GS Marketing

GS  Marketing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GS Marketing, Business service, 49, Jalan Eco Botani 3/4, Johor Bahru.

📄 Content ↗ 📈 Strategy ↗ 🚀 Growth " Helping Education Businesses Grow Online".

📩 Inquiry ရှိပေမယ့် Enrollment မဖြစ်တာ ဘာကြောင့်လဲ?Education Business Owner တော်တော်များများက..."Page မှာ Inquiry တွေတော...
15/07/2026

📩 Inquiry ရှိပေမယ့် Enrollment မဖြစ်တာ ဘာကြောင့်လဲ?

Education Business Owner တော်တော်များများက...

"Page မှာ Inquiry တွေတော့ ဝင်တယ်..."
"ဒါပေမယ့် Register လုပ်တဲ့ Student က နည်းနေတယ်..."
ဆိုတဲ့ အခက်အခဲကို ကြုံနေကြပါတယ်။

ဒီအခြေအနေက...
Education Business Owner တော်တော်များများ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတစ်ခုပါ။

တကယ်တော့...
ဒီပြဿနာက Ads Budget နည်းလို့ မဟုတ်နိုင်ပါဘူး။

တစ်ခါတလေ...
Parent တွေ ဆုံးဖြတ်ချက်ချဖို့ လိုအပ်တဲ့ ယုံကြည်မှု မလုံလောက်သေးတာကြောင့် ဖြစ်တတ်ပါတယ်။

Parent တစ်ယောက်က Center တစ်ခုကို စဉ်းစားတဲ့အခါ...
သူတို့ စိတ်ထဲမှာ ဒီမေးခွန်းတွေ ရှိနေပါတယ်။

📌 ဒီ Center ကို ယုံလို့ရလား?
📌 Teacher တွေက ဘယ်လိုလဲ?
📌 ငါ့ကလေးနဲ့ ကိုက်ညီပါ့မလား?
📌 တက်ပြီးရင် ဘယ်လို Result ရနိုင်လဲ?

ဒါပေမယ့်...
Education Business တော်တော်များများကတော့
❌ Fees
❌ Discount
❌ Promotion
တွေကိုပဲ ပြောနေကြပါတယ်။

တကယ်တော့...
📩 Inquiry ရတာက စိတ်ဝင်စားမှုရတာပါ။
🎓 Enrollment ဖြစ်တာက ယုံကြည်မှုရတာပါ။

အဲ့ဒီ နှစ်ခုကြားက ကွာဟချက်ကို ဖြည့်ပေးတာက...

✅ Student Success Stories: ရလဒ်ကောင်းတွေ ထွက်ထားတဲ့ ကျောင်းသားတွေရဲ့ အောင်မြင်မှု✅ Parent Reviews: တခြားမိဘတွေရဲ့ အမှန်တကယ် ယုံကြည်စိတ်ချမှု
✅ Teacher Expertise: ဆရာ/ဆရာမတွေရဲ့ အရည်အချင်းနဲ့ သင်ကြားမှု ပုံစံ
✅ Learning Environment: ကလေးတွေ ပျော်ရွှင်စွာ သင်ယူနေတဲ့ ပတ်ဝန်းကျင်
လိုမျိုး ယုံကြည်မှုတည်ဆောက်ပေးတဲ့ Content တွေပါ ။

💡 တစ်ခါတလေ...
Student မရတာ Marketing မကောင်းလို့ မဟုတ်ပါဘူး။
Parent တွေ ဆုံးဖြတ်ချက်ချဖို့ လိုအပ်တဲ့ အချက်အလက်နဲ့ ယုံကြည်မှု မလုံလောက်သေးလို့ ဖြစ်တတ်ပါတယ်။


🚫 Customer Research မလုပ်ဘဲ Education Content မရေးပါနဲ့။Education Business Owner တော်တော်များများက..."ဒီလ Student Enroll...
14/07/2026

