VH - Online Clothing Shop လက်လီလက်ကား

VH - Online Clothing Shop လက်လီလက်ကား “Your Daily Dose of Chill” Bkk-Ygn အဝယ်တော်ပါ။
လိုအပ်တာ မှာယူနိုင်ပါတယ်။

11/09/2026

အခြေခံ boxing လက်သီးထိုးနည်း🥊

ပြန်ဆုံကြလေပြီ 🙂‍↔️
09/09/2026

ပြန်ဆုံကြလေပြီ 🙂‍↔️

09/09/2026

ပလောင်စာ သင်ကြည့် 😅

08/09/2026

မလိမ်နဲ့ လက်ဝှေ့ထိုးချင်သွားပြီမလား 😶‍🌫️😶‍🌫️

08/09/2026

ဝေါ် Pod 😶‍🌫️☘️

07/09/2026

Paper chair 🪑

07/09/2026

ဆေးလိပ်ငွေ့ ရှူရှိုက်မိရင် ဘာတွေဖြစ်တတ်လဲ ? 🚭

07/09/2026

ပေါ်တာဆွဲတယ်ဆိုတာ ဒါမျိုး 👈

3 IDIOTS ထဲက တကယ့်အရှုံးသမားက CHATUR လို့ ထင်နေသေးလား?September 5th… Remember this date.ဒီနေ့ရောက်တိုင်း 3 Idiots ကြည့်ဖ...
06/09/2026

3 IDIOTS ထဲက တကယ့်အရှုံးသမားက CHATUR လို့ ထင်နေသေးလား?

September 5th… Remember this date.

ဒီနေ့ရောက်တိုင်း 3 Idiots ကြည့်ဖူးတဲ့သူတွေက ဒီစကားကို မှတ်မိကြမှာပါ။

ဒါပေမယ့် ဒီနေ့တော့ Rancho ရဲ့ “All is Well” အကြောင်း မပြောချင်ဘူး။

ကျွန်တော်အကြိုက်ဆုံး အရှုံးသမား တစ်ယောက်အကြောင်း ပြောချင်တယ်။

Chatur Ramalingam သို့မဟုတ် Silencer.

ဟုတ်တယ်…
အဲ့ဒီ Speech ကြီးနဲ့ တစ်ကျောင်းလုံးရှေ့မှာ အရှက်ကွဲခဲ့တဲ့ Chatur။ 😂

Rancho နဲ့ ပြိုင်တိုင်း ခံရတဲ့ Chatur။

ဆယ်နှစ်ကြာရင် ဘယ်သူပိုအောင်မြင်လဲ ပြန်တွေ့မယ်ဆိုပြီး September 5th ကို Challenge လုပ်ခဲ့တဲ့ Chatur။

ဒါပေမယ့်…

Chatur ကို ကျွန်တော် ဘယ်တုန်းကမှ အရှုံးသမားလို့ မမြင်ခဲ့ဘူး။

သေချာပြန်ကြည့်ရင် သူက မညံ့ဘူး။

ကျောင်းမှာ Rancho ပြီးရင် No.2။

No.1 ဖြစ်ချင်လို့ သူတကယ်ကြိုးစားခဲ့တယ်။
အိပ်ချိန်လျှော့တယ်။ စာကျက်တယ်။ ပြိုင်တယ်။
သူယုံကြည်တဲ့နည်းလမ်းနဲ့ သူ့အနာဂတ်အတွက် အစွမ်းကုန်လုပ်ခဲ့တယ်။

တကယ်တော့ Rancho နဲ့ Chatur နှစ်ယောက်စလုံးက အရမ်းကြိုးစားတဲ့လူတွေ ပဲ။

ကွာတာက သူတို့လိုချင်တဲ့အရာ။

Rancho က ပညာကိုချစ်တယ်။
Chatur က အောင်မြင်မှုကိုချစ်တယ်။

Rancho အတွက် Rank က အဓိကမဟုတ်ဘူး။
Chatur အတွက် Rank က သူ့တန်ဖိုးကို သက်သေပြတဲ့အရာဖြစ်နေတယ်။

ဒီနေရာမှာပဲ 3 Idiots က Chatur ကို ဟာသ Character တစ်ယောက်ထက် ပိုပြီးကောင်းအောင် ရေးထားတယ်လို့ ကျွန်တော်ထင်တယ်။

ဘာလို့လဲဆိုတော့…

ကျွန်တော်တို့ထဲမှာ Rancho ထက် Chatur ပိုများလို့ပဲ။

ငယ်ငယ်တုန်းကတော့ Rancho ဖြစ်ချင်ခဲ့ကြတယ်။

“All is Well” လို့ပြောပြီး
ဝါသနာနောက်လိုက်မယ်၊
အမှတ်တွေကို ဂရုမစိုက်ဘူး၊
ကိုယ်ချစ်တာလုပ်ရင်း Excellence ရောက်အောင်သွားမယ်ပေါ့။

ဒါပေမယ့် တကယ့်ဘဝထဲရောက်လာတော့…

Salary ကိုကြည့်ရတယ်။
Position ကိုကြည့်ရတယ်။
တခြားလူတွေ ဘယ်လောက်ရှေ့ရောက်သွားပြီလဲ ကြည့်မိတယ်။

သူများအောင်မြင်တာမြင်ရင် ကိုယ်နောက်ကျနေပြီလားလို့ တွေးမိတယ်။

မသိမသာနဲ့ ကျွန်တော်တို့ Chatur ဖြစ်လာကြတယ်။

ဒါပေမယ့် Chatur ဖြစ်နေတာက မှားတာလား?

