Thara Phu kyaw

Thara Phu kyaw Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thara Phu kyaw, Business service, oman, Muscat.

27/09/2025

နိုင်ငံခြားဆိုတာ ...

မင်မင်ဒီပိုစ့်တင်ပြီးရင် ဂေါ်ရခါးသီး စားပြီ မင်မင်က အသီးအနှံကြိုက်တယ် ဒါပေမဲ့ ဂေါ်ရခါးသီးကို မကြိုက်ဘူး 😁🟢ဂေါ်ရခါးသီးက န...
09/08/2022

မင်မင်ဒီပိုစ့်တင်ပြီးရင် ဂေါ်ရခါးသီး စားပြီ

မင်မင်က အသီးအနှံကြိုက်တယ် ဒါပေမဲ့ ဂေါ်ရခါးသီးကို မကြိုက်ဘူး 😁

🟢ဂေါ်ရခါးသီးက နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်

🟢သွေတွင်းသကြားဓာက်လျှော့ချပေးတယ်

🟢ကိုယ်ဝန်ဆောင်ကို အားဖြစ်စေတယ် ကျန်းမာစေတယ်

🟢ကင်ဆာရောဂါကိုသက်သာစေတယ်၊ မဖြစ်စေဘူး

🟢အရွယ်မတိုင်မှီ အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးတယ်

🟢ဝိတ်ထိန်းပေးတယ်

🟢 Antioxidant ကြွယ်ဝလို့ နုပဖိုလှပစေတယ်

အသီးအနှံစားခြင်းက အန္တရယ်ကင်းသလို အသားအရေအတွက်လဲ ကောင်းတယ်
များများစားပေးကျနော် 😍😍

‼Sensitive Skin ဖြစ်နေရင်ဘာတွေဂရုစိုက်ရမလဲ‼ချစ်တို့ရဲ့  အသားအရေက Sensitive Skin ဖြစ်နေတယ်ဆိုရင်တော့ သေချာလေး ဂရုစိုက်ဖို...
17/07/2022

‼Sensitive Skin ဖြစ်နေရင်
ဘာတွေဂရုစိုက်ရမလဲ‼

ချစ်တို့ရဲ့ အသားအရေက Sensitive Skin ဖြစ်နေတယ်ဆိုရင်တော့ သေချာလေး ဂရုစိုက်ဖို့ လိုပါတယ်။ ဂရုစိုက်ရမယ့် နည်းတွေ ပြောထားတာမလို့ လိုက်လုပ်ကြည့်ဖို့ လိုတယ်နော်။

အသားအရေ ပုံစံက အမျိုးအစားအများကြီး ရှိတယ်နော်။ ခြောက်သွေ့တာ၊ အဆီပြန်တာ၊ ပေါင်းစပ်အသားအရေ ဖြစ်တာ တချို့ကျတော့လည်း ထိခိုက်လွယ်လွန်းတာပေါ့။
Sensitive ဖြစ်တဲ့အသားအရေ ခေါ်တာပေါ့။

အသားအရေကို ဂရုစိုက်တဲ့သူတိုင်းတော့ ကိုယ့်ရဲ့အသားအရေနဲ့ ကိုက်ညီမယ့် ဂရုစိုက်မှုတွေ၊ ဆင်ခြင်သင့်တာတွေကို လုပ်ရတာပါပဲ။ အသားအရေ ထိခိုက်လွယ်တဲ့သူတွေမှာလည်း ဆင်ခြင်ရမှာတွေ ရှိတယ်နော်။

#မျက်နှာသန့်ရှင်းရေး
ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေကတော့ သေချာဂရုစိုက်ဖို့ လိုတယ်နော်။ မျက်နှာသစ်တဲ့အခါ ကြမ်းကြမ်းပွတ်တာမျိုး မလုပ်မိဖို့ လိုသလို သုံးတဲ့ မျက်နှာသစ်ဆေးမှာလည်း ပါဝင်တဲ့ ပစ္စည်းတွေက ပြင်းထန်တာမျိုး ဖြစ်လို့ မရဘူးနော်။ မဟုတ်ရင် မျက်နှာမှာ နီမြန်းလာတာ၊ အဖုတွေ ထွက်လာတာမျိုး ဖြစ်နိုင်ပါတယ်။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်အတွက် သီးသန့်ထုတ်ထားတဲ့ ပစ္စည်းကိုသာ သုံးပါ။

#နေလောင်မခံပါနဲ့
အသားအရေက ထိခိုက်လွယ်တယ်ဆိုရင် မျက်နှာကို နေပူလောင်တာမျိုးလည်း ရှောင်ရပါမယ်နော်။ အဆောင်းအကာမပါဘဲ နေပူထဲ ထွက်တာမျိုး မလုပ်ပါနဲ့။ နေရောင်ကာလိမ်းခရင်မ်တွေလည်း မမေ့ပါနဲ့။ မျက်နှာမှာ နေလောင်တာမျိုး ဖြစ်ရင် အဆင်မပြေဘူးလေနော်။ ဘာမှမလိမ်းရင်တောင် Sunscreen ကိုတော့ မဖြစ်မနေလိမ်းပါ

