G-Smart English Speaking & Housekeeping Training School - ဂျီစမတ်သင်တန်း

  • Home
  • Singapore
  • Singapore
  • G-Smart English Speaking & Housekeeping Training School - ဂျီစမတ်သင်တန်း

G-Smart English Speaking & Housekeeping Training School - ဂျီစမတ်သင်တန်း အလုပ်ကိုင်ရှာဖွေရေးနှင့်သင်တန်းကျောင်း

08/09/2023
24/08/2023

အာလူးဆနွင်းမကင်း ပြုလုပ်နည်း

အာလူး......၈၀ကျပ်သား
အုန်းသီး (အေသး).....၁လုံး(အမှုန့်ခြစ်)
အုန်းသီး ကြီးရင် ၁ခြမ်းပဲထည့်ပါ
သကြား.. ...၂၅ကျပ်သား
ထောပတ်.. ...၁၅ကျပ်သား
ဂျုံမှုန့်.....၁၅ကျပ်သား
အုန်းနို့.....ဘူးသေးတ၀က်
နို့မှုန့်......၂ထုပ်(အေသး)
ဆား.....၁ဇွန်း (လက်ဖက်ရည်ဇွန်း)
ဘိန်းစေ့.. ...အနည်းငယ်

အာလူးကို နူးအိအောင်ပြုတ် အခွံခွာပြီး
ကျေအောင်ချေထားပါ(ကြိတ်စက်နဲ့လဲရပါတယ်)
ချေထားတဲ့ အာလူး +အုန်းသီးအမှု့န်+
သကြား+ ထောပတ် +ဂျုံ +ဆား+အုန်းနို့
နို့မှုန့် အားလုံးသမအောင် ရောနယ်ပါ
ထောပတ်သုတ်ထားတဲ့ဘန်း ၉"+၁၁"ထဲ
ထဲ့ အပေါ်ယံညီအောင် ထောပတ်ထပ်ဆမ်းပြီး ညှိပေးပါ ပြီးမှ ဘိန်းစေ့ဖြူးပြီး
အပူချိန် ၂၀၀ံ စင်တီဂရိတ် မိနစ် ၄၀
အပေါ်မီးများများ အောက်မီးနဲနဲ နဲ့ မုန့်ဖုတ်လိုက်ရင်ရပါပြီ
အအေးခံပွှီး ကြိုက်တဲ့ပုံစံ
ဖြတ်လို့ရပါပြီ။

Crd

21/08/2023
20/08/2023

ညီမလေးများ အချက်ပြုတ်ပညာသင်ထားကြပါ ဘာမှသိပ်မတတ်ဘူးဆိုရင်မကောင်းပါဘူး နောက်တစ်ခေါက် ထပ်ခန့်ဖို့လဲမလွယ်ဘူးဖြစ်လာတတ်ပါတယ် ၊ ဘာစာလဲဆိုတော့ တရုတ်စာချက်နည်းသင်ထားကြပါ သို့မဟုတ် အာရှစာပါ သို့မဟုတ် မြန်မာစာ တခါတရံ ချက်ကြွေးချင်လက်ခံနိုင်မှာပါ ၊ ထမင်းဟင်းချက်တတ်တာဟာကိုယ်တိုင်လဲစားလို့ရသလို သူများလဲစားလို့ရပါတယ် ။

Mint / Peppermint ကပူစီနံကိုခေါ်တာပါ ၊ အရွက်အခေါ်ဝေါ်လေးတွေမှတ်ထားကြပါ
17/08/2023

