ပေါင်းထားတာပါ။ 🎨🎨🎨
ပုံမှန်အရောင်တစ်ခုထဲကို အဖြူရောင်ထည့်လိုက်တဲ့ အချိန်ပေါ်လာတဲ့ အရောင်ရဲ့တန်ဖိုးက စိတ်ပညာသဘောအရလူကို နူးညံ့ပျော့ပျောင်းစေပါတယ်။

ပန်းချီကားတွေမှာ အရောင်တွေနဲ့ပတ်သတ်ပီး အများအားဖြင့် အရောင်ဖျော့တာတွေကို ပျော့ပျောင်းစေချင်တဲ့ နေရာတွေပါ Pastel ကိုသုံးကြပါတယ်
လူတွေရဲ့ အတွေးအမြင် စိတ်ပညာပေါ်မှာ
သက်ရောက်မှု အများကြီးရှိစေပါတယ်။

Pastel အရောင်များက very strong မဖြစ်စေဘူး အားကောင်းတဲ့အရောင်တွေမဟုတ်ပါဘူး။
သူက ပျော့ပျောင်းတဲ့ ခံစားချက်ကိုပဲ အဓိက ဦးစားပေးတာပါ။ သူက softness အရမ်းဖြစ်စေတယ် အဲ့ဒါကြောင့် ကလေးတွေနဲ့ ပတ်သတ်တဲ့နေရာတွေမှာ Pastel color တွေသုံးကြပါတယ် ကလေးအ၀တ်အစားတွေ အသုံးအဆောင်တွေမှာ အများဆုံးတွေ့ရပါတယ် သူကအရမ်း Calming ဖြစ်တယ် pastel အရောင်တွေ
မြင်ရင် ဒေါသထွက်လို့မရဘူး လူရဲ့စိတ်ကို
နူးညံ့သွားစေပါတယ်။

Pastel Color List လေးလုပ်ထားပါတယ် 🤗😍🥳

White + Blue = Light Blue.

White + Greenish Blue = Aquamarine.

White + Brown = Ocher.

White + Orange = Salmon.

White + Black = Gray.

White + Ocher = Ivory.

White + Red = Pink.

White + Purple = Lilac.

Pastel Green ကို အိပ်ခန်းဒါမှမဟုတ်
ရေချိုးခန်း ရုံးခန်းလို‌ နေရာမျိုးမှာသုံးထားရင်
အစိမ်းရောင် Pastel ကလူ‌တွေရဲ့စိတ်ကို
(symbolizes safety, nature, development, evolution ) လုံခြုံစိတ်ချရတဲ့ ခံစားချက်များနှင့်အတူ အရောင်ဖျော့ဖျော့တွေက သဟဇာတနဲ့ ငြိမ်းချမ်းရေးကို ကိုယ်စားပြုစေပါတယ်။
Pastel အရောင်များရစေရန်သုံးတဲ့ အဖြူရောင်ကလည်း clarity, innocence, cleanliness, spirituality, purity, hope, expansiveness and openness. ရှင်းလင်းခြင်း အပြစ်ကင်းခြင်း သန့်ရှင်းခြင်းဆိုတဲ့ စိတ်ခံစားချက်များရရှိစေပါတယ်။ 🥰🥰🥰 ကျမရဲ့ Favorite color ကတော့ Pastel colorတွေပါပဲ။

Hello ☺️👖👖👖ကျမ Jeans History တွေကို ပျင်းလို့ စာဖတ်နေရင်းနဲ့ Levi's ရဲ့အသက်ကို သိချင်ခဲ့တယ် လေ့လာကြည့်တော့ သူက 1853ခုနှစ...
14/12/2020

Hello ☺️👖👖👖ကျမ Jeans History တွေကို ပျင်းလို့ စာဖတ်နေရင်းနဲ့ Levi's ရဲ့အသက်ကို သိချင်ခဲ့တယ် လေ့လာကြည့်တော့ သူက 1853ခုနှစ်မှာစတင်ခဲ့တာ ခုဆို အသက် 167 နှစ်ရှိသွားခဲ့ပီ ...

