Essential Myanmar Training, Consulting and Coaching

Essential Myanmar Training, Consulting and Coaching Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Essential Myanmar Training, Consulting and Coaching, Business consultant, Singapore.

01/01/2025

Happy new year 2025 ပါ။ နှစ်ဟောင်းကုန်ပျောက် နှစ်သစ်ရောက် ချမ်းမြေ့သာယာ ရှိပါစေ။ အန္တရာယ်ကင်း ဘေးတွေရှင်း လက်ငင်းချမ်းသာကြပါစေ။ စီးပွားဥစ္စာ ဒီရေအလား တိုးတက် ချမ်းသာကြပါစေ 🙏🙏🙏

14/05/2024
Former president of PBCA (United States) Jon Denney ပွဲ zoom က​နေ တက်​နေပါတယ်။ Still keep learning
14/05/2024

Former president of PBCA (United States) Jon Denney ပွဲ zoom က​နေ တက်​နေပါတယ်။
Still keep learning

လက်မ​နှေးဖို့​တော့ လိုတယ်​နော် ။  Early birth discount နှင့်  bonus ​လေး ရ​အောင် မြန်မြန်​လေး cb ကို လာခဲ့ပါ ❤️
05/04/2024

လက်မ​နှေးဖို့​တော့ လိုတယ်​နော် ။
Early birth discount နှင့် bonus ​လေး ရ​အောင် မြန်မြန်​လေး cb ကို လာခဲ့ပါ ❤️

🛎 ဟလို …. ဟလို မိတ်ဆွေအားလုံးတို့အတွက် အထူး(အထူး) သတင်းကောင်းလေး လာပါပြီနော်။🛎

ဘာသတင်းကောင်းလေးလဲဆိုတာ အားလုံးသိချင်နေကြပြီ ဟုတ်တယ်ဟုတ်?အားလုံးသိချင်နေကြပြီ ဆိုတာလည်းယုံကြည်ပါတယ်။

ကျွန်မလည်း ဒီသတင်းကောင်းလေးကိုမျှဝေဖို့အတွက် အားလုံးနဲ့အတူတူ ရင်ခုန်နေပါပြီ။

⛳️ ဒီသတင်းကောင်းလေးက ဘာဖြစ်မလဲဆိုတော့ NLP ကိုစိတ်ဝင်စားတဲ့ မိတ်ဆွေအားလုံးအတွက် (1.5.2024) မှာစဖွင့်ပေးမည့် Light up with NLP သင်တန်းကြီးဘဲဖြစ်ပါတယ်။ ဒီသင်တန်းကြီးဟာ အားလုံးအတွက် လက်တွေ့ဘဝမှာအသုံးပြုလို့ရမဲ့ (အားလုံးရဲ့ စိတ်ဝင်စားမှု့အမြင့်ဆုံးမှာရှိနေတဲ့) ABNLP(American Board of NLP) အသိအမှတ်ပြုတဲ့ Neuro Linguistic Programming သင်တန်းကြီးဘဲဖြစ်ပါတယ်။

📒NLP ဆိုတာဘာလဲ?
NLP ဆိုတာ မိမိတို့ရဲ့ ကိုယ်,စိတ်,နှလုံး သုံးပါးကို အသုံးပြုပီး မိမိတို့လိုချင်တဲ့ ပန်းတိုင်ကို ဘယ်လို ဖန်တီးပုံဖော်ရမလဲဆိုတာ အသေးစိတ် လေ့လာနိုင်သော အသုံးချ စိတ်ပညာရပ်ဖြစ်တယ်။

NLP ကိုနောက်တမျိုးအနေနဲ့ ဉီးဏှောက်ရဲ့လက်စွဲစာအုပ်လို့လည်းခေါ်ကြတယ်။

NLP ဆိုတာ Outstanding Performance ရဖို့အတွက် အရမ်းအားကောင်းတဲ့ (Technics and Tools) တွေကို စုစည်းထားခြင်းဖြစ်တယ်

😃NLP တက်ရင်ဘယ်လိုကောင်းကျိုးတွေခံစားရမှာလဲ?

NLP တက်ရင်.......

1️⃣ မိတ်ဆွေတို့ရဲ့ ဘဝ နေထိုင်မှု့တွေမှာ ပျော်ရွှင်ချင်တဲ့သူတွေ/ အောင်မြင်ချင်တဲ့သူတွေ/ စိတ်ချမ်းသာချင်တဲ့ သူတွေ/ ကိုယ့်ပတ်ဝန်းကျင်နဲ့ အဆင်ပြေမှု့တွေလိုလားချင်တဲ့သူတွေ တွက် အကောင်းဆုံး လုပ်ဆောင်မှု့တွေကို NLP ကနေ ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။

2️⃣ မိမိတို့ရဲ့ ရှိပြီးသားအရင်းအမြစ်တွေအစွမ်းအစတွေ အလားအလာတွေကိုဖော်ထုတ် အသုံးပြုလာနိုင်မှာလည်း ဖြစ်တယ်။

