Learn & Earn - LNE

Learn & Earn - LNE Professional firm & community & Partnering & Training and Coaching & reengaging talents and expertises.

01/06/2023
ငါတို့အများကြီးပြတ်ကျန်နေပြီ...ဒီဓာတ်ပုံဟာ ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်ရဲ့ နံနက် ၄ နာရီ ပါ။ တော်တော်လေးကောင်းလို့ ဘာသာပြ...
23/02/2022

ငါတို့အများကြီးပြတ်ကျန်နေပြီ...

ဒီဓာတ်ပုံဟာ ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်ရဲ့ နံနက် ၄ နာရီ ပါ။ တော်တော်လေးကောင်းလို့ ဘာသာပြန်ပေး လိုက်တာပါ။ အောင်မြင်မှုရရှိခဲ့သူတွေရဲ့နောက်ကွယ်မှာ ဘယ်လောက်ထိ ကြိူးစားအားထုတ်ခဲ့ရတာရှိသလဲဆိုတာကို ဒါလေးကသက်သေ ပြနေပါတယ်။ ဟားဗတ်တက္ကသိုလ်ကဆရာတွေ ပြောပြလေ့ရှိတာကတော့ သင်ဘ၀မှာစိတ်တိုင်းကျဖို့နဲ့ ကောင်းတဲ့ဝေဖန်မှုရချင်ရင်တော့ ဟားဗတ်တက္ကသိုလ်မှာ ပညာသင်နေတဲ့အချိန်နေရောင်နဲ့ ထိတွေ့ဖို့အချိန်မရှိဘူး။
ကမ္ဘာ့ထိပ်ဆုံးကျောင်းတစ်ကျောင်းအနေနဲ့ ဟားဗတ်က နာမည်ကြီးပုဂ္ဂိုလ်တွေ အများကြီးမွေးထုတ်ပေးခဲ့တယ်။ အဲ့ထဲမှာ နိုဘယ်လ်ဆုရှင် ၃၃ဦး၊ အမေရိကန်သမ္မတ ၈ဦး နဲ့ နယ်ပယ်အသီးသီးက ထူးချွန်ထက်မြတ်သူတွေပါတယ်။ ဘာကြောင့် ဟားဗတ်ဟာ သူတို့ရဲ. မွေးရပ်ဇာတိဖြစ်နေတာလဲ။ ဟားဗတ်ကျောင်းသားတွေဟာ ဘယ်လို စိတ်ဓာတ် နဲ.တွေးခေါ်မှုတွေကိုရရှိခဲ့ ကြတာလဲ။ ဒီအဖြေကိုလူပေါင်းများစွာ လိုက်ရှာနေကြတယ်။

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံမှာ ရေးထားတဲ့ ဆုံးမစာလေးကတော့ အဖြေပေးပါလိမ့်မယ်။ တိုတောင်းတဲ့ စာသားလေးတွေဟာ လေးနက်တဲ့တွေးခေါ်မှု တွေပေးပြီး စိတ်ဓာတ်တက်ကြွစေတယ်။

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာကတော့....

(၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
(၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
(၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
(၄) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
(၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
(၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
(၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
(၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
(၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
(၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
(၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
(၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
(၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
(၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
(၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
(၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
(၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်‌ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
(၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
(၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
(၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။

မျှဝေပေးတာလဲမေတ္တာတစ်ခုပါ
Credit; မူလပိုင်ရှင်သို့

21/01/2022
28/09/2021



အိမ်က ၂ထပ် or ၃ထပ်ဆောက်ချင်တာပါ
လောလောဆယ် ငွေမနိုင်သေးလို့ ၁ထပ်ဘဲဆောက်ပီး နောက်မှ ဆက်ဆောက်မယ်ဆိုတဲ့ အိမ်ရှင်တွေ ဒီစာကိုဖတ်ကြည့်ကြပါ။(စာရှည်ပေမဲ့ သေချာပေါက် ကျေနပ်ကြပါလိမ့်မယ်။ အများနားလည်အောင် engineering တွေမပါဘဲ အရိုးရှင်းဆုံး ရေးပေးထားပါတယ်)

