Theinge's Tech Talks

Theinge's Tech Talks Helping people who travel to japan for first time and this page will provide informational things in

17/02/2026

A few years ago, when I was working at Bloomberg in Singapore, I had the chance to meet Michael Bloomberg, in person during his visit.

Everyone lined up to welcome him at Gardens by the Bay. One by one, he shook hands with employees who came to greet him.

At that moment, I realized something I didn’t expect.

Here was someone who built one of the world’s most influential financial technology companies, one of the wealthiest people in the world, yet he stood there patiently, greeting every employee with humility and energy.

He was already elderly, but he still took the time to acknowledge every single person.

That moment stayed with me.

I remember thinking to myself
“If I ever become successful or wealthy one day, would I have the same patience and humility?”

Leadership isn’t only about success, intelligence, or building great companies.
Sometimes it’s about respecting people, staying grounded, and showing up with kindness, even when you don’t have to.

That day, I didn’t just meet the founder of Bloomberg.
I saw an example of what true leadership looks like.

Still inspired by that moment today.

2021 Aug - 2025 May ကျွန်တော် Bloomberg မှာ Network Operations Engineer အဖြစ် အလုပ်လုပ်ခွင့်ရခဲ့ပါတယ်။Financial market n...
17/02/2026

2021 Aug - 2025 May
ကျွန်တော် Bloomberg မှာ Network Operations Engineer အဖြစ် အလုပ်လုပ်ခွင့်ရခဲ့ပါတယ်။

Financial market network ဆိုတာ
delay မရှိရဘူး — downtime မဖြစ်ရဘူး — reliability က အရာအားလုံးထက် အရေးကြီးပါတယ်။
Milliseconds တောင် အရေးပါတဲ့ low-latency market data infrastructure ကို support လုပ်ရတဲ့အလုပ်ဟာ responsibility ကြီးမားတဲ့ experience တစ်ခုပါ။

Stock exchanges တွေနဲ့
✍️connectivity troubleshooting လုပ်ရတာ၊
✍️multicast traffic (IGMP / PIM) issues တွေကို ဖြေရှင်းရတာ၊
✍️ Data center LAN outages တွေ
✍️ Global financial Network ကို handle လုပ်ရတာ​တွေ
ဒီအတွေ့အကြုံတွေက network engineer တစ်ယောက်အနေနဲ့ systems behind financial markets ကို နက်နက်ရှိုင်းရှိုင်း နားလည်လာစေခဲ့ပါတယ်။

တချို့လူတွေက Bloomberg လို financial data company တွေမှာ အလုပ်လုပ်ဖို့ဆိုတာ အရမ်းခက်တယ်လို့ ထင်ကြတယ်။
World-class trading terminal infrastructure ကို support လုပ်တဲ့ environment ဆိုတော့ အရမ်းဝေးကွာသလိုထင်ရတတ်ပါတယ်။

အရေးကြီးတာက —
မှန်ကန်တဲ့ study pathway,
တည်ငြိမ်တဲ့ technical foundation,
လက်တွေ့ experience,
နဲ့ မရပ်မနား learning mindset ပါပဲ။

ကျွန်တော်ရဲ့ career journey ကလည်း pathway မှန်ရင် destination ကို ရောက်နိုင်တယ် အခက်အခဲ​တွေအများကြီးရှိ​ပေမယ့် နေ့တိုင်းက learning လုပ်​နေရတယ် ကိုယ်မသိတဲ့ financial Network တခြမ်းက်ုလည်း​ရောက်ခဲ့​တော့

Behind every real-time financial transaction, there is a network you never see.And behind that network — engineers who never stop learning.

Everything is possible — if you know how to get there.

