17/06/2026
" ပိုက်ဆံ သိန်း ၃၀ ရအောင် ရှာနည်း "
❗️သတိပြုရန် ပုံစာကို အခါခါ ဖတ်ပါ❗️
အလွယ်ကူဆုံးနည်းတစ်ခုကို ပြောပြမယ်။
အောက်ပါ ဇယားကို တစ်ချက် ကြည့်ကြည့်။
1500 တန် ပစ္စည်းကို လူ 2000 ကို
ရောင်းချခြင်း ။
2000 တန် ပစ္စည်းကို လူ 1500 ကို
ရောင်းချခြင်း ။
3000 တန် ပစ္စည်းကို လူ 1000 ကို
ရောင်းချခြင်း ။
4000 တန် ပစ္စည်းကို လူ 750 ကို
ရောင်းချခြင်း ။
5000 တန် ပစ္စည်းကို လူ 600 ကို
ရောင်းချခြင်း ။
6000 တန် ပစ္စည်းကို လူ 500 ကို
ရောင်းချခြင်း ။
10000 တန် ပစ္စည်းကို လူ 300 ကို
ရောင်းချခြင်း ။
15000 တန် ပစ္စည်းကို လူ 200 ကို
ရောင်းချခြင်း ။
ဒီလိုနည်းအတိုင်းရောင်းနိုင်မယ်ဆိုရင် ပိုက်ဆံ သိန်း ၃၀ ရဖို့အတွက် က မခက်ခဲဘူးဆိုတာကို သဘောပေါက်ရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီမှာ အဓိက ၂ ချက်ကို သဘောပေါက်ဖို့ လိုအပ်ပါတယ်။
ဘာတွေလဲ ဆိုတော့
Selling Price နဲ့
Target Customer Quality (Amount) ပါ။
ဥပမာ .. " 5000 တန်ပစ္စည်းကို လူ 600 ကို ရောင်းချခြင်း " ဆိုပါစို့ဗျာ။
5000 ဆိုတာ Selling Price ပါ။
လူ 600 ဆိုတာကတော့ Target Customer အရေအတွက် ဖြစ်ပါတယ်။
5000 တန်ပစ္စည်းကို လူ အယောက် 600 ကို ရောင်းနိုင်မယ်ဆိုရင် ပိုက်ဆံ သိန်း ၃၀ ရမယ်။
ဒီတော့ မေးစရာရှိတာက...
"ဆရာရယ် ကျွန်မတို့က ၅၀၀၀ တန် ပစ္စည်းကို လူ အယောက် ၆၀၀ ဆီရောင်းရဖို့ဆိုတာ ဖြစ်
နိုင်ပါ့မလား " ဆိုတာရယ်...
"၅၀၀၀ တန်ပစ္စည်း အခု ၆၀၀ အတွက် အရင်းတင် အများကြီး ကုန်ကျနေမှာလား " ဆိုတာပဲ ဖြစ်ပါတယ်။
ပထမမေးခွန်းကို ဖြေရမယ်ဆိုရင်..
၅၀၀၀ တန် ပစ္စည်းကို လူ အယောက် ၆၀၀ ဆီ ရောင်းရဖို့ ဆိုတာ ဖြစ်နိုင်ပါတယ်။
ဘယ်လိုမျိုးလဲ ဆိုရင်...
ကျွန်တော်တို့ အပြင်မှာ ဆိုင်ခန်းဖွင့်ပြီး တစ်ခု ၅၀၀၀ နဲ့ ရောင်းနေရင်တော့ လူ ၆၀၀ စာ
အခု ၆၀၀ ရောင်းရဖို့ဆိုတာ ဖြစ်နိုင်ဖို့ အတော်ခက်ခဲပါတယ်။
ဒီတော့ ဘယ်လိုလုပ်ရမလဲ ဆိုရင်..