ဟုတ်ပီ ခင်ဗျားတို့က Foundationကို ၂ထပ်စာ or ၃ထပ်စာ ချထားမယ် လောလောဆယ် ၁ထပ်ကလေးဘဲဆောက်မယ်ဆိုတဲ့သဘောပြောတာနားလည်ပါတယ်။

ဒါပေမဲ့ foundationကိုဘယ်လိုချခဲ့မှာလဲ။
ဘာမြေအမျိုးအစားမို့ ဘယ်နှစ်ပေအနက်ထိချပီး ဘယ်sizeတွေသုံးခဲ့မှာလဲ။ ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ရော တွက်ချက်ထားလား စတဲ့အချက်တွေအပေါ်မူတည်ပါတယ်။
ကန်ထရိုက်ကို ၃ထပ်စာfoundation
ချပေးခဲ့ပါ ဘယ်လောက်ဆိုပီး စျေးဖြတ်ဆောက်ခိုင်းလိုက်တယ်။ ဘာတွက်ချက်မှုမှ မပါဘူးဆောက်သွားတယ်။

ပြဿနာစပါပီ။ နောက်ကျန်တဲ့အထပ်တွေထပ်ဆောက်တော့ အရင်ကန်ထရိုက်နဲ့ မလုပ်ဖြစ်ဘဲ နောက်တစ်ဦး ပြောင်းလုပ်တယ်ဆိုပါစို့။ နောက်လူကလည်း သူချခဲဲ့တဲ့ Foundationမဟုတ်တဲ့အတွက် ဘယ်နှစ်ပေမှာ ဘယ်sizeချထားတယ်ဆိုတာလောက်ဘဲ အိမ်ရှင်က ပြောပြသလောက်သာသိရမှာပါ။ သံဘယ်နှစ်ချောင်းပါလဲ၊ အောက်ခံမြေသားကဘယ်လိုလဲ ၊
တူးတုန်းကရေထွက်နေလား ဆိုတာ အသေးစိတ် သူမသိပါဘူး။ အဲတော့ ထပ်တင်လိုက်တယ်ထားပါစို့။ ကံမကောင်းစွာနဲ့ footing ကျွံဝင်သွားတာ ၊အဆောက်အဦးစောင်းသွားတာ ၊အပေါ်weightကို မထမ်းနိုင်လို့ မူလအဆောက်အဦးမှာ အက်ကြောင်းလိုက်တာတွေဖြစ်လာပြီဆို ဘယ်သူ့အပြစ်တင်ကြမလဲ။ ရှေ့လူကိုလား နောက်လူကိုလား။ အိမ်ရှင်တိုင်ပတ်သွားမှာပါ။

ဆိုလိုချင်တာပါ မိမိမြေအမျိုးအစားနဲ့ သုံးမဲ့အဆောက်အဦးက ဘာလဲဆိုတာ တတ်သိပညာရှင်နဲ့တိုင်ပင်ပါ။ သာမန် လူနေအိမ်နဲ့ စျေးဆိုင်ဖွင့်ဖို့ဆောက်တဲ့ အဆောက်အဦးချင်းတောင် တင်တဲ့weightမတူပါဘူး။ ​

အိမ်မှာ လူဘယ်နှစ်ယောက် ဘာတွေတင်မယ်ကအစ တွက်ချက်ရပါတယ်။ အပေါ်အမိုးslabလေးပေါ် ရေကန်ဘဲတင်မှာလား။ အမိုးပေါ်မှာ အပင်လေးစိုက်ဦးမှာလား။ စတဲ့ အသုံးပြုမှုအမျိုးမျိုးပေါ်လိုက်ပီး အလေးချိန်ကွာသွားမှာပါ။

လူနေအိမ်အတွက် ကန်ထရိုက်တွေအများဆုံးသုံးပေးတဲ့ Foundationက တစ်တိုင်တစ်ခွာလို့ အရပ်ခေါ် ခေါ်ကြတဲ့ iso footingတွေပါ။ သူ့မှာ မြေသားအလိုက် ဘယ်နှစ်ပေပတ်လည်ဆို အလေးချိန် ဘယ်နှစ်တန်ခံမလဲဆိုတာ တွက်ချက်လို့ရပါတယ်။