ဂျပန်မှာ Programmer၊ Software Engineerတစ်ယောက်အနေနဲ့ ဘယ်လိုဗီဇာမျိုး ရယူနိုင်လဲ။👀🧐ဒီpostထဲမှာတော့ Programmer ၊ Software ...
18/03/2025

ဂျပန်မှာ Programmer၊ Software Engineerတစ်ယောက်အနေနဲ့ ဘယ်လိုဗီဇာမျိုး ရယူနိုင်လဲ။👀🧐

ဒီpostထဲမှာတော့ Programmer ၊ Software Engineerကို အင်ဂျင်နီယာ👩‍💻👨‍💻လို့ပဲ သုံးနှုန်းသွားပါမယ်။❤️

ဂျပန်မှာ အင်ဂျင်နီယာတစ်ယောက်အနေနဲ့ အလုပ်လုပ်ချင်တယ်ဆိုရင်တော့ အရင်ဆုံး ဗီဇာတစ်ခုကို ရယူဖို့လိုအပ်ပါတယ်။✅
တကယ်တော့ ဂျပန်နိုင်ငံမှာ အသိအမှတ်ပြုထားတဲ့ အလုပ်ဗီဇာအမျိုးအစား ၂၉ မျိုးရှိပေမယ့် အများစုကတော့ အင်ဂျင်နီယာတွေနဲ့ မသက်ဆိုင်ပါဘူး။❗️

ယေဘူယျအားဖြင့် အင်ဂျင်နီယာတစ်ယောက်အနေနဲ့ အလုပ်လုပ်ဖို့ဆိုရင်၊ အင်ဂျင်နီယာတွေအတွက် ရည်ရွယ်ထားတဲ့ အလုပ်ဗီဇာ နှစ်ခုထဲက တစ်ခုကို လျှောက်ထားဖို့ လိုပါလိမ့်မယ်။ ✅

✴️1. Engineer/Specialist in Humanities/International Services - "အင်ဂျင်နီယာဗီဇာ"
✴️2. Highly Skilled Professional - "HSP ဗီဇာ"

နာမည်အပြည့်အစုံက တော်တော်ရှည်တဲ့အတွက် ပထမအမျိုးအစားကို 💫"အင်ဂျင်နီယာဗီဇာ" နဲ့ ဒုတိယအမျိုးအစားကို 💫"HSP ဗီဇာ" လို့ ခေါ်ပါမယ်။

ဒီpostမှာတော့ "အင်ဂျင်နီယာဗီဇာ"အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။🤩

အင်ဂျင်နီယာဗီဇာ
အင်ဂျင်နီယာဗီဇာဟာ ဂျပန်နိုင်ငံမှာ နိုင်ငံခြားသားများအတွက် အသုံးအများဆုံး ဗီဇာဖြစ်ပါတယ်။ အင်ဂျင်နီယာဗီဇာလို့ ပြောပေမယ့် ဘာသာပြန်၊ စကားပြန်၊ နိုင်ငံတကာနဲ့ ဆက်စပ်တဲ့ လုပ်ငန်း စသဖြင့် အလုပ်နယ်ပယ်များစွာနဲ့ သက်ဆိုင်ပြီးတော့ နေထိုင်ခွင့်သက်တမ်းကာလက - အများဆုံး✔️5 နှစ်၊ ✔️3 နှစ်၊ ✔️1 နှစ်၊ ✔️အနည်းဆုံး 3 လ ဖြစ်ပါတယ်။

ကိုယ်လုပ်ကိုင်မယ့် အလုပ်အမျိုးအစား၊ အကြောင်းအရာ၊ ကြာမြင့်မယ့်ကာလ၊ အလုပ်ဝင်မယ့် ကုမ္ပဏီရဲ့လုပ်ငန်းနဲ့အရွယ်အစား၊ တည်ငြိမ်မှု စသည်တို့ကလည်း နေထိုင်ခွင့်သက်တမ်းအပေါ်ကို သက်ရောက်မှုရှိနိုင်ပါတယ်။✅

