Myanmar Eduwork Consultancy

Directions Website

Myanmar Eduwork Consultancy Singapore based SG PR Application Services, Myanmar English Notary, Affidavit, Statutory Declaration, and other services provider.

🇸🇬 PR လျှောက်မယ်ဆိုရင် “U” နဲ့ “Daw” လေးတွေကိုလည်း သတိထားဖို့လိုတယ်နော်။မြန်မာလူမျိုးတွေအတွက် PR လျှောက်ဖို့ ပြင်ဆင်တဲ့အ...
13/10/2026

🇸🇬 PR လျှောက်မယ်ဆိုရင် “U” နဲ့ “Daw” လေးတွေကိုလည်း သတိထားဖို့လိုတယ်နော်။

မြန်မာလူမျိုးတွေအတွက် PR လျှောက်ဖို့ ပြင်ဆင်တဲ့အခါ စာရွက်စာတမ်းပြင်ဆင်ရာမှာ တစ်ခါတလေ “U” / “Daw” ပါတာ၊ မပါတာ လေးတွေ မတူသွားတတ်ပါတယ်။

ဥပမာ—

Passport မှာ Aung Aung
Certificate မှာ U Aung Aung
အလုပ်နဲ့ပတ်သက်တဲ့ Document မှာ U Aung Aung …

ဒီလိုမျိုးဆိုရင် “နာမည်တူပဲလေ” ဆိုပြီး မထားလိုက်ဘဲ PR Application တင်လိုက်တဲ့အခါ အဆင်မပြေတာမျိုးတွေဖြစ်ပီး ထပ်ပီး Documents ထပ်တောင်းခံရတာမျိုး‌ တွေ ကြုံ‌ တွေ့ရတက်ပါတယ်။

ဒါကြောင့် တချို့ Name Discrepancy တွေက ရိုးရိုးလေးဖြစ်နိုင်ပေမယ့် ဘယ်လိုရှင်းပြရမလဲ၊ ဘယ်လို Supporting Document လိုမလဲဆိုတာကို ကြိုတင်စစ်ဆေးထားဖို့ လိုပါတယ်။

💡 MEC မှာတော့ PR မတင်ခင် စာရွက်စာတမ်းတွေကို တစ်ခုချင်းစီ ပြန်စစ်ပေးပါတယ်။

နာမည်စာလုံးပေါင်း၊ U / Daw ပါတာမပါတာ၊ Name Order နဲ့ Personal Information တွေကို တိုက်စစ်ပြီး လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်နိုင်အောင် လမ်းညွှန်ပေးပါတယ်။

Myanmar Eduwork Consultancy (MEC) ကနေတစ်ဆင့် AI Eligibility Checker လေးနဲ့ ကိုယ့်ရဲ့ PR ရနိုင်ခြေကို အခမဲ့ (Free) စစ်ဆေးလို့ ရသလို၊ လိုအပ်တဲ့ အကြံဉာဏ်တွေကိုလည်း နွေးနွေးထွေးထွေး အခမဲ့တိုင်ပင်ဆွေးနွေးပေးနေပါတယ်။

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗘𝗱𝘂𝘄𝗼𝗿𝗸 𝗖𝗼𝗻𝘀𝘂𝗹𝘁𝗮𝗻𝗰𝘆
📞 Contact us – +65 8785 6881 | https://wa.me/6587856881
📩 [email protected]

🇸🇬 Singapore PR လျှောက်ဖို့ အဆင်သင့်ဖြစ်ပြီလား?PR လျှောက်ဖို့ စိတ်ကူးရှိပေမယ့်...❓ ကိုယ့် Profile က PR Application အတွက်...
12/10/2026

🇸🇬 Singapore PR လျှောက်ဖို့ အဆင်သင့်ဖြစ်ပြီလား?

PR လျှောက်ဖို့ စိတ်ကူးရှိပေမယ့်...

❓ ကိုယ့် Profile က PR Application အတွက် ဘယ်လိုအခြေအနေရှိလဲ?
❓ ဘယ် Documents တွေ လိုအပ်လဲ?
❓ Documents တွေမှာ အချက်အလက်မကိုက်ညီတာ ရှိနေသလား?
❓ Application မတင်ခင် ဘာတွေပြင်ဆင်သင့်လဲ?
❓ ကိုယ်တိုင်လျှောက်မလား၊ Professional Guidance ယူမလား?

ဒီလိုမေးခွန်းတွေကြောင့် ဘယ်ကစရမှန်းမသိဘဲ စိတ်ရှုပ်နေစရာ မလိုပါဘူး။ 📋

PR Application မတင်ခင် ကိုယ့် Profile နဲ့ Documents တွေကို စနစ်တကျ ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။

💙 MEC က သင့် PR Journey ကို အဆင့်ဆင့် ကူညီပေးနိုင်ပါတယ်။

🔎 Profile Assessment
သင့်ရဲ့ လက်ရှိ Profile ကို သုံးသပ်ပြီး ပြင်ဆင်သင့်တဲ့အချက်တွေကို သိရှိနိုင်ရန် ကူညီပေးခြင်း

📄 Document Checking & Preparation
လိုအပ်တဲ့ Supporting Documents တွေကို စစ်ဆေးပြီး Application အတွက် ပြင်ဆင်ပေးခြင်း