#ရေပူလျှော့ပါ
ထိခိုက်လွယ်တဲ့ အသားအရေ ပိုင်ရှင်တွေက ရေပူလွန်းတာကို သုံးတာလည်း လျှော့ဖို့ လိုတယ်နော်။ မျက်နှာသစ်တာပဲ ဖြစ်ဖြစ်၊ ရေချိုးတာပဲ ဖြစ်ဖြစ်ပေါ့။ ရေပူသုံးတာက ခဏတာမှာတေ့ာ နွေးနွေးလေးနဲ့ နေလို့ကောင်းပေမယ့် အချိန်ကြာလာရင် အသားအရေ ခြောက်သွေ့ပြီး အဆင်မပြေနိုင်ဘူးနော်။

#အစိုဓါတ်ထိန်းခရင်မ်လိမ်းပါ
ချစ်တို့ရေ Moisture အဆင့်ကို မကျော်လိုက်ပါနဲ့နော်။ မျက်နှာမှာ စိုစိုစွတ်စွတ်လေး ဖြစ်နေမှ နီရဲနေတာမျိုး မရှိမှာလေ။ နောက်ပြီး ရေဓါတ်ကိုလည်း ပေးစွမ်းနိုင်တာမို့ အသားအရေ ခြောက်သွေ့တာ၊ အက်ကွဲတာ၊ ယားယံတာတွေ မဖြစ်မှာပါ။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် Moisture တစ်မျိုးမျိုး လိမ်းပေးပါ။

ချစ်တို့ရဲ့ အသားအရေက Sensitive Skin ဖြစ်နေတယ်ဆိုရင်တော့ သေချာလေး ဂရုစိုက်ဖို့ လိုပါတယ်။ ဂရုစိုက်ရမယ့် နည်းတွေ ပြောထားတာမလို့ လိုက်လုပ်ကြည့်ဖို့ လိုတယ်နော်။

အိပ်ရေးမပျက်စေနဲ့..👀ကဲ skincareလုပ်‌တာပဲ အဆီဖုတွေ ထွက်လာတယ် ဘာကြောင့်လဲသိကြလား?🤔💢မသိရင် ဖတ်ကြည့် 🌚 (၁၀)ချက်ထဲ-- ရေများမျ...
02/06/2022

အိပ်ရေးမပျက်စေနဲ့..👀
ကဲ skincareလုပ်‌တာပဲ အဆီဖုတွေ ထွက်လာတယ် ဘာကြောင့်လဲသိကြလား?🤔
💢မသိရင် ဖတ်ကြည့် 🌚 (၁၀)ချက်ထဲ-

- ရေများများသောက်ပါ။
- ဝမ်းမချုပ်စေနဲ့။
- သုံးနေကြ skincare ကိုထပ်မပြောင်းနဲ့။ တည့်ရင်ပေါ့နော်😊
- 2ရက်တစ်ခါ ဖုန်း screen၊ခေါင်းအုံးစွပ်၊တဘက် သန့်ရှင်းလျှော်ဖွပ်ပါ။
- မျက်နှာကို လက်နဲ့မကုတ်နဲ့။
- မိတ်ကပ်ဖျတ်ဖို့ မပျင်းနဲ့။
- Skincareမလိမ်းပဲ မိတ်ကပ်မလိမ်းနဲ့။
- အချို၊အစပ်၊အငန်၊အဆီ လျော့စားပါ။
- ဆံပင်စည်းပါ။
- အိပ်ရေးမပျက်စေနဲ့။

ကဲ skincareချည်းပဲ လုပ်နေလို့လဲ မရဘူးနော်။ Glow glass skin 💫ဖြစ်ဖို့ skincare၊ အစားအသောက် အနေအထိုင်ပါ ဆင်ခြင်မှ skincare ဝယ်သုံးရကျိုးနပ်မှာနော်။🤠
Crd

အသက်တစ်ခါ ရှူတိုင်း ဝက်ခြံတစ်လုံးထွက်တတ်တဲ့သူတွေ ရှိလား🤧🌚ဝက်ခြံဘာကြောင့် ထွက်တာလဲ ဘာတွေသတိထားရမလဲ လိုရင်းတိုရှင်း အချက် ...
23/05/2022

အသက်တစ်ခါ ရှူတိုင်း ဝက်ခြံတစ်လုံးထွက်တတ်တဲ့သူတွေ ရှိလား🤧🌚
ဝက်ခြံဘာကြောင့် ထွက်တာလဲ ဘာတွေသတိထားရမလဲ လိုရင်းတိုရှင်း အချက် (4)ချက်-