တိုင်တစ်လုံးချင်းစီးကဆင်းလာမဲ့အလေးချိန်ကို သူ့ ရဲ့ တစ်ပေပတ်လည် ခံနိုင်အားနဲ့စားပီး ဘယ်sizeအသုံးပြုရမလဲတွက်ရတာပါ။ ထု အထူအတွက်လည်းသတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေရှိပါတယ်။

​ခင်ဗျားတို့မေးချင်လိမ့်မယ် အဲ့လောက်အရေးကြီးသလား။
ဟုတ် ကြီးပါတယ်။ မူလအသက်က foundationပါ။ သူက အဆောက်အဦးတစ်ခုလုံးရဲ့ အလေးချိန်ကို မြေကြီးထဲညီမျှစွာဖြန့်ပေးရမှာပါ။

Foundationမှာ အဓိက စစ်ရမဲ့အချက်တွေရှိတယ်
၁။ လုံလောက်တဲ့ footing size ရှိရဲ့လား
၂။ မြေကြီးခံနိုင်အား (လုံလောက်တဲ့ ​မြေသားမာကျောမှု)
၃။ မြေသားထဲ အိကျမှု ပမာဏ
( ညီမျှစွာ အိကျတာလား။ တစ်ခြမ်းစောင်း ကျွံသလား စစ်ရမယ်)
၄။ footing အောက်ခံကွန်ကရစ်သားရဲ့ မာကျောမှုပြည့်ရမယ်။

footingက ​လုံလောက်တဲ့ size မပြည့်ရင် အောက်ကိုကျွံဝင်သွားမှာပါ။ မြေသားညံ့ရင်ညံ့သလောက် အဆောက်အဦးမှာ စောင်းသွားနိုင်တယ်။စောင်းတဲ့အထိ ဖြစ်ဖို့ က အတော်ရှားပါတယ်။ စောင်းသွားရင် တော်တော် အသုံးမကျလို့ပါ။ အများဆုံးဖြစ်တာက အဆောက်အဦးနံရံတွေ အက်ကြောင်းကွဲကြီးတွေ လိုက်လာတာပါ။ အုတ်စီတာညံံ့လို့ ဘိလပ်မြေခိုလို့ မဟုတ်ပါ။ footing ကျွံနေလို့ နံရံတွေကွဲတာပါ။ နံရံကွဲတိုင်းတောင် footingကျွံတာမဟုတ်ပါ။ တစ်ခြားအကြောင်းပြချက်တွေရှိပါသေးတယ်။


မြေကြီးခံနိုင်အား။
မြေကြီးခံနိုင်အားကိုတော့ အများစုက အတွေ့အကြုံနဲ့ကြည့်ပီး ဒီလိုမြေသားဆို ဒီလောက်ဘဲတူးမယ် ဘာညာနဲ့ဆုံးဖြတ်ကြတယ်။ တကယ်ကမှားပါတယ်။ တိတိကျကျ သိချင်ရင် soil test စစ်ရပါမယ်။ soil test စစ်တာတောင် companyပေါ်မူတည်ပီး တိကျမှုပမာဏကွာပါသေးတယ်။ ဆိုတော့ သာမန်အထပ်နိမ့်ပီး လူနေနည်းတဲ့ အဆောက်အဦးတွက်က ဆိုးဆိုးဝါးဝါး မြေမညံ့ရင် လုပ်နေကျsizeကလေးတွေက လုံလောက်နေတာကြောင့်မို့ ဘာမှမဖြစ်တာပါ။ အတွေ့အကြုံကြောင့် သာမန်အခြေအနေမှာ ok နေတာလို့ ဆိုရမှာပါ။ ပီးတော့ ဆောက်ပီးပီးချင်းဘာမှမဖြစ်ဘူးဆိုတာ အဆောက်အဦးကို ဘာဝန်မှ မထမ်းခိုင်းရသေးပါဘူး။ ဥပမာ လူတစ်ယောက်က ဆန်အိတ်တစ်အိတ် ထမ်းထားနိုင်တယ်ဆိုပါစို့။ ဟုတ်ပီ အချိန်ဘယ်လောက်ကြာကြာထမ်းထားနိုင်မလဲ။ အချိန်ကြာလာတာနဲ့အမျှ ငြောင်း(ညောင်း)လာမှာပါ။ နောက်ဆုံး လွတ်ချလိုက်ရတော့ပါတယ်။ အဲ့တာကိုအဆောက်အဦးမှာ creep effectလို့ခေါ်ပါတယ်။ အဆောက်အဦးကိုအသုံးပြုမှု သက်တမ်းအတွင်းကျမှ ok လား မokဘူးလား ဆုံးဖြတ်ရမှာပါ။ ၅နှစ်ကျမှ ကျွံလာတာလား ၁၀နှစ်လားပေါ့။ RC အဆောက်အဦးတွေရဲ့ သက်တမ်းကို အကြမ်းအားဖြင့် နှစ်၅၀ ဝန်းကျင် သတ်မှတ်ထားပါတယ်။ ဆောက်ပီးပီးချင်းကြည့်ရုံနဲ့မရပါဘူး။

