Dollar ဒေါ်လာ - မလေးရှား မြန်မာ အထွေထွေဝန်ဆောင်မှုလုပ်ငန်း

  • Home
  • Malaysia
  • Ampang
  • Dollar ဒေါ်လာ - မလေးရှား မြန်မာ အထွေထွေဝန်ဆောင်မှုလုပ်ငန်း

Dollar ဒေါ်လာ - မလေးရှား မြန်မာ အထွေထွေဝန်ဆောင်မှုလုပ်ငန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dollar ဒေါ်လာ - မလေးရှား မြန်မာ အထွေထွေဝန်ဆောင်မှုလုပ်ငန်း, Business Supply Service, Kuala Lumpur Middle Ring Road 2, Taman Ampang Utama, Ampang.

ကွာလာလမ်ပူ ရဲ့ ညအလှ ကို New York ညအလှနဲ့ တင်စားကြတယ်...အမြဲစည်ကားလှတဲ့  KLCC twin tower အနားတစ်ဝိုက်မှာ Sky lounge တွေရှ...
06/07/2022

ကွာလာလမ်ပူ ရဲ့ ညအလှ ကို New York ညအလှနဲ့ တင်စားကြတယ်...အမြဲစည်ကားလှတဲ့ KLCC twin tower အနားတစ်ဝိုက်မှာ Sky lounge တွေရှိတယ်..

အထပ် 50 ကျော်အမြင့် Sky bar မှာ ထိုင်ရင်း မြို့ရဲ့
မီးရောင်စုံ အလှနဲ့အတူ ခမ်းနားဝင့်ကြွားနေတဲ့ ဒီဇိုင်းစုံ အဆောက်အဦး အလှတွေ၊ လှမ်းမြင်နေရတဲ့ တောင်ကုန်းတောင်တန်းတွေ၊ လူသိများတဲ့ Genting higland တောင်ထိပ်ပေါ်က ဟိုတယ်တွေ ၊ ကစားကွင်းတွေရဲ့ မီးရောင်အလှတွေ၊ နေဝင်အလှ၊ ကြယ်တွေရဲ့ အလှ၊ လပြည့်ည တွေဆို လကြီးက ကိုယ်နဲ့ အနီး လေးမှာလားလို့တောင်ထင်ရတဲ့ခံစားမူ့တွေ၊ ငြိမ့်ညောင်းတဲ့သံဇဥ်လေးတွေ ကိုနားဆင်းရင် ကိုယ့်ရှေ့ မှာ မျက်စီတစ်ဆုံးမြင်နေရတဲ့ မြင်ကွင်း ကို ဝိုင်ခွက်လေးကိုင်ရင်း ထိုင်ငေးကြည့်မလား၊ ကိုယ်ချစ်ရတဲ့ ဒါလင်နဲ့အတူ ထိုင်ရင်း စကားတွေပြောမလား😁 ချစ်ရတဲ့ မိတ်ဆွေသူငယ်ချင်း တွေနဲ့ စကားတွေပြောရင်း နှလုံးသားတွေနီးစပ်ကြမလား... စိတ်တွေပေါ့ပါးပြီး Stress out ဖြစ်တဲ့ ညရူ့ခင်းအလှ..

Sky bar ဆိုပေမယ့် အသက် 21 ပြည့်မှလက်ခံတယ်၊ ကြိုတင် ဘွတ်ကင်လုပ်ရတယ်.. sky bar မှာ ဆူညံတဲ့ music မဖွင့်ထားပေးဘူး.... လာတဲ့ဧည့်သည်တွေ အေးဆေး စိတ်အပန်းဖြေဘို့ လုပ်ပေးထားတယ်၊။ Sky bar ရဲ့ အတွင်း ခန်းမှာတော့ Live band ရှိတယ်... လာတဲ့ဧည့်သည်တွေက တော့ အေးဆေးနဲ့ စကားပြောကြသောက်ရင်းနဲ့ relax လုပ်တာများတယ်....

ladies night out သွားခဲ့ကြတဲ့ EQ, Equatorial hotel ရဲ့ Sky bar မှာ ရိုက်ခဲ့သမျှ KL မြို့ရဲ့ညအလှရူ့ခင်းတွေ...