📝 PR Application Preparation
Application မတင်ခင် လိုအပ်တဲ့ အချက်အလက်နဲ့ Documents တွေကို စနစ်တကျ ပြင်ဆင်ပေးခြင်း

💬 Professional Guidance
PR Application Process တစ်လျှောက် သိထားသင့်တဲ့အချက်တွေကို လမ်းညွှန်ပေးခြင်း

📊 PR Progress Tracking
Application တင်ပြီးနောက် Progress ကို စောင့်ကြည့်နိုင်ရန် ကူညီပေးခြင်း

👉 Singapore PR လျှောက်ဖို့ စဉ်းစားနေပြီဆိုရင်၊ ဘယ်ကစရမလဲဆိုတာ MEC နဲ့ အခမဲ့ ဆွေးနွေးတိုင်ပင်မှု ရယူနိုင်ပါပြီ။

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗘𝗱𝘂𝘄𝗼𝗿𝗸 𝗖𝗼𝗻𝘀𝘂𝗹𝘁𝗮𝗻𝗰𝘆

📞 +65 8785 6881
💬 WhatsApp: +65 8785 6881
📩 [email protected]

🇸🇬 Singapore PR လျှောက်ဖို့ အဆင်သင့်ဖြစ်ပြီလား?PR လျှောက်ဖို့ စိတ်ကူးရှိပေမယ့်...❓ ကိုယ့် Profile က PR လျှောက်ဖို့ အတွက်...
09/10/2026

🇸🇬 Singapore PR လျှောက်ဖို့ အဆင်သင့်ဖြစ်ပြီလား?

PR လျှောက်ဖို့ စိတ်ကူးရှိပေမယ့်...

❓ ကိုယ့် Profile က PR လျှောက်ဖို့ အတွက် ဘယ်လိုအခြေအနေရှိလဲ?
❓ ဘာ Documents တွေ လိုအပ်လဲ?
❓ Documents တွေမှာ အချက်အလက်မကိုက်ညီတာတွေ ရှိနေသလား?
❓ မလျှောက်ထားခင် ဘာတွေပြင်ဆင်သင့်လဲ?
❓ ကိုယ်တိုင်လျှောက်မလား၊ Professional Guidance / Agency အပ်မှာလား?

ဒီလိုမေးခွန်းတွေကြောင့် ဘယ်ကစရမှန်းမသိဘဲ စိတ်ရှုပ်နေစရာ မလိုပါဘူး။ 📋

PR Application မတင်ခင် ကိုယ့် Profile နဲ့ Documents တွေကို စနစ်တကျ ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။

💙 MEC က သင့် PR Journey ကို အဆင့်ဆင့် ကူညီပေးနိုင်ပါတယ်။

🔎 Profile Assessment
သင့်ရဲ့ လက်ရှိ Profile ကို သုံးသပ်ပြီး ပြင်ဆင်သင့်တဲ့အချက်တွေကို သိရှိနိုင်ရန် ကူညီပေးခြင်း

📄 Document Checking & Preparation
လိုအပ်တဲ့ Supporting Documents တွေကို စစ်ဆေးပြီး Application အတွက် ပြင်ဆင်ပေးခြင်း

📝 PR Application Preparation
Application မတင်ခင် လိုအပ်တဲ့ အချက်အလက်နဲ့ Documents တွေကို စနစ်တကျ ပြင်ဆင်ပေးခြင်း

💬 Professional Guidance
PR Application Process တစ်လျှောက်လုံး လမ်းညွှန်ပေးခြင်း

📊 PR Progress Tracking
Application တင်ပြီးနောက် Progress ကို စောင့်ကြည့်နိုင်ရန် ကူညီပေးခြင်း

👉 Singapore PR လျှောက်ဖို့ စဉ်းစားနေပြီဆိုရင်၊ ဘယ်ကစရမလဲဆိုတာ MEC နဲ့ အခမဲ့ ဆွေးနွေးတိုင်ပင်မှု ရယူနိုင်ပါပြီ။

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗘𝗱𝘂𝘄𝗼𝗿𝗸 𝗖𝗼𝗻𝘀𝘂𝗹𝘁𝗮𝗻𝗰𝘆

📞 +65 8785 6881
💬 WhatsApp: +65 8785 6881
📩 [email protected]

🚨 စင်ကာပူ MRT နှင့် ဘတ်စ်ကားခ နှုန်းထားများ ဒီဇင်ဘာ ၂၆ မှ စတင်၍ တိုးမြင့်မည်။လာမည့် ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့မှ စတ...
08/10/2026

🚨 စင်ကာပူ MRT နှင့် ဘတ်စ်ကားခ နှုန်းထားများ ဒီဇင်ဘာ ၂၆ မှ စတင်၍ တိုးမြင့်မည်။

လာမည့် ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့မှ စတင်ပြီး စင်ကာပူနိုင်ငံ၏ အများပြည်သူ သယ်ယူပို့ဆောင်ရေး (Bus & MRT) နှုန်းထားများကို ၇ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း Public Transport Council (PTC) မှ တရားဝင် ကြေညာလိုက်ပါသည်။