(မြေသားကျွံဝင်မှု မညီတာ)
အဆောက်အဦးတိုင်းရဲ့ footingတွေက အမြဲကျွံဝင်ပါတယ်။ မကျွံဘူးဆိုတာမရှိပါ။ ၂ထပ်RCတိုက်ကလေးက အနည်းဆုံး တန်၅၀ကနေ ရာချီ ထောင်ချီထိလေးနိုင်ပါတယ်။ ဒါပေမဲ့ မြေထဲကျွံကျမှုကသတ်မှတ်ထားတဲ့ limitအတွင်းဝင်ရပါမယ်။ အကြမ်းမျဥ်းသတ်မှတ်ထားတာကတော့ ၁လက်မခွင့်ပြုပါတယ်။

၁လက်မကျော်ရင်တော့ နည်းနည်းပြသနာရှိလာပါပီ။ footing ဆယ်လုံးရှိလို့ အကုန်လုံးစီညီတူကျွံရင် ပြဿနာမရှိသေးပါဘူး။ ဒါပေမဲ့ ကျွံတဲ့ဟာက ကျွံ၊ မကျွံတဲ့ဟာက မကျွံဘဲ တင်းခံတဲ့အခါ နံရံအက်ကြောင်းလိုက်လာတာပါ။


ဘယ်မှာအဖြစ်များလဲဆိုတော့ ခြံစည်းရိုးနား တိုင်ကပ်ချရတဲ့အခါ ၄ပေပတ်လည်footingချမဲ့နေရာက မလွတ်လို့ ရသလိုချတော့ တိုင်နဲ့ ခွာနဲ့ center မကျတာတွေမှာ အဖြစ်များပါတယ် ။ ဥပမာ လူ့​ခြေဖဝါးလိုပေါ့။ ဖနောင့်ဘက်ဖိနင်းလိုက်သလို မြေကျွံတာပါ။ အဲ့footingတစ်ခွာတည်းမှာကို ကျွံကျမှုက မညီတော့ပါဘူး။ အဲ့လိုနေရာတွေအတွက်က ထပ်စောင်းလုပ်ပေးရမဲ့ အချက်တွေရှိပါတယ်။

နောက်ဆုံးအချက်ကတော့ ကွန်ကရစ်သားခံနိုင်ရည်ပါ။
အများဆုံး လောင်းပေးနေတဲ့ ကွန်ကရစ် အချိုး ကြားဖူးနားဝရှိပါလိမ့်မယ် 1:2:4 တို့ 1:3:6တို့ ပါ။ ဒါတွေရှင်းပြနေရင်ကြာသွားပါလိမ့်မည်။
ဆိုတော့ သာမန်အားဖြင့်
မြေကျင်းတူးထားတာ အနက်ညီညာရဲ့လား။

footing formworkပါရဲ့လား။ (တစ်ချို့ မြေကျင်းကျကျနန တူးထားရင် formwork မရိုက်ဘဲလောင်းကျပါတယ် ဒါပေမဲ့ ကွန်ကရစ်ထဲပါတဲ့ရေကို မြေကြီးကတိုက်ရိုက်စုပ်နိုင်တဲ့အတွက် ကွန်ကရစ်မာကျောမှုကျသွားမှာပါ။ ပလတ်စတစ်စ ကာလောင်းရင်လည်းရပါတယ် ဒါပေမဲ့ နောက်ထပ် ဆိုးကျိုးတွေရှိသေးတဲ့အတွက် formworkကာပီးမှ လောင်းတာဘဲကောင်းပါတယ်။

