Juncture

Juncture Myanmar's First AI Powered Applicant Tracking System, helping your company match with top talents!

🌍 Celebrating International HR Day! 🤝Today, we honor HR professionals worldwide for their vital role in shaping organiza...
20/05/2023

🌍 Celebrating International HR Day! 🤝

Today, we honor HR professionals worldwide for their vital role in shaping organizations, empowering employees, and fostering thriving workplace cultures. Thank you for your dedication, expertise, and commitment to building better workplaces.

On this International HR Day, we are thrilled to announce that our game-changing AI-powered HR solution will be launching soon. Thank you very much to our demo users and HR professionals who have always supported us. If you are interested in trying out the first-ever AI-powered HR solution in Myanmar, please fill out the registration form below. Our team will contact you shortly.

Demo User Registration - https://lnkd.in/g9P4xpuK

ဒုံးပျံလို ပြင်းထန်လာတဲ့ ဒီနွေရဲ့ အပူချိန်မှာ အပူရှပ်ခြင်းကင်းဝေးစေဖို့ ဘယ်လိုရုန်းကန်ကြမလဲ? 🥵 အပူရှပ်တာက နွေရာသီမှာအဖြစ...
08/05/2023

ဒုံးပျံလို ပြင်းထန်လာတဲ့ ဒီနွေရဲ့ အပူချိန်မှာ အပူရှပ်ခြင်းကင်းဝေးစေဖို့ ဘယ်လိုရုန်းကန်ကြမလဲ? 🥵

အပူရှပ်တာက နွေရာသီမှာအဖြစ်များတဲ့ အခြေအနေတစ်ခုပါ။ အခုလို ပူပြင်းလှတဲ့ နွေရာသီမှာ မိတ်ဆွေတို့ကိုယ်တိုင်နဲ့ ကိုယ်ချစ်ရတဲ့သူတွေ အပူရှပ်တာကို ကာကွယ်နိုင်ဖို့ ဘယ်လိုအချက်တွေ သိထားဖို့လိုမလဲဆိုတာ မျှဝေပေးပါရစေ။

ရေဓာတ်ပြည့်ဝနေပါစေ 💧

ပထမဆုံး အနေနဲ့ ရေများများ‌သောက်ပေးပါ။ ရေမကြာခဏသောက်တာက အပူဒဏ်ကိုကာကွယ်နိုင်ဖို့ အသုံးဝင်ဆုံးနည်းလမ်းတစ်ခုပါပဲ။ ရေအပြင် ချွေးထွက်များလို့ ဆုံးရှုံးသွားတဲ့ သတ္တုဓာတ်တွေကို ပြန်ဖြည့်ဖို့ဆိုရင်တော့ electrolytes ပါ၀င်တဲ့ ဓာတ်ဆားရည်တွေ၊ ဖျော်ရည်တွေကိုလည်းသောက်လို့ရပါတယ်။

ရာသီဥတုနဲ့ သင့်လျော်တဲ့အဝတ်အစားဝတ်ပါ‌ 👚

နွေရာသီနေပူပူလေပူပူကြီးမှာ hoodie အထူကြီးတွေမဝတ်နဲ့ဦးနော်။ 🤭 ပေါ့ပေါ့ပါးပါး ပွပွချောင်ချောင်ရှိတဲ့ အဝတ်အစားကို ရွေးချယ်ဝတ်ဆင်ပါ။ အနက်ရောင်အဝတ်အစားတွေက အပူကိုပိုစုပ်တာကြောင့် ဖျော့တဲ့အရောင်တွေကိုဦးစားပေး ရွေးချယ်သင့်ပါတယ်။ နေပူထဲထွက်တဲ့အခါ ဦးထုပ်ဆောင်းပါ၊ထီးဆောင်းပါ။ ဒါမှ မိတ်ဆွေတို့ရဲ့ နုဖက်ဥအက်နေတဲ့ မျက်နှာလှလှ‌လေးကို နေပူပူကလာတဲ့ ခရမ်းရောင်လုံချည် အဲမှားလို့ ခရမ်းလွန်ရောင်ခြည်များမှ ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။

အပူရှိန်မြင့်ချိန်အတွင်း အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ပါ။ 🥵

နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီကြားက နေရောင်ခြည်နဲ့ အပူရှိန် အပြင်းထန်ဆုံးဖြစ်သောကြောင့် အိမ်တွင်းအောင်းတာမျိုး ‌ဒါမှမဟုတ် အရိပ်ရတဲ့ နားနားနေနေနေလို့ရတဲ့ နေရာတစ်ခုမှာနေတာက အကောင်းဆုံးပါနော်။ (ရည်းစားရှိတဲ့သူက သူ့ရင်ခွင်ထဲဝင်ပေါ့😶‍🌫️)

အပြင်ထွက်ရမယ်ဆိုရင်လည်း အေးမြပြီး အရိပ်ရတဲ့နေရာမှာ ခဏခဏအနားယူပြီး ရေများများသောက်ပေးနော်။ 🌳

တစ်နေ့တာရဲ့ အပူဆုံးအချိန်တွေမှာ ပင်ပန်းစေတဲ့အလုပ်မျိုးမလုပ်ပါနဲ့။ နံနက်စောစောနဲ့ ညနေပိုင်းတွေလို အပူချိန်နည်းတဲ့အချိန်တွေမှာပဲ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တာ၊ gym သွားတာတွေကိုလုပ်ပါ။ (မီးပြတ်ပြီးပူလို့ဘာမှမလုပ်တဲ့သူတွေတော့များမယ်ထင်တယ်😂)

အကယ်၍ မိတ်ဆွေတို့အနေနဲ့ ချွေးထွက်များလွန်းပြီး ခန္ဓာကိုယ်ကအပူလွန်ကဲလာတာ၊ ခေါင်းမူးတာ၊ ပျို့အန်ချင်လာတာတွေကို ခံစားလာရရင်တော့ အမြန်ဆုံးအေးအောင် နည်းမျိုးစုံနဲ့လုပ်ပါ။ မီးလာရင်တော့ air con ဖွင့်တာ၊ ပန်ကာဖွင့်တာလုပ်ပေးပါ။ အပြင်ရောက်နေတယ် လမ်းမှာဆိုရင်တော့ အရိပ်ရတဲ့သစ်ပင်အောက်မှာ အနားယူပါ။ရေ၊ ဓာတ်ဆားရည် သောက်ပေးပါ။

ဒါ့အပြင် လိုအပ်ရင်တော့ ခန္ဓာကိုယ်အပူချိန်ကို လျှော့ချဖို့အတွက် ရေပတ်တိုက်တာ၊ ရေဝတ်ကပ်တာ၊ ရေချိုးပေးတာတွေလုပ်ပါ။

ခုတော့ လုပ်သင့်တဲ့အရာတွေကို ကိုယ်ကိုယ်တိုင်သိပြီးပြီဆိုတော့ ကိုယ်ချစ်ရတဲ့သူတွေကို မျှဝေပေးပြီး ချစ်ခြင်းမေတ္တာကိုပြသလိုက်ပါ‌။ 💓

နေပူပူ‌ လေပူပူမှာ မိတ်ဆွေတို့အားလုံး အပူရှပ်ခြင်းကင်းဝေးပြီး ကျန်းကျန်းမာမာရှိကြစေဖို့ ဆုတောင်းပေးလိုက်ပါတယ်။ 🙏

Trend နဲ့ အညီ Juncture ရဲ့ Marketing Team ကတော့ Founder တွေ အတွက် ဖန်တီးပေးလိုက်ပါပြီ 🤩✅ CEO✅ COO✅ CTO✅ Head of Partners...
05/05/2023

Trend နဲ့ အညီ Juncture ရဲ့ Marketing Team ကတော့ Founder တွေ အတွက် ဖန်တီးပေးလိုက်ပါပြီ 🤩

✅ CEO
✅ COO
✅ CTO
✅ Head of Partnership ကြိုက်တဲ့ သူနဲ့ ရွေးပြီး ဒိတ်နိုင်မယ့် အခွင့်အရေးကြီးမို့ လက်လွှတ်ဆုံးရှုံးမခံဘဲ ယခု ချက်ချင်း 'ဂျန်' ပါတဲ့ သူငယ်ချင်းလေးတွေကို Mention နိုင်ပါပြီ 😍

🪷 ကဆုန်လပြည့် ဗုဒ္ဓနေ့ 🪷ယနေ့ ၁၃၈၅ ခု၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ အခါသမယလေးမှာ မိတ်ဆွေများအားလုံး ကျန်းမာရွှင်လန်းကာ ဘေးဘယာဝေးကွ...
03/05/2023