(1) လက်နဲ့ မျက်နှာကို မကြာခဏကိုင်ခြင်း🖐️

လက်မှာ မမြင်နိုင်တဲ့ bacteria 🦠 တွေများစွာ ရှိနေနိုင်လို့ ဝက်ခြံပေါက်စေ ယုံသာမက ပေါက်နေတဲ့ ဝက်ခြံတွေပါ ပိုးဝင်ပီး အရွယ်အစား ပိုကြီးလာနိုင်ပါတယ်။ လက်နဲ့ကုတ်တာ၊ ဆိတ်တာ တို့လုပ်ရင်လဲ အမာရွတ်ကျန်ပီး ကုသရတာအချိန်ကြာပါတယ်။💢

(2) မျက်နှာကို ခဏခဏ သန့်စင်ခြင်း 🧖

ဝက်ခြံဆိုတာ သန့်ရှင်းမှုအားနဲလို့ ပေါက်တာချည်း မဟုတ်ပဲ မကြာခဏ face scrubလုပ်ခြင်း၊ မကြာခဏ မျက်နှာသစ်ခြင်း တို့ကြောင့်လဲ အပေါ်ယံအဆီလွှာပါးလာပီး အစိုဓါတ်ခမ်းခြောက်၍ ဝက်ခြံပေါက်စေပါတယ်။🙊

(3) Products ပေါင်းစုံ သုံးခြင်း 🙄

ဝက်ခြံ ပျောက်ချင်ဇောနဲ့ ထွက်သမျှ ညွှန်းသမျှ alcohol based products၊ alkaline soup၊ အပြင်းစား facial cleanser တွေပေါင်းစုံ ကို သေချာနားမလည်ပဲ ဝယ်လိမ်းရင်လဲ ဝက်ခြံကိုပိုဆိုးစေပါတယ်။🤦🏻‍♀️
သုံးနေတဲ့ productsတွေထဲမှာ isopropyl palmitate၊ isopropyl myristate၊ butyl stearate၊ isopropyl isostearate၊ decyl oleate၊ isostearyl neopentanoate၊ isocetyl stearate၊ myristle myristate၊ cocoa butter၊ acetylated landline၊ ဆိုးဆေး D&C Red dyes စတဲ့အရာတွေပါရင်လဲ ဝက်ခြံထွက်စေလို့ မသုံးသင့်ဘူးနော်။🙅🙅

(4) ဝက်ခြံကို အချိန်ယူ ကုသမှုမရှိခြင်း 🙍

ဝက်ခြံထွက်နေတဲ့ အရေပြားဟာ သုံးလိုက်တဲ့ဆေးတွေကို တုံ့ပြန်ဖို့ အချိန်ပိုယူရပါတယ်။ ဝက်ခြံတွေ အရှင်းပျောက်ဖို့ (2)လလောက် အချိန်ယူကုသမှသာ ပျောက်ကင်းမှာပါ။🗣️

💩အခုလိမ်း အခုပျောက်ချင်ရင်တော့ ရဲရင့်အောင်သီချင်းလို "ဆုတောင်း"😛မှရမယ်နော်။
#ဒီလို ဗဟုသုတလေးတွေ ဖတ်ချင်ရင်တော့ pageကို like & followလေးလုပ်ဖို့ မေ့နဲ့နော်။🥰🤗/

မျက်ကွင်းညိုနေရင် ဒီလို သဘာဝနည်းလမ်းတွေနဲ့ ဖြေရှင်းလိုက်ပါ။မှန်ထဲကြည့်လိုက်ရင်မျက်ကွင်းညိုလို့ အသက်ကြီးတဲ့ရုပ်ပေါက်နေပြီ...
19/05/2022

မျက်ကွင်းညိုနေရင် ဒီလို သဘာဝနည်းလမ်းတွေနဲ့ ဖြေရှင်းလိုက်ပါ။

မှန်ထဲကြည့်လိုက်ရင်မျက်ကွင်းညိုလို့ အသက်ကြီးတဲ့ရုပ်ပေါက်နေပြီး စိတ်ညစ်နေပြီလား။ အပြင်သွားခါနီး မျက်လုံးအောက်ကို မိတ်ကပ်တွေ ဖို့နေရလို့ အလုပ်ပိုတယ်ဆိုပြီး စိတ်ရှုပ်နေပြီလား။ သူများတွေရဲ့ မျက်လုံးပြည့်ပြည့်တောက်တောက်လေးတွေကို အားကျနေပြီလား။ ဒါတွေလုပ်ကြည့်ပါ။