မလေးရှားကို Holiday လာမယ်ဆို ဒေါ်လာနဲ့လှမ်းချိတ်လိုက်နော်.. စျေးနှုန်းလည်းသင့် အဆင့်လည်းမြင့်၊ သွာရေးလည်ရေးလွယ်ကူတဲ့ဟိုတယ်တွေ၊ အချိန်တိုအတွင်းအစီစဥ်တကျ လည်ဘို့နေရာတွေကိုသေချာစီစဥ်ကူညီပေးမယ်နော်

06/07/2022

Today ငွေကောက်စျေး
၄၇၅

မြန်မာ မှ မလေး သို့ လွှဲငွေစျေး ၄၈၂

21/06/2022

မြန်မာကျောင်းသားတော်တော်များများလည်း
တက်ရောက်နေတဲ့ မလေးရှား Sunway Colleage / University ကို မြန်မာပြည် မှ ကျောင်းသား/သူများ တက်ရောက်လျှင် လိုအပ်မည့် အချက်များ............

ပထမအဆင့်......👇

1. IGCSE' O' level အောင်လက်မှတ်ရှိထားရပါမည်..

2. အစိုးရအခြေခံအထက်တန်းအောင်သူများအတွက် အောင်လက်မှတ်၊အမှတ်စာရင်း နိုထရီပြန်ထားရပါမည်။

3. လက်ရှိ ပြည်တွင်း ရှိ university တွေမှာ တက်ရောက်နေသူများ အဖို့ အခြေခံပညာအထက်တန်းအမှတ်စာရင်း နှင့်တကွ လက်ရှိတက်ရောက်နေတဲ့ ပညာရေးအထောက်အထားအရည်ချင်းကိုပြရပါမည်။

*အထက်ပါအချက်သုံးချက်လုံးအတွက် အဓိက အဂ်လိပ်စာကို ကျွမ်းကျင်စွာ အရေး၊အဖတ်၊အပြောနိုင်ရပါမည်။ *

ဒုတိယအဆင့်.....👇

မိမိတို့အောင်လက်မှတ်ကို အရင်ဆုံး ကျောင်း အီးမေးလ် သို့မဟုတ် ကျမတို့ဆီ အီးမေးလ် ပို့ရပါမည်။

ကျောင်းမှအရင်ဆုံး အထက်ပါအချက်များကို ပြန်လည်စီစေ့ပြီး ကျောင်းသားတက်ချင်တဲ့ဘာသာရပ်အတွက် အရည်အချင်းမှီမမှီအရင်စစ်ပါမည်။ အဂ်လိပ်စာအတွက်လိုအပ်လျှင် Test လုပ်ပါမည်။

တတိယဆင့်........👇

ကျောင်းမှလက်ခံပြီဆိုလျှင်
အနည်းဆုံး သုံးဘာသာ Credit ရှိသူများ Diploma certificate ကို ဘာသာရပ်ပေါ်မူတည်ပြီး အနည်းဆုံး တစ်နှစ်ခွဲမှ မှ သုံးနှစ်ထိ
တက်ရောက်ရပါမည်။

- ငါးဘာသာ credit ရှိသူများ Pre University Foundation course ကို ​မိမိတို့နှစ်သက်ရာအောက်ပါ Programme တွေထဲမှ ရွေးချယ်ရာ တစ်ခုအတွက် အကြိုတစ်နှစ်တက်ရောက်ရပါမည်။

Austrailain Matriculation, programme (AUSMAT)

Cammbridge GCE, Advanced-Level (A-Level)

Candian international
Matriculation Programme(CIMP)

Monash University
Foundation year (MUFY)

Sunway Foundation Programme
-Foundation in arts(FIA)
-Foundation in Science and Technology (FIST)

Sunway University/College သည် World wide ဖြစ်ပြီး နိုင်ငံ ပေါင်း 80ကျော်မှ လာရောက်ပညာသင်ယူနေသော တက္ကသိုလ် မြို့တော်ကြီးဖြစ်သည်။ မိမိတို့သင်ကြားချင်သော course များကို မိမိအရည်အချင်းပေါ်မူတည်ပြီး
စိတ်ကြိုက်ရွေးချယ်သင်ကြားခွင့်ရှိပါသည်။

မှတ်ချက်👇

မိမိယူသည့်ဘာသာရပ်ပေါ်မူတည်ပြီး ပညာရေးစရိတ် အနည်းအများ ကွာပါသည်။ ဒုတိယပိုင်းတွင် ပညာရေးစရိတ်တစ်နှစ်စာ ကျောင်းသားတစ်ဦး၏လစဥ် အဆောင် စားစရိတ်နှင့်အသုံးစရိတ်များကို ရေးပေးသွားပါမည်။

15/06/2022

15.6.2022 (Wednesday )
Dollar ဒေါ်လာ ရဲ့
ယနေ့ ငွေဈေး
462

မလေးရှားမှာကျောင်းလာတက်ရန်......Q- ဘာတွေပြင်စင်ထားရမလဲ?A- Eng စာ အပြော/ အရေး/ဖတ်. IELTS or IGCSE Certificate ရှိသူများကျ...
11/06/2022

မလေးရှားမှာကျောင်းလာတက်ရန်......