🪷 ကဆုန်လပြည့် ဗုဒ္ဓနေ့ 🪷

ယနေ့ ၁၃၈၅ ခု၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ အခါသမယလေးမှာ မိတ်ဆွေများအားလုံး ကျန်းမာရွှင်လန်းကာ ဘေးဘယာဝေးကွာပြီး စီးပွားလာဘ်လာဘများ တိုးတက်အောင်မြင်ပါစေကြောင်း Juncture မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ 🌟


"တစ်နေ့ တစ်နေ့ ဒါတွေပဲ လုပ်နေရမှာလား?"" ဒီ အလုပ်မှာပဲ ငါ ရပ်နေတော့မှာလား? "" ဒီထက်ပိုပြီး မတိုးတက်တော့ဘူးလား?"အလုပ်လုပ်န...
02/05/2023

"တစ်နေ့ တစ်နေ့ ဒါတွေပဲ လုပ်နေရမှာလား?"
" ဒီ အလုပ်မှာပဲ ငါ ရပ်နေတော့မှာလား? "
" ဒီထက်ပိုပြီး မတိုးတက်တော့ဘူးလား?"

အလုပ်လုပ်နေရင်းနဲ့ ဒီလိုတွေ Self-doubt ဖြစ်စေတဲ့ အတွေးတွေ တွေးမိနေပြီဆိုရင် ဒီ Imposter syndrome ကြီးကို ဘယ်လိုမျိုး ကျော်ဖြတ်ကြမလဲ? 💭

အဝေးကြီးမတွေးပါနဲ့ ...ရိုးရိုးလေးပါပဲ 😮‍💨
" မိမိ ကိုယ်ကို ရင်းနှီးမြှုပ်နှံခြင်းသည်" သာ အဖြေဖြစ်ပါတယ်။

ဘယ်လိုရင်းနှီးမြှုပ်နှံရမှာလဲ? ပိုက်ဆံလား 💴🤔
နိုးပါ ⛔
"Continuous Learning or Lifelong Learning" လို့ခေါ်တဲ့ စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းနဲ့ ရင်းနှီးမြှုပ်နှံမှာဖြစ်ပါတယ် 📚

ဘာကြောင့် Lifelong Learning က အရေးကြီးတာလဲ ?

✅ မိမိ Career နဲ့ ပတ်သတ်တာတွေကို အမြဲ လေ့လာနေတာမို့ Career Industry ရဲ့ Updates တွေ အကုန်လုံးနဲ့ အချိတ်အဆက်မိနေမှာဖြစ်ပါတယ်။
✅ Career အခွင့်အလမ်းအသစ်တွေကိုလည်း ပိုမို တွေ့မြင်လာနိုင်သလို လက်ရှိ Career မှာလည်း Promotion တွေ ရလာနိုင်ပြီး ..
✅ လုပ်ငန်းရှင်တွေ အနေနဲ့လည်း မိမိရဲ့ ကျွမ်းကျင်မှုတွေနဲ့ Career အပေါ်လေးစားမှုတွေကို ပိုမို တွေ့မြင်လာမှာဖြစ်တာမို့ မိမိရဲ့ Value ကိုလည်း မြှင့်တင်နိုင်မှာဖြစ်တယ်နော်။

Career Investment လုပ်ဖို့ ဘာကြောင့် အရေးကြီးတာလဲဆိုတာကို သိပြီးပြီဆိုရင်တော့ နောက်နေ့တွေမှာ မိမိ Career ကို ဘယ်လိုမျိုး နည်းလမ်းတွေသုံးပြီး တိုးတက်အောင်လုပ်ကြမလဲဆိုတာကို Sharing လုပ်ပေးသွားမှာမို့ Stay Tuned ပါနော် 🔈

အလုပ်အကိုင် အခွင့်အလမ်းအသစ်တွေကို အချိန်နဲ့ တစ်ပြေးညီ Update သိနိုင်ဖို့ "For You- သင့်အတွက်" Telegram Group လေးကိုလည်း ဒီ Link လေးကနေ Join ထားဖို့ မမေ့နဲ့နော်
Telegram: https://t.me/bestfitjobsforyou


🌟 International Labour Day 🌟ယနေ့ မေလ (၁) ရက်နေ့တွင် ကျရောက်သည့် "အလုပ်သမားနေ့ - Labour Day" အား Juncture မှ ဂုဏ်ပြုကြိုဆ...
01/05/2023

