ေတာသူမ

ေတာသူမ ပဲလှော်

ရုပ်ရှင်မင်းသား မင်းရာဇာတို့ကို DKBA 910 တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးစောထူးအောင်ဦးစီးအဖွဲမှ ဖမ်းလိုက်ပါပြီး မကြာမှီသက...
09/04/2020

ရုပ်ရှင်မင်းသား မင်းရာဇာတို့ကို DKBA 910 တပ်ရင်းမှ
တပ်ရင်းမှူး ဗိုလ်မှူးစောထူးအောင်ဦးစီးအဖွဲမှ ဖမ်းလိုက်ပါပြီး မကြာမှီသက်ဆိုင်ရာသို့အပ်နှံသွားမည်ဟုသတင်းရရှိပါသည်။

ထပ်တိုးလူနာမှာ လူနာအမှတ် ၁ ရဲ့ မိခင်ဖြစ်ကဲ ၁၄ ရက် သမားတွေကို သတိထားသင့်ပါပြိလူနာအမှတ်-၂၃ မှာ တီးတိန်မြို့က လူနာအမှတ် ၁ ရ...
09/04/2020

ထပ်တိုးလူနာမှာ လူနာအမှတ် ၁ ရဲ့ မိခင်ဖြစ်

ကဲ ၁၄ ရက် သမားတွေကို သတိထားသင့်ပါပြိ

လူနာအမှတ်-၂၃ မှာ တီးတိန်မြို့က လူနာအမှတ် ၁ ရဲ့ မိခင်ဖြစ်ပြီးတော့ သားဖြစ်သူနဲ့အတူ မတ် ၁၅ ရက်ကတည်းက အမေရိကန် ပြည်ထောင်စုကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

သားဖြစ်သူ လူနာအမှတ် ၁ စတင်ဖျားနာချိန်ကတည်းက မိခင်ဖြစ်သူကိုလည်း အိမ်မှာပဲအတူတူစောင့်ကြည့်ခဲ့ပါတယ်။ ဒါပေမယ့် လူနာအမှတ် ၁ ကို COVID 19 လူနာအဖြစ် ဓာတ်ခွဲအတည်ပြုပြီးတဲ့နောက် မိခင်ဖြစ်သူကို သီးခြားအိမ်တစ်ခုမှာ ခွဲထားခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်က ဆိုပါတယ်။ ဒီကနေ့မှာတော့ ၁၄ ရက်ကြာ စောင့်ကြည့်မှု ပြီးမြောက်ခါနီးဖြစ်လို့ မိခင်ဖြစ်သူရဲ့ ဓာတ်ခွဲနမူနာကို ဓာတ်ခွဲစစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

အသက် ၅၈ နှစ်အရွယ် အဲဒီ လူနာ အမှတ် ၂၃ ဟာ သံသယ ရောဂါလက္ခဏာ တစ်စုံတစ်ရာမတွေ့ရပေမယ့် ရောဂါပိုးတွေ့ရှိကြေင်းအတည်ပြုတဲ့အတွက် တီးတိန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို ပို့ဆောင်ပြီး လိုအပ်တဲ့ကုသမှုတွေ လုပ်ပေးနေတယ်လို့ ဒီည ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒီကနေ့ စစ်ဆေးတဲ့လူနာ စုစုပေါင်း ၁၃၈ ဦးရှိပေမယ့် ပထမအသုတ် ဓာတ်ခွဲအဖြေ ၉၂ ဦးကို ပဲ စစ်ဆေးပြီးစီးသေးတာဖြစ်ပြီး အဲဒီ ၉၂ ဦးမှာ တစ်ဦးကိုပဲ ရောဂါပိုးရှိကြောင်းအတည်ပြုခဲ့တာဖြစ်ပါတယ်။ ကျန်လူနာတွေရဲ့ ဓာတ်ခွဲအဖြေရလဒ် ကို ဘယ်အချိန်ထုတ်ပြန်မယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။

ဒီကနေ့ ဧ​ပြီ ၉ ရက်အထိ COVID-19 အတည်ပြုလူနာ ၂၃ ဦးရှိပြီး ၃ ဦး ဆုံးပါးသွားခဲ့ပါတယ်။ တစ်ဦးကတော့ ဆေးရုံကဆင်းသွားပြီဖြစ်ပါတယ်။

