08/06/2017
အပတ်စဉ်ကြာသာပတေးနေ့တိုင်း အင်္ဂလိပ်သင်ခန်းစာများကို တင်သွားပေးမှာဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ လက်တွေ့လိုအပ်တာလေးတွကိုပြောပြပေးမှာဖြစ်လို့ Shwe Jobs ကို Like & Following up လုပ်ထားဖို့ မမေ့နဲ့နော်
ကျနော်တို့ စကားပြောကြတဲ့ အခါမှာတစ်စုံတစ်ခုကိုလက်ခံတယ် ငြင်းပယ်တယ် စသည်ဖြင့် အပြတ်ပြောတဲ့သဘောမဟုတ်ပဲနဲ့ ထင်မြင်ချက် သဘောထားကိုပဲတစ်စုံတစ်ဦးအတွက် အကြံပြုတဲ့သဘောသုံးသပ်တဲ့သဘောပြောတဲ့ အခါတွေလည်းရှိပါတယ် ၊ အဲလိုပြောချင်တဲ့အခါ ဒီပုံစံလေးတွေကိုသုံးနိုင်ပါတယ်
……………………………………....
I THINK YOU SHOULD + (VERB)
……………………………………….
1. I think you should practice meditation to improve your concentration.
ခင်ဗျားရဲ့ အာရုံစူးစိုက်မှု တိုးတက်လာစေဖို့အတွက် ခင်ဗျားတရားထိုင်သင့်တယ်လို့ ကျနော်ထင်ပါတယ်
2. I think you should join a study group.
ခင်ဗျားလေ့လာရေးအုပ်စုတစ်ခုကို ၀င်ရောက်သင့်တယ်လို့ ကျနော်ထင်ပါတယ်
3. I think you should handle this problem as soon as possible.
ခင်ဗျားဒီပြဿနာကို ဖြစ်နိုင်သမျှမြန်မြန် ဖြေရှင်းသင့်တယ်လို့ ကျနော်ထင်ပါတယ်
4. I think you should earn a degree before marriage.
ခင်ဗျားအိမ်ထောင်မပြုခင် ဘွဲ့တစ်ခုရသင့်တယ်လို့ ကျနော်ထင်ပါတယ်
5. I think you should explain about the situation yourself.
ခင်ဗျားအနေနဲ့ အဖြစ်အပျက်နဲ့ စပ်လျဉ်းပြီးကိုယ်တိုင်ပဲရှင်းပြသင့်တယ်လို့ ကျနော်ထင်ပါတယ်
6. I think you should take care of yourself.
ခင်ဗျားကိုယ့်ကိုယ်ကိုဂရုစိုက်သင့်တယ်လို့ ကျနော်ထင်ပါတယ်
7. I think you should pay your rent in advance.
ခင်ဗျားအနေနဲ့ ငှားရမ်းခကို ကြိုတင်ပြီးပေးသင့်တယ်လို့ ကျနော်ထင်ပါတယ်
………………..
** ဘယ်သူနဲ့ပတ်သက်ပြီးထင်တာလဲ I, you, he, she, we စသည်ဖြင့် လိုသလိုပြောင်းလဲပြီးပြောပါ
8. I think (he) should think about the future.
သူ့အနေနဲ့ အနာဂါတ်နဲ့ ပတ်သက်ပြီးတွေးတောစဉ်းစားသင့်တယ် လို့ ကျနော်ထင်ပါတယ်
( think နှစ်လုံးပါနေတာမှာနေရာကိုလိုက်ပြီးထင်တယ် ၊ တွေးတောစဉ်းစားတယ် စသည်ဖြင့် နှစ်ခုမတူပဲအဓိပ္ပါယ် ယူလိုက်တာကိုသတိပြုလိုက်ပါ ..နေရာပေါ်မှာမူတည်ပြီးရှိတဲ့အဓိပ္ပါယ်တွေထဲကနေသင့်တော်ရာကိုယူပါ )
………………
** Always, ever, never စတဲ့ adverb လေးတွေ ထည့်လို့ရသေးတယ်
9. I think we should (always) obey our parents.
ကျနော်တို့ဟာမိဘတွေကိုအမြဲတန်းပဲရိုသေလိုက်နာသင့်တယ်လို့ ကျနော်ထင်ပါတယ်
10. I think we should (ever) remember the gratitude of our parents.
ကျနော်တို့ဟာမိဘများရဲ့ ဂုဏ်ကျေးဇူးတွေကိုအမြဲအမှတ်ရနေသင့်တယ်လို့ ကျနော်ထင်ပါတယ်
11. I think we should (never) associate with the bad people.
ကျနော်တို့ဟာမကောင်းတဲ့သူများနဲ့ ဘယ်တော့မှ အပေါင်းအဖေါ်မလုပ် သင့်ဘူးလို့ ကျနော်ထင်ပါတယ်
…………………
** အဲလို…ကျနော်မထင်ပါဘူးလို့ ပြောချင်လည်းရသေးတာပေါ့
12. I don’t think you should complain so much.
ခင်ဗျားတိုင်ကြားတာတွေ အများကြီးလုပ်သင့်တယ်လို့ ကျနော်မထင်ပါဘူး
13. I don’t think you should doubt me.
ခင်ဗျားကျနော့်ကိုသံသယရှိသင့်တယ်လို့ ကျနော်မထင်ပါဘူး
14. I don’t think you should tell him the truth.
ခင်ဗျားသူ့ကိုအမှန်အတိုင်းပြောသင့်တယ်လို့ ကျနော်မထင်ပါဘူး
15. I don’t think you should waste your time in playing games.
ခင်ဗျားဂိမ်းတွေကစားတာမှာအချိန်ဖြုန်းသင့်တယ်လို့ ကျနော်မထင်ပါဘူး
မြန်မာလိုမှာ .. မလုပ်သင့်ဘူးထင်ပါတယ် ..လို့ သုံးပေမယ့်
အင်္ဂလိပ်မှာကျတော့ .. လုပ်သင့်တယ် မထင်ပါဘူး..လို့ပြောင်းရေးရပါတယ်)
………………………..
ဝေါဟာရတွေက...
Practice (v) လေ့ကျင့်သည်
Improve(v) တိုးတက်သည်
Meditation (n) တရားထိုင်ခြင်း
Concentration (n) အာရုံစူးစိုက်မှု
as soon as possible (ASAP) ဖြစ်နိုင်သမျှစောစော ၊ ဖြစ်နိုင်သမျှမြန်မြန်
pay in advance (v) ကြိုတင်ပေးသည်
Obey (v) လိုက်နာသည်
Gratitude (n) ကျေးဇူးတရား
Associate (v) အပေါင်းအဖေါ်ပြုသည်
Marriage (n) လက်ထပ်ခြင်း
Complain (v) တိုင်ကြားသည် ၊ အပြစ်တင်သည်
Doubt (v,n) သံသယဖြစ်သည် ၊ သံသယ
Credit >> Win NaingOo