3️⃣ မိမိတို့စွမ်းဆောင်ရည်တွေ လက်ရှိထက် ပိုမြှင့်တင်လာနိုင်မှာ ဖြစ်တယ်။

4️⃣ လူတွေရဲ့ ယုံကြည်မှု့နဲ့ ပေါင်းသင်းဆက်ဆံရေးကို ယခုထက် ပိုကောင်းအောင်စွမ်းဆောင်လာနိုင် မှာလည်း ဖြစ်တယ်

5️⃣ ပိတ်မိနေတဲ့ စိတ်အခြေအနေတွေကနေ ခွန်အားဖြစ်စေတဲ့စိတ်အခြေအနေကိုပြောင်းလဲရယူနိုင် မှာလည်း ဖြစ်တယ်

6️⃣ ခေါင်းဆောင်မှု့ အရည်အသွေးတွေ မြှင့်တင်လာနိုင်ပြီး မှန်ကန်တဲ့ အတွေး (Thinking) မှန်ကန်တဲ့ လုပ်ဆောင်ချက် (Action) မှန်ကန်တဲ့ ရလဒ် (Result)တွေ ရရှိလာနိုင်မှာဖြစ်တယ်။

7️⃣ လုပ်ငန်းရှင်နဲ့ ဝန်ထမ်းကြားမှာဆက်ဆံရေးတွေ ယခုထက် ပိုကောင်းလာပြီးလိုချင်တဲ့ ရလဒ်တွေ အဆင်ပြေတိုးတက်မှု့တွေ ရရှိလာမှာဖြစ်တယ်။

8️⃣ လုပ်ငန်း နယ်ပယ်အသီးသီးမှာ ရှိတဲ့သူတွေနဲ့ ယခုထက်ပိုပြီး ဆက်ဆံရေးတွေ ပိုမိုကောင်းမွန်လာမှာလည်းဖြစ်တယ်။

9️⃣ အရမ်းကို powerful ဖြစ်တဲ့ NLP Techniqueတွေ ကိုသုံးပြီး မိမိတို့အရောင်း အဝယ်လုပ်ငန်းတွေ ပိုမိုတိုးတက် လာဖို့ ကူညီပေးမှာလည်း ဖြစ်တယ်။

🔟မိမိတို့ရဲ့ ဘဝနေထိုင်ရေး နှင့် အလုပ်နယ်ပယ်/ စီးပွားရေးလုပ်ငန်းတွေမှာမှန်ကန်စွာဆုံးဖြတ်ချက်ချလာနိုင်ပြီး ဟန်ချက်ညီညီ လုပ်ဆောင်သွားနိုင် မှာဖြစ်တယ်။

🤩 NLP ကိုဘယ်လိုလေ့လာမလဲ?
ZOOM ကနေထိထိရောက်ရောက်လေ့လာရမှာဖြစ်တယ်။ ထိထိရောက်ရောက်ဖြစ်ဖို့အတွက် လူဉီးရေ ကန့်သတ်ပြီးလက်ခံပေးသွားမှာဖြစ်ပါတယ်။

🏆NLP ကိုဘယ်သူတွေလေ့လာသင့်တာလဲ?
🎇 ကိုယ့်ကိုကိုယ် ပိုနားလည်ပြီး ကိုယ်လိုချင်တဲ့ Result တွေကိုမြန်မြန်လိုချင်တဲ့သူတွေ

🎇 Communication (ပေါင်းသင်းဆက်ဆံရေး) ရှိကြတဲ့နေရာတိုင်းမှာ ကိုယ်ပြောတာတွေကို ပိုပြီးထိရောက်ချင်တဲ့သူများ

🎇 လုပ်ငန်းခွင်အသီးသီးမှ Business Owner များ၊ Leaders များ၊ Manager များ၊ HR များ

🎇 ထူးချွန်ထက်မြက်လိုသော အိမ်ထောင်ရှင် အမျိုးသားများ အမျိုးသမီးများ

🎇လက်ရှိဘဝထက်ပိုမိုအောင်မြင် တိုးတက်ချင်သော လူငယ်လူရွယ်များ လေ့လာသင့်ပါတယ်။

🎯 NLPကိုဘယ်သူတွေသင်မှာလဲ?
ABNLP (American Board of NLP) အသိအမှတ်ပြု Certified Trainer San San Aye and Trainer Thet Mon Phyo တို့က ဉီးဆောင်သင်ကြားပေးမှာဘဲဖြစ်ပါတယ်။

Trainer နှစ်ယောက်ဆီက မတူညီတဲ့ အားသာချက်တွေကို အများကြီး (အများကြီး) လေ့လာလို့ရမဲ့ အခွင့်အရေးလဲဖြစ်ပါတယ်။

အဲဒီတော့…….