PTC ၏ ထုတ်ပြန်ချက်အရ သဘာဝစွမ်းအင် ကုန်ကျစရိတ်များ သိသိသာသာ မြင့်တက်လာခြင်း၊ ဝန်ထမ်းစရိတ်နှင့် ပြုပြင်ထိန်းသိမ်းမှု ကုန်ကျစရိတ်များ ပိုမိုများပြားလာခြင်းတို့ကြောင့် ယခုကဲ့သို့ ပြောင်းလဲသတ်မှတ်ရခြင်း ဖြစ်ကြောင်း သိရပါသည်။

စင်ကာပူမှာ နေထိုင်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ‌တွေအနေနဲ့ နေ့စဉ်ကုန်ကျစရိတ်တွေ တွက်ချက်နိုင်ဖို့အတွက် ပြောင်းလဲသွားမယ့် အချက်အလက်တွေကို အောက်မှာ အသေးစိတ် ဖော်ပြပေးလိုက်ပါတယ်။

Adult Card ဖြင့် သွားလာသူများအနေနဲ့

* ခရီးစဉ်အကွာအဝေး ၃.၂ ကီလိုမီတာအထိကို (12 cents) ပိုမိုကျသင့်ပါမည်။
* ၃.၂ ကီလိုမီတာအထက် ခရီးစဉ်များအတွက် (13 cents) ပိုမိုကျသင့်ပါမည်။
* ငွေသား (Cash) ဖြင့် ပေးချေပါက ခရီးစဉ်တစ်ခေါက်လျှင် (20 cents) အထိ တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ပါသည်။

Concession Card ရရှိသူများအနေနဲ့

* ကျောင်းသားများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအတွက် ခရီးစဉ်တစ်ခေါက်လျှင် (5 cents) သာ တိုးလာမည်ဖြစ်ပြီး၊ ငွေသားဖြင့် ပေးချေပါက (10 cents) တိုးလာပါမည်။
* Workfare Transport Concession Scheme (WTCS) အသုံးပြုသူများအတွက်မူ ဈေးနှုန်း လုံးဝပြောင်းလဲမည် မဟုတ်ပါ။

လစဉ်ကတ် (Monthly Pass) သုံးစွဲသူများအတွက် သတင်းကောင်း

ခရီးသွားလာ သူများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ရည်ရွယ်ပြီး လပေး ဝယ်ယူသူများအနေနဲ့ (Monthly Pass) ဈေးနှုန်းများကိုမူ ယခင်နှုန်းထားအတိုင်းသာ ဆက်လက်ထားရှိမည် ဖြစ်ပါသည်။ (ဥပမာ - Adult Monthly Pass အတွက် ယခင် $122 သာ ဆက်လက်ပေးသွင်းရမည် ဖြစ်ပါသည်)။

အဲ့တော့ ပုံမှန် Adult Card ထက်စာရင် Monthly Pass ကို ပြောင်းလဲအသုံးပြုမယ်ဆိုရင် ကုန်ကျစရိတ် ပိုမိုသက်သာနိုင်ပါတယ်။

🇸🇬 Singapore PR လျှောက်ထားရာမှာ သိထားသင့်တဲ့ Name Discrepancy အကြောင်းPR Application ပြင်ဆင်တဲ့အခါ အလုပ်အကိုင်၊ လစာ၊ Tax...
06/10/2026

🇸🇬 Singapore PR လျှောက်ထားရာမှာ သိထားသင့်တဲ့ Name Discrepancy အကြောင်း

PR Application ပြင်ဆင်တဲ့အခါ အလုပ်အကိုင်၊ လစာ၊ Tax၊ Education Certificate စတာတွေကို အဓိကထားပြင်ဆင်ကြပေမယ့် Passport နဲ့ Documents တွေကြား အချက်အလက်တွေ ကိုက်ညီမှုရှိ/မရှိ စစ်ဖို့ကိုတော့ မေ့သွားတတ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံသားတွေအတွက် အမည်ကို အင်္ဂလိပ် လိုရေးသားထားပုံက စာရွက်စာတမ်း တစ်ခုနဲ့တစ်ခု မတူတာမျိုး ရှိနိုင်ပါတယ်။

🔎 အဲ့တော့ PR မတင်ခင် ဘာတွေ စစ်ထားသင့်လဲ။

1. “U / Daw” ပါတာ၊ မပါတာ

ဥပမာ - Passport မှာ U Aung Aung ဖြစ်ပြီး တချို့ Certificate မှာ Aung Aung ဖြစ်နေတက်လို့ Document တစ်ခုနဲ့တစ်ခုမှာ နာမည်ရေးသားပုံ မတူတာရှိရင် ဘာကြောင့်မတူတာလဲဆိုတာ ကြိုတင် စစ်ဆေးထားသင့်ပါတယ်။

2. Name Spelling မတူခြင်း

ဥပမာ - Passport မှာ Tun Aung လို့ စာလုံးပေါင်းပြီး Certificate မှာ Htun Aung / Tunn Aung လို့ပေါင်းထားတာမျိုးလည်း ရှိတက်ပါတယ်။ စာလုံးအနည်းငယ်ကွာတာဖြစ်ရင်တောင် Supporting Documents တွေကို ပြန်စစ်ဆေးထားတာ ပိုကောင်းပါတယ်။