🚫 Customer Research မလုပ်ဘဲ Education Content မရေးပါနဲ့။
Education Business Owner တော်တော်များများက...
"ဒီလ Student Enrollment တိုးဖို့ ဘာ Content တင်ရမလဲ?"
ဆိုတဲ့ မေးခွန်းနဲ့ နေ့တိုင်း ရုန်းကန်နေကြပါတယ်။
ဒါကြောင့်...
❌ Scholarship Post တင်တယ်။
❌ Promotion Post တင်တယ်။
❌ Course Information ပဲ ပြောတယ်။
ဒါပေမယ့်...
Parent တွေ တကယ်သိချင်တာကတော့
✅ ဒီ Center ကို ယုံကြည်လို့ရလား။
✅ ငါ့ကလေးနဲ့ ကိုက်ညီပါ့မလား။
✅ တက်ပြီးရင် ဘယ်လို Result ရနိုင်လဲ။
ဆိုတာပါ။
တကယ်တော့...
Parent တွေက Course ကို ဝယ်တာ မဟုတ်ပါဘူး။
သူတို့က ဝယ်နေတာက...
🎯 ကလေးရဲ့ English Skill တိုးတက်လာမယ့် အနာဂတ်။
🎯 ပိုကောင်းတဲ့ Exam Result။
🎯 ပိုမြင့်တဲ့ Confidence။
🎯 ပိုကောင်းတဲ့ အခွင့်အရေးတွေ။
ဒီ Result တွေကိုပါ။
ဒါကြောင့် Education Content မရေးခင်...
ဒီ (၃) ခုကို အရင် Research လုပ်ပါ။
📌 Parent တွေ ဘာကို စိတ်ပူနေလဲ။
📌 Student တွေ ဘာလိုချင်နေလဲ။
📌 ဒီ Center ကို ဘာကြောင့် ရွေးသင့်တာလဲ။
💡 Education Marketing မှာ...
Content ဆိုတာ
ကိုယ်ပြောချင်တာကို ရေးတာ မဟုတ်ပါဘူး။ Customer ကြားချင်တာကို ရေးတာပါ။


05/03/2026

SME Business ownerတွေ မသိသေးတဲ့ Marketing ယိုပေါက် ?

ပိုက်ဆံ အကုန်ကျခံပြီး ကြော်ငြာတိုင်း မရောင်းရတာက ဝယ်သူတွေရဲ့ Feeling & Emotion ကို အသုံးပြုပြီး Visual ကို အပြောင်းအလဲ မလုပ်​တက်တာကြောင့်ပါ။
ဘယ်ဟာက Marketing ယိုပေါက်လဲ ?
ကျွန်တော်တို့ Font size တွေကို အသုံးပြုပြီး ဝယ်သူတွေရဲ့ Visual အပြောင်းအလဲ လုပ်ပေးရုံနဲ့ ယိုပေါက်လေးတွေကို ပိတ်ဆိုးတားစီးနိုင်ပါတယ်။

🔠 Font Size အကြီး၊ အသေးက ဝယ်သူရဲ့ ဦးနှောက်ကို ဘယ်လို လှည့်စားပြီး Closed sale ဖြစ်အောင် လုပ်ဆောင်ကြမလဲပေါ့။
​✍️ ကြော်ငြာရေးတဲ့အခါ စာလုံးအရွယ်အစား (Font Size) က အလှဆင်ဖို့ သက်သက် မဟုတ်ပါဘူး။ ဝယ်သူရဲ့ "မသိစိတ်" ကို အမိန့်ပေးတဲ့ လက်နက်ပါ။

🧠 လူတွေရဲ့ ဦးနှောက်က စာလုံး "အကြီး" ကို မြင်ရင် အရေးကြီးတယ်၊ တန်ဖိုး (Value) ကြီးတယ်လို့ အလိုလို မှတ်ယူကြတယ်။ 💎
🤏 စာလုံး "အသေး" ကို မြင်ရင်တော့ သိပ်အရေးမကြီးဘူး၊ ပမာဏ နည်းတယ်လို့ ခံစားရပါတယ်။
​👑 ဒါကြောင့် Master တွေက ဝယ်သူရမယ့် "အကျိုးကျေးဇူး (Benefit)" တွေကို အမြဲ စာလုံးအကြီးကြီး ရေးသားကြပြီး။
💸 ဝယ်သူ ပေးရမယ့် "ဈေးနှုန်း (Price)" ကိုတော့ အမြဲ သေးလေးပဲ ထားလေ့ရှိပါတယ်။
​👉 (ဥပမာ - " ၆၀% အထိ လျှော့ဈေး" ကို အကြီးရေးပြီး၊ ကျသင့်ငွေ "၁၀၀၀၀ ကျပ်" ကို အသေးထားတာမျိုးပါ)။
​⚖️ ဒါဟာ ဝယ်သူကို "ငါပေးရတာထက် ပြန်ရတဲ့ တန်ဖိုးက ပိုကြီးမားပါလား" လို့ ခံစားသွားစေတဲ့ စိတ်ပညာ လျှို့ဝှက်ချက်ပါ။
​👇 ဒီလို ချက်ချင်း လက်တွေ့အသုံးချလို့ ရမယ့် Marketing Tricks တွေကို နေ့တိုင်းသိရဖို့ Growth Script Page ကို Follow လုပ်ဖို့ ထားပါဗျ။ 🚀