🔥 ပြောင်းလဲတိုးတက်ဖို့အတွက် အမြဲဆာလောင်ပြီး NLP ကို လက်တွေ့အသုံးချချင်တဲ့ ပထမဆုံးအပ်တဲ့ သင်တန်းသား များအတွက်လည်း အထူး(အထူး) အစီအစဉ်ရှိပါသေးတယ်။

မိတ်ဆွေတို့ကို ပြောပြဖို့ အရမ်း(အရမ်း) ရင်ခုန်နေပါပြီ။

🔥 အဲ့ဒါကတော့ မေလ 1 ရက် နေ့မှာ စဖွင့်မည့် NLP practitioner Part 1 သင်တန်းကို Fees 650,000/- (ခြောက်သိန်းငါးသောင်း) သတ်မှတ်ထားပြီး (20.4.24) မတိုင်မှီ စာရင်းသွင်းအပ်နှံသူများကို Early Bird Fees အနေနဲ့ 450,000/- (လေးသိန်းငါးသောင်း)ကျပ်သာ ပေးသွင်းရမှာဖြစ်ပါတယ်။

🔥 Bonus အနေနဲ့ 250,000/- တန် One by One Coaching ကို NLP Trainer Ma San San Aye and Trainer Thet Mon Phyo တို့ကကူညီပေးသွားမှာဖြစ်ပြီး

ထပ်တိုး Bonus အစီအစဉ်ဖြစ်တဲ့ 200,000 တန် Energy Healing ကို Tarot by G-Sein Page မှ ပါဝင်ကူညီပေးသွားမှာဖြစ်ပါတယ်။

👉 အခုဆိုရင်....အားလုံး လက်ခံထားကြတဲ့အတိုင်း "ကိုယ့်ဘဝမှာ ကိုယ်သာလျှင် ပဲ့ကိုင်ရှင်"ဖြစ်ဖို့ အခွင့်အရေးကို သတ္တိရှိစွာဖော်ထုတ်နိုင်ဖို့ မိမိကိုယ်ကိုအခွင့်အရေးလေး ပေးလိုက်ကြပါစို့။

👉 Early Bird အနေနဲ့ အမြန်ဆုံးစာရင်း ပေးသွင်းပြီး Bonus တွေကို ရယူလိုက်ကြပါစို့နော်။

👉သင်တန်းအပ်နှံလိုသူများ Page Messenger မှတဆင့်ဖြစ်စေ ဖုန်းနံပါတ် ၀၉၇၈၅၁၅၄၅၈၃ သို့ဖြစ်စေ ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါပြီရှင့်။

NLP နဲ့ ပတ်သပ်ပြီး ဖြိုးတို့ Trainer နှစ်ယောက်က Free Webinar လေး (၄)ကြိမ် မျှဝေဖို့ စီစဉ်ပေးထားပါတယ်။

Free Webinar Date – 29.3.24 / 12.4.24 / 21.4.24 / 26.4.24 ရက်များမှာ ညစဉ် (၇) နာရီမှာ ပြုလုပ် ပေးသွားမှာဖြစ်ပါတယ်။






27/03/2024

မင်ဂလာ ညချမ်း​လေးပါရှင် 🙏
ခုလို စိတ်ညစ် စိတ်ရှုတ်စရာ​တွေ များတဲ့အချိန်၊ ပြသနာများစွာ ကြုံ​နေရတဲဲ့ အချိန်မှာ မိမိရဲ့ စိတ်ကို ငြိမ်းချမ်း​အောင် ဒါမှမဟုတ် အဲ့လို စိတ်​တွေ ညစ်ညူးတဲ့အထဲ မပါရ​အောင် မိမိစိတ်ကို ဘယ်လို ထိိန်းသိမ်းကြမလဲ ဆိုတာ သိပ်ကို အ​ရေးကြီးပါတယ်။

​အောက်ပါအချက်​တွေကို ပြုလုပ်ခြင်းဖြင့် စိတ်ငြိမ်းချမ်း​စေနိုင်ပါတယ်။

၁။ ကျွန်မတို့ဟာ ကိစ်စတစ်ခု ပြသနာတစ်ခု ဖြစ်ပြီဆိုတာနဲ့ အရင်းအမြစ်ကို ​သိ​အောင် ကြိုးစားရပါမယ်။

၂။ ထိုပြသနာအား ဥာဏ်ဖြင့် ဆင်ခြင် သုံးသတ်နိုင် ရပါမယ်။ အပြုသ​ဘော​ဆောင်တဲ့ဖက်မှ ​တွေးကြည့်ရပါမယ်။

၃။ ပြသနာတိုင်းမှာ အ​​ဖြေရှိပါတယ်။ မိမိရဲ့ သိစိတ်မှာ ရှာမ​တွေ့ရင် ခန​လောက် စိတ်ကို အနားယူပြီး မသိစိတ်ကို ​မေးလိုက်ပါ။ မသိစိတ်မှာ အ​ဖြေရှိပါတယ်။ မသိစိတ်ဟာ အရမ်းစွမ်းအားကြီးပါတယ်။

အ​ပေါ်က ၃ချက် လုပ်လို့မှ အဆင်မ​​ပြေ​သေးရင်
၄။ လွှတ်ချလိုက်ပါတဲ့ ။တခါတရံမှာ ပြသနာကို ပြသနာလို့ မမြင်​တော့ပဲ လွှတ်ချလိုက်မှ အဆင်​​ပြေသွားတတ်ပါတယ်။
ဒီ၄ချက်ဖြင့် ကြိုးစားလိုက်ပါ​နော်။