ရုရှားသံအမတ်ကြိးရဲ့ နှစ်သစ်ကူး ဆုတောင်း
09/04/2020

ရုရှားသံအမတ်ကြိးရဲ့ နှစ်သစ်ကူး ဆုတောင်း

မနေ့ကတစ်ရက်ထဲ ကမ္ဘာ့နိုင်ငံကြီးများရဲ့ နောက်ဆုံးပိတ်ရလဒ် 😪😪😪😪အမေရိကန် တစ်ရက်ထဲကို သေဆုံးသူဦးရေ ၂၀၀၀နီးပါး ရောက်လာတာကို ...
08/04/2020

မနေ့ကတစ်ရက်ထဲ ကမ္ဘာ့နိုင်ငံကြီးများရဲ့ နောက်ဆုံးပိတ်ရလဒ် 😪😪😪😪

အမေရိကန် တစ်ရက်ထဲကို သေဆုံးသူဦးရေ ၂၀၀၀နီးပါး ရောက်လာတာကို ကြောက်မက်ဖွယ်ရာတွေ့ရမှာပါ။ သူနောက်မှာ ပြင်သစ်က ၁၀၀၀ကျော်ပါ။
ပေါက်ဖော်ကြီးကတော့ သေဆုံးသူမရှိပါဘူး။

Covid 19 ဗိုင်းရပ်စ်ကူးစက်ခံရ၍သေဆုံးသွားသည့် ပေါက်ခေါင်းမြို့နယ်ဒု အုပ်ချုပ်ရေးမှုးနာရီပိုင်းအတွင်းသဂြိုလ်ပဲခူး ဧပြီ ၈ ။...
08/04/2020

Covid 19 ဗိုင်းရပ်စ်ကူးစက်ခံရ၍သေဆုံးသွားသည့် ပေါက်ခေါင်းမြို့နယ်ဒု အုပ်ချုပ်ရေးမှုးနာရီပိုင်းအတွင်းသဂြိုလ်

ပဲခူး ဧပြီ ၈ ။

ယနေနံနက် ၃ နာရီ ၄၀ မိနစ်ခန့်က Covid 19 ဗိုင်းရပ်စ်ကူးစက်ခံရ၍ပြည် ပြည်သူ့ဆေးရုံ အထူးကြပ်မတ်ဆောင်တွင် ဆေးကုသရင်း သေဆုံးသွားသည့် ပေါက်ခေါင်းမြိ့နာ် ဒုမြို့နယ်အုပ်ချုပ်ရေးမှုး၏ရုပ်အလောင်းကို ယနေ့နံနက်
၈ နာရီခန့်က ပြည်မြို့ အေးငြိမ်းရာသုသာန်တွင်သဂြိုလ်ခဲ့သည်ဟုဒေသခံများမှပြောကြားသည်။

ရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်‌သည့် ဦးနော်ထွယ်အားဘာသာရေးထုံးတမ်းအစဉ်အလာအရ သင်းအုပ်ဆရာတော်တစ်ပါးနဲ့ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ညွှန်ကြားချက်များအတိုင်း စနစ်တကျသဂြိုလ်ခဲ့ခြင်းဖြစ်သည်။

၎င်း၏မိသားစုဝင်များဖြစ်ကြသည့် Case 18/19/20 အဖြစ်သတ်မှတ်ခံထားရသည့်Covid 19 ကူးစက်ခံရသူဟုဆိုသောကလေးငယ် ၃ ဦးမှာပြည် ပြည်သူဆေးရုံတွင် ကျန်းမာရေးတည်ငြိမ်လျက်ရှိသည် ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှယနေ့ည ၈ နာရီသတင်းထုတ်ပြန်သည်။

08/04/2020

လူနာအမှတ် ၁၇ ကွယ်လွန်

ဧပြီ-၈၊ ၂၀၂၀

ပေါက်ခေါင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှုးဖြစ်တဲ့ လူနာအမှတ် ၁၇ ဟာ ဒီကနေ့မနက်မှာ ဆုံးပါးသွားပြီလို့ ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်နီနီထွန်းက အတည်ပြုပြောကြားပါတယ်။

လူနာအမှတ် ၁၇ ကွယ်လွန်

ဧပြီ-၈၊ ၂၀၂၀

ပေါက်ခေါင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှုးဖြစ်တဲ့ လူနာအမှတ် ၁၇ ဟာ ဒီကနေ့မနက်မှာ ဆုံးပါးသွားပြီလို့ ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်နီနီထွန်းက အတည်ပြုပြောကြားပါတယ်။

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၇-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄...
07/04/2020