ညိုနေတဲ့ မျက်ကွင်းြပဿနာကို ဖြေရှင်းဖို့ သဘာဝနည်းလမ်းများ။

ညိုနေတဲ့ မျက်ကွင်းပြဿနာကို ဖြေရှင်းချင်တယ်၊ ဓါတုပစ္စည်းတွေလည်း မသုံးချင်ဘူး ပိုက်ဆံ အကုန်အကျလည်း မများချင်တဲ့သူတွေအတွက် ငွေကုန်လည်းသက်သာ ဘေးထွက်ဆိုးကျိုးတွေလည်း မရှိတဲ့ သဘာဝနည်းလေတွေ ပြောပြပေးချင်ပါတယ်။

( ၁ ) အုန်းဆီ
အုန်းဆီမှာပါဝင်တဲ့ ဗီတာမင် E နဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေက ပျက်စီးနေတဲ့မျက်လုံးအောက်က အသားအရေကို ပြန်အားဖြည့်ပေးနိုင်မှာပါ။ ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့အာနိသင်ရှိစေတဲ့အတွက် မျက်လုံးအိတ်ဖောင်းခြင်းကိုလည်း သက်သာစေမှာပါ။

လုပ်ရမယ့်နည်းကတော့ အိပ်ခါနီး မျက်လုံးအောက်မှာ သဘာဝအုန်းဆီလေးလိမ်းပြီး မနက်ကျမှ မျက်နှာပြန်သစ်ပါ။

( ၂ ) သခွားသီး၊
မျက်လုံးနဲ့ ပက်သက်လာရင် မျက်လုံးအေးစေဖို့၊ ေညာင်းနေတဲ့ မျက်လုံးတွေ အကြောပြေစေဖို့၊ မျက်ကွင်းညိုခြင်းကို ြေ့ဖရှင်းဖို့နဲ့ မျက်လုံးတစ်ဝိုက်ရေဓါတ်ပြန်ဖြည့်ပေးတဲ့ နေရာမှာ သခွားသီးလောက် ဆရာကျတဲ့သူမရှိပါဘူး။

လုပ်ရမယ့် နည်းကတော့ သခွားသီး ပါးပါးလေးတွေလှီးပြီး ရေခဲသေတ္တာထဲ နာရီဝက်လောက်ထည့်ထားပြီး။ ပြီးရင် မျက်လုံးပေါ် ၁၅ မိနစ်လောက် ကပ်ပေးပါ။ အေးတဲ့အထိအတွေ့ကြောင့် မျက်လုံးဖောင်းတာ၊ ညောင်းနေတာတွေ သက်သာစေမယ့်အပြင် ရေဓါတ်ကိုလည်း ပြန်ဖြည့်ပေးဦးမှာပါ။

( ၃ ) နွားနို့။
နွားနို့မှာပါဝင်တဲ့ Lactic acid က မျက်ကွင်းညိုတဲ့ ပြဿနာတွေနဲ့ မျက်လုံးအောက် ဖောင်းတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာပါ။

လုပ်ရမယ့်နည်းကတော့ တိုနာသုံးဂွမ်းဖတ်လေးတွေမှာ နွားနို့အေးလေးကို စွတ်ပြီး မျက်လုံးပေါ် ၁၅ မိနစ်လောက်ကပ်ပေးပါ။ ပြီးရင်ရေပြန်ဆေးချပါ။

( ၄ ) ခရမ်းချဉ်သီး။
မဲပြီးညိုညစ်နေတဲ့ အသားအရေတွေကို ပြန်ဝင်းလာအောင်လုပ်ပေးတဲ့နေရာမှာ ခရမ်းချဉ်သီးက ဆရာတစ်ဆူပါ။ အရောင်ချွတ်တဲ့ အာနိသင်ရှိတာကြောင့် မျက်လုံးအောက်ပိုင်းမှာ ဖြစ်နေတဲ မျက်ကွင်းညိုတာ မျက်ကွင်းမဲတာတွေကို သူက သက်သာစေမှာ အသေအချာပါ။

လုပ်ရမယ့် နည်းကတော့ ခရမ်းချဉ်သီး ပါးပါးလေးလှီးပြီး မျက်လုံးမှာ ကပ်လို့ရသလို ခရမ်းချဉ်သီး အရည် လက်ဖက်ရည်စွန်း တစ်ဇွန်းနဲ့ သံပရာရည် လက်ဖက်ရည်စွန်း တစ်ဝက်ကိုရောပြီး မျက်လုံးအောက်မှာ လိမ်းပေးလို့ရပါတယ်။ မိနစ် အနည်းငယ်လောက်ထားပြီး ရေပြန်ဆေးချပါ။ ဒီနည်းကို တစ်ပတ် ၂ ကြိမ်လောက် လုပ်ပေးပါ။

