Build Up Your Dream With Us

Build Up Your Dream With Us Network Career Coach
(1)

IT-Network Career Coach ~ ( Training Center )

Malaysia ,Singapore ,Thailand and Dubai

🧑‍💻Let's share my experiences in networking (technology careers), opportunities in technology pathways to obtaining Pass, job prospects and direct company referrals

🗣️ Screening Call တစ်ခုရတာက ပုံမှန်အရာတစ်ခု မဟုတ်ပါဘူး 🙋🏼‍♂️ ကျွန်တော့်ရဲ့ Overseas Program တွေဖြစ်တဲ့ Track A & Track B...
26/08/2026

🗣️ Screening Call တစ်ခုရတာက ပုံမှန်အရာတစ်ခု မဟုတ်ပါဘူး

🙋🏼‍♂️ ကျွန်တော့်ရဲ့ Overseas Program တွေဖြစ်တဲ့ Track A & Track B မှာ တတ်ရောက်နေကြတဲ့ ကျောင်းသားကျောင်းသူတိုင်း တကယ်ကြိုးစားကြပါတယ်

🗣️ ကျွန်တော့်ဘက်ကလည်း သူတို့တစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်တွေ၊ အရင်က အဆင်ပြေခဲ့တာတွေ၊ ပြင်ဆင်ဖို့လိုအပ်တာတွေကို ဂရုစိုက်ပြီး သင်ကြားပေးဖြစ်ပါတယ်

👉🏻 တကယ်တော့ Screening Call ရဖို့တောင် ခက်ခဲတဲ့ အခြေအနေတွေ ရှိပါတယ်

ဒါကြောင့် Screening Call လေးရတာကို “ ဒါက ပုံမှန်ပဲ “လို့ မတွေးစေချင်ပါဘူး

👉🏻 ဘာလို့လဲဆိုတော့ Interview ရလာဖို့ လမ်းစက Screening Call လေးတွေကနေ စတာဖြစ်လို့ပါ

📍 ဒီကျောင်းသားကတော့ လက်ရှိ Junior Network Engineer အဖြစ် မြန်မာနိုင်ငံမှာ အလုပ်လုပ်နေပြီး ကိုယ့်ရဲ့ IT Career ကို ပြည်ပနိုင်ငံတွေမှာ ဆက်ပြီး Try ချင်တာကြောင့် Track A Program ကို ရောက်ရှိလာတာဖြစ်ပါတယ်

👏🏻 အခုဆိုရင်တော့ Singapore 🇸🇬 ကနေ Screening Call လေးတွေ စပီးတော့ရရှိနေပါပြီ

💪🏻 Screening Call တစ်ခုချင်းစီက Overseas IT Career အတွက် နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်ပါတယ် Keep Going ….



🇲🇾 Malaysia - Junior Network Engineer Position (Interview) 👏🏻 Track A - Network Career Coaching Program ထဲက ကျောင်းသားတစ...
25/08/2026

🇲🇾 Malaysia - Junior Network Engineer Position (Interview)

👏🏻 Track A - Network Career Coaching Program ထဲက ကျောင်းသားတစ်ယောက် Malaysia နိုင်ငံမှာ Junior Network Engineer Position နဲ့ Interview ရရှိလာပြန်ပါပြီ🎉

👉🏻 ဒီကျောင်းသားရဲ့ အရင်အခြေအနေကတော့ Job တွေ Apply လုပ်နေပေမယ့် Interview Opportunity မရသေးတဲ့အခြေအနေ ဖြစ်ပါတယ်

💡 ခုတော့ Interview တွေစတင်ရရှိနေပါပီ

🌏 Overseas Career အတွက် သေချာပြင်ဆင်ပြီး အခွင့်အလမ်းတွေကို ရယူချင်တယ်ဆိုရင် —

👉🏻 ကိုယ့်မှာ Knowledge ရှိရုံနဲ့ မလုံလောက်ပါဘူး
👉🏻 ကိုယ့်ရဲ့ Skills, Communication, Interview Preparation နဲ့ Career Strategy တွေကိုပါ စနစ်တကျ ပြင်ဆင်ထားဖို့လိုပါတယ်

ဒါကြောင့် စာဖတ်သူတို့အနေနဲ့ IT Network Career အပြင် အခြား IT Positions တွေNon-IT Professional Careers တွေအတွက်ပါ Overseas Career Opportunities တွေကို ရှာဖွေပြီး စနစ်တကျ ပြင်ဆင်ချင်တယ်ဆိုရင် —