🌟 International Labour Day 🌟

ယနေ့ မေလ (၁) ရက်နေ့တွင် ကျရောက်သည့် "အလုပ်သမားနေ့ - Labour Day" အား Juncture မှ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။

ကမ္ဘာ‌တစ်ဝှမ်းရှိ တာဝန်ကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြသော အလုပ်သမားထုကြီးအား ဖိနှိပ်မှု၊ ခွဲခြားခံရမှုများမှ ကင်းဝေးပြီး အလုပ်အကိုင်များ အောင်မြင်တိုးတက်ကြဖို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။


ဟိတ် ... အလုပ် ရှာနေတာလား? 👀မိမိရဲ့ Career နဲ့ သက်ဆိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ရှာဖွေတွေ့ရှိနိုင်ဖို့ အလုပ်ရှာတ...
28/04/2023

ဟိတ် ... အလုပ် ရှာနေတာလား? 👀

မိမိရဲ့ Career နဲ့ သက်ဆိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ရှာဖွေတွေ့ရှိနိုင်ဖို့ အလုပ်ရှာတဲ့ Group ပေါင်းစုံကို အဆုံးမရှိ Scroll ကြည့်ရတာ ငြီးငွေ့နေပြီလား? 🤔

မတူညီတဲ့ နေရာမျိုးစုံမှ Industry မျိုးစုံရဲ့ Job Vacancy များကို တစ်နေရာတည်းမှာ နေ့စဉ် Update ပေးနေတဲ့ For You - Telegram Channel ကို ယခု Link - https://t.me/bestfitjobsforyou မှ တစ်ဆင့် Join လိုက်ပါ။ 🥳

"အလုပ်ရှာနေတာလား ?
သင့်အတွက်ရှိတယ် .. For You"


ဒီစာကိုမဖတ်ပါနဲ့။ ❌ မိတ်ဆွေ အလုပ်အင်တာဗျူးကို ကောင်းကောင်း မဖြေချင်ဘူးဆိုရင် ဒီစာကိုမဖတ်ပါနဲ့။ ❌ . . . .ကဲ မိတ်ဆွေ၊ ဆက်ဖ...
26/04/2023

ဒီစာကိုမဖတ်ပါနဲ့။ ❌
မိတ်ဆွေ အလုပ်အင်တာဗျူးကို ကောင်းကောင်း မဖြေချင်ဘူးဆိုရင် ဒီစာကိုမဖတ်ပါနဲ့။ ❌
.
.
.
.
ကဲ မိတ်ဆွေ၊ ဆက်ဖတ်နေတုန်းလား။ 👀
အခုချိန်ထိ ဒီစာကိုဖတ်နေတယ်ဆိုရင် အင်တာဗျူးကို ပိုင်ပိုင်နိုင်နိုင်ဖြေချင်တဲ့ မိတ်ဆွေရဲ့စိတ်ဆန္ဒကို တွေ့ပါပြီ။ 💡 ဒါဆို ဘယ်လိုလုပ်ရမလဲ ကြည့်ရအောင်။ 🤔

(၁) ကိုယ့်လျှောက်ထားတဲ့ Company အကြောင်းကို လေ့လာပါ 🔍
အင်တာဗျူးမဖြေခင်ကြိုပြီး Company ရဲ့ Value တွေ၊ Mission, Vision တွေ၊ အောင်မြင်မှုတွေနဲ့ သူတို့အခုဘာတွေလုပ်နေလဲဆိုတာကို ရှာဖွေလေ့လာထားဖို့ မမေ့ပါနဲ့။ ဒါကသင့်ရဲ့ကိုယ်လုပ်မယ့် ကုမ္ပဏီကို ဘယ်လောက်စိတ်ဝင်စားကြောင်း ကိုပြသနိုင်မှာပါ။ ဒါ့အပြင်အင်တာဗျူးမေးခွန်းတွေကို Company နဲ့ဆက်စပ်ဖြေရင်တော့ အမှတ်တိုးစေမှာပဲဖြစ်ပါတယ်။