3. Name Order မတူခြင်း

မြန်မာ အမည်တွေမှာ Western-style အရ First Name / Last Name ခွဲခြားပုံနဲ့ မတူနိုင်တာကြောင့် Document တစ်ခုနဲ့တစ်ခုမှာ Name Order မတူတာမျိုး ဖြစ်နိုင်ပါတယ်။

4. Full Name နဲ့ Shortened Name မတူခြင်း

Document တစ်ခုမှာ Full Name ပါပြီး နောက်တစ်ခုမှာ ကိုယ့်ရဲ့ နောက်အမည်ပြောင် တခြားအမည်တစ်မျိုးဖြစ်‌‌နေတက်တာကိုလည်း ကြိုတင်စစ်ဆေးသင့်ပါတယ်။

5. အမည်ပြောင်းထားဖူးခြင်း

အမည်ပြောင်းထားဖူးတယ်ဆိုရင် အဲဒီအပြောင်းအလဲကို သက်သေပြနိုင်တဲ့ စာရွက်စာတမ်း ရှိ/မရှိ စစ်ဆေးထားဖို့ လိုပါတယ်။ ICA ရဲ့ PR document checklist မှာ လိုအပ်ပါက Deed Poll သို့မဟုတ် Name Change အတွက် Religious Certificate ကို တင်ပြရန် လိုကြောင်းကိုလည်း ဖော်ပြထားပါတယ်။

⚠️ အခုပြောနေတဲ့ အချက်တွေ ဖြစ်နေတာမျိုး ရှိနေတာမျိုးနဲ့တော့ PR Reject ဖြစ်မယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် PR Application မှာ တင်ပြတဲ့ Information နဲ့ Supporting Documents တွေဟာ မှန်ကန်ပြီး ပြည့်စုံဖို့ အရေးကြီးပါတယ်။ ICA ဘက်ကလည်း လိုအပ်ပါက Additional Supporting Documents တွေ တောင်းခံနိုင်ပြီး Documentation မပြည့်စုံပါက PR Application အပေါ် သက်ရောက်နိုင်ပါတယ်။

ဒါကြောင့် “နာမည် တူတာပဲလေ” ဆိုပြီး မထားဘဲ PR မတင်ခင် Document အားလုံးကို တစ်ချက်ချင်း ပြန်စစ်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။ 🔍

MEC မှာ PR Application အတွက် ဘယ်လို ဝန်ဆောင်မှုတွေကို ရရှိနိုင်မလဲ။

MEC က PR Application မတင်ခင် -

✓ Passport & Supporting Documents
✓ Name Spelling
✓ Name Order
✓ Personal Information
✓ Document-to-Document Consistency တွေကို ပြန်လည်စစ်ဆေးပြီး မတူညီတာတွေရှိရင် ကြိုတင်သိရှိနိုင်အောင် လမ်းညွှန်ပေးပါတယ်။

ထို့အပြင် Documents တွေအတွက် လိုအပ်ပါက ICA သတ်မှတ်ထားတဲ့ Translation Requirements တွေနဲ့ ကိုက်ညီအောင် ပြင်ဆင်နိုင်ဖို့လည်း ကူညီပေးပါတယ်။

💡 PR Application မှာ Document များတာတင်မဟုတ်ပါဘူး။ တင်ပြထားတဲ့ Information တွေ မှန်ကန်ပြီး Consistent ဖြစ်ဖို့လည်း အရေးကြီးပါတယ်။

PR မတင်ခင် Document တစ်စောင်ချင်းစီကို သေချာစစ်ဆေးပြီး စနစ်တကျပြင်ဆင်ချင်တယ်ဆိုရင် MEC နဲ့ စတင်တိုင်ပင်နိုင်ပါတယ်။ 🇸🇬

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗘𝗱𝘂𝘄𝗼𝗿𝗸 𝗖𝗼𝗻𝘀𝘂𝗹𝘁𝗮𝗻𝗰𝘆
📞 Contact us – +65 8785 6881 | https://wa.me/6587856881
📩 [email protected]

ီ version က ICA requirement နဲ့ MEC ရဲ့ recommended document review service ကို ခွဲပြထားလို့ factually ပိုလုံခြုံပါတယ်။

🌟 စင်ကာပူမှာ အလုပ်လုပ်နေသူတိုင်းရဲ့ အိပ်မက်တစ်ခုဖြစ်တဲ့ PR (Permanent Resident) ရသွားရင် ဘာတွေထူးခြားသွားမလဲ။🌟စင်ကာပူမှာ...
05/10/2026

🌟 စင်ကာပူမှာ အလုပ်လုပ်နေသူတိုင်းရဲ့ အိပ်မက်တစ်ခုဖြစ်တဲ့ PR (Permanent Resident) ရသွားရင် ဘာတွေထူးခြားသွားမလဲ။🌟