( ၅ ) သုံးပြီးသား လက်ဖက်စိမ်းအိတ်။
လက်ဖက်ခြောက်အိတ်လေးတွေက မျက်လုံးအောက်ပိုင်းက မျက်အိတ်ဖောင်း နေတာ၊ မျက်ကွင်းညိုနေတာတွေအတွက် အကောင်းဆုံး ဖြေရှင်းပေးနိုင်တဲ့ အရာတွေပါ။

လက်ဖက်ရည်ဖျော်ပြီးကျန်ခဲ့တဲ့လက်ဖက်ခြောက်အိတ်လေးတွေကို ဘူးသန့်သန့်လေးထဲထည့်ပြီး ရေခဲသေတ္တာထဲမှာထည့်ထားပါ။ မိနစ် ၂၀ လောက်ကြာတဲ့အချိန်ကျရင် အိတ်လေးတွေကိုပြန်ထုတ်ပြီး ကျန်နေတဲ့အရည်တွေကို ညှစ်ချပါ။ ပြီးရင် လက်ဖက်ခြောက်အိတ်လေးကို မျက်လုံးပေါ် နာရီဝက်လောက်တင်ထားပါ။

( ၆ ) အာလူး။
အာလူးမှာရှိတဲ့ အရောင်ချွတ်ခြင်း အစွမ်းအာနိသင်က မျက်ကွင်းညိုတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာ အသေအချာပါ။

လုပ်ရမယ့်နည်းက လွယ်လွယ်ပေးပါ။ အာလူးလေးတွေကို ပါးပါးလှီးပြီး မျက်လုံးအောက်ပိုင်းမှာ ကပ်ထားပေးလိုက်ရုံပါပဲ။

ဒါတွေကတော့ အကုန်အကျလည်းသက်သာ၊ လုပ်ရတာလည်း လွယ်ကူ ဘေးထွက်ဆိုးကျိုးတွေလည်း မရှိတဲ့ မျက်ကွင်းညိုတာကို သက်သာစေတဲ့နည်းလေးတွေပါ။

🍅🥒မျက်နှာပေါင်းတင်နည်း (၁၀) မျိုး🖐🖐ဒီအပတ်ပြောပြပေးမှာကတော့ မျက်နှာအလှအပ အတွက် တစ်ပတ်တစ်ခါ ပြုလုပ်ပေးသင့်တဲ့ မျက်နှာပေါင်...
15/05/2022

🍅🥒မျက်နှာပေါင်းတင်နည်း (၁၀) မျိုး🖐🖐

ဒီအပတ်ပြောပြပေးမှာကတော့ မျက်နှာအလှအပ အတွက် တစ်ပတ်တစ်ခါ ပြုလုပ်ပေးသင့်တဲ့ မျက်နှာပေါင်းတင်နည်း ၁၀ မျိုး ကို အသားအရေအမျိုးအစား အလိုက် ပြောပြပေးပါ့မယ်

စိုပြေလှပသော မျက်နှာအသားအရေလေး ရရှိစေရန် ပေါင်းတင်နည်း

ခရမ်းချဉ်သီး (၁)လုံး + နွားနို့ (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။ အိပ်ရာ မဝင်ခင် ပြုလုပ်ပေးပါက မနက်ခင်းအိပ်ရာထချိန်တွင် စိုပြေလှပသော အသားအရေကို ရရှိပိုင်ဆိုင်စေမှာပါ။

ဝက်ခြံရှိသော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း

ကြက်ဥ အကာ သီးသန့် (၁)လုံး + လီမွန် (၂)ဇွန်း + ပျားရည် (၂) ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။

ဝက်ခြံ အမဲစက် ရှိသော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း

သစ်ဂျပိုးခေါက် (၁)ဇွန်း + ပျားရည် (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။

မွဲခြောက်သော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း

ကော်ဖီ (၂)ဇွန်း + ပျားရည် (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။

နေလောင်ထားသော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း

ဒိန်ချဉ် (၂)ဇွန်း + လီမွန် (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။

အဆီပြန်သော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း

ဆနွင်း (၁)ဇွန်း + Aloe Vera Jel (ရှားစောင်းလက်ပတ်) (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။

မျက်နှာအရေးကြောင်းများ လျော့ပါးစေရန် ပေါင်းတင်နည်း

ကြက်ဥ (၁)လုံး + Aloe Vera Jel (ရှားစောင်းလက်ပတ်) (၂)ဇွန်း ကိုရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။ ၁၀မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။

ခြောက်သွေ့သော အသားအရေ ရရှိစေရန်
ပေါင်းတင်နည်း

လီမွန် (၂)ဇွန်း + ပျားရည်(၁)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။

ကြည်လင်သော အသားအရေ ရရှိစေရန် ပေါင်းတင်နည်း

နနွင်း ၄ပုံ ၁ပုံ (စားပွဲတင်ဇွန်း) + Coconut Oil (၁)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ။

