08/04/2022
11/12/2021
17/11/2021

သေမဲ့ရက် မရောက်ခင်
*******************
ဖတ်ကြည့်နော်

တစ်ခါတုန်းက
လူတစ်ယောက်ဆီကို
သေမင်းက
ရောက်လာပါတယ်။

ဒီမှာ ကိုယ့်လူ
ငါ စိတ်မကောင်းပါဘူး။

မင်း ဒီနေ့သေရတော့မယ်။

မယုံရင်
ဟောဒီမှာ စာရင်း ဆိုပြီး
ပြသတဲ့။

အပြောခံရတဲ့ လူလည်း
စာရင်းကို ကြည့်လိုက်တယ်။

သေမဲ့လူစာရင်းတွေကို
တန်းစီပြီး ရေးထားတယ်။

သူ့နာမည်က
ထိပ်ဆုံးက ဖြစ်နေတယ်လေ။

အဲဒါနဲ့
အပြောခံရတဲ့ လူက

ဟုတ်ကဲ့ သေမင်း
ကောင်းပါပြီ

ဒါပေမဲ့
ခဏလောက်တော့ နေပါဦးဗျာ
ကျွန်တော်
ခင်ဗျားကို ဧည့်ခံပါရစေဦး ဆိုပြီး
ကော်ဖီတွေ
မုန့်တွေ ချကျွေးတယ်။

သေမင်းလည်း
အားရပါးရ စားပြီး
အိပ်ပျော်သွားပါလေရော

တကယ်တော့
သူဟာ
သေမင်းကို ဧည့်ခံတယ်ဆိုတာ
အကြံအစည် ရှိလို့ပါ။

ဒါကြောင့်လဲ
သေမင်းသောက်မယ့် ကော်ဖီထဲမှာ
အိပ်ဆေးတွေ
ခတ်ထားလိုက်တာပေါ့

အဲဒါနဲ့
သေမင်း တခူးခူး တခေါခေါ
အိပ်ပျော်နေတုန်း

သူဟာ ခုနကသေမဲ့လူတွေရဲ့
နာမည်စာရင်းကို
ပြောင်းပြန် လှန်လိုက်တယ်။

သူ့နာမည်က
နောက်ဆုံးဖြစ်သွားတယ်လေ

ခဏကြာတော့
သေမင်း အိပ်ရာကနိုးလာတယ်။

ဟာ
ငါ စားကောင်းကောင်းနဲ့ စားလိုက်တာ
ဗိုက်လေးပြီး
အိပ်တောင်ပျော်သွားတယ်ကွာ..

ကဲကဲမင်းက ငါ့အပေါ်မှာ
သိပ်ဧည့်၀တ်ကျေပြီး
ကောင်းကောင်းမွန်မွန်ပြုစုတဲ့အတွက်..

သေမဲ့လူတွေစာရင်းကို
ပြောင်းပြန် လှန်လိုက်မယ်ကွာ

နောက်ဆုံးကနေပဲ
စခေါ်တော့မယ်။

အပြောခံရတဲ့ လူလည်း
ဗျာဆိုပြီး
အံ့အားသင့်သွားသတဲ့။

" တချို့
ဘယ်လိုမှ ရှောင်ပြေးလို့မရတဲ့
အရာတွေကို
ရိုးရိုးသားသား ရင်ဆိုင်လိုက်တာ
အကောင်းဆုံးပါပဲ "

သေမယ့်ရက်ကို ရောက်လာရင်
ဘယ်လိုမှ
ရှောင်လွှဲလို့မရဘူး ဆိုတာကိုပါ
သတိ သဝေဂ ရနိုင်ကြပါစေ

ဒါကြောင့်
အသက်ရှင်စဉ် ခဏလေးမှာ
ဘုံဆိုင်အလုပ်တွေပဲ
လုပ်မနေကြပါနဲ့နော်

ကိုယ်ပိုင်အလုပ်ဖြစ်တဲ့
(ဒါန.သီလ.ဘာဝနာ )ကိုလဲ
များများလုပ်ကြဖို့
သတိပေး တိုက်တွန်းလိုက်ရပါစေ

မူရင်း-Credit-

မေတ္တာဖြင့်
အရှင်ပုည( ဝကုန်း )

ที่อยู่

Amphor Kathum Baen

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Lea Oo Ko Ooผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์