19/07/2025
🌵အခက်ခဲတွေဆိုတာ ငါတယောက်တည်းမှာပဲဖြစ်နေတာ
လို့ထင်လား🤔
🌵လူတွေက အခက်ခဲတွေနဲ့ကြုံတွေ့တဲ့အခါမှာ ငါ
တစ်ယောက်တည်းဖြစ်နေပါလားလို့တွေ့တတ်ကြတယ်🤔
🌵ပြီးတော့ အခက်ခဲက ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ
ပြသာနာအကြီးကြီးလို့တွေးတတ်ကြတယ်🤔
🌵မေ့နေကြတာက လူ့ဘဝဆိုကတည်းက အခက်ခဲနဲ့တွန်တွဲ
နေတာကိုပဲ🤔
🌵အခက်ခဲမရှိရင် လူ့ဘဝကြီးလဲမရှိတော့ဘူး ဘဝရှိနေရင်
တော့အခက်ခဲဆိုတာ တစ်မျိုးမဟုတ်တစ်မျိုးဖြစ်နေမှာပဲ🤔
🌵အဓိက လုပ်ဆောင်ရမှာကတော့ ရောက်လာတဲ့အခက်ခဲ
တွေကို တစ်ခုပြီးတစ်ခု အကောင်းဆုံးဖြေရှင်းပြီး ကျော်
ဖြတ်သွားဖို့ပဲ💪🏻
🌵အဲဒီအချိန်မှာ မှတ်ထားရမှာက ကိုယ်တစ်ယောက်တည်း
ဖြေရှင်းပြီးဖြတ်ကျော်နေရတာမဟုတ်ဘူးဆိုတာပဲ🤛
🌵လူတွေအားလုံးမှာ ကိုယ့်ထက်ခက်ခဲနေတဲ့သူတွေအများ
ကြီးရှိနေတယ်👈
🌵ဒါကြောင့် မင်းတစ်ယောက်တည်းဖြစ်နေတာမဟုတ်🌵
“👉Not Only You👈”