26/03/2025
▪️ ဒီအချက်အလက်တွေပြည့်စုံမှ 𝐃𝐓𝐕 𝐕𝐢𝐬𝐚 လျှောက်လို့ရမှာလား …??
✦ ဘဏ်အကောင့်ရှိမှ၊ Profile Documents ရှိမှ၊ Show Money ဘတ် ၅၀၀,၀၀၀ပြနိုင်မှ DTV လျှောက်လို့ရမှာလားဆိုတောာ့ ပါ။ အနည်းဆုံး (၆)လသက်တမ်းရှိတဲ့ Passport ရှိဖို့ပဲလိုပါတယ်။
✦ ကိုယ်တိုင် apply လုပ်နိုင်ရင်တော့ ကောင်းလားဆိုတော့ Very Good ပါ။ အတွေ့အကြုံလဲ ရမယ်။ ကုန်ကျစရိတ်လဲ ထက်ဝက်ဝန်းကျင်လောက် သက်သာမယ်။ သို့သော် 100% Approve လားဆိိုရင်တော့ embassy ရဲ့ consular ဆုံးဖြတ်ချက်အပေါ်မှာ အပြည့်အဝမူတည်တာမို့ 99% ပါ။ 1% ကတော့ reject ဖြစ်နိုင်ပါတယ်။
✦ Workcation Category အောက်က Remote work အနေနဲ့ လျှောက်မယ်ဆိုရင်
👁️🗨️ Employment certificate or contract, confirming remote status, ongoing salary, personal tax လိုပါမယ်။
👁️🗨️ Business Owner အနေနဲ့ လျှောက်မယ်ဆိုရင် Cover letter, Certificate of incorporation, corporate tax return လိုပါမယ် (ချွင်းချက်တစ်ခုက BO အနေနဲ့ လျှောက်ဖို့ သိပ်အားမပေးပါဘူး ထိုင်းက သူ့နိုင်ငံကနေ စီးပွားလုပ်တာမျိုးယူဆရင် reject ထိနိုင်ပါတယ်)။
👁️🗨️ နောက် Freelancer အနေနဲ့ လျှောက်မယ်ဆိုရင် Professional Portfolio or evidence of freelance work (Such as invoices, screenshots of profiles on platforms like Fiverr, LinkedIn, for personal websites) ဒါတွေပါပဲ။ ကိုယ်လျှောက်မယ့် Category အပေါ် မူတည်ပြီး လိုအပ်တာအနည်းငယ် ကွဲပြားပါတယ်။ အသေးစိတ်ကို (https://www.thaiembassy.com/thailand-visa/dtv-visa-thailand #) လေ့လာနိုင်ပါတယ်။
✦ အများစုကတော့ အပေါ်က ပြောထားတဲ့ Category နဲ့ လျှောက်ကြတာများပြီး တချို့တွေကတော့ Thai soft power activities ထဲက တစ်ခုခုရွေးပြီး လျှောက်ကြပါတယ်။ ဒါပေမယ့် training courses, cooking class စတဲ့နေရာတွေကိုတော့ Visa apply ပေးမပေး၊ အနည်းဆုံး Courses (၆)လ ရှိမရှိ မေးရပါမယ်။
✦ နောက်တစ်ခုအားသာချက်ကတော့ DTV က Main holder ရှိရင် Dependent အနေနဲ့ ထပ်လျှောက်လို့ရပါတယ်။ လိုအပ်တာတော့ Legal spouse ဖြစ်ဖို့လိုသလို သားသမီးအတွက်ဆိုရင်တော့ အသက် ၂၀ အောက်ဖြစ်ရမှာဖြစ်ပြီး အိမ်ထောင်မပြုထားသောသူ ဖြစ်ရပါမယ်။ Visa fees USD 400 $ ကိုတော့ တစ်ဦးချင်းအတွက် ထပ်မံပေးဆောင်ရပါမယ်။ ကိုယ်လျှောက်မယ့် နိုင်ငံ Embassy ပေါ်မူတည်ပြီး currancy exchange rate အနည်းငယ်ကွာခြားနိုင်ပါတယ်။