Q- ဘာတွေပြင်စင်ထားရမလဲ?
A- Eng စာ အပြော/ အရေး/ဖတ်. IELTS or IGCSE Certificate ရှိသူများကျောင်းဝင်ခွင့်အတွက်ပိုလွယ်ကူပါသည်။

Q- ဘယ် College /University ကစျေး ပိုသက်သာလဲ?

Q- ကျောင်းစရိတ်? မိမိသင်ယူလိုတဲ့ Course တွေရဲ့ ကုန်ကျစရိတ်?
အထွေထွေကုန်ကျစရိတ် ကျောင်းသားတစ်ဦးကို တစ်နှစ်စာ
ဘယ်လောက်ကုန်ကျနိုင်မလဲ?

Q- ကျောင်းတက်ရင်းအချိနိပိုင်း အလုပ်လုပ်လို့ရပါသလား? လုပ်ရင် ဘယ် လိုအလုပ်တွေရနိုင်လဲ? တစ်နာရီဘယ်လောက်ရမလဲ?

Q- Student Visa?

Q- လုံခြုံမူ့ရှိ/မရှိ?

Q- စင်ကာပူနဲ့ မလေးရှားကျောင်းတက်ရင် ဘာတွေကွာလဲ?
A- အို သိပ်ကွာတာပေါ့ ငွေလေ... College and university မှာ သင်ယူရမဲ့ course ပညာရေးကအတူတူဘဲ... နေစားရိတ်၊ စားစရိတ် အထွေထွေ စားရိတ်တွေကတော့ မလေးရှားက စင်ကာပူထက် သုံးဆ သက်သာပါတယ်...
Q- ဘာကြောင့် သက်သာ?
A- မလေးရှားက စင်ကာပူထက်အဆပေါင်း 459 ဆ ပိုကြီးတဲ့ ဧရိယာကို ပိုင်ဆိုင်ထားလို့ပါ...

ရွေးချယ်စရာ college and university တွေက အများကြီးပါ... သြဇီ, ကနေဒါ, ယူကေ... တို့ရဲ့ ပြဋာန်းထားတဲ့ Course တွေက မလေးရှားမှာ ပြီးဆုံးသည့်တိုင်တက်ရောက်ခွင့်ရှိသလို နှစ်နှစ်တက်ပြီး နောက်ဆုံးနှစ် အဲ့နိုင်ငံတွေမှာပြောင်းတက်ပြီးဘွဲ့ယူ ချင်လည်းရ.. အဲ့တော့ ဒီမှာ
နှစ်နှစ်စာ တက်လိုက်တော့ စရိတ်ပို သက်သာသွားပါတယ်..

မလေးရှားမှာကျောင်းလာတက်ဘို့ စုံစမ်းမေးမြန်းထားသူများကို နောက်အပတ်မှာ ကျမတို့ရဲ့ ဒေါ်လာ မလေးရှား-မြန်မာ ဝန်ဆောင်မူ့ page ကနေ အသေးစိတ်ဖော်ပြပေးသွားပါမည်။

မလေးရှားနိုင်ငံသည် မလေးကျွန်းဆွယ်နှင့် ဘော်နီယိုကျွန်းစု၏ အစိတ်အပိုင်းများပါဝင်ပါသည်။မလေးရှားနိုင်ငံ၏ ရာသီဥတုမှာ တစ်နှစ်...
13/05/2022

မလေးရှားနိုင်ငံသည် မလေးကျွန်းဆွယ်နှင့် ဘော်နီယိုကျွန်းစု၏ အစိတ်အပိုင်းများပါဝင်ပါသည်။
မလေးရှားနိုင်ငံ၏ ရာသီဥတုမှာ တစ်နှစ်ပတ်လုံး ပူပြင်းစွတ်စိုပြီး အပူပိုင်းဒေသ မိုးရေများဖြင့် ရောယှက်နေလို့ အမြဲစိမ်းလန်းတောကြီးကို နေရာအနှံမှာတွေ့နိုင်သည်။