စင်ကာပူမှာ အလုပ်လုပ်နေတဲ့ သူတိုင်း သိချင်ကြတဲ့ အိပ်မက်တစ်ခုကတော့ PR ပါပဲ။ တချို့အနေနဲ့ ကြားဖူးရုံပဲ ကြားဖူးတာမျိုး အမှန်တကယ် ဘာလဲဆိုတာ မသိကြ‌တဲ့ သူတွေလည်း ရှိကြမှာပဲ။ အဲ့တော့ Singapore PR ဆိုတာ ဘယ်လို ကောင်းကျိုးလေးတွေ ရှိလဲ ဆိုတာ ပြောပြပေးလိုက်ပါတယ်။ ဒါပေမယ့် PR ဆိုတာ နိုင်ငံသား (Citizen) မဟုတ်လို့ ရရှိတဲ့ အခွင့်အလမ်းတွေ ကွာခြားပါတယ်နော်။

၁။ အလုပ်ပြောင်းချင်တဲ့အခါ ပိုလွတ်လပ်သွားမယ်၊ CPF ကြောင့် အနာဂတ်အတွက် စိတ်အေးရမယ် 💼

လူတိုင်း အကြိုက်ဆုံးကတော့ အလုပ်ဗီဇာ (EP, S Pass) သက်တမ်းကုန်ခါနီးတိုင်း ရင်တမမဖြစ်ရတဲ့ ခံစားချက်ကို PR ရသွားရင် မခံစားရတော့ပါဘူး။
အလုပ်တစ်ခုကနေ နောက်တစ်ခုပြောင်းတိုင်း Pass အသစ်ရပါ့မလားဆိုတဲ့ စိတ်ညစ်စရာတွေ မရှိတော့ဘူးပေါ့။ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လွတ်လွတ်လပ်လပ် ရွေးလုပ်လို့ရသလို၊ Part-time တွေ၊ ကိုယ်ပိုင်စီးပွားရေးတွေလည်း လုပ်လို့ရသွားပြီ။

နောက်တစ်ခုက စင်ကာပူနိုင်ငံသားတွေလိုပဲ ကိုယ့်လစာထဲကနေ CPF မဖြစ်မနေ ထည့်ရပါမယ်။ အလုပ်ရှင်ဘက်ကလည်း ၁၇% ထပ်ဆောင်းထည့်ပေးမှာဆိုတော့ ဒီစုဆောင်းငွေတွေနဲ့ နောက်ပိုင်း အိမ်ဝယ်တာ၊ ဆေးကုတာနဲ့ အသက်ကြီးလာတဲ့အခါ အငြိမ်းစားယူဖို့အတွက် တကယ်ကို ခိုင်မာတဲ့ အာမခံချက်တစ်ခု ဖြစ်သွားတာပေါ့။

၂။ ကိုယ်ပိုင် HDB အိမ်လေး ဝယ်ခွင့်ရလာမယ်။ (စည်းကမ်းချက်လေးတွေတော့ ရှိတယ်နော်) 🏡

စင်ကာပူမှာ ကိုယ်ပိုင်အိမ်လေးနဲ့ နေချင်တဲ့ အိပ်မက်က PR ရရင် လက်တွေ့ဖြစ်လာနိုင်ပါပြီ။ ဒါပေမယ့် PR ရရချင်း ချက်ချင်းဝယ်ခွင့်တော့ မရှိသေးဘူးနော်။ PR သက်တမ်း (၃) နှစ်ပြည့်မှသာ Resale HDB (တစ်ပတ်ရစ် တိုက်ခန်း) တွေကို ဝယ်ခွင့်ရှိမှာပါ။

နောက်တစ်ခုက လူပျို/အပျို သမားတွေ တစ်ယောက်တည်း HDB ဝယ်ခွင့်မရသေးဘဲ PR နှစ်ယောက် (ဒါမှမဟုတ်) စင်ကာပူနိုင်ငံသားနဲ့ ပူးတွဲဝယ်မှသာ ရပါမယ်။ BTO လို့ခေါ်တဲ့ အစိုးရချပေးတဲ့ အိမ်သစ်တွေကိုတော့ PR သီးသန့်နဲ့ ဝယ်ခွင့်မရသေးပါဘူး။ ကွန်ဒိုတွေကိုတော့ ငွေကြေးတတ်နိုင်ရင် အချိန်မရွေး ဝယ်လို့ရပါတယ်ဗျာ။

၃။ ချစ်ရတဲ့ မိသားစုကို ခေါ်ထားလို့ရမယ်၊ ပညာရေးနဲ့ ကျန်းမာရေး သက်သာမယ် 👨‍👩‍👧‍👦

ကိုယ့်မိသားစု (ဇနီး/ခင်ပွန်းနဲ့ သားသမီးတွေ) အတွက်ပါ PR ဆက်လျှောက်ပေးလို့ရသလို၊ မိဘတွေကိုပါ Long-Term Visit Pass (LTVP) နဲ့ ခေါ် ပြီး မိသားစုစုံစုံလင်လင် အတူတူ နေလို့ရပါတယ်။ သားသမီးတွေအတွက်လည်း အစိုးရကျောင်းတွေမှာ ကျောင်းလခ အများကြီးသက်သာသွားသလို၊ ဆေးရုံ/ဆေးခန်းတွေ (Polyclinics) ပြတဲ့အခါမှာလည်း အစိုးရရဲ့ ထောက်ပံ့ကြေး (Subsidies) တွေ ရမှာဖြစ်လို့ စရိတ်က တော်တော်လေး သက်သာသွားမှာပါ။