​with love


26/03/2024

" ဂြိုလ်ညံ့ရင် ဘာလုပ်ကြမလဲ ? "

☆ ပုဏ္ဏားတွေက တတ်မြောက်လာတဲ့ ပညာတွေကို အသုံးပြုပြီး မှတ်တမ်းပြုစုလို့ ထားလာကြတယ်။ လူတစ်ဦး ဖျားနေရင် ဘယ်ဂြိုလ်၊ ဘယ်နက္ခတ်နဲ့ယှဉ်တယ်၊ မှတ်တမ်းပြုကြတယ်။ သေရင်လည်း ဘာကြောင့်လို့ဆိုတာ မှတ်တမ်းပြုရင်း ကျမ်းကြီးပေါ်လာကြတယ်။

☆ ဒါကြောင့် ဗေဒင်ပညာဟာ အကြောင်းတရားကို သင်တာမဟုတ်ဘူး။ အကျိုးတရားကို မှတ်တမ်းပြုထားလို့ မှတ်ထားပါ။ ရသေ့ပညာရှင်တွေက သူတော်ကောင်းကြီးတွေ ဖြစ်တဲ့အတွက် ဂြိုလ်ဆိုတာထက် ဓာတ်ကိုသင်ကြားခဲ့တာဖြစ်တယ်။ စနေဂြိုလ်ညံ့တယ်ဆိုတာက အမှန်တော့ ဂြိုလ်ကဓာတ်ကို ပြောတာဖြစ်တယ်။

☆ တနင်္ဂနွေ၊ စနေဓာတ်က မီးခဲဓာတ်နှင့်မီးတောက်ဓာတ်ကို ပြတာ၊ အန္ဓောလို့ သတ်မှတ်ထားကြတာကို ပြောတာ၊ အုန်းနို့ခေါက်ဆွဲ၊ အုန်းထမင်းကပ်ကြတာ၊ အဲဒီဓာတ်တွေပဲ အန္ဓောအတွက်နော်၊ အင်္ဂါ၊ ရာဟုမှာ အင်္ဂါက လေနု၊ ရာဟုက လေကြမ်း၊ နောက် သောကြာ ဗုဒ္ဓဟူးမှာ သောကြာက ရေနောက်၊ ဗုဒ္ဓဟူးက ရေကြည်၊ တနင်္လာ၊ ကြာသပတေးမှာ တနင်္လာက ကျောက်မြေ၊ ကြာသပတေးက မြေပျော့ဓာတ်တွေကို ပြတာလို့ မှတ်ကြပါ။

☆ အမှန်ကတော့ ဓာတ်လေးပါးကို ခွဲတာပါပဲ၊ ဘုရားရှင်က ဓာတ်လေးပါးလို့ ဟောခဲ့တာဖြစ်တယ်။ တနင်္လာ၊ ကြာသပတေးက ပထဝီဓာတ်ကိုပြတယ်။ သောကြာ ဗုဒ္ဓဟူးက အာပေါဓာတ်ကိုပြတယ်။ တနင်္ဂနွေ၊ စနေက တေဇောဓာတ်၊ အင်္ဂါ၊ ရာဟုက ဝါယောဓာတ်ဆိုပြီး ဓာတ်လေးပါးကို လောကီဆရာများက ပြဆိုကြတယ်လို့ မှတ်သားကြပါ။

☆ ဓာတ်လေးပါး ဖောက်ပြန်တာကို သူတို့က ဂြိုလ်လို့ပြောဆို သုံးနှုန်းလာခဲ့ကြတာလို့ မှတ်ကြပါ။ ဓာတ်လေးပါး ဖောက်ပြန်တာကို ကြည့်ပြီးတော့ ဝါယောဓာတ်လွန်ကဲရင် မူးမယ်။ ဘာရွက်ကို စားရမယ်၊ ဘာဓာတ်ကို မှီရမယ်လို့ သင်ခဲ့ကြတယ်။ အဲဒီလို သင်ကြားရင်းနဲ့ ဓာတ်တွေဟာ တဖြည်းဖြည်းကျယ်၀န်းလာကြတယ်။

☆ မှတ်ရင်း မှတ်ရင်း ဗေဒင်ကျမ်းမှာ တိုင်လေးတွစီပြီး ထောင်ရင် စနေဂြိုလ်ညံ့တယ်ဆိုရင် အပူဓာတ်လွန်ကဲမယ်၊ ဖောက်ပြန်တယ်။ နုလုံးစိတ်၀မ်း ပူလောင်တယ်လို့ မှတ်သားခဲ့ကြတယ်။ အမှန်ကတော့ ခန္ဓာကိုယ်မှာ ဖြစ်တာနော်။ ဂြိုလ်နဲ့ မှတ်သားလာရာက စနေဂြိုလ်စီးတယ် ဖြစ်သွားတယ်။