Mint / Peppermint ကပူစီနံကိုခေါ်တာပါ ၊ အရွက်အခေါ်ဝေါ်လေးတွေမှတ်ထားကြပါ

17/08/2023

အင်္ဂလိပ်စကားဟာအရမ်းအရေးကြီးပါတယ် ၊ ကိုယ့် ရွှေတွေအနေနဲ့ အခြားကိစ္စတွေပြည့်စုံနိုင်ပါတယ် ၊ ဒါပေမဲ့ အလုပ်လုပ်ဖို့ အင်္ဂလိပ်စကား E-skill ကအရမ်းလိုအပ်ပါတယ် ၊ မဟုတ်ရင်ဘာပြောမှန်း ဘာခိုင်းမှန်း ၊ ဘာပြန်ပြောရမှန်း ၊ ဘယ်လိုဖြေရှင်းရမှန်း မသိဘူးဖြစ်နေနိုင်ပါတယ် ၊ အဲ့တော့ အခြေခံ နဲ့ နေ့စဥ္သုံး အင်္ဂလိပ်စကားပြောဖြစ်ဖြစ်မသွားခင်မှာအတတ်နိုင်ဆုံးသင်တန်းတက်သင်သွားကြပါ ၊ youtube နဲ့ fb မှာလဲသင်ယူနိုင်ပါတယ် ၊ သင်ဘယ်လိုပြောမလဲ ၊ လေဆိပ် ၊ ခရီးသွား နဲ့ အလုပ်မှာနဲ့ သူများနဲ့ ဘယ်လိုပြောမလဲ အသေးစိတ် အခမဲ့ လေ့လာသင်ယူနိုင်ကြပါတယ် ။ ကြိုးစားကြပါ ၊ အိမ်မှုကိစ္စ ထြစ်စေ ၊ စကားပြောဖြစ်စေ ပညာကိုရသလောက် ကြိုးစားသင်ယူကြပါ ၊ အချိုတွေ စာအုပ်လုပ်တာ စောင့်နေရတာအတော်ကြာပါတယ် ၊ အဲ့စောင့်နေရတဲ့ကာလမှာ အလကားမနေပါနဲ့ အသုံးကျပညာရပ်တစ်ခုကိုရအောင်တော့သင်ယူလိုက်ပါ ။

16/08/2023

အလုပ်အတွက် အင်တာဗျုးဝင်ရသလား
----
ဝင်ရပါတယ် ၊ အင်္ဂလိပ်လိုမေးပါတယ် ၊ ဒီအလုပ်အတွက်အင်တာဗျုးဖြေပုံဖြေနည်းလေးတွေသူများတွေသင်ထားတဲ့ ဗီဒီယိုလေးတွေ Youtube , fb အစရှိတဲ့နေရာတွေမှာရှာကြည့်ပြီးပုံမှန်စကားပြောကိုလေ့ကျက့်ထားပါ ၊ အခြားဟာတွေအများကြီးမပြောတတ်ရင်နေပါ ၊ ဒါလေးပြောတတ်ဖို့တော့ အတတ်နိုင်ဆုံးလေ့ကျင့်သက်ကြာထားကြပါ ၊ မေးတာဖြေတာကတော့ အလုပ်အကြောင်းမို့ simple လေးတွေပါ ၊ အရမ်းတော့မခက်ပါဘူး ။

16/08/2023

အင်္ဂလိပ်နဲနဲတော့အထိုက်လျှောက်သက်ထားသင့်ပါတယ် ၊ စလုံးမှာက အင်္ဂလိပ် နဲ့ တရုတ်အဓိကပြောပါတယ် ၊ အခြားဘာသာစကားတွေရှိပေမဲ့ အင်္ဂလိပ်ပြောနိုင်ကိုမဆိုပါဘူး ၊ အင်္ဂလိပ်စကားနဲနဲမှတတ်မထားရင်ဘာပြောမှန်း ၊ ဘာလုပ်ခိုင်းမှန်း ၊ ဘာလိုချင်မှန်းသိဖို့မလွယ်တော့ပါဘူး ၊ အဲ့တော့ပိုပြောတတ်လေပိုကောင်းလေပါ ၊ အဲ့တော့ အခြေခံ အထွေထွေသုံး ၊ နေ့စဥ္သုံး ၊ ဒီအလုပ်နဲ့သက်ဆိုင်တဲ့ အင်္ဂလိပ်စကားပြောကိုသင်တန်းတက်လို့ဖြစ်စေ ၊ အင်တာနက်ကဖြစ်စေ ၊ fb ကဖြစ်စေ ၊ youtube ကဖြစ်စေလေ့လာသင်ကြားထားကြပါ ၊ သင်ဖို့အချိန်နဲနဲရတာပိုကောင်းပါတယ် ၊ ပညာနဲ့ ဘာသာစကားမသင်ပဲ မလေ့လာပဲဒီတိုင်းထိုင်မနေကြပါနဲ့ ။

16/08/2023

အရမ်းတော့အချိန်ကြာအောင်မစောင့်ကြပါနဲ့ အသက်ကြီးသွားတော့ လျှင်လျှင်မြန်မြန်လုပ်နိုင်ကိုင်နိုင်တယ်လို့ အလုပ်ရှင်တွေကမထင်တော့ပါဘူး အဲ့ဒီတော့ အလုပ်ရှင်တွေကသိပ်မခန့်ချင်ကြတော့ပါဘူး ။

Address

Singapore

Website

Alerts

Be the first to know and let us send you an email when G-Smart English Speaking & Housekeeping Training School - ဂျီစမတ်သင်တန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share