အရှေ့တောင်အာရှနိုင်ငံ 12 နိုင်ငံထဲမှာ အလည်အပတ်လုပ်မယ်၊ ကျောင်းတက်မယ်၊
အခြေချနေထိုင်မယ်ဆို ရင် လုံခြုံစိတ်ချရပြီးဘေးကင်း တဲ့ နိုင်ငံထဲမှာ မလေးရှားက တတိယမြောက် နိုင်ငံဖြစ်သည်။

မလေးရှားသည် မလေး၊ တရုတ်၊ အိန္ဒိယနှင့်
ဥရောပယဉ်ကျေးမူ့ ပေါင်းစုံသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ လာရောက်လည်ပတ်သူများ ရဲ့အကြိုက်တွေ့ဆုံးထဲကတစ်ခုကတော့ လူမျိုးပေါင်းစုံ၏ ရိုးယာအစားအသောက်များဖြစ်သည်။

လည်ပတ်စရာပေါတဲ့မလေးရှား
နိုင်ငံမှာ လွမ်းမောဖွယ် ရာဇဝင် အပြည့်နဲ့ လန်ကာဝီကျွန်းဟာ နိုင်ငံတကာ ခရီးသည်တွေ အနားဖြေရာကျွန်းကြီးဖြစ်တယ်။

Kinabalu တောင်သည် ဘော်နီယိုနှင့် မလေးရှားရှိ အမြင့်ဆုံးတောင်ဖြစ်သည်။ အမြင့် 13,435 ပေရှိက ပြီး မြေမျက်နှာသွင်ပြင်အရ ကမ္ဘာပေါ်တွင် နံပါတ် 20 အထင်ရှားဆုံးတောင်ဖြစ်သည်။ အဆိုပါ Kinabalau ကင်နာဘာလူး
တောင်သည် မလေးရှားနိုင်ငံ ဘော်နီယိုကျွန်း
ရှိ Sabah ​မြို့၏ အနောက်ကမ်းရိုးတန်းဒေသ Ranau တွင် တည်ရှိ ပြီး ကမ္ဘာမြေပေါ်ရှိ ကျွန်းတစ်ကျွန်း၏တတိယအမြင့်ဆုံးတောင်ထွတ်ဖြစ်သည်။
Rafflesia arnoldii ခေါ်တဲ့
ကမ္ဘာပေါ်တွင် အကြီးဆုံးသော ပန်းပွင့်ကြီးကို ထိုတောင်တွေရာသီချိန်ပွင့်လျှင်မြင်တွေ့နိုင်သည်။ ထို့ကြောင့်တောင်တက်ဝါသနာပါသူ​တွေ၊ခရီးသွားတွေရဲ့ စွဲဆောင်မူ့နေရာတစ်ခုဖြစ်သည်။

လမ်းတံတားတွေဖောက်လုပ်တာ နံမည်ကြီးတဲ့ မလေးရှားနိုင်ငံ မှာ မြောက်-တောင် (NSE)လို့ခေါ်တဲ့ အရှည်ဆုံးအမြန်လမ်းဟာ KL မြို့လယ်ကနေဖောက်ထားပြီး မြောက်ဘက် ထိုင်းနယ်စပ်အနီး Kedah ရှိ Bukit KayuHitam မှ တောင်ဘက်
စင်ကာပူနယ်စပ် Johor Bahru အထိ ဖောက်လုပ်ထားပါသည်။ လှပတဲ့အမြန်လမ်းမကြီးမှာ ဒေသ ဗဟုသုတ ရှာဖွေလည်ပတ်သူတွေရဲ့ စွဲဆောင်မူ့အပြည့်ရှိတဲ့အမြန်လမ်းမကြီးဖြစ်ပါသည်။

လူသိများတဲ့ မြို့တော် ကွာလာလမ်ပူသည် Kalang valley လို့ခေါ်တဲ့ ချိုင့်ဝှမ်း တောင်တန်းတွေ ဝန်းရံချိတ်ဆက်ထားတာတောင်ဘက် ဂျိူဟော်ပြည်နယ်မှ နေ မြောက်ဘက် ထိုင်းနယ်စပ်အထိရှိသည်။ တော်တန်းတွေဝိုင်းဝန်းထားတဲ့ စိမ်းလန်းတောကြီး တွေရဲ့အလယ်မှာ
ကိုလိုနီခေတ် အဆောက်အအုံများ၊ ခေတ်မှီတဲ့ မြို့ပြကိုလည်းရူ့မြင်ခံစားနိုင်တယ်။