Jeans တွေ ဘယ်ခုနှစ်မှာစပီး ခေါတ်စားခဲ့လဲ
ထပ်ပီးသိချင်တာနဲ့ Denim Trend ကိုရှာဖတ်ကြည့်တော့ အရမ်းပျော်ဖို့လည်းကောင်းတယ်
Design တစ်ခုချင်းကို slightly change လုပ်သွားတာလေးတွေက အရမ်းလှလို့ Share လုပ်ပေးချင်ပါတယ် စိတ်၀င်စားသူတွေကို 🥰🥰🥰

အရင်ဆုံး အရမ်းခေါတ်စားခဲ့တဲ့ Denim Style
လေးတွေကို 1950ကစပီး 2019ထိလေ့လာ
ကျမယ်နော် ...

👖1950 ခုနှစ်မှာ ပထမဆုံးစခေါတ်စားတဲ့ပုံကတော့
Straight leg လို့ခေါ်တဲ့ Design ပါပဲ သူက ရိုးရိုး
ဂျင်းဘောင်းဘီ ကို ဘာမှမလုပ်ထားပါဘူး
အောက်ခြေထိ အဖြောင့်ပါပဲ အောက်ခြေကို
မကားဘူး မသိမ်ဘူး အဖြောင့်ပဲမို့ သူ့ကို Straight leg လို့ခေါ်ကြတာပါ ထူးခြားတာက စစပေါ်ခြင်း
ဂျင်းဘောင်းဘီတွေမှာ ခုခေါတ်ဂျင်းဘောင်းဘီလို
အရှေ့မှာ အိတ်ကပ်အလှလေး မပေါ်သေးဘူးရှင့်
သူ့အိတ်ကပ်က အရှည်ပုံပဲ ချုပ်ရိုးကြောင်းပေါ်နေတယ် ပုံလေးတွေကြည့်ရင်သိပါတယ် ကျမ ပုံပါရှာပေးထားတယ်ရှင့် ☺️☺️

👖1955 ခုနှစ်မှာတော့ capri ခေါတ်စားလာတယ် ကျမတို့ ဂျင်းဘောင်းဘီအရှေ့မှာပါတဲ့ အိတ်လေးလည်း ပါလာတယ် Three quarter ကိုမှအောက်နားလေးခေါက်၀တ်ကြတယ် ...

👖1960 မှာတော့ အားလုံးသိကြတဲ့ Bell bottom နဲ့
ဂျင်းဘောင်းဘီတွေ အရမ်း၀တ်ကြတဲ့ခေါတ်
ရောက်လာပါတယ် သူက ပေါင်နားကနေအောက်ကို အကားလေးဖြစ်သွားတာပါ ရိုးရိုး Straight leg ကနေ Bell ပုံစံကို ပြောင်းလိုက်တာပါ

👖1965 ရောက်တော့ Bell bottom jeans တွေကို
Patchwork တွေစပီးလုပ်၀တ်လာကြတယ်
Patchwork ဆိုတာက ကိုယ့်ရဲ့ ဂျင်းဘောင်းဘီကို
ကိုယ်ကြိုက်တဲ့ Sticker ကပ်ချုပ်တာတို့ အစိတ်အပိုင်းတစ်ခုဖြတ်ပီး တခြား Jeans အသား နဲ့ပေါင်းချုပ်တာတို့ Cotton ချည်သားနဲ့
လေးထောင့် အကွက်လေး အပေါ်ကချုပ်တာတို့
အမျိုးမျိုးရှိပါတယ် အဲ့ဒါမျိုးကိုပြောတာပါ ကိုယ့်
ဂျင်းဘောင်းဘီတွေကို ကိုယ်တိုင် Customize
လုပ်ပီး၀တ်ကြတာမျိုးပေါ့ 😍😍😍

👖1970 မှာတော့ Flared တွေ၀တ်လာပါတယ်
သူက Bell bollom ထက်ပိုကားပီး Wave ဖြစ်နေတာမျိုးပါ။