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၇-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိ သည့် COVID-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါရှာဖွေ ၍ ထိရောက်စွာကုသမှုပေးခြင်း၊ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့မှုရှိခဲ့သူများအား ရှာဖွေဖော် ထုတ်၍ အသွားအလာကန့်သတ်ခြင်း၊ လိုအပ်ပါကဆေးရုံတက်ရောက်ကုသမှုခံယူနိုင်စေရေး ဆောင်ရွက်ခြင်း၊ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာ ဒေသ အာဏာပိုင်အဖွဲ့များ၊ အခြားဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍သတင်းရယူခြင်း၊ အသွားအလာ ကန့်သတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုမှ သတင်းမှန်များရရှိနိုင်ရေး အတွက်နေ့စဉ် သတင်းထုတ်ပြန်ခြင်းလုပ်ငန်းများအား အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

၂။ (၆-၄-၂၀၂၀)ရက်နေ့၊ ညနေ(၆)နာရီမှ (၇-၄-၂၀၂၀)ရက်နေ့၊ ညနေ(၆)နာရီအထိ စောင့်ကြည့် လူနာအသစ် (၁၉) ဦး ရှိပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၇-၄-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံ တွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသောသူ (၃၂)ဦး၏ ဓာတ်ခွဲနမူနာ များအား စစ်ဆေးခဲ့ရာ (၃၂)ဦးလုံး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုးမရှိ ကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။

၄။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၁)ဦးအနက် ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် လူနာ(၁)ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ(၁၂)ဦးနှင့် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင်လူနာ(၁)ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁)ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြည်သူ့ဆေးရုံကြီး၊ လားရှိုး မြို့သို့ ပြောင်းရွှေ့လူနာ (၁)ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ ဆေးရုံ၊ ပေါက်ခေါင်းမြို့မှ ပြည်သူ့ ဆေးရုံကြီး၊ ပြည်မြို့သို့ ပြောင်းရွှေ့လူနာ (၃)ဦး၊ စုစုပေါင်း (၁၉)ဦးတို့၏ ကျန်းမာရေးအခြေ အနေမှာ တည်ငြိမ်လျက်ရှိပါသည်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၁) ဦးနှင့် ပြည်မြို့ ပြည်သူ့ဆေးရုံကြီးမှ လူနာ(၁)ဦးတို့အား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ ဆေးကုသမှုပေး လျက်ရှိပါသည်။

၅။ ယခုအခါ (၂၃-၃-၂၀၂၀)ရက်နေ့မှ (၇-၄-၂၀၂၀)ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၂)ဦး တွေ့ရှိလာရပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူများ အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ခြင်းဖြင့် မိမိသာမက မိမိ၏ မိသားစုနှင့်ပတ်ဝန်းကျင်မှ လူများအတွက်ပါ ရောဂါကူးစက်မှုမရှိစေရေး ပူးပေါင်းဆောင်ရွက်ပေးနိုင်ကြပါရန် နှိုးဆော်အပ်ပါသည်။

ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းမှု (Case -22)(၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၇) ရက်နေ့▄▄▄▄▄▄▄▄▄...
07/04/2020

ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းမှု (Case -22)
(၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၇) ရက်နေ့
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
https://www.mohs.gov.mm/Main/content/page/covid-19-contact

COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၂၂)
• COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (Case-022)၊ အသက် (၅၁) နှစ်အရွယ် အမျိုးသမီး သည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်ပြီး သမီး (လူနာ-၂၁) နှင့် သားဖြစ်သူ တို့နှင့်အတူ (၇-၃-၂၀၂၀)ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက် မြို့သို့ အလည် သွားရောက်ခဲ့ပြီး (၂၄-၃-၂၀၂၀) ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံသို့ လေယာဥ်ဖြင့်ပြန်လာရာ (၂၆-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက် ရှိခဲ့ပါသည်။
• ၄င်းနေ့မှစတင်၍ အဆိုပါလူနာ၊၄င်း၏သမီးနှင့်သားတို့အား ဗိုလ်တထောင်မြို့နယ်ရှိ ဟိုတယ် တစ်ခုတွင် အသွားအလာကန့်သတ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခဲ့ပါသည်။
• (၄-၄-၂၀၂၀) ရက်နေ့တွင် ၄င်း၏သမီးဖြစ်သူ လူနာ (၂၁)၏ ဓာတ်ခွဲအဖြေ၌ COVID-19 ရောဂါပိုးတွေ့ရှိခဲ့သဖြင့် အမေရိကန်ပြည်ထောင်စုသို့ ခရီးအတူသွားရောက်ခဲ့သည့် လူနာ (၂၂) နှင့် ၄င်း၏သားတို့အား (၅-၄-၂၀၂၀)ရက်နေ့မှ စတင်၍ ဝေဘာဂီအထူးကုဆေးရုံကြီး တွင် အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုထားရှိခဲ့ပါသည်။ ၄င်းတို့ထံမှ ဓာတ်ခွဲ နမူနာ ရယူစစ်ဆေးခဲ့ရာ လူနာအမှတ် (၂၂) ၏ ဓာတ်ခွဲအဖြေ၌ COVID-19 ရောဂါပိုး တွေ့ရှိ ခဲ့ပါသည်။ ၄င်း၏သား တွင် COVID-19 ရောဂါပိုးမတွေ့ရှိပါ။
• လူနာ၏ လက်ရှိအခြေအနေမှာ တည်ငြိမ်ကောင်းမွန် လျက်ရှိပါသည်။
လူနာ (၂၂) ၏ ခရီးသွားရာဇဝင်
• အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှ (၂၄-၃-၂၀၂၀)ရက်နေ့တွင် KE-082 (ခုံမှတ်-62) ဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ရာ (၂၅-၃-၂၀၂၀) ရက်နေ့၊ ညနေ (၄:၀၀)နာရီ အချိန်တွင် ရောက်ရှိခဲ့ပါသည်။
• (၂၅-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအချိန်တွင် KE-659 (ခုံမှတ်-40) ဖြင့် ကိုရီးယားသမ္မတ နိုင်ငံ၊ ဆိုးလ်မြို့ မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာခဲ့ပါသည်။
• (၂၆-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ MAI 8M-336 (ခုံမှတ်-18) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပါသည်။
• လေဆိပ်မှ ဗိုလ်တစ်ထောင်မြို့နယ်ရှိ သတ်မှတ်ထားဟိုတယ်တွင် အသွားအလာကန့်သတ် ထားရှိရန် ဘတ်စ်ကားဖြင့် ပို့ဆောင်ခဲ့ရာ ကားပေါ်တွင် ကျန်ခရီးသည် (၁၈) ဦးခန့် နှင့်အတူ စီး နင်းခဲ့ပါသည်။ ၄င်းတို့အား ဆက်လက်စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၆-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄...
06/04/2020

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၆-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါရှာဖွေ၍ ထိရောက်စွာကုသမှုပေးခြင်း၊ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့မှုရှိခဲ့သူများအား ရှာဖွေဖော်ထုတ်၍ အသွားအလာကန့်သတ်ခြင်း၊ လိုအပ်ပါကဆေးရုံတက်ရောက်ကုသမှုခံယူနိုင်စေရေးဆောင်ရွက်ခြင်း၊ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့များ၊ အခြားဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍သတင်းရယူခြင်း၊ အသွားအလာ ကန့်သတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုမှ သတင်းမှန်များရရှိနိုင်ရေး အတွက်နေ့စဉ် သတင်းထုတ်ပြန်ခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

၂။ (၅-၄-၂၀၂၀)ရက်နေ့၊ ညနေ(၆)နာရီမှ (၆-၄-၂၀၂၀)ရက်နေ့၊ ညနေ(၆)နာရီအထိ စောင့်ကြည့်လူနာအသစ် (၃၁) ဦး ရှိပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၆-၄-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွား အလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသောသူ (၄၆) ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသောသူ (၁) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုးတွေ့ရှိ (တွေ့ရှိ) ရပြီး ကျန် (၄၅) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုးမရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာ (Case-022) သည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် တွင် နေထိုင်သည့် အသက် (၅၁)နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးဖြစ်ပြီး ဓာတ်ခွဲ အတည်ပြုလူနာ (Case-021)နှင့် အတူ (၂၄-၃-၂၀၂၀) ရက်နေ့တွင် အမေရိကန်နိုင်ငံမှ ကိုရီးယားသမ္မတနိုင်ငံသို့ လေကြောင်းလိုင်းဖြင့်ထွက်ခွာခဲ့ကာ ကိုရီးယား သမ္မတနိုင်ငံ မှတစ်ဆင့် ထိုင်းနိုင်ငံသို့ (၂၅-၃-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် ရောက်ရှိခဲ့ပါသည်။ ထိုင်းနိုင်ငံမှ တစ်ဆင့် (၂၆-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ပြီး ဗိုလ် တစ်ထောင်မြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် အသွားအလာကန့်သတ်ခြင်း ဆောင်ရွက်ထားရှိစဉ် ဓာတ်ခွဲအတည်ပြုလူနာ (Case-021)နှင့် အတူ တစ်ခန်းထဲတွင် နေထိုင်ခဲ့သူဖြစ်ပါသည်။ အဆိုပါ အမျိုးသမီးအား ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်း၍ ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ လူနာ၏ လတ်တလောကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။