(၂) Job Description ကို သေချာလေ့လာထားပါ။ 👩‍💻
ဒုတိယအနေနဲ့ ကိုယ်လျှောက်တဲ့ အလုပ်ရဲ့ Job Description ကို သေချာလေ့လာထားပါ။ ဒါမှသာ အလုပ်ကလိုအပ်တဲ့တာဝန်တွေကို ထမ်းဆောင်ဖို့ အရည်အချင်းပြည့်မီတယ်ဆိုတာကို အင်တာဗျူးမှာ သေချာချပြနိုင်မှာပါ။ ကိုယ့်ရဲ့အရည်အချင်းတွေ၊ အတွေ့အကြုံတွေက အလုပ်နဲ့ဘယ်လိုကိုက်ညီတယ်ဆိုတာကို၊ ကိုယ်လုပ်ခဲ့တာတွေနဲ့ ဥပမာတွေပေးပြီး Hiring Manager ကိုအကောင်းဆုံးချပြလိုက်ပါ။

(၃) မေးလေ့မေးထရှိတဲ့ အင်တာဗျူး မေးခွန်းတွေကို ဖြေဆိုလေ့ကျင့်ပါ။ ✅
တွေ့လေ့တွေ့ထရှိတဲ့မေးခွန်းတွေကို ပြင်ဆင်ပြီး ချရေးကြည့်တာ၊ Record လုပ်ပြီး ဖြေကြည့်တာ တွေက အင်တာဗျူးမှာ Confidence Level မြင့်စေမှာပါ။ ဒါ့အပြင် အလုပ်နဲ့ဆိုင်တဲ့ Competency Skill Question တွေ Situational Question တွေကိုလည်း ပြင်ဆင်ကြည့်ပါ။

(၄) မေးခွန်းပြန်မေးပါ။
အင်တာဗျူးအပြီးတွေမှာ Interviewer ကကိုယ့်ကို သိချင်တာတွေမေးဖို့အချိန်ပေးတတ်ကြပါတယ်။ ဒါဟာ ကိုယ့်ရဲ့အလုပ်နဲ့ ကုမ္ပဏီအပေါ် စိတ်ဝင်စားမှု၊ လေ့လာမှုတွေကို ပြသဖို့ အခွင့်အရေးကောင်းပါပဲ။ ဒါကြောင့် Company နဲ့ ပတ်သတ်ပြီး ကိုယ့်ရဲ့မေးခွန်းကောင်းတချို့ကို ပြင်ဆင်ထားတာ ကောင်းပါတယ်။

(၅) အင်တာဗျူးပြီးရင် Follow Up ဆက်လုပ်ပါ။
အင်တာဗျူးပြီးသွားတဲ့အခါမှာ ကိုယ့်ရဲ့ အလုပ်ရဖို့ Chance တိုးမြင့်လာစေဖို့အတွက် နောက်ထပ်လုပ်ဆောင်စရာကတော့ Follow up ပါပဲ။ Hiring manager ဆီ ကျေးဇူးတင်တဲ့အကြောင်း E-mail ပို့တာမျိုး လုပ်ကြည့်ပါ။ ဒီလိုလုပ်ခြင်းက ကိုယ့်ရဲ့ အလုပ်ကိုတန်ဖိုးထားတယ်ဆိုတာကို သိစေပါတယ်။

ယခုအဆုံးထိဖတ်လာပြီးပြီဆိုရင်တော့ ကိုယ့်မှာအလုပ်အင်တာဗျူးကို အထာကျကျ ဖြေဆိုဖို့နည်းလမ်းတွေကို သိသွားပါပြီ။

ဒီဟာလေးက ကိုယ့်အတွက် အထောက်အကူဖြစ်တယ်ဆိုရင် သူငယ်ချင်းတွေကိုမျှဝေပေးပါဦး။
လာမယ့် Interview မှာကံကောင်းပါစေ🍀


ဥာဏ်ရည်တုနည်းပညာ (Artificial intelligence) ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ Job market ကို ပြောင်းလဲမှုတွေဖြစ်လာနေသလို ကျွမ်းကျ...
24/04/2023

ဥာဏ်ရည်တုနည်းပညာ (Artificial intelligence) ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ Job market ကို ပြောင်းလဲမှုတွေဖြစ်လာနေသလို ကျွမ်းကျင်ပညာရှင်တွေအတွက် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးနေပါတယ်။

ဒါပေမယ့် AI က အလုပ်အကိုင်တွေကို အစားထိုးလာနိုင်တာလည်း ငြင်းမရပါဘူး။ ဒီတော့ AI ရဲ့တိုးတက်မှုကို မျက်ခြေမပြတ်အောင် မိမိ ရဲ့ Career ပိုင်းဆိုင်ရာကို တိုးတက်အောင် ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို အားလုံးတူတူကြည့်လိုက်ရအောင်။ 👀