ပထမဆုံးအကြိမ်ထဲက နေထိုင်ခွင့် သက်တမ်း 5 နှစ်ရရှိသူမျာလည်းရှိပြီး 1နှစ်ဗီဇာပဲရရှိသူများလည်း ရှိပါတယ်။ 1နှစ်ဗီဇာသမားများကတော့ နှစ်စဉ်သက်တမ်းတိုးသွားရမှာ ဖြစ်ပါတယ်။

အစုရှယ်ယာ ကုမ္ပဏီ သို့မဟုတ် ဆက်စပ်အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်နေသူများ၊ သို့မဟုတ် ကုမ္ပဏီတစ်ခုမှာ အချိန်ကြာမြင့်စွာ ဆက်လက်လုပ်ကိုင်နေပြီး သက်တမ်းတိုးမယ့်သူများကိုတော့ 5 နှစ် သက်တမ်းပေးလေ့ရှိပါတယ်။

Training၊ Seminar၊ Workshopတွေအတွက် ဂျပန်ကုမ္ပဏီများက နိုင်ငံခြားရုံးများမှ ဝန်ထမ်းများကို ဂျပန်နိုင်ငံသို့ ကာလတိုသင်တန်းများ ခေါ်ယူလိုတဲ့အခါမှာတော့ အနည်းဆုံးနေထိုင်ခွင့်ကာလ 3 လကို ခွင့်ပြုပေးလေ့ရှိပါတယ်။

✴️အင်ဂျင်နီယာဗီဇာအတွက် လိုအပ်ချက်များ
အင်ဂျင်နီယာဗီဇာအတွက် အရည်အချင်းပြည့်မီရန် နိုင်ငံခြားအင်ဂျင်နီယာတစ်ဦးအတွက် အောက်ပါလိုအပ်ချက်သုံးခုကို အဓိကထား ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်။

🔷1. သိပ္ပံ၊ အင်ဂျင်နီယာ၊ သို့မဟုတ် အခြားသော သဘာဝသိပ္ပံနှင့် ပတ်သက်တဲ့ ကျွမ်းကျင်မှုနဲ့ အသိပညာ လိုအပ်တဲ့အလုပ်တွေမှာ လုပ်ကိုင်ဖူးရပါမယ်။

🔷2. လုပ်ငန်းခွင်နဲ့ သက်ဆိုင်တဲ့ ဘာသာရပ်များနဲ့ (အငယ်တန်းကောလိပ် အပါအဝင်) ဂျပန်နိုင်ငံရှိ တက္ကသိုလ်တစ်ခုခု၊ နိုင်ငံခြားတိုင်းပြည်ရှိ တက္ကသိုလ်တစ်ခုခု မှ ဘွဲ့ရရှိထားသူ သို့မဟုတ် ဂျပန်နိုင်ငံရှိ အသက်မွေးဝမ်းကျောင်း ကျောင်းတစ်ခုခုမှ ဘွဲ့ရရှိထားသူ။

🔷3. ဂျပန်နိုင်ငံသားတစ်ဦးရဲ့ လစာနဲ့ တန်းတူ သို့မဟုတ် ပိုမြင့်သောလစာ ဖြစ်ရပါမယ်။ (အင်ဂျင်နီယာဗီဇာနဲ့ နိုင်ငံခြားသားဝန်ထမ်းခေါ်ယူတဲ့အခါမှာ ဂျပန်နိုင်ငံသားရဲ့ အနိမ့်ဆုံးလစာထက် လျော့ပေးလို့ မရဘူးလို့ ပြောချင်တာပါ။)

ဒီနေရာမှာ သက်ဆိုင်ရာဘွဲ့ရယူဖို့က အခက်အခဲတစ်ခု ဖြစ်နေနိုင်ပါတယ်။❗️

သက်ဆိုင်ရာ ဘွဲ့မရရင် ဘယ်လိုလုပ်မလဲ။
နည်းပညာနယ်ပယ်မှာ ဘွဲ့မရရင်တောင် အင်ဂျင်နီယာဗီဇာရဖို့ နည်းလမ်းတွေရှိပါတယ်။