ကာဗာဘလောက်တုံးခံရဲ့လား။ (အုတ်ခဲမသုံးပါနဲ့။အုတ်ခဲ ခံနိုင်ရည်နဲ့ ကွန်ကရစ်ခံနိုင်ရည်မတူပါဘူး ။ ကွန်ကရစ်ဘလောက်တုံးလေးတော့ ကြိုလုပ်ထားပါ။)

သံချီထားတာ တောင့်တောင့်တင်းတင်းရှိလား။ (တစ်ချို့ခွာတွေ ချည်ထားတာ ရွဲပလဲနေတာပါဘဲ😅)

လောင်းမဲ့ကွန်ကရစ်က ရေအချိုးအစားထည့်တာမှန်ရဲ့လား။ ရေအများကြီးနဲ့ ပျော့ပျော့ကြီးလောင်းရင် သေချာပေါက် ခံနိုင်အားကျပါပီ။( ဘိလပ်မြေနဲ့ ရေအချိုးဆိုတာ အင်ဂျင်နီယာအသုံးအနှုန်းတွေမို့ ရှင်းပြရင်စာရှည်သွားမှာပါ။)

ပြောမယ်ဆိုရင် လိုက်နာရမဲ့အချက်တွေအများကြီးပါ။ ဒါတွေက မြေကြီးထဲမြှပ်ထားခဲ့ရတော့ ပြန်စစ်ဖို့ခဲယဥ်းပါတယ်။ ဆိုလိုတာက အပေါ်အဆောက်အဦးပိုင်းက ဖြစ်သမျှဟာ ပြင်ဆင်ဖို့ လွယ်နိုင်ပါတယ်။ မြေကြီးအောက်ထဲက အပိုင်းကို သေချာလေး စနစ်တကျလုပ်ခဲ့စေချင်ပါတယ်။

ကဲ အနှစ်ချုပ်ရရင် အခုလိုနောက်မှ ထပ်ဆောက်မဲ့ အဆောက်အဦးတွေမှာ တစ်ခုခုပြဿနာဖြစ်တာနဲ့ ရှေ့လူ နောက်လူ ဘယ်သူမှ အပြစ်တင်လို့မရတော့ပါဘူး။ ( အဲ့လူတွေမနည်းလိုက်ရှာရလိမ့်မယ်😅)

ခံရမှာက အိမ်ရှင်ပါဘဲ။ ကန်ထရိုက်တွေမှာ စည်းရှိတဲ့လူရှိသလိူ မရှိတဲ့လူက မရှိပါဘူး။ မလုံလောက်တာသိသိနဲ့ ရှေ့ကန်ထရိုက်က သူလက်ထဲအဆင်ပြေပီးရော။ နောက်လူ ဆက်ဆောက်မှ ဖြစ်ရင်သူရှင်းဆိုပီး foundationချပေးသွားရင် နစ်နာမှာက အိမ်ရှင်ပါဘဲ။

သေချာတာကတော့ အင်ဂျင်နီယာဆီ structure design အပ်လိုက်ပါ။ပီးမှ သူတွက်ချက်ပေးတဲ့အတိုင်း ကြိုက်ရာ ကန်ထရိုက်နဲ့ဆောက်ပါ။ အိမ်ရှင်က design စာရွက်အတိုင်းစစ်ရုံဘဲ။ (မိမိနားလည်ရင် စစ် ။ နားမလည်ရင် စစ်ဆေးသူအကူတောင်းပါ။ များသောအားဖြင့် Structure designer က အကူအညီပေးပါတယ်။)