၅။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၁)ဦးအနက် ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ ဆေးရုံတွင် လူနာ(၁)ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ(၁၂)ဦးနှင့် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင်လူနာ(၁)ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင်လူနာ(၁)ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့တွင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွှေ့လူနာ (၁)ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့တွင် ပြည်သူ့ဆေးရုံ၊ ပေါက်ခေါင်းမြို့မှ ပြောင်းရွှေ့လူနာ(၃)ဦး၊ စုစုပေါင်း (၁၉)ဦးတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပါ သည်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၁) ဦးနှင့် ပြည်မြို့ပြည်သူ့ဆေးရုံကြီးမှ လူနာ(၁)ဦးတို့ အား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ ဆေးကုသမှု ပေးလျက်ရှိပါသည်။

၆။ ယခုအခါ (၂၃-၃-၂၀၂၀)ရက်နေ့မှ (၆-၄-၂၀၂၀)ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၂)ဦး တွေ့ရှိလာရပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး ပညာပေးအချက်အလက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ခြင်းဖြင့် မိမိသာမက မိမိ၏ မိသားစုနှင့်ပတ်ဝန်းကျင်မှ လူများအတွက်ပါ ရောဂါကူးစက်မှုမရှိစေရေး ပူးပေါင်းဆောင်ရွက် ပေးနိုင်ကြပါရန် နှိုးဆော်အပ်ပါသည်။

နောက်(၂)ပတ်၊ (၃)ပတ်အတွင်းမှာ ရောဂါ ပျံ့ပွားနှုန်းဘယ်လောက် မြန်နိုင်မယ်ဆိုတာ ပေါ်လွင်လာမှာဖြစ်ပြီး ဒီ အချိန်မှာ ပြည်သူတွေ...
05/04/2020

နောက်(၂)ပတ်၊ (၃)ပတ်အတွင်းမှာ ရောဂါ ပျံ့ပွားနှုန်းဘယ်လောက် မြန်နိုင်မယ်ဆိုတာ ပေါ်လွင်လာမှာဖြစ်ပြီး ဒီ အချိန်မှာ ပြည်သူတွေအားလုံး အထူးသတိဝိရိယနဲ့ရောဂါမပျံ့ပွါးရေးအတွက် စည်းကမ်း ညွှန်ကြားချက်တွေ လိုက်နာဖို့အရေးကြီးတယ်လို့ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ဖေဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်

05/04/2020

မင်္ဂလာပါဗျ

ထုံးဟာ ကိုရိုနာဗိုင်းရပ်ကိုသေစေနိုင်တယ်ဆိုတဲ့သတင်းနဲ့အတူ
ကျေးရွာတွေရဲ့လမ်းမတွေပေါ်မှာ
အိမ်ရှေ့တွေ၊စျေးဆိုင်တွေရှေ့မှာ
ပက်ကြဲလျက်ရှိနေကြပါတယ်
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး
ထုံးက တကယ်ပင်ဗိုင်းရပ်သေစေနိုင်ပါသလား
လူတွေကိုရော
ကျန်းမာရေးထိခိုက်စေနိုင်ပါသလား

မန္တလေးက လူနာနံပါတ်(၄)ကိုစစ်ဆေးရာ နှစ်ကြိမ်ဆက်တိုက် Negative ပြနေတာကြောင့် အဲဒီလူနာဟာ မြန်မာနိုင်ငံအတွင်း COVID-19 ပထမဆု...
05/04/2020

မန္တလေးက လူနာနံပါတ်(၄)ကိုစစ်ဆေးရာ နှစ်ကြိမ်ဆက်တိုက် Negative ပြနေတာကြောင့် အဲဒီလူနာဟာ မြန်မာနိုင်ငံအတွင်း COVID-19 ပထမဆုံးပြန်လည်ပျောက်ကင်းတဲ့လူနာဖြစ်နိုင်ဖွယ်ရှိလာပြီလို့သိရပါတယ်။

Address

Zigon

Telephone

+959775599091

Website

Alerts

Be the first to know and let us send you an email when တောသူမ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to တောသူမ:

Share

Category