Bukit Bintang ကဲ့သို့ စည်ကားသော shopping mall များ၊ အထင်ကရ ၄၅၁ မီတာ မြင့်သော Petronas Twin Towers ၊ KL မြို့ကနေ မိနစ်30 အဝေးမှာရှိတဲ့ တောင်တန်းကြီးပေါ်မှာတည်ရှိတဲ့
Resorts World Genting သည် မလေးရှားနိုင်ငံ၏ Theme Park မိသားစုအပန်းဖြေရာနေရာတွေဟာ ခရီးသွားဧည့်သည်တွေနဲ့ အမြဲစည်းကားနေတဲ့ နေရာတွေဖြစ်ပါသည်။

(အခြား စိတ်ဝင်စားစရာ
လည်ပတ်စရာတွေကို နောက်ရက်တွေမှာဆက်လက်တင်ပြသွားပါမည်)
- ကျောင်းတက်ချင်သူ၊ အလည်လာချင်သူများ ကျမတို့ရဲ့ ဒေါ်လာ ဝန်ဆောင်မူ့လုပ်ငန်းကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

12/05/2022

12.5.2022 (ကြာသာပတေး)
Dollar ဒေါ်လာ ရဲ့
ယနေ့ ငွေဈေး
၄၅၇

11/05/2022

Dollar ဒေါ်လာ- မလေးရှား မြန်မာ အထွေထွေဝန်ဆောင်မူ့လုပ်ငန်း နဲ့မိိတ်ဆက်ပေးချင်ပါတယ်ရှင့်...

ယုံကြည်မူ့ကို အဓိကထားပြီး တည်ထောင်ထားတဲ့ လုပ်ငန်းဖြစ်ပါတယ်..

နှစ်ဦးနှစ်ဖက် မျှတစွာကျေနပ်မူ့ရစေမယ့်
ဝန်ဆောင်မူ့ကို အဓိကလုပ်ကိုင်ပေးပါတယ်..

ဒီလုပ်ငန်းတည်ထောင်သူများဟာ မလေးရှားနိုင်ငံမှာ ဒုတိယအိမ်သဖွယ်နေထိုင်ကြသည်မှာ နှစ်ပေါင်းကြာပါပြီ...

ဘယ်လို ဝန်ဆောင်မူ့တွေပေးလဲ??

မလေးရှားမှ မြန်မာပြည် အနှံ့အပြားက မြို့တွေကိုငွေလွဲမလား ↔ မြန်မာမှ မလေးရှားကို ပြန်လွဲမလား..

အခြားသောနိုင်ငံတွေမှ မြန်မာနိုင်ငံကို တိုက်ရိုက်လွဲရခက်လို့ မလေးရှား မှတစ်ဆင့်လွဲမလား ဒေါ်လာ ဝန်ဆောင်မှု လုပ်ငန်းနဲ့ သာ ဆက်သွယ်လိုက်ပါ...

လေယာဉ်လက်မှတ် ဝယ်ဖို့ အခက်အခဲရှိသူများအတွက် လေယာဉ်လက်မှတ်ဝယ်ပေးခြင်း
KL-Ygn-KL

မလေးရှားနိုင်ငံသို့ လာရောက် လည်ပတ်ချင်သူများကိုလည်း invitation letter များ ပို့ပေးခြင်း
တည်းခိုစရာ ဟိုတယ် booking ကအစ လည်ပတ်ချင်တဲ့ နေရာများသို့ စိတ်ချရတဲ့ ကားသမားများနဲ့ လိုက်လံ ပို့ဆောင် ပေးသော ဝန်ဆောင်မှုများ

မိမိတို့ရဲ့ သားသမီးတွေ အတွက် ကျောင်းအပ်နှံခြင်း ကျောင်းထားချင်သူများကိုလည်း ကျောင်းများ စုံစမ်းပေးခြင်း စတဲ့ ကျောင်းကိစ္စအထွေထွေများအတွက်လည်း ဆောင်ရွက်ပေးခြင်း

စတဲ့ ကိစ္စရပ်များအားလုံး ​ဒေါ်လာ မှာ ဝန်ဆောင်မှု ပေးနေပါပြီနော်

ဆက်သွယ်မေးမြန်းနိုင်သော ph no များ
👉 +60164422825 ( 🇲🇾 Malaysia )
👉 +60172716153 ( 🇲🇾 Malaysia )
👉 +959791198773 ( 🇲🇲 Myanmar )

Address

Kuala Lumpur Middle Ring Road 2, Taman Ampang Utama
Ampang
68000

Website

Alerts

Be the first to know and let us send you an email when Dollar ဒေါ်လာ - မလေးရှား မြန်မာ အထွေထွေဝန်ဆောင်မှုလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share