ပထမနည်းလမ်းမှာ သက်ဆိုင်ရာနယ်ပယ်တွင် အတွေ့အကြုံ 10 နှစ်ရှိခြင်း။✅

ပညာရေးဆိုင်ရာ နောက်ခံလိုအပ်ချက်များနှင့် မပြည့်မီသော်လည်း၊ လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံ ❗️10 နှစ်ရှိကြောင်း သက်သေပြပါက လူဝင်မှုကြီးကြပ်ရေးမှ လက်ခံပေးသွားမှာ ဖြစ်ပါတယ်။ (❗️※ ဒါလည်း အချိန်အများကြီး ရင်းဖို့ လိုပါတယ်။)

နောက်တစ်မျိုးကတော့ ဂျပန်အစိုးရအသိအမှတ်ပြု IT စာမေးပွဲကို ဖြေဆိုခြင်းဖြင့် သက်ဆိုင်ရာဘွဲ့လိုအပ်ချက်ကို ရှောင်ရှားနိုင်ပါတယ်။
အလုပ်အတွေ့အကြုံ သို့မဟုတ် IT နှင့်ပတ်သက်တဲ့ ပညာရပ်ဆိုင်ရာ နောက်ခံမရှိသော်လည်း ဗီဇာရနိုင်တဲ့ ဂျပန်အစိုးရအသိအမှတ်ပြုIT စာမေးပွဲအချို့ရှိပါတယ်။

စာမေးပွဲရဲ့ ရည်ရွယ်ချက်ကတော့ အရည်အချင်းရှိသူများအတွက် နောက်ခံအခြေအနေ မည်သို့ပင်ရှိစေကာမူ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် ပိုမိုလွယ်ကူစွာရရှိစေရန် ဖြစ်ပါတယ်။ ✅

၂၀၀၆ ခုနှစ်မှ စတင်၍ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ မွန်ဂိုလီးယားနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများတွင် စာမေးပွဲများ (ITPEC စာမေးပွဲ) သည် ဂျပန်နိုင်ငံ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးတဲ့ စာမေးပွဲများကို ကျင်းပနေပါတယ်။

ITPECစာမေးပွဲကို အောင်မြင်ပါက၊ တက္ကသိုလ်ဘွဲ့/ အတွေ့အကြုံ 10 နှစ်အတွက် လိုအပ်ချက်ကို ဖြေလျော့ရုံသာမက HSP ဗီဇာတွင် အပိုအမှတ် 5 မှတ်ကိုလည်း ရရှိမှာ ဖြစ်ပါတယ် 🤩(HSPဗီဇာအကြောင်း ရေးတဲ့အခါ ထပ်မံရှင်းပြသွားပါမယ်)။

✅အင်ဂျင်နီယာဗီဇာအတွက် အနှစ်ချုပ်

✅IT နှင့်သက်ဆိုင်သော တက္ကသိုလ်ဘွဲ့ => ဗီဇာလျောက်ဖို့ အရည်အချင်းပြည့်မီပါတယ်
✅IT နှင့် ပတ်သက်သော လုပ်ငန်းအတွေ့အကြုံ 10+ နှစ် => ဗီဇာလျောက်ဖို့ အရည်အချင်းပြည့်မီပါတယ်
✅IT နှင့်မသက်ဆိုင်သော တက္ကသိုလ်ဘွဲ့ သို့မဟုတ် ဘွဲ့တစ်ခုခုနှင့် သက်ဆိုင်တဲ့အလုပ်အတွေ့အကြုံမရှိ => ဂျပန်အစိုးရက ဗီဇာအတွက် အတည်ပြုထားသော ITPECရဲ့ဘအနည်းဆုံး FEစာမေးပွဲကို အောင်မြင်ရပါမယ်။