အမဲစက် များအတွက် Deep Cleaning ပေါင်းတင်နည်း

ဂျုံမှုန့် (၁)ဇွန်း + ဒိန်ချဉ် (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ။

ကြက်ဥအကာရဲ့ အစွမ်း... 🐥🐣🐣🐣🐣🐣အခုတလော အရမ်းကို ရေပန်းစားနေတဲ့ အလှအပအတွက် ကြက်ဥအကာရဲ့ အစွမ်းတွေကို တစေ့တစောင်း ပြောပြချင်လိ...
12/05/2022

ကြက်ဥအကာရဲ့ အစွမ်း...
🐥🐣🐣🐣🐣🐣
အခုတလော အရမ်းကို ရေပန်းစားနေတဲ့ အလှအပအတွက် ကြက်ဥအကာရဲ့ အစွမ်းတွေကို တစေ့တစောင်း ပြောပြချင်လို့ပါ..

📣 ကြက်ဥအကာဟာဆိုရင် ပရိုတင်းဓာတ်တွေ အများကြီးပါဝင်ပြီးတော့... ကိုလက်စရော ပါဝင်မှုမရှိပဲနဲ့ အဆီအနည်းငယ်ပါဝင်ပါတယ်...

📣 ကြက်ဥအကာက ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်ပါတယ်... ကြွက်သားဖွင့်ဖြိုးခြင်းနဲ့ ထိန်းသိမ်းပေးတဲ့နေရာတွေမှာဆို အရမ်းကို ထိရောက်စေပါတယ်။

ဒါတင်မကဘူးနော်.... တို့တွေ အသည်းစွဲ အလှအပဖြစ်တဲ့ ဆံကေသာနဲ့အသားအရေအတွက် အရမ်းကို အသုံးဝင်တဲ့ အရာလဲဖြစ်ပါတယ်...

ကိုယ်တွေလို မိန်းကလေးတွေ အတွက်ကတော့ ကြက်ဥအကာဟာ မရှိမဖြစ် လိုအပ်တဲ့ အရာလေး တစ်ခုဖြစ်လာရပြီး မဟုတ်လား ရှင်...

အဲတော့ သူ့ရဲ့ အသုံးဝင်ပုံတွေနဲ့ ဘယ်လို လုပ်ရမလဲ ဆိုတာတွေကို ပြောပြချင်တာနဲ့ပဲ ရောက်လာတာပေါ့နော်... ကဲစရအောင်...

1/ အရေအကြောင်းတွေကို ဖယ်ရှားမယ်...
ကြက်ဥအကာက မျက်နှာ အသားအရေကို တင်းရင်းပြီးတော့ လှပစေတဲ့ နေရာမှာ ဆရာ တစ်ပါးပါပဲ။

ပြုလုပ်ပုံလေးကလဲ လွယ်ပါတယ်။

ကြက်ဥကို အနှစ်ဖယ်ပြီးတော့ အကာကို အမြုပ်ထအောင်လုပ်ပြီး... မျက်နှာပေါ်မှာ လိမ်းထား... ခြောက်ပြီးတော့ တင်းတင်းလေးဖြစ်လာပြီးဆိုရင် ရေနွေးနွေးလေးနဲ့ မျက်နှာလေးကို ဆေးချလိုက်ပါ။ တစ်ပတ်ကို နှစ်ခါလောက်ပဲ လုပ်ပေါ့နော်

2/ ချွေးပေါက်တွေ ကျယ်နေရင်...
ချွေးပေါက်တွေ ကျယ်တဲ့အခါမှာ အလှအပကို ပျက်စေပြီးတော့ အဲတော့ ချွေးပေါက်တွေကို သက်သာအောင်လို့... ကြက်ဥအကာကို အမြုပ်ထအောင်လုပ်ပြီး ချွေးပေါက်ကျယ်တဲ့ နေရာလေးတွေမှာပဲ လိမ်းပေးပါ။
ခြောက်ပြီးဆိုမှ ရေနွေးနွေးလေးနဲ့ အရင်သစ်ပေးပြီး ရေအေးလေးနဲ့ ပြန်သစ်ပေးပါ။
ပြီးတဲ့ အခါမှာ.တဘတ်နဲ့မသုတ်ပစ်ပဲ... သူကို ဒီတိုင်းလေး အခြောက်ခံထားလိုက်ပါ။

3/ အဆီတွေ အရမ်းပြန်နေရင်...
အဆီတွေ အရမ်းပြန်တတ်တယ်ဆိုရင် ကိုယ်ရဲ့ အလှကို ဖျက်စီးတာကတော့ အမှန်ပါပဲ။ ဒီမျက်နှာပေါ်က အဆီတွေကို လွယ်လွယ်ကူကူဖြေရှင်းလို့ ရပါတယ်။ အမြုပ်ထအောင် လုပ်ထားတဲ့ ကြက်ဥအကာထဲကို အုတ်ဂျုံနဲ့ရောပြီးတော့ မျက်နှာပေါ်မှာ mask လိုမျိုးလေး လိမ်းပြီးတော့ မိနစ်အနဲငယ်ထားပြီး ရေအေးနဲ့ ဆေးချလိုက်ပါ။ တကယ်ကို မိုက်တယ်နော်...