🇸🇬 Singapore
🇲🇾 Malaysia
🇹🇭 Thailand
🇦🇪 U.A.E (Dubai)
🇻🇳 Vietnam

စတဲ့နိုင်ငံတွေမှာ Career Opportunities တွေကို ရှာဖွေဖို့အတွက် လိုအပ်တဲ့ Career Preparation, Job Search Strategy, Resume, Interview & Professional Skillsတွေကို စနစ်တကျ လေ့လာနိုင်ပါတယ်

🚀 ကျွန်တော်ရဲ့ Career Coaching Programs များမှ

👉🏻 Track A – Network Career Coaching Program
Networking Career ကို ရည်ရွယ်ထားသူများအတွက် Technical Knowledge, Practical Skills, Interview Preparation နဲ့ Overseas Network Career Preparation တွေကို လေ့ကျင့်သင်ကြားပေးခြင်း

👉🏻 Track B – Global Career Accelerator Program
IT Positions များအပြင် Non-IT Professional Careers များအတွက် Global Job Market, Resume, Job Search Strategy, Interview Skills နဲ့ Career Preparation တွေကို စနစ်တကျ လေ့ကျင့်သင်ကြားပေးခြင်း

🎯 Career Goal တစ်ခုရှိပြီးသားဆိုရင် Preparation ကိုလည်း စနစ်တကျ စတင်ဖို့လိုပါတယ်

👉🏻 Overseas Career အတွက် အချိန်တိုင်းကို အကျိုးရှိရှိအသုံးချပြီး ကိုယ့်ရဲ့ Skills နဲ့ Career Opportunities တွေကို တိုးတက်အောင် ကြိုးစားချင်သူများကို ကြိုဆိုပါတယ်

အားလုံးကျန်းမာချမ်းသာကြပါစေ 🎈



🌐 NOC Engineer Career Path — ဘယ်ကနေစမလဲ ❓🗣️ NOC Engineer ဖြစ်ချင်တယ် Overseas မှာလည်း Network Job ရချင်တယ် ဒါပေမယ့် ဘယ်က...
25/08/2026

🌐 NOC Engineer Career Path — ဘယ်ကနေစမလဲ ❓

🗣️ NOC Engineer ဖြစ်ချင်တယ် Overseas မှာလည်း Network Job ရချင်တယ် ဒါပေမယ့် ဘယ်ကနေစရမလဲ မသိဘူးဆိုတဲ့သူတွေအတွက် ဒီ Post ကို Save ထား Share ထားနိုင်ပါတယ် 📌

🗣️ ကျွန်တော်တို့တွေ ဟိုးအရင်နှစ်ပိုင်း 2015 -2016 လောက်မှာတုန်းက Network Engineer တစ်ယောက်ဖြစ်ချင်လို့ သင်တန်းစတတ်ရင် NE ဆိုတဲ့ Basic Course က နေစတတ် ရပါတယ်

🗣️ ခုတော့ CCNA စတတ်ကြရတာများတယ် Network Engineering Career ကို စမယ့်သူတွေအတွက် NOC Engineer Role က Practical Experience ရဖို့ ကောင်းတဲ့ Starting Point တစ်ခုဖြစ်ပါတယ်

🙋🏼‍♂️ NOC Engineer Career ကို စဖို့ Technology တွေ အများကြီးကို တစ်ခါတည်းသင်စရာမလိုသေးပါဘူး

အရေးကြီးတာက ဘယ် Skill ကို ဘယ်အဆင့်မှာ ဘာကိုလေ့လာရမလဲဆိုတာ သိထားဖို့ပါ

🔹 Step 1 — Networking Fundamentals

အရင်ဆုံး Network ရဲ့ Basic Concepts တွေကို ခိုင်မာအောင်လုပ်ပါ

• OSI & TCP/IP
• IP Addressing & Subnetting
• VLAN
• TCP/UDP
• DNS/DHCP
• ARP
• Routing & Switching Basics etc …

Foundation မခိုင်ရင် NOC မှာ Alert တွေကို နားလည်ဖို့ ခက်ခဲပါလိမ့်မယ်

🔹 Step 2 — CCNA Level Knowledge

• NOC Engineer Career ကို စတင်မယ့်သူတွေအတွက် CCNA-level networking knowledge က အရေးကြီးပါတယ်