🔷ဒီpostကနေ တစ်စုံတစ်ရာရရှိသွားတယ်ဆိုရင် YESလို့ ပြောသွားပေးပါ။🤩

🔷HSP Visaအကြောင်းသိချင်ရင်တော့ HSPလို့ မန့်သွားပေးပါနော်။

🔷ITPECစာမေးပွဲအကြောင်းအသေးစိတ်သိချင်ရင် ITPECလို့ ရေးသွားပေးပါ။

တခြားဂျပန်အကြောင်း သိချင်တာလေးတွေ ရှိရင်လည်း ပြောထားခဲ့လို့ ရပါတယ်။❤️

အခါအားလျော်စွာ postလေးတွေ ရေးသားပေးသွားပါ့မယ်။❤️

ကျနော့်ကိုခုတလောခနခန မေးကြတဲ့မေးခွန်းလေးတစ်ခုက်ု သေချာလေးဖြေပေးချင်ပါတယ်💬အဓိကမေးတာက တော့ Singapore 🇸🇬 မှာသွားလုပ်ရင်ကောင...
16/03/2025

ကျနော့်ကိုခုတလောခနခန မေးကြတဲ့မေးခွန်းလေးတစ်ခုက်ု သေချာလေးဖြေပေးချင်ပါတယ်💬

အဓိကမေးတာက တော့

Singapore 🇸🇬 မှာသွားလုပ်ရင်ကောင်းလား ?
Japan 🇯🇵 မှာသွားလုပ်ရင်ကောင်းလား ?

အဲဒါကိုဖြေရရင် ကိုယ်ဘာလိုချင်တာလဲဆိုတာ အရင်ဆုံးသိအောင်လုပ်ပါလို့ ဖြေပါရစေ🙋🏻‍♀

ခုအောက်ပါ အချက်အလက်တွေနဲ့ရှင်းပြပါမယ်နော်

1. Money 💰
2. ဘဝအာမခံချက် Permanent Residence🏠
3. Insurance 🧾
4. Salary increase (လစာတိုးတက်မှု)💎
5. Quality of life (home/car) 📈
6. Food 🍱
7. အလုပ်လွယ်ကူစွာရရှိနိုင်မှု 💼

အဲ ၇ ချက်ကို စဉ်းစားရမှာပါ

1. Money 💰 ငွေကြေးကိုစဉ်းစားမယ်ဆိုရင် ကျနော် ကတော့စင်ကာပူလာသင့်တယ် ပြောပါရစေ

စင်ကာပူရဲ့ tax သည် japan 🇯🇵 နိုင်ငံထက်စာရင် အင်မတန် နည်းပါးလှပါတယ် japan 🇯🇵 မှာဆိုရင်လစာရဲ့ ၃၀ ရာခိုင်နှုန်းက နေ ၄၀ရာခိုင်နှုန်းက tax နဲ့တင်ကုန်မှာပါ

အဲလိုအချိန်မှာ စင်ကာပူမှာရငွေ sgd ၁ သိန်းမကျော်မချင်း 2000 to 8000 sgd ပဲပေးရမှာဖြစ်ပီး တခြား tax မပေးရတဲ့ SRS လို system မျိုးကိုသာပိုက်ဆံထည့်ထားရင် စာဖတ်သူက salary တွေသူများထက်ပိုရလည်း သူများထက်နည်းတဲ့ tax ကိုပဲပေးဆောင်ရန်လိုပါတယ်နော် 🤔

2. ဘဝအာမခံချက် ✅

ဘဝအာမခံချက်လိုချင်ရင်တော့ japan 🇯🇵 သွားပါ အခွန်ဆောင်ပါ အခွန်ရှောင် part time လုပ်ပီး cash 💰မစုပါနဲ့

Japan ကအခွန်ကိုအရမ်းလိုက်တဲ့တိုင်းပြည်ပါ နော် အခွန်မဆောင် ပဲနေရင် ၁၀နှစ်အနေကြာလည်း PR မရပါ🚫