✦ နောက် Show money အတွက် ဘတ် ၅၀၀,၀၀၀ နဲ့ ညီမျှတဲ့ Bank statement & Certificate လိုပါမယ်။ ကိုယ့်လျှောက်မယ့် နိင်ငံရဲ့ Thai embassy ပေါ်မူတည်ပြီး အနည်းဆုံး ၃လ စာ statement သို့မဟုတ် interview walkin update ပြခိုင်းတာမျိုးတွေရှိပါတယ်။
✦ 1.1.2025 ကနေစလို့ E-visa system ဖြစ်သွားပီမို့ အားလုံးပြည့်စုံရင်တော့ ထိုင်းနိုင်ငံ ပြင်ပကနေ https://thaievisa.go.th website ကနေလျှောက်လို့ရပါပြီ။ သိရသလောက် မြန်မာနှင့် လာအိုကတော့ လူတွေ့ interview ဖြေရပြီး Vietnam နှင့် Cambodia ကတော့ ခုချိန်ထိ interview ဖြေစရာမလိုသေးပါဘူး။ ကုန်ကျစရိတ်အနေနဲ့ကတော့ ကိုယ်လျှောက်တဲ့နိင်ငံ၊ ကိုယ့်အသုံးစရိတ်၊ ရွေးချယ်တဲ့ transportation type ပေါ်မူတည်ပြီး ဘတ် 20,000 - 35,000 ဝန်းကျင် ကျနိုင်ပါတယ်။
✦ ဒီအချက်ကတော့ ကိုယ်တိုင်လျှောက်မယ့်သူတွေအတွက် လိုအပ်တဲ့ အချက်အလက်တွေပါ။
📌 “ ကျွန်တော်၊ ကျွန်မတို့က ပတ်စပို့စ်တစ်ခုတည်းပဲ ရှိတာပါ .. ဘာဆိုဘာမှမရှိပါဘူး” ဆိုတဲ့သူတွေလဲ DTV လျှောက်ခွင့်ရှိပါတယ်။
✦ ဒါကတော့ ထုံးစံအတိုင်း Agent ဆီကနေ Service အပ်လိုက်တာပါ။ ကိုယ် experience ပေါ်မူတည်ပြီး လိုအပ်တဲ့စာရွက်စာတမ်းပြင်ဆင်ပေးတာမျိုး၊ Bank Statement အပြင် စ၊လယ်၊ဆုံး Visa ရတဲ့အထိ အာမခံအပြည့်အဝတာဝန်ခံပြီးလုပ်ပေးတဲ့ Agent လေးလဲ အများကြီးရှိပါတယ်။
✦ possibility ကတော့ 99% ပါပဲ။ သို့သော် Agent တွေကတော့ သူ့ထက်ငါအပြိုင် 100% အာမခံပေးပြီး reject ဖြစ်ခဲ့ရင်လဲ fully refund လုပ်ပေးတာမျိုးလဲ ရှိပါတယ်။ ဒါကြောင့် တာဝန်ယူမှု၊ တာဝန်ခံမှုအပေါ်မူတည်ပြီး Service fees တွေကလဲ ဘတ် 25000 ကနေ ဘတ် 70,000 ဝန်းကျင်အထိ ရှိပါတယ်။ #သေချာစွာအသေးစိတ်တိုင်ပင် စုံစမ်းပြီးမှ စိတ်တိုင်းကျမှ service အပ်ကြပါ။
အားလုံးပဲ အဆင်ပြေချောမွေ့ပါစေ၊ လျှောက်ထားသူတစ်ယောက်ဆီတိုင်း approved ဖြစ်ကြပါစေ …။
ကိုယ့်အတွက်အကျိုးတစ်စုံတရာရှိမယ်ဆိုရင် သူငယ်ချင်းများအတွက် မျှဝေနိုင်ပါတယ်။
As of July 15, 2024, the Thai government has confirmed the Destination Thailand Visa (DTV) is now live for those looking to work and travel (“workcation”) in