☆ နောက်တစ်ခါ ရာဟုဟာဓာတ်လွန်ကဲတယ် ဆိုလို့ရှိရင် သူက လေပြင်းဆိုတော့ စိတ်ကသိပ်လှုပ်ရှားပြီး မငြိမ်သက်တောဘူး။ ဓာတ်လေးပါးက တွဲလျက်ရှိတာဆိုတော့ ဓာတ်တစ်မျိုးဖောက်ရင် အကုန်ဖောက်တာနော်၊ စိတ်လှုပ်ရှားပြီး မတည်ငြိမ်ရင် စိတ်ပူစရာတွေ ဖြစ်လာတယ်။ အဲဒါကို ရာဟုဂြိုလ် စီးတယ် ပြောကြပြန်တယ်။

☆ ဗေဒင်ကျမ်းကို အခြေခံလိုက်ကြည့်တဲ့အခါ အဖြေထွက်လာတယ်။ ဗေဒင်က ဂြိုလ်စီးတယ်၊ နက္ခတ်ပြောင်းတယ်၊ ပြောင်းတယ်ပြောတော့ ဘာကြောင့်ပြောင်းတာလဲလို့ ဘုန်းကြီးလိုက်မေးတော့ အဖြေပေါ်ဘူး။ လူ့ဘ၀ကို လေ့လာတော့ လက္ခဏာ ပြောင်းတာကတော့ ဟုတ်ပြီး၊ ဂြိုလ်ခွင်ဘာလို့ ပြောင်းတာလဲဆိုတော့ နက္ခတ်ကြောင့် ပြောင်းတယ်လို့ပြောတယ်။ နက္ခတ်ဘာကြောင့် ပြောင်းတာလဲလို့ အကြောင်းရှာတဲ့အခါ ဗေဒင်ပညာမှာ အဲဒီမှာ အဆက်မပြတ်ပြီး အဖြေမပေါ်တော့ဘူး။

☆ တကယ်တော့ ဓာတ်အပြောင်းလဲက ဘယ်ကစတာလဲလို့မေးရင် “ကံ”စတာနော်၊ ဘုရားဟော ကျမ်းဂန်တွေမှာ ကြည့်လိုက်တော့ ပုဗ္ဗဏှသုတ်မှာ ပါပြီးသားဆိုတာ တွေ့ရတယ်။ “သုနက္ခတ္တံ သုမင်္ဂလံ” ဆိုတာပါပြီးသား၊ ကောင်းသော “၀စီကံ”၊ “မနောကံ”ရှိသူမှာ ကောင်းသောနက္ခတ်ဖြစ်တယ်လို့ ဘုရားရှင်က ဟောကြားခဲ့ပြီးသားဖြစ်ပါတယ်။ အဲဒီတော့ ဗေဒင်ဆရာက ဘယ်လောက်ပဲ ဂြိုလ်ညံ့တယ်ပြောပြော မကြောက်ကြနဲ့တော့၊ နားလည်ကြရဲ့လား၊ ဘာမှကြောက်စရာ မလိုဘူး။

☆ အဲဒီကနေစပြီး ကိုယ့်စိတ်ကို အပေးနဲ့ယှဉ်ပြီးတော့ ကောင်းသောစိတ်ကို ပြောင်းပါ။ စေတနာကောင်းအဖြစ် ပြောင်းလိုက်ပါ။ ကောင်းသော ‘ကံ’ဖြစ်ပြီး၊ ကောင်းသော’ကံ’ဖြစ်ပြောင်းရင်တဲ့ ‘ကံ’ကောင်းသူဟာ ပုညလို့ခေါ်တဲ့ ကောင်းမူကို ဖြစ်တယ်လို့ မှတ်ကြပါ။ ကောင်းမှုများရင် ဘုန်းတန်ခိုးရှိတယ်လို့ခေါ်တယ်။

☆ ဘုန်းတန်ခိုးလို့ခေါ်တဲ့ ကောင်းမှုများကို ဘုန်းတန်ခိုးရှိတဲ့ ပုဂ္ဂိုလ်ဆိုလို့ဆိုရှိရင် နက္ခတ်က သူ့ဟာသူ ပြောင်းပေရတယ်လို့ နားလည်ကြပါ။ ဘုန်းတန်ခိုးကြီးတဲ့သူများ ပဋိသန္ဓေယူပြီး ဆိုလို့ရှိရင် နက္ခတ်က လိုက်တည့်ပေးရတယ်။ ဓာတ်တွေက ပြောင်းပေးရတာ၊ ဒါကြောင့် ‘ကံ’သာလျှင် အရင်းခံလို့ မှတ်လိုက်ကြပါ။ မျက်စိ မလည်ကြဖို့ လိုပါတယ်။

☆ ရာဟုဂြိုလ်၀င်နေလို့ ဒုက္ခရောက်တော့မယ်ဆိုပြီး သူများပြောလည်း မကြောက်နဲ့၊ မပူနဲတော့၊ နားလည်ကြပြီနော်၊ ဘုန်းကြီးလေ့လာပြီး တွေ့တာက ကြောက်စရာမလိုဘူးလို့ အဖြေထွက်တယ်။ စေတနာကောင်းကို ဖြောင့်ဖြောင့်ထားလိုက်ရင် ကောင်းသောကံဖြစ်မယ်။ ပုညဆိုတဲ့ ကောင်းမှုများများဖြစ်မယ်။ ကောင်းမှုများရင် ဘုန်းတန်ခိုးကြီးတယ်။