• Certificate ရှိတာထက် Concept ကို နားလည်ပြီး Troubleshooting လုပ်နိုင်တာပိုအရေးကြီးပါတယ်

🔹 Step 3 — Troubleshooting Skill

NOC Engineer ရဲ့ အဓိကအလုပ်က Network Device တွေကို အလွတ်ကျက်ထားတာ မဟုတ်ပါဘူးProblem ဖြစ်လာတဲ့အခါ ဘယ်လိုစဉ်းစားပြီး ဖြေရှင်းမလဲဆိုတာပါ

🔹 Step 4 — NOC Tools & Monitoring

NOC Engineer ဖြစ်လာရင် Network ကို Monitor လုပ်ဖို့ Tools တွေကို အသုံးပြုရပါမယ်

ဥပမာ—

• Ping
• Traceroute
• Wireshark
• SNMP
• Syslog
• Network Monitoring Systems
• Ticketing Systems

Alert တစ်ခုတက်လာတဲ့အခါ Alert ကိုတွေ့တာနဲ့ပြီးတာမဟုတ်ဘဲ Root Cause ကိုရှာဖို့လိုပါတယ်

🔹 Step 5 — Real-World NOC Situations

• Theory သိတာနဲ့ အလုပ်မှာ အဆင်ပြေမယ်လို့ မဆိုနိုင်ပါဘူး Real Situation တွေကို Practice လုပ်ထားဖို့လိုပါတယ်

• ဒါတွေကို ကျွန်တော်တို့တွေ Simulation တွေမှာ Testing တွေလုပ်လို့ရပါတယ်

ဥပမာ—

🚨 Network Down
🚨 High Packet Loss
🚨 Interface Down
🚨 High Latency
🚨 VLAN Issue
🚨 Routing Issue
🚨 DNS Issue
🚨 Link Flapping
🚨 Device CPU / Memory High

ဒီလို Situation တွေကို What would you do first ? ဆိုတဲ့ပုံစံနဲ့ ဖြေရှင်းတတ်ဖို့လိုပါတယ်။

🔹 Step 6 — Communication & Ticket Handling

NOC Engineer ဆိုတာ Technical Skill တစ်ခုတည်းနဲ့ မပြီးပါဘူး

User / Client / ISP / Internal Team / Senior Engineer တွေနဲ့ Communication လုပ်ရပါတယ်

ဒါကြောင့်—

• Incident Reporting
• Ticket Updating
• Escalation
• Email Communication
• Shift Handover
• Basic Technical English

တွေကိုလည်း Practice လုပ်ထားသင့်ပါတယ် Especially Overseas Job တွေအတွက် Technical English + Communication Skill က အရေးကြီးပါတယ်

🔹 Step 7 — Interview Preparation

ဒီအဆင့်ရောက်လာရင်— Network သိလား?ဆိုတာထက်
ဒီ Situation ဖြစ်ရင် ဘာလုပ်မလဲ ? ဆိုတဲ့ Scenario-Based Questions တွေကို ဖြေနိုင်ဖို့ Prepare လုပ်ထားရပါမယ်

ဥပမာ—

Interviewer:Users are unable to access the network. What will you do first?

အဲ့လို Question ကို Random Answer မဟုတ်ဘဲ Structured Troubleshooting Approach နဲ့ ဖြေနိုင်ရပါမယ်

💡 ဒါဆို NOC Engineer → Overseas Network Engineer ဖြစ်ဖို့ ဘယ်လိုသွားမလဲ ❓

• Networking Fundamentals , CCNA-Level Knowledge, Troubleshooting Skills , NOC Tools & Monitoring, Real-World Situations, Communication & Technical English, Resume / Job Application Strategy, Interview Preparation စတာတွေပေါ့

💡 ဒီ Career Path ကို တစ်ဆင့်ချင်းစီ ပြင်ဆင်သွားရင်

• ဘာတွေသင်ရမလဲ ဆိုတာထက် ဘာကို ဘယ်အချိန်မှာ သင်ရမလဲ ဆိုတာ ပိုပီးရှင်းလာပါလိမ့်မယ်

🎯 ဒီလို Career Path ကို ကိုယ့်ဘာသာတစ်ယောက်တည်း လိုက်လုပ်ရတာ ခက်နေတယ် ❓ စည်းစနစ်ကျကျနဲ့ သေချာ ကြိုးစားပီး အချိန်တိုတွင်းလည်း Offer ရချင်တယ်ဆိုရင်တော့ -