Internet ကို အသုံးပြုပြီး ရောင်းချမယ်ဆိုရင်တော့ ၅၀၀၀ တန်ပစ္စည်းတစ်ခုကို လူ အယောက် ၆၀၀ ကို ရောင်းရဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။
တစ်နည်းပြောရမယ်ဆိုရင် သိန်း ၃၀ ဆိုတာ ရဖို့ အရမ်းမခက်ခဲပါဘူး။
ဘာတွေ လုပ်ရမလဲ?
Internet ကို အသုံးပြုပြီး Online ပေါ်မှာ စီးပွားရေး လုပ်မယ်ဆိုရင်...ဝင်ဖတ်ပါ။
https://m.facebook.com/story.php?story_fbid=365729831597612&id=105332460970685
ဒီလင့်ပါ အချက်တွေသိပြီး
Facebook ကို $ ပေးပြီး Boost လုပ်မယ်။
ကြော်ငြာမယ်ဆိုရင်...
သင့် Page မှာ Follower သိန်းနဲ့ ချီ ရှိမယ်ဆိုရင် လူ အယောက် ၆၀၀ လာမဝယ်မှာ ကို စိုးရိမ်နေစရာမလိုပါ။
ဒုတိယမေးခွန်း ကို ဖြေရမယ်ဆိုရင် ၅၀၀၀ တန်ပစ္စည်း အခု ၆၀၀ အတွက် အရင်းကို စိတ်မပူပါနဲ့။
ပထမ ၁ ချက် Online ကို သုံးပြီး ကြော်ငြာမယ်။
ကိုယ့်မှာ ပစ္စည်း ရှိရှိမရှိ။
Order တွေ ရမှ ဝယ်ပို့ပေးမယ်။
ကိုယ်က ဘာစိုက်စရာ လိုမလဲ?
ပေးမဲ့ Supplier နဲ့ ချိတ်ပြီး ကိုယ်က ကြားထဲကနေ ရမယ်။
ဒီအတွက် အရင်းအများကြီးကုန်မှာလားဆိုတာကို စိတ်ပူမနေပါနဲ့။
"ပိုက်ဆံ သိန်း ၃၀ ရဖို့ ဆရာပြောသလောက် လွယ်တယ်ဆိုရင် ဘာလို့ မရကြတာလဲ " ဆိုတဲ့ မေးခွန်းကို ခင်ဗျားမေးချင်နေမယ်ဆိုတာကို သိပါတယ်။
ကျွန်တော်ပြောပြပါမယ်။
ပထမ တစ်ချက်...
ခင်ဗျား က ဒီလို ရောင်းချနည်းလမ်းကို မသိသေးလို့။
ဒုတိယ တစ်ချက်...
ရအောင် လုပ်ဖို့ လိုအပ်နေတာတွေ မရှိနေသေးလို့။
ဥပမာ - page လိုမျိုး။
Marketing Strategy လိုမျိုး။
ရောင်းအားတက် ကြော်ငြာရေးနည်းလိုမျိုး။
Business Idea လိုမျိုး .. မရှိနေသေးလို့ ဖြစ်ပါတယ်။
ဒီတော့ .. မိတ်ဆွေကို လုပ်စေချင်တာက..
- ဒီစာ ( ပုံရော ) ကို အပြုသဘောင်ဆောင်ပြီး သေချာ ဖတ်ပါ။
- ပြီးတော့ အထက်ကပြောခဲ့တာတွေကို သေချာလေ့လာဖြည့်ဆည်းပါ။
- Facebook Marketing ကို သေချာလေ့လာပါ။
ကျွန်တော့်ကိုယ်ပိုင်အယူအဆအရ တင်ပြသောစာဖြစ် လို့ မိတ်ဆွေအနေနဲ့ သဘောထားအမြင်များ လွတ်လပ်စွာ ကွဲလွဲနိုင်ပါကြောင်း..
ဆွေးနွေးလိုတာရှိရင် Comment မှာ ရေးခဲ့ပါ။
ပိုက်ဆံ သိန်း ၃၀ ရအောင် ဘယ်လိုရှာရမလဲ
မသိရင် ပုံစာကို အခါခါ ဖတ်ပါ။
ကျေးဇူး...🌿
U Myo Nyunt Naing
Your Business Consultant