(အထူးသတိပြုရမယ့် အချက်လေးတစ်ခုကတော့ - ကိုယ့်မှာ သားယောကျာ်းလေး ရှိတယ်ဆိုရင် အသက် ၁၈ နှစ်ပြည့်တဲ့အခါ မဖြစ်မနေ စစ်မှုထမ်း (National Service) ဝင်ရမှာကိုတော့ ကြိုတင်သိထားဖို့ လိုပါလိမ့်မယ်။)

၄။ လွတ်လွတ်လပ်လပ် ခရီးသွားလို့ရမယ် (ဒါပေမယ့် REP ကိုတော့ ဂရုစိုက်ပါ) ✈️

PR ရပြီးရင် ခရီးသွားတဲ့အခါ စင်ကာပူကို အလွယ်တကူ ပြန်ဝင်လို့ရဖို့ Re-Entry Permit (REP) ဆိုတာ ရှိပါတယ်။ ပုံမှန်အားဖြင့် ၅ နှစ်တစ်ကြိမ် သက်တမ်းတိုးရပါတယ်။ တကယ်လို့ ကိုယ်က စင်ကာပူမှာ အလုပ်လည်းမလုပ်၊ အခွန်လည်းမဆောင်ဘဲ တခြားနိုင်ငံမှာချည်းပဲ အကြာကြီး သွားနေမယ်ဆိုရင်တော့ REP သက်တမ်းတိုးဖို့ ခက်ခဲသွားပြီး PR ပါ ပြန်ရုပ်သိမ်းခံရနိုင်ခြေ ရှိတယ်ဆိုတာလေး သတိထားစေချင်ပါတယ်။

💡 ကဲ... သင် ကိုယ်တိုင်ရော စင်ကာပူ PR လျှောက်ဖို့ အဆင်သင့်ဖြစ်နေပြီလား?

"ကိုယ့်အခြေအနေနဲ့ဆို PR လျှောက်ရင် ရနိုင်ပါ့မလား" ဆိုပြီး တွေးပူနေတယ်ဆိုရင်တော့ စိတ်မပူပါနဲ့။

Myanmar Eduwork Consultancy (MEC) မှာ AI Eligibility Checking စနစ်လေးနဲ့ ကိုယ့်ရဲ့ PR ရနိုင်ခြေကို အခမဲ့ (Free) တွက်ချက်စစ်ဆေးပေးနေသလို၊ လိုအပ်တဲ့ အကြံဉာဏ်တွေကိုလည်း နွေးနွေးထွေးထွေး အခမဲ့ တိုင်ပင်ဆွေးနွေးပေးနေပါတယ်။

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗘𝗱𝘂𝘄𝗼𝗿𝗸 𝗖𝗼𝗻𝘀𝘂𝗹𝘁𝗮𝗻𝗰𝘆
📞 Contact us – +65 8785 6881 | https://wa.me/6587856881
📩 [email protected]

စင်ကာပူနိုင်ငံကို ခရီးသွားဖို့ ပြင်ဆင်နေပါသလား။ အချိန်ကုန်သက်သာ‌ စေပြီး ပိုမိုမြန်ဆန်တဲ့ ခရီးစဉ်တစ်ခုဖြစ်ဖို့ စင်ကာပူနို...
01/10/2026

စင်ကာပူနိုင်ငံကို ခရီးသွားဖို့ ပြင်ဆင်နေပါသလား။

အချိန်ကုန်သက်သာ‌ စေပြီး ပိုမိုမြန်ဆန်တဲ့ ခရီးစဉ်တစ်ခုဖြစ်ဖို့ စင်ကာပူနိုင်ငံရဲ့ Arrival Card (SGAC) စနစ်သစ်အကြောင်းကို သိထားသင့်ပါတယ်။ 🇸🇬✨

စင်ကာပူနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေး အာဏာပိုင်အဖွဲ့ (ICA) ဟာ ခရီးသွားပြည်သူတွေအတွက် အလွန်အဆင်ပြေစေမယ့် အပြောင်းအလဲတစ်ခုကို လုပ်ဆောင်လိုက်ပါပြီ။

ယခင်ကထက် ပိုမိုစနစ်ကျပြီး အသုံးပြုရလွယ်ကူတဲ့ Singapore Arrival Card (SGAC) စနစ်သစ်မှာ အောက်ပါ ထူးခြားချက်တွေကတော့

၁။ ပတ်စ်ပို့ စကင်ဖတ်ခြင်း (Passport Scanning) - ကိုယ်တိုင် အချက်အလက်ဖြည့်စရာမလိုဘဲ ပတ်စ်ပို့ကို စကင်ဖတ်ရုံဖြင့် အလိုအလျောက် (Autofill) ဖြည့်ပေးနိုင်တော့မှာပါ။

၂။ ဘာသာစကား ၁၉ မျိုး - အရင်က ၁၂ မျိုးသာ ရရှိရာကနေ အခုဆိုရင် ဘာသာစကား ၁၉ မျိုးအထိ ရွေးချယ်နိုင်ပြီး ပိုမိုလွယ်ကူချောမွေ့သွားပါပြီ။

၃။ ပိုမိုကောင်းမွန်တဲ့ ဒီဇိုင်း - အသုံးပြုရတာ ပိုမြန်ဆန်ပြီး အမြင်ရှင်းလင်းတဲ့ Layout အသစ်ကို အသုံးပြုထားပါတယ်။