👉🏻 Track A – Network Career Coaching Program (Overseas) ကိုကြိုဆိုလျှက်ပါ

👉🏻 Track A မှာ Networking Skills တစ်ခုဘဲသင်ပေးတာတင်မဟုတ်ဘဲ Overseas Network Career ရဖို့ လိုအပ်တဲ့ Career Preparation ကိုပါ Step-by-Step သင်ကြားပေးတာဖြစ်ပါတယ်

👉🏻 စာဖတ်သူတို့က Network Field ထဲမှာ Career စတင်ချင်တယ်၊ ဒါမှမဟုတ် လက်ရှိ Experience ကိုအသုံးချပြီး Overseas Network Job ကို Target လုပ်ချင်တယ်ဆိုရင် — Career Path ကို Random မသွားဘဲ Strategy နဲ့သွားပါ

👉🏻 ကိုယ်လျှောက်လှမ်းချင်တဲ့ Positions တွေ မူတည်ပီး Overseas Program တွေတတ်ရောက်သင်ကြားချင်ရင်တော့ Admin Team ကို ကိုယ်သွားချင်တဲ့ Position ကို ပြောပြပါ သက်ဆိုင်ရာ တတ်ရောက်ရမယ့် Tracks တွေကို Admin Team ရှင်းပြပါလိမ့်မယ်

အားလုံးကျန်းမာချမ်းသာကြပါစေ 🎈



🇸🇬 Singapore - Network Engineer Position (Interview)👏🏻 Track A - Network Career Coaching Program ထဲက ကျောင်းသားတစ်ယောက် ...
24/08/2026

🇸🇬 Singapore - Network Engineer Position (Interview)

👏🏻 Track A - Network Career Coaching Program ထဲက ကျောင်းသားတစ်ယောက် Singapore နိုင်ငံမှာ Network Engineer Position နဲ့ Interview ရရှိလာပြန်ပါပြီ။

👉🏻 ဒီကျောင်းသား Program ကို စတင် Join လာတဲ့အချိန်မှာ Overseas နိုင်ငံတွေကို အလုပ်လျှောက်တဲ့အခါ Interview Invitation တစ်ခါမှ မရဖူးသေးတဲ့သူဖြစ်ပါတယ်

👉🏻 အခုဆိုရင် Interview တွေ စရရှိလာတဲ့အပြင် တစ်ပတ်အတွင်းမှာပဲ Interview Invitation ၂ ခု၊ ၃ ခုအထိရရှိနေပြီ ဖြစ်ပါတယ်🔥

💡 အရေးကြီးတာက ကိုယ်လိုချင်တဲ့ Career Goal အတွက် ဆက်ပြီးကြိုးစားနေဖို့ပါပဲ

ကြိုးစားနေတဲ့သူတိုင်းအတွက် 👉🏻 အချိန်နဲ့ နေရာမှန်တစ်ခု ရှိစမြဲပါပဲ 💪🏻 ဆက်ကြိုးစားပါ ကျောင်းသား …..

🌏 Overseas Career အတွက် သေချာပြင်ဆင်ပြီး အခွင့်အလမ်းတွေကို ရယူချင်တယ်ဆိုရင် —

👉🏻 ကိုယ့်မှာ Knowledge ရှိရုံနဲ့ မလုံလောက်ပါဘူး
👉🏻 ကိုယ့်ရဲ့ Skills, Communication, Interview Preparation နဲ့ Career Strategy တွေကိုပါ စနစ်တကျ ပြင်ဆင်ထားဖို့လိုပါတယ်

ဒါကြောင့် စာဖတ်သူတို့အနေနဲ့ IT Network Career အပြင် အခြား IT Positions တွေNon-IT Professional Careers တွေအတွက်ပါ Overseas Career Opportunities တွေကို ရှာဖွေပြီး စနစ်တကျ ပြင်ဆင်ချင်တယ်ဆိုရင် —

🇸🇬 Singapore
🇲🇾 Malaysia
🇹🇭 Thailand
🇦🇪 U.A.E (Dubai)
🇻🇳 Vietnam

စတဲ့နိုင်ငံတွေမှာ Career Opportunities တွေကို ရှာဖွေဖို့အတွက် လိုအပ်တဲ့ Career Preparation, Job Search Strategy, Resume, Interview & Professional Skillsတွေကို စနစ်တကျ လေ့လာနိုင်ပါတယ်