(1) Analyze the situation 🔍
ကိုယ့်ရဲ့ လက်ရှိအလုပ်နဲ့ ပတ်သတ်တဲ့ Trend တွေ၊ နည်းပညာသစ်တွေကို ကိုယ့်အနေနဲ့အမှီလိုက်နိုင်နေပြီလား ? ကိုယ့်အနေနဲ့ ဘာတွေတိုးတက်အောင်လုပ်ဖို့ လိုနေသေးလဲ ? ... စတာတွေအပြင် အနာဂတ်မှာဖြစ်လာနိုင်တဲ့ကိုယ့်ရဲ့ Careerရဲ့ လိုအပ်ချက်တွေ၊ Marketရဲ့ အလားအလာတွေကို နားလည်ထားဖို့၊ ရှာဖွေထားဖို့ လိုအပ်ပါတယ်။

(2) Develop Your Technical Skills 👩‍💻
AI ခေတ်မှာ အမှီလိုက်ဖို့ဆိုရင်တော့ AI ရဲ့ အလုပ်လုပ်ပုံတွေ ဘယ်နေရာမှာဘယ်လိုသုံးလို့ရလဲဆိုတာတွေသိဖို့လိုတဲ့အပြင် Programming၊ Data analysis နှင့် Machine learning စတဲ့ နည်းပညာပိုင်းဆိုင်ရာတွေကို အခြေခံ လေ့လာသင်ယူထားတာက အကောင်းဆုံးပါ။ ဒါ့အပြင် မိမိ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ နောက်ဆုံးပေါ်နည်းပညာတွေ ကိုလည်း မျက်ခြေမပျက်ဘဲ လေ့လာနေသင့်ပါတယ်။

(3) Collaborate with AI industry 🌏
AI နယ်ပယ်ရဲ့ ကျွမ်းကျင်ပညာရှင်တွေ၊ လေ့လာနေသူတွေရှိတဲ့ Community မှာရှိနေခြင်းက အသိအမြင် အသစ်တွေ ရရှိဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ Online AI network တွေနဲ့ ချိတ်ဆက်ဖို့လိုသလို၊ AI related event တွေ ကိုယ့်ရဲ့ Profession နဲ့ဆိုင်တဲ့ Event တွေကို တက်ရောက်ခြင်းက AI ခေတ်မှာ နောက်မကျကျန်စေဖို့ ကူညီပါလိမ့်မယ်။

ဒီတော့ AI ခေတ်ကြီးမှာ အချိန်မဆွဲဘဲ Comfort zone ကနေထွက်ပြီး မိမိရဲ့ career ကို တိုးတက်စေဖို့ လုပ်ဆောင်ကြရအောင်။



Happy Eid Mubarak to all our Muslim friends!Juncture မှ အစ္စလာမ်ဘာသာဝင်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းပါစေက...
23/04/2023

Happy Eid Mubarak to all our Muslim friends!

Juncture မှ အစ္စလာမ်ဘာသာဝင်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။ 🌙

Happy Eid Mubarak!

Juncture wishes all of our Muslim friends good health, happiness and countless blessings on this auspicious day. 🌙


အပူရှောင်ဖို့ ရုံးတက်သော်လည်း ရုံးမှာ Air con ပျက်နေသောအခါ ... 🥵အားလုံးပဲ ပျော်ရွှင်ဖွယ်ရာ နွေရာသီလေးဖြစ်ကြပါစေနော်
21/04/2023

အပူရှောင်ဖို့ ရုံးတက်သော်လည်း ရုံးမှာ Air con ပျက်နေသောအခါ ... 🥵

အားလုံးပဲ ပျော်ရွှင်ဖွယ်ရာ နွေရာသီလေးဖြစ်ကြပါစေနော်


ဝန်ထမ်းတွေ အလုပ်ဘာကြောင့်ထွက်ကြသလဲ? 🤔 ဝန်ထမ်းတွေမကြာခဏအလုပ်ထွက်တာက Company တွေအတွက် သိသာထင်ရှားတဲ့ စိန်ခေါ်မှုတစ်ခုပဲဖြစ...
19/04/2023