design ခများမှာမပူပါနဲ့။ အိမ်တစ်လုံးလုံးရဲ့ 2%မှ အများဆုံး5%ဘဲကုန်တာပါ။ သိန်းတစ်ရာမှ ၂သိန်းပတ်ချာလည်ပေါ့။ အိမ်ရှင် ခေါင်းပြားအောင်အိပ်လို့ရတယ်( ခေါင်းအေးအေးအိပ်လို့ရတာပြောတာ😆)။ ကိုယ့်တစ်သက်တာ နေမဲ့အဆောက်အဦးအတွက် မနမြောပါနဲ့။ အိမ်ဆောက်ဖို့ရှာထားရတဲ့ငွေက မနည်းပါဘူး။

designမတွက်ဘဲ ရမ်းဆော်ရင် လိုတဲ့နေရာ မထည့်မိဘဲ မလိုတဲ့နေရာထည့်မိမှ မိအေးနှစ်ခါနာမှာပါ။
designအပ်ထားတော့ လိုတိုးပိုလျော့ တစ်ခါတည်း ပေးလိုက်တာမို့ ဆောက်လုပ်ရေးကုန်ကျစရိတ်မှာသက်သာပီးသားပါ။ safeဖြစ်ပီးသားပါ။

နောက်ဆုံး အကြံပြုချင်တာကတော့ အကြမ်းထည်ကို ခိုင်အောင်ဆောက်ပါ။ နောက်မှ ရေမီးဆေးက မကြိူက်ဖြုတ်လဲလို့လွယ်တယ်။ အကြမ်းထည်ကိုခိုင်အောင်မလုပ်ထားရင် ဖြုတ်လဲဖို့မလွယ်ပါဘူး။

အားလုံးသော အိမ်ရှင်များ လက်ရာကောင်းမွန်​ေသာ ကန်ထရိုက်နဲ့ ဆုံတွေ့ပြီး အိမ်ကြီးအိမ်ကောင်းများပိုင်ဆိုင်နိုင်ပါစေ။
(စာရှည်သွားရင်ခွင့်လွှတ်ပါ။ စေတနာပိုသွားလို့ပါ။အများ နားလည်အောင် အကြမ်းရေးပေးထာပါတယ်။တစ်ချက်ချင်း အသေးစိတ်ရေးရင် ကောင်းကျိုး ဆိုးကျိုး ပိုတိကျပါတယ် )

Credit , original uploader

ကြိုတင်သတိထားပါ        ========လောကမှာ ရဟန်းပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ်၊မည်သူမဆို မိမိဖြစ်ချင်တာတွေလုပ်လို့ အောင်မြင်လာပြီဆ...
12/09/2021

ကြိုတင်သတိထားပါ
========
လောကမှာ ရဟန်းပဲဖြစ်ဖြစ်၊
လူပဲဖြစ်ဖြစ်၊မည်သူမဆို

မိမိဖြစ်ချင်တာတွေလုပ်လို့
အောင်မြင်လာပြီဆိုရင်၊
စိတ်က တက်ကြွလာတတ်တယ်။

ပတ်ဝန်းကျင်ကို
အလေးမထားချင်သလိုလို
ဖြစ်လာတတ်တယ်။

လေးစားရမည့်သူကို
အလေးမထားချင်တော့ဘူး။

ငါလုပ်လို့ အောင်မြင်လာတာပဲ စသည့်
မာနတွေ၊ အတ္တတွေ ကြီးလာတတ်တယ်။

ဒီအတ္တမှာ ငါဆိုတဲ့
စိတ်ကြီးဝင်လာမယ်ဆိုရင်

ဒိဋ္ဌိတွေကပြေးဝင်ကာ၊ လောကကြီး
အမှောင်ကျသွားတတ်တယ်။

ဘယ်သူ့ကိုမှ အထင်ကြီးစရာမလိုဘူး
စသော အယူအဆ ဝါဒတွေဝင်ကာ၊

သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ ရိုသေရခြင်း၊
လေးစားရခြင်းတွေကို တဖြည်းဖြည်း မှေးမှိန်ကာ၊