☆ အဲဒီအခါမှာ ဗေဒင်ဆရာဟောလို့ မမှန်တော့ဘူး၊ သဘောပေါက်ကြရဲ့လား၊ ဗေဒင်လောကကို၀င်ပြီး လော့လာကြည့်တော့ သူတော်ကောင်းများ၊ သီလရှိတဲ့ ပုဂ္ဂိုလ်များကို ဗေဒင်ဟောလို့ မမှန်ဘူးလို့ ပြောကြတယ်၊ သူတို့က ပိတ်ပြီး ဒီလိုပြောကြတာ။ စကားကို ပိတ်ထားပြီး မကောင်းတာဟောလို့ မမှန်ဘူးလို့ ပြောတယ်။

☆ ဘာလို့မမှန်သလဲ ဆိုလို့ရှိရင် စေတနာကောင်း ရှိတဲ့သူမှာ ကံကောင်းနေတော့ သူတို့က မှန်အောင် ဘယ်ဟောလို့ရမလဲ၊ စဉ်းစားကြပါ။ ကိုယ်ရဲ့ဘ၀မှာ ဂြိုလ်စီးတယ်ဆိုရင် ကြောက်အုံးမှာလား။ ဘာဂြိုလ်ပဲစီးစီး ကြောက်စရာမလိုဘူး၊ မကြောက်ကြနဲ့တော့။ အားလုံးသဘောပေါက်ကြပါ။

☆ ဘုန်းကြီးတို့ ဗေဒင်ကိုဝါသနာပါပြီး လေ့လာခဲ့တာများလို့ ကိုယ့်ဘဝအတွက် သက်တမ်းအလိုက် တွက်ချက်ကြည့်တာမှာ မနှစ်က တနင်္လာဓာတ် အရမ်းပျက်တာ၊ ဒီကျောက်မြေဓာတ်ပျက်တယ်ဆိုတော့ ကမ္ဘာကြီးမှာ ဖွဲ့စည်းပုံအောက်ခံက ကျောက်မြေ၊ ပြီးတော့မှလေ (အင်္ဂါ၊ ရာဟု)၊ မီး (တနင်္ဂနွေ၊ စနေ)တို့ လာမယ်။ အဲဒီတော့ အမာခံ ကျောက်မြေပျက်မယ်ဆိုတော့ အခြေပျက်ရမယ်၊ ကုသိုလ် မရှိတဲ့ပုဂ္ဂိုလ်ဆိုရင် နေထိုက်စရာပျက်မယ်။ မလုပ်ပြုတ်မယ်။ အိမ်မြေခြံ ဆုံးရှုံးမယ်။ ငွေကုန်အကြွေးတင်၊ အမှုလည်း ဖြစ်မှာပဲ၊ ဗေဒင်ပညာမှတ်တမ်းအရ အဲဒီကြိမ်းသေဖြစ်ရမယ်လို့ ပြောရင်မှန်ရမယ်။

☆ ဒါပေမဲ့ ဘုန်းကြီးအနေနဲ့ ကျောက်မြေဓာတ်က အစွမ်းကုန်ပျက်နေတာဆိုတော့ ဗေဒင်ပညာအရ ကျောင်းတွေလည်းကုန်၊ အခြေအနေအားလုံးပျက်ရမှာကိုး ဘာဖြစ်မလဲ စောင့်ကြည့်ခဲ့တယ်။

☆ လက်တွေ့မှာ ကျောင်းတွေပိုတိုးလာပြီး လူတွေပိုခင်လာကြတယ်။ တရားဟောစရာ နေရာတွေကလည်း တိုးလာတယ်။ ပြောင်းပြန်တွေ ဖြစ်လာတော့ မဟုတ်တော့ဘူးထင်ပြီး စဉ်းစားကြည့်လိုက်တယ်။ ဘုန်းကြီးမှာက အပေးများခဲ့တာကိုး၊ ဒကာတွေကို တရားသိစေချင်တဲ့ စေတနာများတယ်။

☆ ညအိပ်လို့ တရေးနိုးလည်း တရားဟောဖို့ ထ,ထပြီး ရေးဖြစ်တာ၊ နေ့လည်ဘက် အတွေးပေါ်လာလည်း ရေးလိုက်ပြန်၊ ကျမ်းစာကလည်း ရေးနေတော့ တဖက်သားနားလည်စေချင်တဲ့ စိတ်ကများပြီး စေတနာကောင်းလို့ ‘ကံ’ ကောင်း ဖြစ်လာတာ။