👖1975ခုနှစ်မှာ Denim catsuit အရမ်းခေါတ်စားလာပါတယ် သူက အောက်က Bell bottom (or) Flared ကိုမှ အပေါ်က jeans Shirt လိုမျိုး ကော်လံမျိုးစုံနဲ့ ၀တ်ကြတယ် ဘောင်းဘီနဲ့ အကျီ တဆက်ထည်း ဘောင်းဘီက 1950 တုန်းက အိတ်ကပ်လိုမျိုးပြန်ဖြစ်

Hellloooo  🍒🍒🍒မနက်ဖြန်ကျရင် Zara ကထုတ်တဲ့ Blouse အကျီတစ်ထည်ကို Pattern Details သေချာ ဆွဲပြပေးပါမယ် 😍😍😍Collor ရော cuff Sl...
09/12/2020

Hellloooo 🍒🍒🍒
မနက်ဖြန်ကျရင် Zara ကထုတ်တဲ့ Blouse
အကျီတစ်ထည်ကို Pattern Details သေချာ
ဆွဲပြပေးပါမယ် 😍😍😍
Collor ရော cuff Sleeve လေးဆွဲနည်းလည်း
ပါမယ်နော်...
cutting လုပ်ဖို့ ချုပ်စာချန်နည်းလည်း
ထည့်ဆွဲပေးပါ့မယ်....
❤️❤️❤️ ကိုယ်ကြိုက်တဲ့ ပိတ်စလေးနဲ့
အကုန်ကျသက်သာအိမ်မှာ အပျင်းပြေ
ချုပ်လို့ရအောင်ပါ။
📢📢📢 သတိထားရမှာက ဒီအကျီပုံစံနဲ့ ဒီဇိုင်းက အတွန့်လေးတွေပါလို့ ပိတ်စမာမာသုံးလို့
မရပါဘူး ပေါ့ပါ့ပါးပါး ပိတ်စလေးတွေသုံးမှ အတွန့်လေးတွေက တွန့်နိုင်တဲ့ အားပိုရမှာမို့
ပိတ်စရွေးချယ်ရင် Cotton / Linen / Silk တို့ကိုရွေးချယ်စေချင်ပါတယ် 🥰🥰🥰

🍒🍒🍒 A Guide To Skirts 🍒🍒🍒အခုပြောပြပေးချင်တာကတော့....(All types of skirts ) Skirts အမျိုးအစား အကုန်လုံးရဲ့ နာမည်လေးတွေပါ ...
08/12/2020

🍒🍒🍒 A Guide To Skirts 🍒🍒🍒

အခုပြောပြပေးချင်တာကတော့....
(All types of skirts )
Skirts အမျိုးအစား အကုန်လုံးရဲ့
နာမည်လေးတွေပါ ...
အဲ့ဒါလေးတွေ လေ့လာရတာ အရမ်းအကျိုး
ရှိပါတယ် ကိုယ်က Key words တွေ သိတယ်ဆို
ကိုယ်သိချင်တာတွေ တတ်ချင်တာတွေ ရှာဖွေဖို့
ပိုလွယ်ကူသွားနိုင်ပါတယ် ...

Skirt တစ်ခုဆီကိုပေးထားတဲ့ နာမည်တွေက
Skirt ဒီဇိုင်း တစ်ခုဆီတိုင်းမှာ အဓိပ္ပါယ်တွေ
ပါတယ်ရှင့် 🥰🥰🥰