စင်ကာပူကတော့ PR ဆိုတာ ခုလက်ရှိ စီးပွားရေး investor တွေ millionaire တွေ Malaysian တွေပဲ ချပေးပါတော့တယ်
တအားကျပ်နေပါပီ⚠️

3. Insurance ကိစ္စ ပေါ့နော် 🧾

ဥပမာကိုယ်က မထင်မှတ်ပဲ နေမကောင်းထဖြစ်လို့ အူအတက်ပေါက်တယ် ချက်ချင်းခွဲစိတ်ရမယ်ဆိုရင် များသောအားဖြင့် စင်ကာပူ company တွေက insurance လုံးဝမကောင်းပါဘူး Us နဲ့ချိတ်ထားတဲ့ company ကလွဲရင် ကျန်တာ personal insurance ရှိရင်ရှိ မရှိရင် ကိုယ့်ကိစ္စ ကိုယ်ရှင်းပါ⚠️
ဒါပေမဲ့ japan 🇯🇵 မှာဆို ခုနက ဆောင်ထားတဲ့
Tax တွေက ကယ်ပါလိမ့်မယ် insurance card ရှိရုံနဲ့ ကိုယ့်ဘက်က ငွေအရင်ပေးစရာမလိုပါဘူး ၇၀ ရာခိုင်နှုန်း သက်သာမှာပါ ဥပမာ ကျောက်ကပ်ရေရှည်ဆေးရမယ့်သူ ကင်ဆာဝေဒနာရှင်ဆိုရင် ဒါက japan ပြည်မှာနေရင် အသက်ရှည်ဆေးနော် 💡

စင်ကာပူတော့သွားမစဉ်းစားနဲ့ အဲကိစ္စ personal insurance လဲ ပိုက်ဆံ ကိုယ်အရင်ပေးပြီးရင် လိုက်တောင်းရတာ တမျှော်တခေါ🤦🏻‍♀
Personal Insurance မရှိတဲ့လူတွေဆို giveasia.com မှာ urgent surgery အတွက်ကို အလှူခံနေရတာ တန်းစီလို့ပါ

နေမကောင်းတဲ့လူဆို say no to Singapore ပါ 🙅🏻‍♀

4. Salary increase📈
Japan ကလူတွေက အလုပ်ပြောင်းတာ မကြိုက်ပါဘူး အလုပ်ကို သေချာမလုပ်နိုင်ဘူး လို့ထင်ကြပါတယ် အလုပ်လည်း ၂နှစ်လောက်တခါပြောင်းရင် မကြိုက်ကြဘူးဆိုတော့ ၄ နှစ်ကနေ ၆နှစ်
Performance ကိုလည်းသေချာလေးပြရပါတယ်
စလုံးမှာကျတော့ IT industries မှာ တနှစ်တခါ အလုပ်ပြောင်းရင် 5 to 15 percent ရတယ် တခါတလေ ကိုယ်က technical ကိုသေချာလေ့လာထားရင် ၄၀ - ၅၀ ရာခိုင်နှုန်းခုန်ရတယ် 📈

Japan ကျတော့ လုပ်သက်တို့ performance တို့ နေတတ်ထိုင်တတ်တဲ့ manner တို့ ကိုယ်ကသူတို့ system ထဲက သတ်မှတ်ထားတဲ့နေရာကို သွားကျော်လို့မရဘူး 🚫

၂ နှစ် ကနေ ၄နှစ်အတွင်း ရေရှည်လုပ်ရင်းနဲ့မှ အဆင်ပြေတာမျိုး ဇွဲရှိိရှိ သူတို့မူလီရစ်တာခံနိုင် သူတို့လိုပိုပီး စနစ်တကျဖြစ်လာတော့မှ သူတို့ကအသိအမှတ်ပြုမယ် ခနခန ခုန်လို့ကလည်းမရဘူး