ဝန်ထမ်းတွေ အလုပ်ဘာကြောင့်ထွက်ကြသလဲ? 🤔

ဝန်ထမ်းတွေမကြာခဏအလုပ်ထွက်တာက Company တွေအတွက် သိသာထင်ရှားတဲ့ စိန်ခေါ်မှုတစ်ခုပဲဖြစ်ပါတယ်။ အရည်အချင်းပြည့်မီတဲ့ Performance ကောင်းမွန်တဲ့ဝန်ထမ်းတွေကို ဆုံးရှုံးရတာက company အတွက် ကောင်းမွန်တဲ့ အနေအထားတစ်ခုတော့မဟုတ်ပါဘူး။ ❌

ဝန်ထမ်းအသစ်တွေ ခေါ်ယူခြင်း၊ အလုပ်ခန့်ခြင်း၊ ကျွမ်းကျင်အောင်လေ့ကျင့်ပေးခြင်း စတဲ့ ကုန်ကျစရိတ်တွေ၊ အချိန်တွေ ပေးရပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဝန်ထမ်းတွေ အလုပ်ထွက်ရတဲ့ အကြောင်းရင်းကို နားလည်ဖို့က အရေးကြီးတာပါ။

ဒါကြောင့် ဝန်ထမ်းတွေ ဘယ်လိုအကြောင်းမျိုးကြောင့် အများဆုံးအလုပ်ထွက်ရလဲဆိုတာကို အဖြေရှာကြည့်ရအောင်။ 💭

၁။ လစာ နဲ့ အကျိုးခံစားခွင့်များ နည်းခြင်း
၂။ အလွန်အကျွံအလုပ်လုပ်ရခြင်း ကြောင့် Work-life Balance မရှိခြင်း
၃။ Career advancement မရှိခြင်း (လုပ်ငန်းခွင်မှာ ကိုယ့်အတွက်တိုးတက်ရာ တိုးတက်ကြောင်းမရှိခြင်း)
၄။ လုပ်ငန်းခွင်မှာ အသိမှတ်ပြုခံရမှူ မရရှိခြင်း
(တစ်ဦးချင်းစီနဲ့ကြိုးစားမှုနဲ့အလုပ်ပြီးမြောက်မှုအတွက် အသိအမှတ်ပြုကြောင်းနဲ့ အဖွဲ့အစည်းအတွက်အရေးပါအရာရောက်ကြောင်း အသိပေးခြင်း မခံရတဲ့၀န်ထမ်းတွေဟာ လုပ်ငန်းခွင်အပေါ်ထားတဲ့ စိတ်ပိုင်းဆိုင်ရာမျှော်မှန်းချက်တွေတဖြေးဖြေးကျဆင်းလာပြီး ဒီမှာ ရှေ့ဆက်အလုပ်လုပ်ဖို့ယုံကြည်ချက်နည်းလာခြင်း)
၅။ ကိုယ့်အထက်လူကြီး၊ Company Management Team နဲ့အဆင်မပြေမှုတွေရှိခြင်း
၆။ Company Culture အပေါ်ကျေနပ်မှုမရှိခြင်း
၇။ အခြား Company တွေရဲ့ ပိုမိုဆွဲဆောင်မှုရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကြောင့် (ဒါဟာ Company တစ်ခုအနေနဲ့ သက်ဆိုင်တဲ့နယ်ပယ်အလိုက် Employer Branding Trend တွေနဲ့ နောက်ကျအဆက်ပြတ်နေတာမျိုးကြောင့် ဖြစ်နိုင်ပါတယ်) စသဖြင့်ရှိကြပါတယ်။

ဝန်ထမ်းတွေအလုပ်ထွက်စေတဲ့ အချက်တွေကို သိရှိပြီဆိုတော့ နောက်အပတ်မှာ Retention ကောင်းဖို့ ဘာတွေလုပ်ကြမလဲဆိုတာ မျှဝေပေးသွားမှာဖြစ်လို့ စောင့်ကြည့်ပေးကြပါဦး။ မိတ်ဆွေ အနေနဲ့ အလုပ်ပြောင်းတဲ့ အတွေ့ အကြုံရှိတယ်ဆိုရင်တော့ အရင်အလုပ်ကနေဘာလို့ထွက်ရသလဲဆိုတာကိုလည်း မျှဝေပေးဖို့ မမေ့နဲ့နော် 😇

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Juncture posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Juncture:

Share