Example အနေနဲ့ပြောရရင် ...
A skirt လို့ ဘာလို့ ခေါ်လဲ ⁉️

A skirt ဒီဇိုင်းကို တီထွင်ထားတဲ့လူရဲ့ Reference ယူထားတာက English စာလုံးထဲက A အကြီးကို ယူထားတာပါ ...
အဲ့အတွက် A Skirt လို့ခေါ်ကြတဲ့ ....
skirt ရဲ့ Sillouette က A ပုံစံဖြစ်နေပါတယ်
A ပုံစံလိုမျိုး အောက်မှာအကားလေးပေါ့
Pattern ချတာလွန်ပီး ပိုကားမိရင် A skirt
မဟုတ်တော့ပါဘူး အရမ်းကားပီး
Wave တွေဖြစ်နေရင် A skirt လို့မခေါ်ပါဘူး
နောက်တစ်ခုက ....
Mermaid skirt လို့ခေါ်ကြတယ် မြန်မာလိုဆို ရေသူမစကဒ်လို့ ခေါ်တဲ့ Skirt Design ကဆိုရင်
သူ့ရဲ့ Inspiration က Mermaid ကိုယူထားတဲ့ အတွက် အဲ့စကဒ်ရဲ့ Sillouette က Mermaid
ပုံဖြစ်နေတာပါ Pattern က ဒူးခေါင်းနားထိ
အကျပ်ဖြစ်နေပီး ဒူးအောက်ကနေစပီး ကားသွားတဲ့ ပုံမျိုးဆွဲရပါတယ် ငါးအမြီးပုံမျိုး ဖြစ်ရပါမယ်
စကဒ်ရဲ့ Design က ချုပ်ပီးရင် Mermaid လိုမျိုး
ဖြစ်နေလို့ Mermaid skirt လို့ခေါ်တာပါ ...

ကျမ စကဒ် Type တွေနဲ့ Name လေးတွေ
ရေးပေးထားပါတယ် လေ့လာပီးပျော်ရွှင်ကြပါစေ
😊😊😊

❤️ Basic Fashion Design ❤️ တစ်ခုထဲမှာပါ၀င်တဲ့ Topic လေးတွေကတော့...🍒 Introduction to FD 🍒 World Wide Fashion industry🍒 Fa...
06/12/2020

❤️ Basic Fashion Design ❤️

တစ်ခုထဲမှာပါ၀င်တဲ့ Topic လေးတွေကတော့...

🍒 Introduction to FD
🍒 World Wide Fashion industry
🍒 Fashion design service
🍒 Fashion Design terms
🍒 Pattern (sewing)
🍒 Tailor
🍒 Textile
🍒 Wardrobe Stylist
🍒 Buyer (Fashion)
🍒 Dressmaker
🍒 A Teacher
🍒 Illustration
🍒 Fashion Forecasting
🍒 Model (person)
🍒 Fit model
🍒 Fashion journalism

❤️Introduction to Fashion Design❤️
ထဲမှာတော့ ....

🍓Fashion Design
🍓Structure
🍓Designing a Garment
🍓History of Fashion Design
🍓Types of Fashion
🍓Income
🍓Fashion education
🍓Areas

Part /1 🍓Fashion Design🍓

Fashion design ဆိုတာ Art (အနုပညာ) နဲ့
သပ်ဆိုင်မှု အပ်စက်မှု အများကြီးပါတဲ့ Design
တွေကို ဖန်တီးတဲ့အနုပညာရပ်တစ်ခုပါပဲ ....

Aesthetics အနုသုခုမဒဿန (ရသပညာ)
ဒါမှမဟုတ် Natural Beauty သဘာ၀တရားက
ပေးထားတဲ့ အရာတွေနဲ့ အ၀တ်အစား Design
တွေရယ် အ၀တ်အစားတွေနဲ့ အတူ တွဲဖက်၀တ်ဆင်ရမဲ့ (ဖိနပ်/အိတ်/ခါးပတ်/ ဦးထုတ်/လက်အိတ်/ ပဝါ/ ... )စတဲ့ Accessories တွေကို လိုက်ဖက်ညီအောင်တီထွင်
ဖန်းတီးခြင်း ပြုလုပ်တဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။

Fashion Design တစ်ခုက Culture နဲ့အတူ
Social လူ့အသိုင်းဝိုင်း အဆင့်အတန်းများစွာရဲ့
လွှမ်းမိုးမှုခံရပီးချိန်မှာ နေရာအလိုက်ကွဲပြား
ခြားနားမှုတွေရှိခဲ့ပါတယ်။