💡 ကျွန်တော်ရဲ့ Career Coaching Programs များမှ

👉🏻 Track A – Network Career Coaching Program
Networking Career ကို ရည်ရွယ်ထားသူများအတွက် Technical Knowledge, Practical Skills, Interview Preparation နဲ့ Overseas Network Career Preparation တွေကို လေ့ကျင့်သင်ကြားပေးခြင်း

👉🏻 Track B – Global Career Accelerator Program
IT Positions များအပြင် Non-IT Professional Careers များအတွက် Global Job Market, Resume, Job Search Strategy, Interview Skills နဲ့ Career Preparation တွေကို စနစ်တကျ လေ့ကျင့်သင်ကြားပေးခြင်း

🎯 Career Goal တစ်ခုရှိပြီးသားဆိုရင် Preparation ကိုလည်း စနစ်တကျ စတင်ဖို့လိုပါတယ်

👉🏻 Overseas Career အတွက် အချိန်တိုင်းကို အကျိုးရှိရှိအသုံးချပြီး ကိုယ့်ရဲ့ Skills နဲ့ Career Opportunities တွေကို တိုးတက်အောင် ကြိုးစားချင်သူများကို ကြိုဆိုပါတယ်

အားလုံးကျန်းမာချမ်းသာကြပါစေ 🎈



🙋🏼‍♂️ တစ်ချို့ အရာတွေက • ငေးကြည့်တာတို့ • ဒီတိုင်းထားလိုက်တာတို့ပိုကောင်းပါတယ် 👉🏻 ကိုယ်သွားထိ လိုက်မှ 😆
23/08/2026

🙋🏼‍♂️ တစ်ချို့ အရာတွေက

• ငေးကြည့်တာတို့
• ဒီတိုင်းထားလိုက်တာတို့

ပိုကောင်းပါတယ် 👉🏻 ကိုယ်သွားထိ လိုက်မှ 😆



🙋🏼‍♂️ Hello … ဒီ Situation Quiz လေးကို ဖြေကြည့်ပါ 👇🏻👉🏻 ပြည်ပနိုင်ငံတွေမှာ IT Career နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို Try...
23/08/2026

🙋🏼‍♂️ Hello … ဒီ Situation Quiz လေးကို ဖြေကြည့်ပါ 👇🏻

👉🏻 ပြည်ပနိုင်ငံတွေမှာ IT Career နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို Try တော့မယ်ဆိုရင် Technical Skills တစ်ခုတည်းနဲ့ မလုံလောက်သေးပါဘူး

👉🏻 Interviewer တွေရဲ့ မေးခွန်းတွေကို Point ထိအောင် ဖြေနိုင်ဖို့ Situation ကို သေချာ Analyze လုပ်ပြီး ဖြေနိုင်ဖို့ ကလည်း အရေးကြီးတဲ့ အပိုင်းတစ်ခု ဖြစ်ပါတယ်

👉🏻 ဒီမေးခွန်းလေးကတော့ IT Interview တွေမှာ မေးတတ်တဲ့ Situation-based Questions တွေထဲက တစ်ခုပါဒီတော့ စာဖတ်သူတို့ရဲ့ ကိုယ်ပိုင်အတွေးနဲ့ ဖြေကြည့်ပါ 👀

👉🏻 ဒီ Post လေးကိုတွေ့တာနဲ့ 1 min အတွင်းဖြေကြည့်ပါ

❓ Situation ကို သေချာဖတ်ပြီး ဘယ်လို Point of View နဲ့ စဉ်းစားပြီး ဖြေရင် အဖြေမှန်နိုင်မလဲဆိုတာကို အာရုံစိုက်စဉ်းစားကြည့်နော်

💡 နက်ဖြန်ကျရင်တော့ ဘာကြောင့် ဒီအဖြေကို ရွေးသင့်တာလဲ၊ Interviewer က ဘာကို Test လုပ်ချင်တာလဲ*ဆိုတာကို အဖြေနဲ့အတူ ပြန်လည်ရှင်းပြပေးပါမယ်

🗣️ Interviewer: The Network Is Down. What Will You Do First? ❓



22/08/2026

🗣️ ပြည်ပနိုင်ငံတွေမှာ IT Career နဲ့ အလုပ်လုပ်ကိုင်ချင်တယ်ဆိုတဲ့ ကိုယ်ရည်ရွယ်ထားတဲ့ အိမ်မက်တွေမဖြစ်နိုင်ဘူးဆိုတာသေချာ ပီလား ❓