Part time အခွန် မဆောင်ပဲ အိမ်ပြန်ပို့နေတဲ့သူတွေမပါဘူးနော်❗️ သူတို့ကတော့ ပိုက်ဆံကို အခွန်ဆောင်တဲ့လူတွေထက်ပိုရတဲ့ အပြင် Japan က အပင်ပန်းခံရင် ခံနိုင်သလောက် Japan part time ကပိုက်ဆံတအားဝင်ပါတယ် 💰

5. Quality of Life☘

Quality of life ကတော့ စင်ကာပူမှာမရနိုင်ဘူး🙅🏻‍♀

1000sqft condo က 1 million sgd ကျော်နေပီ ‼️
Foreigner ဝယ်မယ်ဆို ၆၀ရာခိုင်နှုန်း အခွန် stamp duty ဆိုတဲ့ property tax ဆောင်ရမယ်

1 million sgd ကို japan မှာဆို အိမ်အကျယ်ကြီး ခြံအကြီးကြီးနဲ့ စိတ်ကြိုက်နေလို့ရတယ် Shinjuku လိုနေရာမျိုး မရွေးမိရင် 1 million sgd က အများကြီး 💬

အိမ်ကောင်းကောင်း ၂ထပ်ကို စျေးသက်သက်သာသာ နှစ်ရှည်ချေးငွေကို interest ကလည်းတကယ်မပြောပလောက်ဘူး 🤏🏻

Sg bank တွေရဲ့ interest ကိုကြည့်ရင်းသွေးတက် 🤯

အဲလိုပဲ ကားဆိုလည်း ဝယ်စီးမယ်ဆို Singapore မှာ coe ဆိုတဲ့ paper တင် dollar ၁သိန်းနီးပါး ကားစျေး road tax အကုန်ဘာညာ နေကြာကွာစိ ပေါင်းရင် မသက်သာဘူး

ကား Lexus အသစ်တစီးစျေးဘယ်လောက်ကွာတယ်ဆိူတာနောက်ပို့စ်ရေးပေးမယ်နော် ၄ဆ ကနေ၅ဆ ကွာတယ်🫣

Japan မှာ sgd 10k ကနေ 30k ရှိရင် အသစ်ကို customised မှာလို့ရနေပီနော် luxury မှဆိုရင်တော့ 50k ကျော်ပေါ့ အဟောင်းဆိုရင် ၁၀နှစ် ကျော်ရင် ၃၀၀၀ ကနေ ၈၀၀၀ ကြားဝယ်စီးလို့ရတယ် နှမြောတတ်ရင် 💴

6. Food🍎

စင်ကာပူသည် စိုက်ပျိုးရေး နိုင်ငံမဟုတ်

အကုန် import လုပ်ရ စျေးကြီး vegetables တွေက မချို japan လို အရမ်းသန့်တဲ့ တိုင်းပြည်မဟုတ်✨

Food court တွေကညစ်ပတ်တယ် 😬😬😬

ပန်းကန်တွေကိုရှေ့တင်မဆေးပဲ ဗုံးထဲထည့်ထားတာ
ပီးတော့ vegetables တွေက သန်မာထွားကျိုင်း တာမျိုးမရှိ အဲလို vegetables စားချင်ရင် စျေးတမျိူးကြီးတဲ့နေရာသွားဝယ် ပိုက်ဆံပိုကုန် 🤷🏻‍♀

7. အလုပ်လွယ်ကူစွာရရှိနိုင်မှု💼

Japan တွေလောက်မရစ် 😵‍💫

စည်းစနစ်အရမ်းမကျ သူတို့လိုချင်တာကိုသေချာလုပ်ပေးတတ် စကားပြောကောင်းရင်ရ

ဥပမာ timeline နဲ့ rush ဖြစ်တဲ့ project ဆိုဒီ timeline အတွင်းပီးရင်ရပီ japan တွေလို မူလီမရစ်

ဘာသာစကားအားဖြင့်လည်း Singlish ကိုရေလည်ကျွမ်း documentation သေချာရေးတတ် အပြောအဆိုကောင်း နည်းနည်းပါးပါး ဝတ်တတ်စားတတ်ရင်ရတယ် Singaporean တွေက discrimination နည်းတယ် 👥