04/03/2026

💸 ​ ပိုက်ဆံအကုန်ကျခံပြီး Marketing လုပ်ပါလျှက်နဲ့ ကိုယ့်ရဲ့ကုန်ပစ္စည်းတွေ ရောင်းမထွက်တာ ဘာကြောင့်လဲ ? 📉

📣 ကြော်ငြာဖိုးတွေ အလကားဖြစ်ပြီး ဖောက်သည်တွေက Seen ပြပြီး ဘာလို့ ပျောက်သွားကြတာလဲ?
​"ငါ့ဆိုင်မှာ လူမလာတော့ဘူး"
"ငါ့ကြော်ငြာတွေပဲ စွမ်းရည်ကျသွားပြီလား"
ဒီလိုအတွေးတွေနဲ့ စိတ်ညစ်နေရင် ခဏလေး ရပ်လိုက်ပါဗျ။ တကယ်တော့ ရောင်းအားကျသွားတာ သင့်ပစ္စည်း ညံ့သွားလို့ လုံးဝ (လုံးဝ) မဟုတ်ပါဘူး။
​စီးပွားရေး စိတ်ပညာ (Marketing Psychology) အရ ပြောရရင်... ရောင်းအားကျတာဟာ ခန္ဓာကိုယ်မှာ အဖျားတက်သလိုမျိုး "လက္ခဏာ (Effect)" သက်သက်ပါပဲ။ 🤒
​တကယ့် "ရောဂါရင်းမြစ် (Cause)" က သင့်ကို ဝယ်မယ့်သူတွေရဲ့ စိတ်ဝင်စားမှု ပြောင်းလဲသွားတာ (Target Audience Shift) ဖြစ်နေလို့ပါ။
​စဉ်းစားကြည့်ပါ...
အခုချိန်မှာ ဝယ်သူတွေက 'ဈေးသက်သာတာ' ထက် 'စိတ်ချရတာ' ကို ပိုရှာနေတဲ့ အချိန်မျိုး ဖြစ်နေနိုင်ပါတယ်။ အဲ့ဒီအချိန်မှာ သင်က ကိုယ့်ပစ္စည်းရဲ့ 'ဈေးနှုန်းသက်သာကြောင်း' ကိုပဲ ဖိပြီး ကြော်ငြာနေမယ်ဆိုရင်... သူတို့ လိုချင်တာနဲ့ သင် ပေးနေတာ လွဲနေပါပြီ။ 🤷‍♂️
​ဒါကြောင့် ရောင်းအားကျတိုင်း အဖျားကျဆေး လိုက်မတိုက်ပါနဲ့။
"ငါ့ရဲ့ ဖောက်သည်တွေ အခု ဘာကို အလိုချင်ဆုံး ဖြစ်နေမလဲ?" ဆိုတဲ့ တကယ့် အကြောင်းရင်း (Cause) ကို အရင် ရှာပါ။ 🔍
​ဒီ အချက်လေး တစ်ချက်ကို ပြင်လိုက်တာနဲ့... ပိတ်ဆို့နေတဲ့ "ရောင်းအား" က ရေကာတာ ကျိုးသလို အလိုလို ပြန်ပွင့်လာပါလိမ့်မယ်။ 📈
​👇 သင့်လုပ်ငန်းရဲ့ ရောင်းအားကို စိတ်ပညာနဲ့ အသက်သွင်းဖို့...
SME လုပ်ငန်းရှင်တွေအတွက် လက်တွေ့အသုံးချလို့ရမယ့် Marketing နည်းဗျူဟာတွေကို ဒီ Growth Script Page မှာ အမြဲ မျှဝေပေးသွားမှာမို့၊ အခုပဲ Follow လုပ်ထားလိုက်ပါဗျ။ 💡


Address

49, Jalan Eco Botani 3/4
Johor Bahru
79100

Alerts

Be the first to know and let us send you an email when GS Marketing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share