22/06/2024
Learning Culture ဆိုတာ လူတိုင်းမှာဗီဇပါတာမဟုတ်
ဘွဲ့တေွနဲ့လည်းလုံးဝမဆိုင်ပြန်ဘူး
ကိုယ့်အဖေ ဟာ learning culture အမွေပေးခဲ့တာ
တကယ်က childhood life ရဲ့ habit တွေက လည်းသိပ်သက်ရောက်တယ်
ကိုယ်ကစာဖတ်ပျင်းသူ ကလေးဘဝက
အဖေက ရွှေသွေးဖတ် ပြီးရင် ပြန်ပြောပြခိုင်းတယ်
ပြီးရင်လိုချင်တာဝယ်ပေးမယ့် အပေးအယူနဲ့ persuade လုပ်ခဲ့တာ
အချိန်တွေကြာလာတော့ ကျမ နေ့စဉ်ကမ္ဘာက အိမ်အောက်ဆင်းမဆော့ရတဲ့ကလေးတစ်ယောက်အတွက် ရွှေသွေးနဲ့ မိုးသောက်ပန်းက ကျမအတွက် သူငယ်ချင်းဖြစ်လာတယ်
ကျမ ဘက်က စာဖတ်ခြင်းကိုငတ်မွတ်လာတယ်
မုန့်ဖိုးမယူဘူး အပတ်စဉ် အဲ့ စာအုပ်တွေ ဂျာနယ်တွေ ကျမကိုဝယ်ပေးပါ ဖြစ်လာတယ်🤗
He is so smart father 😘😘😘
Learning Culture အားကောင်းရင် trend out မဖြစ်ဘူးနော်
ကိုယ့်ကိုကိုယ်လည်းပျော်အောင်ထားတတ်လာလိမ့်မယ်😌🎸🪗
ကိုယ်ရှင်သန်ခဲ့တဲ့ မိဘ အသိုင်းအဝိုင်းဆိုရင် ပညာတတ်တွေများတယ် ဒါပေမယ့် အင်မတန် communicate လုပ်ရခက်တဲ့ လူ့ဂွစာတွေ ဖြစ်နေတယ်
ရှင်သန်ရာနေရာတိုင်းကိုမဆိုလိုေပမယ့် main section တွေမှာ Flexible မဖြစ်ဘူးပေါ့
တကယ်က သူတို့ စာလည်းမမဖတ်ကြဘူး
ဖတ်တဲ့ သူကြတော့လည်း ဖတ်ပြီးရင် မတွေးဘူး
ဘာဖြစ်လို့လဲဆိုတော့ သူ့ပတ်ဝန်းကျင်ကစာမဖတ်တော့ သူနဲ့ ယှဉ်မပြောနိုင်လို့ သူက ဉာဏ်မမှီဘူးသတ်မှတ်လိုက်တာ
ဒါပေမယ့်သူ ခေတ်ကို trend ကို သူမေ့ခဲ့ပုံပဲ
Learning Culture အားကောင်းလာတဲ့မျိုးဆက်သစ်တွေ တက်လည်းလာရော သူလိုက်မပြောနိုင်လိုက်မတွေးနိုင်တော့ဘူး..... that's fact😌
အခုတော့ သူ့ခေတ်မှာသူကျန်ခဲ့ပြီ
အခန်းလေးထဲမှာ အခုထိ ရေဒီယို မင်းသားမင်းသမီးတွေအဖြစ် Antique culture ကို ဖတ်တွယ်နေရတယ်
သူတို့ သီချင်းလည်းနားမထောင်တတ်ကြဘူး
မခံစားတတ်ကြပြန်ဘူး
နည်းနည်းတော့ ဆိုက်ကိုဆန်ကြတယ်
ပုံစံခွက်ထဲ နေသားကျလာတော့ Change is Challenging ဖြစ်ကုန်ရော
Learning Culture ရဲ့ Impact က ချိတ်နေတာနော်
နောက်ဆက်တွဲက
သူတို့ဘာသာ သီးသန့်ဆန်ဆန် နေတယ်
မထိုက်တန်တဲ့နေရာတွေကို အတင်းလုယူကြတယ်
ဒါတွေဟာလေ အခုအသက်အရွယ်မှာ ဒီလူတွေကိုကိုယ်သိလိုက်တာတစ်ခုက Learning Culture အားနည်းလွန်းတာပဲ
Marketer တစ်ယောက်ဖြစ်ခဲ့တဲ့ ကိုယ့်အဖေက ကိုယ့်ကို လက်ဆင့်ကမ်းခဲ့တယ်
ခေတ်ကို သိဖို့
ဒီနေ့ခေတ် စကားကတော့ trend ပဲ
သေချာပေါက် ရောက်နေတဲ့ခေတ်ကို Marketing မှာအမြဲသင်ယူရတယ်
ဒါကြောင့် learning culture ရှိသူတွေဟာ which level will you stand ကောင်းကောင်း သိတဲ့သူတွေဖြစ်တယ်
ဘယ်သူနဲ့ ဘယ်ပတ်ဝန်းကျင်မှာ ဘာတွေပြောပြီး Life ကို Timing ကိုက်ဖို့ဆိုတာ ဝမ်းစာပြည့်ဖို့လိုပါတယ်
Learning Culture အားကောင်းရင် မသိရင်မရှက်သလို
မသိတာကို သိအောင်ရအောင်ကြိုးစားသူတွေပါ
အဲ့လူတွေဟာ မကျရူံးပါဘူး
ခဏပဲ ခလုတ်တိုက်တာပါ
ဥပမာ ကျမလည်း ကျရူံးခဲ့တယ်ထင်ခဲ့တာ
အခုအချိန်ကြာလာတော့ ကိုယ်လိုချင်တာတွေရအောင်ယူနိုင်လာတာကြုံရလေလေ ခလုတ်တိုက်ခဲ့တာပါလားလို့
ကျမ ရဲ့ Learning Culture က ပြန်ထောက်ပြသွားတယ်
ဒါကြောင့် သင်ယူခြင်း ကိုဘယ်အသက်အရွယ်မှာမှမရပ်တန့်ပါနဲ့
ဘယ်အခြေအနေမှာမဆို learning habits ကို အမြဲ ထားပါ လို့
တော်ကီတစ်ပေါက် လျှမ်းလျှမ်းတောက်ချင်ရင် Learning habits တွေ အားကောင်းအောင်လုပ်ကြပါလို့😁😘
ချစ်လို့ပြောတဲ့ယူတို့မတ်မတ်😘😘😘
ZIN MAR OO