ဒီလုပ်ဆောင်ချက်အသစ်တွေကို MyICA Mobile App နဲ့ ICA ဝက်ဘ်ဆိုက်တို့မှာ စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ သတိပြုရမှာကတော့ တရားဝင်လမ်းကြောင်းတွေကနေသာ လျှောက်ထားရမှာဖြစ်ပြီး SGAC တင်တာဟာ လုံးဝအခမဲ့ဖြစ်ပါတယ်။

စင်ကာပူမှာ အခြေချနေထိုင်မှုဆိုင်ရာ ဝန်ဆောင်မှုများ သို့မဟုတ် တရားဝင်စာရွက်စာတမ်းများအတွက် ဘာသာပြန် ဝန်ဆောင်မှု အကူအညီလိုအပ်ပါက MEC - Myanmar Eduwork Consultancy နှင့် အချိန်မရွေး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ သင်၏ အနာဂတ်အတွက် အကောင်းဆုံးအခွင့်အရေးများကို MEC နှင့်အတူ အကောင်အထည်ဖော်လိုက်ပါ။

ဆက်သွယ်ရန် - +65 8785 6881 | [email protected]

Singapore PR Essential Checklist PDF (Free Download)စင်ကာပူ PR လျှောက်ထားရာမှာ စာရွက်စာတမ်း မပြည့်စုံလို့ လပေါင်းများစွာ...
30/09/2026

Singapore PR Essential Checklist PDF (Free Download)

စင်ကာပူ PR လျှောက်ထားရာမှာ စာရွက်စာတမ်း မပြည့်စုံလို့ လပေါင်းများစွာ ကြန့်ကြာတာမျိုး မဖြစ်စေဘဲ တစ်ချက်ချင်း ပြည့်စုံမှန်ကန်စွာ ပြင်ဆင်နိုင်မယ့် 'Singapore PR Essential Checklist PDF' ကို အခမဲ့ ရယူနိုင်ပါပြီနော်။ 📋✨

စင်ကာပူနိုင်ငံမှာ Permanent Residence (PR) လျှောက်တော့မယ်ဆိုရင် အရေးကြီးဆုံးအချက်က ICA e-PR စနစ်ထဲ မတင်သွင်းခင် စာရွက်စာတမ်းအထောက်အထား အစုံအလင်ကို စနစ်တကျ ပြင်ဆင်ထားနိုင်ဖို့ပဲ ဖြစ်ပါတယ်။

စာရွက်စာတမ်းတစ်ခု လိုအပ်သွားတာ၊ တရားဝင်ဘာသာပြန်နဲ့ နိုတြီ (Notary/MOFA) အဆင့် မပြည့်စုံတာ ဒါမှမဟုတ် အချက်အလက် ကွဲလွဲနေတာမျိုးတွေဟာ လျှောက်ထားမှုကို အချိန်ကြန့်ကြာစေသလို ရလဒ်အပေါ်မှာလည်း တိုက်ရိုက် သက်ရောက်မှုရှိပါတယ်။

ဒီအခက်အခဲတွေကို အလွယ်တကူ ကျော်ဖြတ်နိုင်ဖို့ MEC ကနေ စင်ကာပူ PR လျှောက်ထားသူတိုင်း မဖြစ်မနေ သိထားရမယ့် အဓိကစာရွက်စာတမ်း စစ်ဆေးရမည့်အချက်များ ပါဝင်တဲ့ 'Complete Singapore PR Checklist PDF' ကို အခမဲ့ Download ရယူပြီး သိမ်းထားနိုင်ပါတယ်။

ရယူရန် အဆင့် (၃) ဆင့် ⬇️

၁။ Website ( https://myanmareduwork.com/pr-checklist-pdf/ ) သို့ ဝင်ရောက်ပါ။
၂။ လိုအပ်သော အချက်အလက် အနည်းငယ်ကို ဖြည့်စွက်ပါ။
၃။ မိမိအတွက် သီးသန့် Customized PR Checklist PDF ကို အခမဲ့ ဒေါင်းလုဒ် ရယူပါ။

သင့်ရဲ့ PR လျှောက်ထားမှု ခရီးစဉ်ကို အစကတည်းက စနစ်တကျနဲ့ အောင်မြင်မှုရာခိုင်နှုန်း အမြင့်ဆုံးဖြစ်အောင် စတင်လိုက်ပါ။

စင်ကာပူတွင် အမြဲတမ်းနေထိုင်ခွင့် (PR) ရရှိရန်အတွက် မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးချယ်ပြီး အချိန်ကုန်လူပင်ပန်းမှုကို လျှေ...
29/09/2026

စင်ကာပူတွင် အမြဲတမ်းနေထိုင်ခွင့် (PR) ရရှိရန်အတွက် မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးချယ်ပြီး အချိန်ကုန်လူပင်ပန်းမှုကို လျှော့ချလိုက်ပါ။