Fashion Designer များသည် အ၀တ်အစားများနှင့်အတူ လိုက်ဖက်သော လက်ကောက်/လည်ဆွဲ
များကဲ့သို့သော Design များကိုလည်း နည်းအမျိုးမျိုးနဲ့ လုပ်ကိုင်ကြပီး ဈေးကွက်နေရာများ ရရှိရန် ကြိုးစားခဲ့ကြပါတယ်။

ထိုနည်းအတူ Fashion Designer များက ကိုယ့်ရဲ့ အ၀တ်အထည်များကို ဈေးကွက်ထဲရောက်ဖို့ ရောင်းတန်း၀င်တဲ့ အရည်အသွေးရှိအောင် အပြိုင်ကြိုးစားကြပါတယ်။ Customer တွေအတွက်လည်း မရိုးရအောင် Design တွေကို Taste အမျိုးမျိုး ပေးနိုင်စေရန် ဆန်းသစ်သော Design မျိုးစုံကို အပြိုင်အဆိုင် ထုတ်လုပ်ကြပါတယ်။

ပြောင်းလဲလာတဲ့ ခောတ်အလိုက် ၀တ်ဆင်သူတွေအဆင်ပြေစေရန် ပို၍ သက်တောင့်သက်သာရှိရန်ဦးစားပေးပီး Design တွေကိုလည်း ဆန်းသစ်အောင်၀တ်ဆင်သူ ကျေနပ်ကြိုက်နှစ်သက်မဲ့ အရာမျိုးစုံနဲ့ ဆွဲဆောင်နိုင်ရန် Design တွေကို ကြိုးစားခဲ့ကြပါတယ်။

Fashion Designer တွေက လူမှု့အသိုင်းအဝိုင်းရဲ့ မည်သူသည် ဘယ်အ၀တ်အစား ၀တ်ဆင်ရမည်ဆိုသည့် အဆင့်အတန်းလိုက် ၀တ်ဆင်မှုများကို ကန့်သတ်နိုင်သည်အထိ ဩဇာလွှမ်

🍒 Sleeves ဆိုတာဘာလဲ ?🍒 အကျီလက် ကို sleeves လို့ခေါ်ပါတယ် 🍒 Sleeves အမျိုးစားပေါင်းများစွာရှိပါတယ် 🍒 အဲ့ထဲမှာမှ ....  ကျမ...
05/12/2020

🍒 Sleeves ဆိုတာဘာလဲ ?
🍒 အကျီလက် ကို sleeves လို့ခေါ်ပါတယ်
🍒 Sleeves အမျိုးစားပေါင်းများစွာရှိပါတယ်

🍒 အဲ့ထဲမှာမှ ....
ကျမက Puff sleeves အကြောင်း
ပြောပြပေးချင်ပါတယ် Puff sleeves ဆိုတာ
အကျီ လက်ဖောင်းကို ပြောတာပါရှင့် ...
သူ့မှာ အခြေခံ သုံးမျိုး ရှိပါတယ်
1 .အပေါ်ဖောင်းလက် တစ်မျိုး
2.အောက်ဖောင်းလက် တမျိုး
3.အပေါ်အောက်ဖောင်းလက် တမျိုး

‌အဲ့သုံးမျိုးသင်ယူတတ်ရင် puff sleeves
အမျိုးအစားတော်တ်ောများများကို အသားကျပီး
အတွေးအခေါ် မြင်တတ်ပီး ကိုယ်တိုင် Pattern
ဆွဲနိုင်ဖို့ ဒီဇိုင်းအသစ်တွေ တီထွင်နိုင်ဖို့ ပညာ
လုံလောက်ပါတယ် အခုတော့ ကျမက
Pattern သုံးမျိုး ဆွဲပုံ လွယ်ကူရိုးရှင်းအောင်
ဆွဲပြထားပါတယ် ....

နောက်ရက်တွေမှာတော့ Puff sleeve တွေ ဘယ်လို pattern ချရမလဲဆိုတာ Vedio
တင်ပေးပါ့မယ် 🥰🥰🥰

Address

114 38th Street
Yangon
YANGON

Telephone

+959777558349

Website

Alerts

Be the first to know and let us send you an email when TTA fashion school posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share