☆ ကျောင်းမှာလည်း တစ်ပါးကျောင်းတွေဆောက်လိုက်၊ သံဃာတွေနေခိုင်းပြီး လှူလိုက်၊ ရေကန်ထဲမှာရှိတဲ့ ငါးတွေ မသေအောင် ရေတွေလှောင်ပေးနဲ့ အပေးများစွာ လုပ်ခဲ့တော့ စေတနာဖြောင့်လို့ ‘ကံ’က ဖြောင့်နေတယ်ဆိုတော့ တနင်္လာဂြိုလ်စီးတာက ဘာမှမကောင်းတာ ဖြစ်မလာခဲ့ဘူး၊ အဲဒီတော့ ဂြိုလ်ဆိုတာ မကြောက်ကြပါနဲ့ သဘောပေါက်ကြပြီလား...။

☆ လူတိုင်းလူတိုင်းဟာ စေတနာဖြောင့်အောင် ပြင်ပေးလိုက်ရင် ‘ကံ’ကောင်းသွားလိမ့်မယ်။ ‘ကံ’ကောင်းရင် ကောင်းမူများလာမယ်၊ သတ္တိများလာမယ်။ သတ္တိများလာရင် ဘာဂြိုလ်မှမစီးနိုင်တော့ဘူး။

ကျေးဇူးရှင် ဆရာသခင် ပိုင်းလော့ဆရာတော်
Credit

အားလုံးပဲ မင်္ဂလာပါ 🙏ကျွန်မ Singapore မှာ Accounting professional ဖြင့် အလုပ်လုပ်နေတာ အနှစ် ၂၀ကျော်ပါပြီ။ ဒီလို အနှစ်၂၀ ...
26/03/2024

အားလုံးပဲ မင်္ဂလာပါ 🙏
ကျွန်မ Singapore မှာ Accounting professional ဖြင့် အလုပ်လုပ်နေတာ အနှစ် ၂၀ကျော်ပါပြီ။
ဒီလို အနှစ်၂၀ ကျော်လာပြီးတဲ့နောက်မှာ ကိုယ့်ဘဝအတွက် ထိုက်သင့်သလောက် စုမိဆောင်းမိ ရှိလာတာပေါ့။ ဒီလိုနဲ့ပဲ တစ်နေ့တော့ စဉ်းစားမိလာတာ တစ်ခုက ငါ့နိုင်ငံက သူတွေကို ငါဘာများ လုပ်ပေးနိုင်မလဲဆိုတာပေါ့။
တိုးတက်နေတဲ့ နိုင်ငံတွေကို ကြည့်လိုက်တဲ့ အခါမှာတော့ ပညာရေးမှာ ထူးချွန်ကြတဲ့ သူတွေ များကြတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းက လူကြီးမိဘတွေ ဆုံးမခဲ့သလိုပါပဲ " ပညာရွှေအိုး လူမခိုး" တဲ့လေ။ အဲ့ဒါနဲ့ပဲ ကျွန်မ တတ်မြောက်ထားတဲ့ ပညာရပ်ဖြင့် မျှဝေ သင်ကြားပေးဖို့ Essential Myanmar Training, Consulting and Coaching ဆိုတဲ့ page လေးဖြင့် ပထမဦးဆုံး Neuro Linguistic Programming (NLP) ဆိုတဲ့ ကိုယ်စိတ် နှလုံး ၃ပါးလုံးဖြင့် မိမိတို့ လိုချင်သော စိတ်ချမ်းသာ ပျော်ရွှင်မှု ၊ မိမိဘဝတို့ရဲ့ မိသားစု ပတ်ဝန်းကျင်မှာပါ စိတ်ချမ်းသာအောင် နေထိုင် ပြောဆိုမှု အပါအဝင်၊ မိမိလုပ်ငန်းကို ဖွံဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မှု အစရှိသော အကျိုးကျေးဇူး များစွာ ပါဝင်သော သင်တန်းလေးကို 1.5.2024 မှာ ဖွင့်လှစ်သင်ကြား ပေးမှာ ဖြစ်ပါတယ်။

ဒီပညာရပ်ဟာ လောကီအတွက်တော့ အင်မတန်မှ အကျိုးကျေးဇူးများသော ပညာရပ်တစ်ခု ဖြစ်ပါတယ်။ ဒီပညာရပ်ဟာ တကယ့်ကို သောက်လေ သောက်လေ ငတ်မပြေပါပဲ။ လေ့လာပြီးရင်း လေ့လာချင်ကြမှာ ဖြစ်ပါတယ်။

စိတ်ပါဝင်စားသူများကတော့ free webinar လေးကို တက်ရောက်နိုင်ပါတယ် ။ဂ American Board Of NLP အသိအမှတ်ပြု certified Trainer များ ဖြစ်ကြတဲ့ Trainer Thet Mon Phyo နှင့် ကျွန်မ Trainer San San Aye တို့မှ 29.3.2024 မှာ စတင်ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

Webinar လေးမှာ တက်ရောက် လေ့လာချင်သူများ yes ဆိုပြီး မန့်ပေးခဲ့ပါနော် ။
Messenger ကနေ ဆက်သွယ်ပေးပါ့မယ်။