👉🏻 Build up ရဲ့ Network Career Coaching Program ထဲက ကျောင်းသား တစ်ယောက် Thailand ( Bangkok ) နိုင်ငံမှာ -

👏🏻 Google Data Center ရဲ့ Data Center Engineer Position နဲ့ Offer ရခဲ့တဲ့ Member နဲ့ Interview Session ဖြစ်ပါတယ် 👏

✨ ဒီ Member ဆို အခက်ခဲတွေများစွာခြားထည်းက Track A - Network Career Coaching Program ကို Join ပီး 🇹🇭 Thailand မှာ Offer ရခဲ့တာဖြစ်ပါတယ်

👉🏻 Build up ရဲ့ Network Career Coaching Program နဲ့ လက်တွဲပီး Malaysia, Singapore,Thailand , Vietnam & U.A.E ( Dubai ) စတဲ့နိုင်ငံတွေမှာ IT Network Career နဲ့ Offer ရခဲ့ Members တွေများစွာထည်းက Member တစ်ယောက်ဖြစ်တဲ့ အပြင် 👇🏻

👉🏻 Program ထဲကဘာတွေသင်ကြားခဲ့ရလဲ
👉🏻 3 လ အတွင်း Offer 2 ခုရအောင် Network Career Coaching Program နဲ့ လက်တွဲပီး Offer ရအောင် ဘယ်လိုကြိုးစားခဲ့ရလဲ

👉🏻 သင်ကြားရခဲ့တဲ့ Technical Sessions တွေ
👉🏻 သင်ကြားရခဲ့တဲ့ အလုပ်လျှောက်ပုံ လျှောက်နည်းတွေ , အလုပ်လျှောက်ရမယ့် အချိန်တွေ က Effects ဖြစ်ခဲ့လား ❓

👉🏻 Experiences အများကြီးရှိမှ Offer ရနိုင်တာလား
👉🏻 Certificates တွေအများကြီးရှိထားရမှာလား
👉🏻 အခက်တွေခြားထည်းက ကိုယ်သွားချင်တဲ့ ပန်းတိုင်စီရောက်အောင် ဘယ်လိုသွားခဲ့လည်း

👉🏻 Build up ရဲ့ Network Career Coaching Program မှာ သင်ကြားနေတဲ့ Session တစ်ခုချင်းစီတိုင်း Overseas နိုင်ငံတွေမှာ IT Career နဲ့ Offer ရဖို့ cover ဖြစ်ရဲ့လား ❓

👉🏻 အတန်းတွေ ခဏခဏ မပျက်ခဲ့ဘဲ ကြိုးစားခဲ့တယ့် ရလဒ်က

👉🏻 ပြည်ပနိုင်ငံကို အလုပ်လျှောက်နေကြတဲ့ ညီကိုမောင်နှမတွေတွက် ရော ဘာစကားလက်ဆောင်ပါးချင်လည်း ❓

စတဲ့ မေးခွန်းများစွာနဲ့ အတူ Interview Session မှာ Knowledge ရစရာတွေ အများကြီးပါဝင်တာဖြစ်ပါတယ်

⏰ ဒီ 10 Minutes စာ Interviews Video လေးက ပြည်ပနိုင်ငံတွေ မှာ အလုပ်ရှာနေတဲ့ စာဖတ်သူတို့တွက် အများကြီး တန်ဖိုးရှိမယ်လို့ ယုံကြည်ပါတယ်

👉🏻 Track A - Network Career Coaching Program ထဲမှာ America, Japan, Italy, Malaysia, Thailand, Singapore, U.A.E (Dubai), Vietnam, Myanmar စတဲ့ နိုင်ငံပေါင်းစုံက Members များ Join လျှက်ရှိကြပြီး -

👉🏻 Managers, Senior, Mid, Juniors, Career Change, Freshers, Newbies etc စတဲ့ Role Level အစုံက Members များက Build Up ရဲ့ Track A Network Career Coaching Program ကို Join ပြီး Offer တွေရယူနေကြတာဖြစ်ပါတယ်

💡 Members အရေတွက် 99 ယောက်သော် Members တွေကို Malaysia, Singapore,Thailand ,Vietnam and Dubai စတဲ့နိုင်ငံတွေမှာ IT Professionals Career နဲ့ offer တွေရအောင် မွေးထုတ်သင်ကြားပြီးဖြစ်ပါတယ် ဆက်လက်သင်ကြားနေဆဲဖြစ်ပါတယ်