4/ မျက်အိပ်တွေ ရောင်နေခဲ့ရင်...
တချို့တွေက မျက်အိပ်ရောင်နေလို့ ဆိုပြီး ပစည်းတွေကို စျေးတွေ အများကြီး ပေးပြီး ဝယ်သုံးကြတာကို တွေ့ရပါတယ်။ တကယ်တော့ အိမ်မှာ လွယ်လွယ်ကူကူရတာကို သူတို့ သတိမထားမိလို့ပါ။ ငွေလဲ မကုန်ဘူး၊ လုပ်ရတာလဲ လွယ်တယ်.... စတဲ့ အားသာချက်တွေ ရှိ

 #အလှအပအတွက်အသုံးပြုနိုင်တဲ့အုန်းဆီ #ဆံသားခြောက်သွေ့နေလျှင်အိပ်ယာမဝင်ခင် ဆံပင်နှင့်ဦးရေပြားကို အုန်းဆီလိမ်းထားပြီး နောက...
11/05/2022

#အလှအပအတွက်အသုံးပြုနိုင်တဲ့အုန်းဆီ

#ဆံသားခြောက်သွေ့နေလျှင်

အိပ်ယာမဝင်ခင် ဆံပင်နှင့်ဦးရေပြားကို အုန်းဆီလိမ်းထားပြီး နောက်နေ့မနက် အိပ်ယာထမှာ ခေါင်းလျှော်ပါ ✌✌

#ဗောက်ထနေလျှင်

Tea tree oil အနည်းငယ် ရောစပ်ထားတဲ့ အုန်းဆီနဲ့ဦးရေပြားကို နှိပ်ပေးပါ ✌✌

#ဆံပင်ကျွတ်လျှင်

စမုန်စပါးစေ့ကို အုန်းဆီနဲ့ကျိုပြီး အအေးခံကာ ဦးရေပြားနဲ့ ဆံပင်ကို နှပ်ပေးပါ ✌✌

#ဝက်ခြံပေါက်လျှင်

အုန်းဆီထဲ Tea tree oil အစက်အနည်းငယ်ချပြီး ညအိပ်ယာမဝင်ခင် ဝက်ခြံပေါ် တို့ထားပါ ✌✌

#ခြေဖနောင့်ကွဲအက်နေလျှင်

ခြေဖဝါး တစ်ခုလုံးကို အုန်းဆီလိမ်းပြီး ခြေအိပ်ဝတ်ကာ ညအိပ်ပါ ✌✌

#ခံတွင်းမှာအနာပေါက်နေလျှင်

အိပ်ယာမဝင်ခင် ခံတွင်းထဲက အနာပေါ် အုန်းဆီ သုတ်လိမ်းပြီး ညအိပ်ပါ 👌

#သွားကျန်းမာစေရန်

သွားတိုက်အပြီး သွားဖုံးကို အုန်းဆီနဲ့ ပွတ်ပေးပါ ✌

အလှအပရေးရာတွေကို ပိုမိုသိရှိစေဖို့ page လေးကို Like လုပ်ခဲ့ဖို့ မမေ့နဲ့နော်
Crd

ဝက်ခြံနဲ့ အဆီဖု အသားအရေအတွက် ဆောင်ရန်ရှောင်ရန်အချက်လေးတွေပြောပြချင်ပါတယ်ရှင့်🤗( ၁ ) ဝက်ခြံ နဲ့ အဆီဖု စတဲ့ အဖုလေးတွေကို လ...
27/04/2022

ဝက်ခြံနဲ့ အဆီဖု အသားအရေအတွက် ဆောင်ရန်ရှောင်ရန်

အချက်လေးတွေပြောပြချင်ပါတယ်ရှင့်🤗

( ၁ ) ဝက်ခြံ နဲ့ အဆီဖု စတဲ့ အဖုလေးတွေကို လက်နဲ့ကိုင်တာ ဆွတာ ဆိတ်တာ ကုပ်တာ ညှစ်တာမျိုး မလုပ်ပါနဲ့နော်