Japan ဆို japan စာရမှ အလုပ်ဖြစ် japan စာကို n3 , n2 စကားကိုရေရေလည်လည်မပြောတတ်ရင် ပြဿနာအကြီးအကျယ်တတ်မှာ⚠️

Japan လူမျိုးတွေက မူလီရစ်တဲ့အပြင်တချို့ အတွင်းစိတ်ပုတ်တဲ့ လုပ်ဖော်ကိုင်ဖက် အထက်လူကြီးနဲ့တွေ့ရင် အလုပ်ထွက်မရ ဘာမရနဲ့ သေချင်လောက်အောင်ဖြစ်ကြတာ 🤫🤫🤫

အဲတော့ ကိုယ်ဘာလိုချင်တာလဲသာစဉ်းစားနော်💁🏻‍♀

ဖတ်တဲ့သူတွေလည်း ကိုယ်သိတာတွေရှိရင် ထပ်ထည့်ကြပါဦး🙋🏻‍♀ တခြား ကလေးပညာရေး ကျောင်းစရိတ် ကုန်ကျစရိတ်ရေးချင်ပေမဲ့ ဒီ post မှာ ဒီလောက်ပါပဲရှင်



    view  japan 🇯🇵 🇯🇵 🇯🇵  groove  view Arashiyama တောင် ⛰️ ရဲ့ဘေးနားက ရှုခင်းလေးတွေပါ
22/11/2019


view
japan 🇯🇵 🇯🇵 🇯🇵
groove
view
Arashiyama တောင် ⛰️ ရဲ့ဘေးနားက ရှုခင်းလေးတွေပါ

ဒီလို အေးမြတဲ့ရာသီဥတုလေးမှာ ဂျပန်ကိုသွားလည်ချင်ရင် discover japan ကိုဆက်သွယ်လိုက်ပါနော် လေယာဉ်စရိတ် ကားခ အပါအပီး တည်းမယ့...
04/11/2019

ဒီလို အေးမြတဲ့ရာသီဥတုလေးမှာ ဂျပန်ကိုသွားလည်ချင်ရင် discover japan ကိုဆက်သွယ်လိုက်ပါနော်
လေယာဉ်စရိတ် ကားခ အပါအပီး တည်းမယ့် ဟိုတယ်ခအပါအဝင်ပါ နော် 4-star ဟိုတယ်တွေမှာတည်းမယ် moutain view ကိုကြည့်မယ် ⛰️🏖️🗻🗻🗻 ski 🎿 လည်းစီးမယ်

onsen ♨️ဝင်မယ်

03/03/2019

Disover Japan Tour Trip
Enjoy video about our tour.
Don't forget to llike & share our trip video.

Discover japan ကစီစဉ်ပေးတဲ့ Tokyo နဲ့ hakone trip video လေးပါ like& share လုပ်ဖို့မမေ့နဲ့နော် 🥰🥰🥰

ဂျပန်ရောက်ရင်ရှေးအကျဆုံး world heritage temple တစ်ခုဖြစ်တဲ့ Nikko temple ကိုသွားလည်ကြနော် အပေါ်မှာ ရေတံခွန်ရှိတယ် အနီးအနာ...
23/02/2019

ဂျပန်ရောက်ရင်ရှေးအကျဆုံး world heritage temple တစ်ခုဖြစ်တဲ့ Nikko temple ကိုသွားလည်ကြနော် အပေါ်မှာ ရေတံခွန်ရှိတယ် အနီးအနားမှာ lake ရှိတယ် ဒီအောက်က video လေးကိုကြည့်ကြနော်

https://youtu.be/F2BCI-aokYI

Address

Singapore

Telephone

+959794846048

Website

Alerts

Be the first to know and let us send you an email when Theinge's Tech Talks posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share