👉🏻 နောက်ပိုင်းတွေမှာလည်း နိုင်ငံအသီးသီးမှာ IT Career နဲ့ Offer ရသွားတဲ့ Members တွေရဲ့ Interviews တွေ ဆက်လာဖို့ရှိပါတယ်

👉🏻 IT Network Career နဲ့

🇸🇬 Singapore
🇲🇾 Malaysia
🇹🇭 Thailand
🇦🇪 U.A.E ( Dubai )
🇻🇳 Vietnam

စတဲ့နိုင်ငံတွေမှာ Offer တွေရချင်ပီး IT အလုပ်ကိုင်အခွင့်လမ်းတွေနဲ့ အတူ အသက်မွေးဝမ်းကြောင်းပြုချင်တယ်ဆိုရင်တော့ Build up ရဲ့ Track A-Network Career Coaching Program ကိုလက်မလွတ်ပါနဲ့ လို့ပြောကြားချင်ပါတယ်

💸 Fees 5 သိန်း ကျပ်

✅ ပထမအရစ် -2 သိန်းခွဲ
✅ ဒုတိယ အရစ် -2 သိန်းခွဲ

💸 Installment Plan 2 ရစ်ရှိပါတယ်

အားလုံးကျန်းမာချမ်းသာကြပါစေ 🎈





📣 Announcement👏🏻 မနက်ဖြန်မှာ Track A - Network Career Coaching Program နဲ့ လက်တွဲပြီး 🇹🇭 Thailand မှာရှိတဲ့ Google Data ...
21/08/2026

📣 Announcement

👏🏻 မနက်ဖြန်မှာ Track A - Network Career Coaching Program နဲ့ လက်တွဲပြီး 🇹🇭 Thailand မှာရှိတဲ့ Google Data Center မှာ Data Center Engineer Position နဲ့ Offer ရရှိသွားတဲ့ ကျောင်းသားတစ်ယောက်ရဲ့ Interview Video ကို တင်ပေးသွားမှာ ဖြစ်ပါတယ်

ဒီ Interview မှာတော့ —

👉🏻 Program ကို Join ပြီး ဘယ်လောက်အချိန်အတွင်း Thailand မှာ Offer ရခဲ့လဲ?
👉🏻 Program ထဲမှာ ဘယ်လိုကြိုးစားခဲ့လဲ?
👉🏻 Interview 5 Rounds ကို ဘယ်လိုပြင်ဆင်ပြီး ဖြတ်ကျော်ခဲ့လဲ?
👉🏻 Overseas IT Career အတွက် Program ကနေ ဘယ်လို Support တွေရရှိခဲ့လဲ?
👉🏻 ကိုယ့်လိုပဲ Overseas Career ကို ကြိုးစားနေသူတွေအတွက် ဘာတွေ Sharing ပေးချင်လဲ?

စတဲ့ မေးခွန်းတွေ အပြင် Overseas IT Career နဲ့ ပတ်သက်တဲ့ မေးခွန်းများစွာကိုလည်း ထည့်သွင်းမေးမြန်းထားပါတယ်

💡 နောက်ပိုင်းမှာလည်း Build Up ရဲ့ Overseas Programs တွေနဲ့ လက်တွဲပြီး —

🇸🇬 Singapore
🇲🇾 Malaysia
🇹🇭 Thailand
🇦🇪 U.A.E (Dubai)
🇻🇳 Vietnam

စတဲ့ နိုင်ငံတွေမှာ IT Career နဲ့ Offer ရရှိခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ Interview & Career Journey Video တွေကို ဆက်လက်တင်ပေးသွားမှာ ဖြစ်ပါတယ် 🎯

ဒါ့အပြင် —

💡 ပြည်ပနိုင်ငံတွေမှာ IT Professional / Non-IT Professional Career နဲ့ ကြိုးစားနေသူတွေအတွက်လည်း Overseas Career Knowledge Sharing တွေကို ဆက်လက်မျှဝေပေးနေတာမို့ Follow လုပ်ထားဖို့ မမေ့နဲ့နော် 😉

👉🏻 တစ်ယောက်ချင်းစီရဲ့ Career Journey က မတူကြပေမယ့် မှန်ကန်တဲ့ Direction + Consistent Effort + Preparationရှိရင် Overseas Career ကိုလည်း တစ်ဆင့်ချင်းစီ တည်ဆောက်နိုင်ပါတယ်