( ၂ )ရေများများ သောက်ပေးပါ

( ၃ ) အစိမ်းရောင်ရှိတဲ့ အသီးအနှံ့များများ စားပေးပါ

( ၄ )အပြင်သွားပီး ပြန်လာတိုင်း
ဖြစ်နိုင်မယ်ဆို မျက်နှာပြန်သစ်ပါ

( ၅ ) ဘာလို့ လဲဆိုတော့ မျက်နှာပေါ်က
အဆီတွေနဲ့
ပတ်ဝန်းကျင်က ဖုန်တွေကြောင့် လည်း
ဝက်ခြံနဲ့ အဆီဖု တွေပိုဆိုးနိုင်လို့ ပါ

( ၆ ) နောက်ပီး အဆီအဆိမ့် နဲ့ နို့ထွက်ပစ္စည်း အသုံးအဆောင် အစားအသောက်တွေတတ်နိုင်သမျှ ရှောင်ပေးပါ

(၇ ) အငံ နဲ့ အစပ်တွေလည်းလျော့စားပါ

( ၈ ) ဝက်ခြံ အဆီဖု တွေရှိနေသေးသမျှ

မိတ်ကပ် foundation စတာတွေရှောင်ပေးပါ

မဖြစ်မနေ လိမ်းရမယ်ဆိုရင်တော့ အဆီဖု ဝက်ခြံ အသားအရေ အတွက် သီးသန့်ထုတ်ထားတဲ့ cream မျိုး သုံးပေးပါနော်

( ၉ ) ဝက်ခြံ တွေများရင် သနပ်ခါး မလိမ်းစေချင်ပါ /
ယောကျာ်းလေးဆိုရင် အရက် ဘီယာ ဆေးလိပ် စတာတွေလျော့ပါ /

ချောကလက်ကလည်း ဝက်ခြံကို ထွက်စေတယ်။

( ၁၀ )
ပြုပြင်ထားတဲ့အစားအစာတွေ၊ခေါက်ဆွဲခြောက်ထုပ်တွေဟာ အမျိုးသားဟော်မုန်း အင်ဒရိုဂျင်ပမာဏ များလာပြီး ဝက်ခြံထွက်လာတတ်တယ်။

ကြွက်သားထုထည်တက်အောင် သောက်ရတဲ့ ပရိုတင်းပေါင်ဒါတွေ၊ whey protein တွေလည်း ရှောင်သင့်တယ်။
တချို့က ကြက်ဥစားတယ်။ ကြက်ဥအနှစ်မှာ ပါတဲ့ ကိုလက်စတောက ဝက်ခြံကို ပိုဆိုးစေတယ်။

(၁၁)
အရက်၊ကော်ဖီ၊ လက်ဖက်ရည်နဲ့ အချိုရည်တွေကလည်း ဝက်ခြံထွက်ခြင်းကို အားပေးတယ်။

နောက်တချက်က ဆီကြော်စာတွေနဲ့ အာလူးခြောက်တှေကိုလဲရှောငျပါ

ဝက်ခြံပျောက်ဖို့ အထက်ပါ အစားအသောက်တွေ စနစ်တကျရှောင်ကြဉ်ဖို့လိုပါတယ်။ 🙅🙅

နောက်ပီး တစ်ကိုယ်ရည် အသုံးအဆောင်တွေဖြစ်တဲ့

မျက်နှာသုတ်ပဝါ / ခေါင်းအုံးစွပ် တွေကို တစ်ပတ်တစ်ကြိမ် အနည်းဆုံး လဲပေးပါ

ညအိပ်ရာ ဝင်ခါနီးတိုင်း မျက်နှာကို သေသေချာချာလေးသန့်စင်ပေးပါ /

မိတ်ကပ်လိမ်းတတ်ပါက မိတ်ကပ်ဖျက်ဆေး သုံးပီးမှ မျက်နှာထပ်သစ်ပေးပါ /

အိပ်ရေး ဝဝ အိပ်ပါ /အိပ်ချိန်မှန်မှန် အိပ်ပါ

စိတ်ပိုင်းဆိုင်ရာ အနေနဲ့ ကတော့ ပျော်ပျော်နေပါ / ဝက်ခြံ ကြောင့် စိတ်မဖိစီးပါနဲ့ /🙅

ဝက်ခြံ ထွက်လာမှာကိုပဲစိုးရိမ်တာမျိုး လျော့ပါ /

စိတ်ညစ်တဲ့အခါ ဝက်ခြံ က ပိုထွက်တတ်ပါတယ်

ခန္ဓာကိုယ် တွင်းလည်း အပူ အပုတ် မရှိအောင် ဂရုစိုက်ပေးပါ

ဒီ အချက်လေးတွေကိုလည်း အတတ်နိုင်ဆုံး ဂရုတစိုက်လေးနဲ့ လိုက်နာပေးပါ

Crd
#ချစ်တဲ့မင်မင်

Address

Oman
Muscat

Telephone

+959792831128

Website

Alerts

Be the first to know and let us send you an email when Thara Phu kyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share