ကျွန်တော်တော့ မထင်ဘူး။

ဆယ်နှစ်အကြာမှာ Chatur ဟာ ဘဝပျက်နေတဲ့လူတစ်ယောက် မဟုတ်ဘူး။

Career ရှိတယ်။
ပိုက်ဆံရှိတယ်။
သူလိုချင်ခဲ့တဲ့ Success ကိုလည်း အတိုင်းအတာတစ်ခုအထိ ရခဲ့တယ်။

သူ့ပြဿနာက မအောင်မြင်တာမဟုတ်ဘူး။
သူ့အောင်မြင်မှုကို Rancho နဲ့ တိုင်းတာနေခဲ့တာ။

ဒါက Chatur ရဲ့ အကြီးဆုံးရှုံးနိမ့်မှုလို့ ကျွန်တော်မြင်တယ်။

Farhan က ကိုယ့်အိပ်မက်ကို ရွေးဖို့ သင်ပေးတယ်။

Raju က ကြောက်ရွံ့မှုတွေအောက်မှာ ဘဝမရှင်သန်ဖို့ ပြတယ်။

Joy Lobo က Rank နဲ့ Deadline တွေကြားမှာ လူတစ်ယောက်ရဲ့ဘဝကို မေ့သွားတဲ့ System ရဲ့ရက်စက်မှုကို ပြတယ်။

Rancho ကတော့

“Success ကို မလိုက်နဲ့။ Excellence ကိုလိုက်။ Success က နောက်ကလိုက်လာလိမ့်မယ်” ဆိုတဲ့အရာကို ကိုယ်စားပြုတယ်။

Chatur ကရော?

Chatur က တခြား Lesson တစ်ခုပေးခဲ့တယ်။

ကိုယ်အရမ်းကြိုးစားခဲ့တာတောင် ကိုယ့်ထက်ပိုတော်တဲ့သူ ရှိနေနိုင်တယ်။

အဲ့ဒါဟာ ကိုယ်ရှုံးသွားတာ မဟုတ်ဘူး။

No.2 ဖြစ်တာက Failure မဟုတ်ဘူး။

ကိုယ့်ဘဝမှာ ရထားသမျှအောင်မြင်မှုတွေကို မမြင်တော့ဘဲ
တစ်ယောက်ယောက်ရဲ့ No.1 နဲ့ ကိုယ့် No.2 ကို နှိုင်းယှဉ်နေမိတာကမှ တကယ့်ရှုံးနိမ့်မှု ဖြစ်နိုင်တယ်။

ဒါကြောင့် နှစ်တွေကြာပြီး 3 Idiots ကို ပြန်ကြည့်တဲ့အခါ ဒီကားက ပိုကောင်းလာတယ်။

ငယ်ငယ်တုန်းက Chatur Speech မှာ ရယ်ခဲ့တယ်။
Rancho ကို Hero လို့မြင်ခဲ့တယ်။
“All is Well” ကို Quote လုပ်ခဲ့တယ်။

အသက်နည်းနည်းကြီးလာတော့ Farhan ကို နားလည်လာတယ်။
Raju ရဲ့အကြောက်တရားကို ခံစားတတ်လာတယ်။

ပြီးတော့…

Chatur ကိုလည်း အရင်လောက် မရယ်နိုင်တော့ဘူး။

ဘာလို့လဲဆိုတော့ သူ့ထဲမှာ
ကိုယ့်ကိုယ်ကို နည်းနည်းပြန်မြင်လာလို့ပဲ။

ဒီနေ့ September 5th။

ဆယ်နှစ်အကြာ ဘယ်သူပိုအောင်မြင်မလဲ ပြန်တွေ့ကြမယ်ဆိုပြီး Chatur ချိန်းခဲ့တဲ့နေ့။

အဆုံးမှာ Rancho ကိုတော့ သူ မကျော်နိုင်ခဲ့ဘူး။

ဒါပေမယ့်…

Chatur က မရှုံးခဲ့ဘူး။
သူ့ရှေ့မှာ Rancho ရှိနေခဲ့တာပဲ။

တကယ်တော့ ဘဝမှာလည်း
No.1 မဖြစ်ခဲ့ရုံနဲ့ Loser ဖြစ်သွားတာမဟုတ်ဘူး။

September 5th. Remember this date.



05/09/2026

ที่อยู่

61/1 Soi Ramkhamhaeng 50, Hua Mak
Bang Kapi
10240

เวลาทำการ

จันทร์ 09:00 - 21:00
อังคาร 09:00 - 21:00
พุธ 09:00 - 21:00
พฤหัสบดี 09:00 - 21:00
ศุกร์ 09:00 - 21:00
เสาร์ 09:00 - 21:00
อาทิตย์ 09:00 - 21:00

เบอร์โทรศัพท์

+959798804533

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ VH - Online Clothing Shop လက်လီလက်ကားผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์