အားလုံး ကျန်းမာ ပျော်ရွှင်၍ ဘေးကင်းကြပါစေ ။

Thanks



# NLP trainer
# Mya Thapyay Pte Ltd
Myanmar Training , Consulting & Coaching

အားလုံးဘဲ မင်္ဂလာပါနော်☘️တို့တွေအားလုံး စိတ်မပျော်ရွှင်မှု့တွေ စိတ်ဓာတ်အတက်အကျတွေ စိတ်အဆင်မပြေမှု့ တွေကို လူတိုင်းအားလုံ...
24/03/2024

အားလုံးဘဲ မင်္ဂလာပါနော်

☘️တို့တွေအားလုံး စိတ်မပျော်ရွှင်မှု့တွေ စိတ်ဓာတ်အတက်အကျတွေ စိတ်အဆင်မပြေမှု့ တွေကို လူတိုင်းအားလုံး ဘဝမှာ တကြိမ်တခါတော့ကြုံဖူးကြတယ်……ဟုတ်?

☘️ဒီလိုကြုံတွေ့ကြတဲ့ ကိစ္စရပ်တိုင်းဟာ အပြင်ကနေလာသလို တချို့ကိစ္စတွေက မိမိကိုယ်တွင်း ကနေ လာတယ်ဆိုတာ အားလုံးလက်ခံ ကြမယ်ဆိုတာ သိနေပါတယ်။

☘️တခါတလေမှာ ကိုယ်တိုင်အပါအဝင် လူတော်တော်များများဟာ အဖြေတွေကို ပြင်ပမှာ လိုက်ရှာနေတတ်ကြတယ်နော်။ ဒီလို လိုက်ရှာရင်းနဲ့လည်း အဆင်ပြေနေတာရှိသလို အဆင်မပြေတာတွေလည်း အရမ်းများတယ်ဆိုတာကိုရော လက်ခံကြလား?

☘️ ဒီလိုအဆင်မပြေမှု့တွေကြားမှာ အဆင်ပြေဖို့ ဘာကြောင့်လိုအပ်တာလဲ?
အဆင်ပြေရင် ရော ကောင်းကျိုးက ဘာတွေရှိလာမလဲ?

☘️ အရာရာတိုင်းမှာ အောင်မြင်ပျော်ရွှင်ချင်ရင် NLP မှာ အဖြေရှိတယ်ဆိုတာကို သိပြီးသား လက်ခံကြပြီးသား လူတွေရှိသလို NLP ကို သေသေချာချာသိချင်တဲ့သူတွေလည်းရှိမယ်ဆိုတာသိပါတယ်။

☘️ NLP ဆိုတာဘာလဲ? NLP ဆိုတာ မိမိတို့ရဲ့ ကိုယ်စိတ်နှလုံးသုံးပါးကို အသုံးပြုပီး မိမိတို့လိုချင်တဲ့ ပန်းတိုင်ကို ဘယ်လို ဖန်တီးပုံဖော်ရမလဲဆိုတာ အသေးစိတ် လေ့လာနိုင်သော အသုံးချစိတ်ပညာရပ်ဖြစ်တယ်။

☘️ လူတွေဟာ ရုပ်ပိုင်းဆိုင်ရာဖြစ်တဲ့ ခန္ဓာကိုယ်ကြီးကိုပဲ ဆေးစစ် ဆေးကု လုပ်နေကြ ပြိးတော့ စိတ်ပိုင်းဆိုင်ရာဖြစ်တဲ့ မိမိတို့ရဲ့ စိတ်ကို ကုသဖို့ မေ့နေတတ်ကြတယ်။ အဲ့ဒီအတွက် NLP မှာအဖြေရှာကြစို့။

☘️ အဲ့ဒီတော့ NLP နဲ့ပတ်သပ်ပြီး ABNLP(The American Board of NLP) အဖွဲ့အစည်း အသိအမှတ်ပြု Trainer Ma San San Aye And Trainer Ma Thet Mon Phyo တို့မှ Free Webinar လေး ကို စီစဉ်ထားပါတယ်။

☘️ စိတ်ဝင်စားတဲ့ မိတ်ဆွေများ Page ရဲ့ Messenger ကို Hi တချက်နှိပ်ပေးပြီး Zoom Link လေး ရယူလိုက်ပါနော်။

☘️ ပြီးတော့ အဆင်ပြေရင် Share လေး နဲ့ တချက်ကူညီပေးပါအုံးနော်။ မိတ်ဆွေတို့ရဲ့ Share လေး တချက်ဟာ လိုအပ်တဲ့သူတွေဆီရောက်သွားရင် အရမ်းတန်ဖိုးရှိပြီး ကုသိုလ်ဖြစ်ရပါတယ်နော်

💛ကျေးဇူးပါနော်။ 29.3.24 Free Webinar လေးမှာ ဆုံကြမယ်လို့ယုံကြည်ပါတယ်ရှင့်💛




Myanmar Training, Consulting and Coaching

Address

Singapore
179098

Website

Alerts

Be the first to know and let us send you an email when Essential Myanmar Training, Consulting and Coaching posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share