Yan Naing Bo - ရန်နိုင်ဗိုလ်

Yan Naing Bo - ရန်နိုင်ဗိုလ် About me (My Diary)
About Knowledge I can share
Motivation
Inspiration
Business Experience Sharing

08/06/2026

ကျန်ော့ ကုမ္ပဏီမှာ BIM Modeler Role ကို AEP , WP Pass နဲ့ လုပ်နိုင်ရင် လာဖို့ ဖိတ်တဲ့ ပို့စ်တင်တော့

နားမလည် ပါးမလည် နဲ့ အမြဲ အဆိုးမြင်သမားတွေက ဝင်မန့်နေသေးတာ

{အလုပ်များ ၊ နေမကောင်းနေသေးလို့ ဘာမှ ပြန်မရေးသေးတာ)

တလ ၆ ရာ နဲ့့လားတဲ့

ကိုယ့်အဆငိ့ နဲ့ ကိုယ်တွေးတာနော်

လုပ်စားချင်ရင် ရေးတောင်မနေဘူး အလုပ်ပေးမယ် ငါ့ကို ၃ လစာပေး တောင်းရင်တောင် တပုံကြီး။ အဲလိုဗန်းပြပြီး ငါ့သင်တန်းတက်ရင် အလုပ်အတွက် တင်ပေးမယ် လုပ်စားသူတွေတောင်ရှိသေးတယ် မပြောချငိလို့

ဒါမျိုးလူတွေကျရင် ဖက်မတက် ယက်မတက် နဲ့ လိုက်ကပ်ကြ ဂျင်းထည့်ခံကြမယ့်သူတွေ။

စေတနာမှန်နဲ့မတန်တဲ့သူတွေ။

စလုံးမှာ Pass တွေရဲ့ အရွေ့ကို သေချာမသိဘဲ ဝေဖန်တယ်။
မနေ့က အချက်အလက် နဲ့ ဒီနေ့ တိုင်းတာလို့မရဘူး။
နားလည်အောင်လုပ်ပြီးမှ ဝေဖန်

အားမှ အသေးစိတ် YT TT တင်ပေးထားမယ်

နောက်ရှိသေးတယ်။
မက်ဆေ့ တဂွမ်ဂွမ်ပို့ပြီး ဘာပတ်စ် နဲ့ဖြစ်ဖြစ် လုပ်ပါမယ် တကဲကဲ
အင်တာဗျူးကရမှာလား
ဘာထူးလဲ
ခဏခဏမေးပြီး
စင်ကာပူရောက်နေတာကြာပြီအလုပ်မရသေးလို့ပါဆိုပြီးငိုပြလို့ အဆင်ပြေပါစေဆိုပြီး အင်တာဗျူး အမြနိ စီစဉ်ခိုင်းလည်းပြီးရော အချိန််ရွှေ့ရတာနဲ့ အင်တာဗျူးမလာနိုင်တော့ဘူးပြောရတာနဲ့

အဲလိုပုံစံနဲ့ နောက်လူတွေရဲ့ CV ကို ကိုယ့်ဆီကနေ တိုက်ရိုက် အင်တာဗျူးခေါ်ပေးဆိုတာမျိုး မပေးရဲတော့ဘူး

ကိုယ်ကအားနေတာလည်းမဟုတ်ဘူး
လူအများကြီး အလုပ်အများကြီး ကိုင်တွယ်ပေးနေရတာ။
ဒါကိုတန်ဖိုးမထားကြတော့ ကိုယ့်ဘာသာပဲ HR အဆက်သွယ်ရအောင်ရှာပြီး လျှောက်ပေတော့ ရှာပေတော့။

ကိုယ်က အလကားမတ်တင်းစေတနာနဲ့လုပ်ပေးရင် တန်ဖိုးမထားဘူး
ငါ့သင်တန်းလာတက်မှ ပြောပေးမယ် တို့
အလုပ်ရရင် ဘယ်လောက်ထပိပေးရမယ် တို့ အပေါ်စည်း ကနေ ပြောတဲ့သူတွေဆီကျ အောက်ကျနောက်ကျခံ ကြောက်လိုက်ကြတာ။

စိတ်ကုန်ပါတယ်။

ခုတော့ ဆုံးဖြတ်ထားတယ် ရင်းနှီးပြီး ကိုယ့်ကို Commitment ပေးနိုင်သူပဲ အာမခံပေးတာ့မယ် မသိတဲ့သူဆို ထားလိုက်တော့မယ်

ကျွန်ုပ်လည်း မားကတ်တင်းဆင်းတတ်တယ်
ကျွန်ုပ် နဲ့ One on One CV Review Coaching ယူထားသူတွေ ကျွန်ုပ်ဆီမှာရော တခြား စလုံးကုမ္ပဏီမှာရော အလုပ်တွေရကြတာ သိလား။

