07/08/2023
ကို ... ကျွန်မထက် အသက်ငယ်တဲ့ သူ့ကို ကိုလို့ပဲ ခေါ်ဖြစ်တယ် ။ ဘာကြောင့်လဲမေးရင် အကြောင်းပြချက်တွေ အများကြီးပဲ အဓိကက ... လူကြီးလုပ်မှာလား ကလေးလုပ်မှာလားဆိုတဲ့ မေးခွန်းတွေမှာ အလိုလိုက်ခံချင်တဲ့ ကျွန်မက အငယ်ပဲ လုပ်မယ်ဆိုတဲ့ အဖြေလေးပေးတယ် ။ သူက ကိုယ့်ထက် အငယ်ငယ်တယ်ဆိုရုံလေးပါ ။ အများကြီး စကားများတယ် နေရာတကာလိုက်ပြီး စိတ်ပူပေးတတ်တယ် ။ တော်သေးတယ် ။ ကိုယ်က သူ့ထက် နှစ်နှစ်လောက် စောမွေးလာလို့ မဟုတ်ရင် ခေါင်းခေါက်ရင် ခေါက်နေဦးမှာ ။
ကို လို့ပဲ ခေါ်မယ်နော်ဆိုပြီးပြောပြဖြစ်တော့ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းလေးမေးတယ် ။ ကျွန်မ အထင် ကျွန်မက ကလေးဆန်သလို အလိုလိုက်ခံရတာကို သဘောကျနှစ်သက်တယ် ၀မ်းနည်းလွယ်တယ် ပြီးတော့ အားငယ်တတ်တယ် ။ သိပ်ပြီး သည်းမခံတတ်သလို သိပ်ပြီးတော့ စိတ်မရှည်တတ်ဘူးလေ ။ မဆိုပြီး ချွဲနေမယ့် ကောင်လေး ငယ်ငယ်လေးတွေထက် ကို လို့ခေါ်ပြီး အားကိုးရမယ့် ကိုယ့်ထက် အကြီးတွေကိုပဲ သဘောကျတတ်တာ ။ ဒါပေမယ့် ကျွန်မ ချစ်မိသွားတဲ့သူက ကိုယ့်ထက် ငယ်နေခဲ့တော့ အစပိုင်း မချစ်ဖို့တောင် တွေးခဲ့သေးတယ် ။
သူက ပုံမှန်ထက်ပိုပြီးရင့်ကျက်တယ် ပြီးတော့ ဂရုစိုက်တတ်တယ် စိတ်ပူပေးတတ်တယ် ။ နေရာတကာမှာ ကိုယ့်ကို အလေးထားပေးတတ်တော့ ... သူ့အနားမှာနေရတာဟာ နွေးထွေးတယ် ပြီးတော့ လုံခြုံတယ် ။ ဒါကြောင့်ပဲ ... အရင်က စကားတွေပြောကြရင် နာမည်လေးသုံးပေမယ့် နောက်ပိုင်းကျတော့ ကိုဆိုတဲ့ စကားလေးတစ်လုံးပဲ သုံးတယ် ။ သူ့ကို စပြီးနောက်ပြီး ပြောတဲ့ စကားအတိုင်းပြောရရင် သူက ကျွန်မထက် ပိုပြီးရုပ်ရင့်လို့ ကိုလို့ခေါ်တာဆိုပြီး စကားထဲ ထည့်ထည့်ပြောရင် တော်ပြီး လူကြီးပဲ လုပ်တော့ဆိုပြီး ကိုယ့်မကြိုက်တဲ့ မဆိုတဲ့ နာမည်ကို တ မမ နဲ့ ဆက်တိုက်ခေါ်တော့တာပဲ ။
ကျွန်မ လူကြီး မဖြစ်ချင်သေးဘူး ။ ပြီးတော့ ကျွန်မ အချစ်ခံချင်သေးတယ် ။ သူချစ်တာလေးကို သူဂရုစိုက်တာလေးကို နှစ်သက်သဘောကျတယ် ။ ကိုယ့်ထက် ငယ်တဲ့ သူ့ကိုမှ မချစ်မိအောင်တားနေတဲ့ကြားက သေချာပေါက် ချစ်မိသွားခဲ့ပေမယ့် ကို ဆိုတဲ့ နာမ်စားလေးပဲ သုံးတယ် ။ ကျွန်မ ကို့ကို ချစ်တယ်ဆိုတဲ့ စကားလေးပဲ သုံးတယ် ။ ပြီးတော့ ကို့ကိုလွမ်းတယ်ဆိုရုံလောက်ပဲ ချွဲတတ်တယ်လေ ။
😧😧😧😧