အားလုံး ကျန်းမာချမ်းသာကြပါစေ🎈



✨ Malaysia – ICT Network Engineer Position (Interview) 🇲🇾👏🏻 Track A – Network Career Coaching Program ထဲက ကျောင်းသားတစ်ယ...
21/08/2026

✨ Malaysia – ICT Network Engineer Position (Interview) 🇲🇾

👏🏻 Track A – Network Career Coaching Program ထဲက ကျောင်းသားတစ်ယောက် ထပ်ပြီး 🇲🇾 Malaysia နိုင်ငံမှာ ICT Network Engineer Position နဲ့ Interview ရရှိပြန်ပါပြီ

👉🏻 ဒီကျောင်းသားက အလုပ်တွေတော့ ဆက်တိုက်လျှောက်နေခဲ့ပေမယ့် Interview မရတာ Overseas ရောက်နေတာလည်း ကြာလာတာကြောင့်ဘယ်လိုနည်းစနစ်နဲ့ အလုပ်ရှာသင့်လဲဆိုတာ သိဖို့ Program ထဲကို ရောက်လာခဲ့တာဖြစ်ပါတယ်

👉🏻 Network Career Coaching Program ထဲမှာတော့ အလုပ်လျှောက်တဲ့အခါ Resume တစ်ခုတည်းကို ပြင်ပေးတာမျိုးမဟုတ်ဘဲ

💡 ကိုယ့်ရဲ့ Experience နဲ့ Skill တွေကို ဘယ်လို Position တွေနဲ့ Match လုပ်မလဲ

💡 Resume ကို ဘယ်လိုပြင်မလဲဘယ်လို Job Position တွေကို Target ထားပြီး Apply လုပ်မလဲ

💡 Interview ရလာတဲ့အခါ ဘယ်လို Prepare လုပ်မလဲဆိုတာတွေကို Career Path တစ်ခုအနေနဲ့ လမ်းညွှန်သင်ကြားပေးတာဖြစ်ပါတယ်

👉🏻 ခုဆိုရင် ဒီကျောင်းသားက Interview တွေ ပုံမှန်ရရှိနေတဲ့အပြင် Offer တစ်ခုရဖို့ Confirmation စောင့်နေတဲ့အဆင့် အထိ ရောက်ရှိလာခဲ့ပါပြီ 👏🏻

💙 ဒီ Result က Program တစ်ခုတည်းကြောင့် ဖြစ်လာတာမဟုတ်ပါဘူး

• ကျောင်းသားဘက်က ကြိုးစားမှုရှိရမယ်၊ ကျွန်တော်တို့ဘက်ကလည်း မှန်ကန်တဲ့ Direction နဲ့ Method ကို ပေးနိုင်ရမယ်

• ပြည်ပနိုင်ငံတွေကို အလုပ်လျှောက်တဲ့အခါ နည်းစနစ်မှန်ဖို့ အရေးကြီးသလို အချိန်တစ်ခုလည်း လိုအပ်ပါတယ်

• ဒါပေမယ့် အဲ့ဒီ“အချိန်တစ်ခု” ကို ကိုယ်တိုင်ပဲ ဖန်တီးယူကြရတာပါ

👏🏻 Track A – Network Career Coaching Program ကလည်း Network Field ထဲမှာ ကိုယ့် Career ကို ဘယ်လိုတည်ဆောက်ပြီး နိုင်ငံခြားအလုပ်အကိုင်အခွင့်အရေးတွေကို ဘယ်လို Target ထားသင့်လဲဆိုတာ လမ်းညွှန်သင်ကြားပေးနေတဲ့ Program တစ်ခုဖြစ်ပါတယ်

💙 Your Career. Your Effort. Our Direction.



20/08/2026

🗣️ အလုပ်တွေတော့ လျှောက်နေတယ် Interview လည်း လုံးဝမရဘူး 😞 ဘာမှားနေလည်း မသိဘူး ❓

👉🏻 အဲ့လိုတွေးနေတဲ့ မိတ်ဆွေတွေရှိရင်
👉🏻 ဘာတွေပြင်ဆင်သင့်တယ်ဆို တာကို ဒီ video လေးထည်းကနေ ရှင်းပြပေးပါလိမ့်မယ်



Address

Kuala Lumpur

Alerts

Be the first to know and let us send you an email when Build Up Your Dream With Us posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Build Up Your Dream With Us:

Shortcuts

Share