နောက်နေ့ကစပြီး အဲ့အတန်းကို သင်တန်းကြေး ၅ ဆ တင်ခိုင်းရမယ် အက်မင်တွေကို

တချို့တချို့တွေက
(ကိုယ့်ဆရာသမားတယောက်ပြောဖူးသလိုပဲ)
အလကားမပေးပါနဲ့ဆရာရယ် အလကားပေးရင် အလကားသင်ပေးရင်
တချို့က အလကားလူ အလကားဆရာ လို့ပဲ ထင်တတ်မြင်တတ်ကြလို့ပါ တဲ့။

ဇွန် လ ၉ ရက် ၂၀၂၆ ကစပြီး အသပြာလူ အသပြာဆရာလုပ်ရမလိုပဲ ကိုယ့်ဆရာစကားကလေ ။

😀😀😀😀

19/05/2026

📣 သတင်းကောင်း - စင်ကာပူမှာ Career စတင်ချင်တဲ့ ကျောင်းသားတွေအတွက် အထူးအခွင့်အရေး
လက်ရှိ စင်ကာပူမှာ S Pass Quota တွေ တော်တော်လေး ရှားပါးနေတဲ့အချိန်ပါ။ ဒါပေမယ့် Main Con တစ်ခုမှာ BIM Modeler အနေနဲ့ ဝင်ရောက်လုပ်ကိုင်ဖို့ Approve ရခဲတဲ့ အထူး Work Permit (WP) အခွင့်အရေးတစ်ခု ကျွန်တော်တို့ ရထားပါတယ်။
📌 သတ်မှတ်ချက်များနဲ့ ခံစားခွင့်များ
• ရာထူး: BIM Modeler အနေနဲ့ WP လက်ခံနိုင်ရပါမယ်။
• ကျား/မ: အမျိုးသား (Male) သီးသန့်
• သက်တမ်း: (၂) နှစ် Contract Bond ထိုးနိုင်ရပါမယ်။
• ပံ့ပိုးမှုများ: Work Permit လျှောက်ဖို့ လိုအပ်တဲ့ သင်တန်းတက်စရိတ်နဲ့ လေယာဉ်လက်မှတ်ဖိုး အကုန်လုံးကို ကုမ္ပဏီဘက်ကနေ အပြည့်အဝ ကျခံထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
💡 အင်တာဗျူးအတွက် ကြိုတင်ပြင်ဆင်ရန် (Trainer ၏ အကြံပြုချက်)
ဒီအခွင့်အရေးအတွက် အင်တာဗျူးမှာ ကျွန်တော်ကိုယ်တိုင် သေချာလေး စစ်ထုတ်ပြီး ရွေးချယ်သွားမှာပါ။ ကျောင်းသားတွေအနေနဲ့ အဓိက ပြင်ဆင်ထားရမယ့် အချက်တွေကတော့ "Attitude (ကောင်းမွန်သော စိတ်နေသဘောထား)" နဲ့ "Performance (လက်တွေ့ လုပ်ရည်ကိုင်ရည်)" ပဲ ဖြစ်ပါတယ်။ ဒီနှစ်ချက်ကို အဓိကထားပြီး ဦးစားပေး ရွေးချယ်သွားပါမယ်။
WP (Work Permit) လို့ ဆိုပေမယ့် Construction Worker လို အလုပ်ကြမ်းလုပ်ရမှာ လုံးဝ မဟုတ်တဲ့အတွက် သိမ်ငယ်စရာ မလိုပါဘူး။ Professional ဆန်ဆန် ရုံးပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနဲ့ အလုပ်လုပ်ရမယ့် ပုံစံဖြစ်ပါတယ်။
⚠️ အမြန်ဆုံး ဆက်သွယ်ပါ
Quota ရရှိမှုက အနည်းငယ်သာဖြစ်ပြီး အကန့်အသတ်ရှိပါတယ်။ ဒါကြောင့် တခြား Department တွေက နေရာယူမသွားခင် ကျွန်တော့်ရဲ့ BIM Modeler တွေကိုပဲ ဦးစားပေး နေရာချထားပေးချင်ပါတယ်။
တကယ် ကြိုးစားချင်စိတ်ရှိပြီး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့သူတွေ အခွင့်အရေး လက်မလွတ်ရလေအောင် အမြန်ဆုံး ဆက်သွယ် လျှောက်ထားကြဖို့ တိုက်တွန်းချင်ပါတယ်။

Address

Toa Payoh Central, Singapore, Singapore
Singapore

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Yan Naing Bo - ရန်နိုင်ဗိုလ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share