စင်ကာပူနိုင်ငံ၏ PR လျှောက်ထားမှုလုပ်ငန်းစဉ်သည် အသေးစိတ်ကျပြီး စနစ်တကျပြင်ဆင်မှုလိုအပ်ပါသည်။ MEC ၏ AI PR Eligibility Checker သည် သင်၏ လက်ရှိအနေအထားကို အခြေခံ၍ PR အောင်မြင်မှုရာခိုင်နှုန်းကို တိကျစွာ ခန့်မှန်းပေးနိုင်သဖြင့် မလိုလားအပ်သော အချိန်ကုန်မှုများကို ရှောင်ရှားနိုင်စေပါသည်။

MEC ရဲ့ကျွမ်းကျင်သူများသည် သင်၏ လျှောက်လွှာပုံစံမှစတင်၍ လိုအပ်သည့် စာရွက်စာတမ်းများအားလုံးကို စနစ်တကျစစ်ဆေးပေးခြင်း၊ PR Progress Tracker ဖြင့် လျှောက်ထားမှုအခြေအနေကို အချိန်နှင့်တပြေးညီ စောင့်ကြည့်ပေးခြင်းတို့ဖြင့် သင်၏ PR အိပ်မက်ကို ပိုမိုနီးကပ်စေရန် ကူညီပေးပါသည်။

ရှုပ်ထွေးနေသော စည်းမျဉ်းများကြားတွင် စိတ်ပူနေမည့်အစား အတွေ့အကြုံရှိပြီး ယုံကြည်စိတ်ချရသည့် MEC နှင့်အတူ လက်တွဲပြီး အနာဂတ်အတွက် အကောင်းဆုံးပြင်ဆင်မှုများ ပြုလုပ်လိုက်ပါ။

ယခုပဲ အခမဲ့ တိုင်ပင်ဆွေးနွေးမှုရယူဖို့ MEC ကို ဆက်သွယ်လိုက်ပါ။

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗘𝗱𝘂𝘄𝗼𝗿𝗸 𝗖𝗼𝗻𝘀𝘂𝗹𝘁𝗮𝗻𝗰𝘆
📞 Contact us – +65 8785 6881 | https://wa.me/6587856881
📩 [email protected]

စင်ကာပူ PR လျှောက်တာ ကံစမ်းမဲပေါက်သလိုမျိုး ရင်တထိတ်ထိတ်နဲ့ စောင့်နေရတာ ပင်ပန်းနေပြီလား။PR လျှောက်ထားခြင်းဆိုတာ ကံတရားအပ...
27/09/2026

စင်ကာပူ PR လျှောက်တာ ကံစမ်းမဲပေါက်သလိုမျိုး ရင်တထိတ်ထိတ်နဲ့ စောင့်နေရတာ ပင်ပန်းနေပြီလား။

PR လျှောက်ထားခြင်းဆိုတာ ကံတရားအပေါ်မှာပဲ မူတည်နေတာမျိုး မဟုတ်ပါဘူး။ တစ်ကယ်တော့ အဲဒါဟာ တင်ပြလိုက်တဲ့ အချက်အလက်တွေ၊ လုပ်ငန်းခွင် နောက်ခံနဲ့ စင်ကာပူနိုင်ငံရဲ့ လက်ရှိလိုအပ်ချက်တွေကို ဘယ်လောက်အထိ ထိထိမိမိ ချိတ်ဆက်ပြနိုင်သလဲဆိုတဲ့ အပေါ်မှာ အများကြီး မူတည်နေတာပါ။

တစ်ခါတစ်ရံမှာ စာရွက်စာတမ်းတစ်ခုမှားတာ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ Resume မှာ အရေးကြီးတဲ့ အချက်အလက်တွေကို ချန်လှပ်ထားမိတာကတင် PR ရရှိမယ့် အခွင့်အရေးကို ထိခိုက်စေနိုင်ပါတယ်။

MEC မှာတော့ -

✅ AI PR Eligibility Checker ကိုသုံးပြီး ကိုယ့်ရဲ့ အခြေအနေကို အရင်ဆုံး တိကျစွာ အကဲဖြတ်ပေးမယ်။

✅ Documentation Framework နဲ့ အမှားအယွင်းကင်းစင်အောင် ပြင်ဆင်ပေးမယ်။

✅ ပိုအရေးကြီးတာက PR ပထမအကြိမ် ကျသွားခဲ့ရင်တောင် စိတ်မပူပါနဲ့။ ရရှိတဲ့အထိ နောက်ထပ် Service ကြေးပေးစရာမလိုဘဲ အယူခံဝင်ပေးတဲ့ Appeal Guarantee ပါဝင်ပါတယ်။

ကံတရားကိုပဲ အားကိုးနေမလား၊ သေချာတဲ့ နည်းလမ်းနဲ့ အနာဂတ်ကို တည်ဆောက်မလား။
အခုပဲ MEC နဲ့ အခမဲ့ တိုင်ပင်ဆွေးနွေးလိုက်ပါ။

📞 ဖုန်း/WhatsApp/Telegram: +65 8785 6881
📩 Email: [email protected]

Address

111 North Bridge Road, #04-36A, Peninsula Plaza
Singapore
179098

Opening Hours

Monday 11:00 - 20:00
Tuesday 11:00 - 20:00
Friday 11:00 - 20:00
Saturday 11:00 - 20:00
Sunday 11:00 - 20:00

Alerts

Be the first to know and let us send you an email when Myanmar Eduwork Consultancy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share