မကောင်းသော စိတ်ရိုင်းတွေဝင်ပြီး၊
သံသရာအတွက် အမဲစက်ထင်ကာ၊

အတိဒုက္ခကို လှလှကြီး
ခံစားသွားကြရတတ်တယ်ဆိုတာကို

သင် ကြိုတင်သတိထားပါ။

သင့်မာနက၊
သင့်ကို အရုပ်ဆိုး
အကျည်းတန်တတ်တယ်နော်။

☸️ မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ ☸️

04/12/2020

𝗘𝗳𝗳𝗲𝗰𝘁𝗶𝘃𝗲 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗪𝗿𝗶𝘁𝗶𝗻𝗴 𝗖𝗹𝗮𝘀𝘀
***********************************
နိုင်ငံတကာ ကုမ္ပဏီတွေမှာဖြစ်ဖြစ်
ကိုယ်ပိုင်လုပ်ငန်းလုပ်ရာမှာဖြစ်ဖြစ်
Page တွေထောင်ပြီး OS လုပ်ရာမှာဖြစ်ဖြစ်

မိမိလိုအပ်ချက် လုပ်ငန်းလိုအပ်ချက်
Product အကြောင်းစတာတွေကို
ထိရောက်စွာ ပြောဆို ရေးသားနိုင်ဖို့လိုပါတယ်။

ထိုအတွက် သိထားသင့်သည့်အချက်များ
အရေးအသား အတတ်ပညာစွမ်းရည်
ဆောင်ရန် ရှောင်ရန်များကို လက်တွေ့ရေးသား
လေ့လာရမည့် Class ဖြစ်ပါတယ်။

အရေးအသားညံ့လို့ လုပ်ငန်းအခွင့်အလမ်းတွေ မဆုံးရူံးရအောင် ဒီအတန်းလေးတက်ပါ။

📝Topics You learn:

👍Power of Writing

👍Types of Business Writing

👍5 Cs for Business Writing

👍7 Steps to improve your writing

👍Promoting your Business & Yourself

စတဲ့ အပိုင်းများကို လက်တွေ့ သင်ခန်းစာများဖြင့်
ပို့ချမျှဝေမှာ ဖြစ်ပါတယ်။

𝗦𝘁𝗮𝗿𝘁𝗶𝗻𝗴 𝗗𝗮𝘁𝗲: 𝟯𝗿𝗱 𝗝𝗮𝗻 𝟮𝟬𝟮𝟭
𝗧𝗶𝗺𝗲: 𝟮 𝗣𝗠 - 𝟰 𝗣𝗠 (𝗘𝘃𝗲𝗿𝘆 𝗦𝘂𝗻𝗱𝗮𝘆)
𝗗𝘂𝗿𝗮𝘁𝗶𝗼𝗻: 𝟭 𝗺𝗼𝗻𝘁𝗵
𝗙𝗲𝗲𝘀: 𝟯𝟱,𝟬𝟬𝟬 𝗞𝘆𝗮𝘁𝘀

သင်ကြားမူ အနေဖြင့် Zoom Application ကို အသုံးပြုသင်ကြားမှာဖြစ်ပြီး

ပြည်တွင်းပြည်ပ အတွေ့အကြုံရှိသူ
ဦးကျော်လွင်ဦးမှ မျှဝေသွားမှာဖြစ်ပါတယ်။

သင်တန်းအပ်ရန်ဖောင်

http://form.123formbuilder.com/5555120/form

သင်တန်း Fees ကို အောက်ပါ Bank များမှတဆင့်
လွှဲပို့အပ်နိုင်ပါသည်။

🏦(KBZ - 20610320602173601)
🏦(AYA - 0080203010323989)

📸(*Transfer လုပ်ပြီးပါက Chat Boxသို့
Screenshot ပို့ပေးပါရန်
Zoom Link နှင့် Course Material များကို
Email မှတဆင့်ပို့ပေးပါမည်။)

* မှတ်ချက် English Writing Skill ပို့ချမှာ မဟုတ်ဘဲ
အရေးအသား အတတ်ပညာကို ပို့ချမှာဖြစ်ပါတယ်။

You know & feel only
19/11/2020

You know & feel only

Address

Upper Cross Street
Singapore

Telephone

+6593386481

Website

Alerts

Be the first to know and let us send you an email when Learn & Earn - LNE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Learn & Earn - LNE:

Share