16/02/2025
မိုးတွေ တိတ်သွားတဲ့အချိန်
ထီး ဟာ ဝန်ပို တစ်ခုလို ဖြစ်လာတယ် ။
မှင် မရှိတော့တဲ့အချိန်
ဘောပင် ဟာ အမှိုက်လို ဖြစ်သွားတယ်။
ပန်ထားတဲ့ပန်းတွေ ညှိုးနွမ်းသွားတဲ့အချိန်
အမှိုက်ပုံး ထဲကို ရောက်သွားတယ် ။
လောကမှာ
ဘယ်အရာမဆို အချိန် အကန့်သတ်နဲ့
တန်ဖိုး ရှိကြတယ် ၊
အချိန် အကန့်သတ်နဲ့
ကြည်နူး မြတ်နိူး ကြတယ်၊
အာ့ အချိန် ကျော်လွန်သွားရင်
တန်ဖိုး နည်းသွားတယ်။
ဘယ်အရာကိုမှ အရမ်းကြီး
တွယ်တာပြီး ဖက်တွယ် မထားချင်ပါနဲ့။
ထာဝရဆိုတာ လောကမှာ မရှိပါဘူး။
အချိန်နဲ့အမျှ ကိုယ့်ကိုကိုယ်
ပြောင်းလဲ ပစ်ဖို့ ကြိုးစားပါ ။
ကောင်းတဲ့ အလုပ်နဲ့
ပျော်ပျော် နေတတ်ဖို့ ကြိုးစားပါ ။